Pagoda Ceremonies

in #myanmar6 years ago (edited)

"အညာဘုရားပွဲ"

Hello , sll steemit member.

အညာဒေသရှိ ဘုရားစေတီ များတွင် ပြုလုပ်ကျင်းပသောကြောင့်အညာဘုရားပွဲ ဟု ခေါ်ဆိုကြ ပါ သည့် ပြီးခဲ့သည့်ရက်ပိုင်းက ပြီးဆီးခဲ့သည့် ရွှေဘို မြို့ဒေါင့်စေတီ ဘုရားပွဲ ယခု စစ်ကိုင်းမြို့မှာ ကျင်းပလျက်ရှိသည့် ငါးထပ်ကြီး ဘုရားပွဲ လာမည့် သီတင်းကျွတ်လပြည့်တွင် ကျင်းပမည့် ကောင်းမူတော် ဘုရားပွဲ မုံရွာမြို့ သီတင်းကျွတ်လပြည့်ကျော် ကျင်းပမည့် မုံရွာ ဘုရားကြီးပွဲ စသည်ဖြင့် ဘုရားပွဲများအားအညာဒေသ တစ်ဝိုက်တွင် ရက်ရှည် စည်ကားစွာ ကျင်းပလေ့ ရှိကြပါသည်

image

အညာဘုရားပွဲနှင့် အတူ အညာဘုရားပွဲဈေးတန်း တွင် လျောက်ပတ် ကြည့်ရှ ဈေး ဝယ်ရသည်မှာလည်း ပျော်စရာကောင်းပါသည်

ဘုးရားဖူး ဘုရားပွဲဈေးတန်းလျောက် လိုချင်သည့်ပစ္စည်းတွေ့ပါက ဝယ်ယူ
ဗိုက်စာလာပါက မုန့်စား အမောပြေ ချား ရဟတ်များစီး ပြီး လူအုပ်ထဲတိုးဝှ့၍ မျက်လှည့် ကြည့်ရှု ရသည်မှာလည်း ပျော်စရာကောင်းလှပါသည်

ဘုရားပွဲဈေးဆိုတာ မိမိတို့၏ မြို့ရွာ ရပ်ကွက်ကျေးရွာ ရှိ တန်ခိုးကြီး ဘုရားများ၏ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့်အတူ ပျော်ပွဲရွှင်ပွဲများ အငြိမ့်ပွဲ ဇာတ်ပွဲများ ဈေးဆိုင်ခန်းများ စသည်တို့ထည့်သွင်းကာ စည်ကားသိုက်မြိုက် စွာဖြင့် ကျင်းပကြခြင်း ဖြစ်ပါသည်

လူအမျိုးမျိုး ဘ၀အစုံစုံတို့ တစ်နှစ်မှာ တစ်ခါ ကြုံရ၊စုံရ၊တွေ့ကြရတဲ့ မြန်မာတို့၏ ချစ်စရာ့ ယဉ်ကျေးမှု ဓလေ့၊ထုံးတန်းစဉ်အလာ ရိုးရာ ပွဲလန်းသဘင်တစ်ခုဖြစ်ပါသည်

ခေတ်တွေ စနှစ်တွေ ဘယ်လိုပြောင်းပြောင်း သူ့အရပ် သူ့ဒေသ တို့တွင် နှစ်ပေါင်းရှည်ကြာ ကတည်းက ရိုးရာမပျက် ဘုရားကြီးများပွဲ ကျင်းပ လာခဲ့ကြပါသည်

အညာ ဘုရားပွဲ တို့၏ ဘုရားပွဲဈေးတန်းများတွင် အညာဒေသထွက်ကုန်များ လူသုံးကုန်ပစ္စည်းများ အညာဒေသ ထွက်အစားအစာများ ကလေးကစားစရာများ မျက်လှည့် တွေလာစည့်သည့် ဆိုင်ခန်းများ ပါဝင်သလို ကြိတ်ကြိတ်တိုး စည်ကားလှပါသည်

အညာဘုရားပွဲ များတွင် အဓိက တောင်သူဦးကြီးများ လယ်စိုက်သူများအတွက် လယ်ထွန်ရာတွင် အသုံးပြုသည့် ထွန်သွား ထယ်သွား များ တံဇဉ် ဓား ပေါက်ပြား စသည့် သံထည်ပစ္စည်း များအား ဘုရားပွဲဈေးတန်းတွင် အဓိကထားဝယ်ယူကြသလို

image

သီးနှံ ထည့်သွင်း သိုလှောင်ရန် ပုတ်များ ထန်းကောက်တောင်း ထန်းကောက်ဖာ ဘန်း ဇကာ နှီးဖျာ စသည့် တို့ကတော့ အညာဘုရားပွဲ ဈေး ၏ အဓိက ရောင်းကုန်များဖြစ်ပါသည်

ထို့အပြင် သနပ်ခါး နံ့သာဖြူ ကရမက် အညာစောင် ကျောက်ပြင် ငရုတ်ဆုံ စဥ့်အိုး အင်တုံ စသည့်တို့အပြင်
ကလေးများအတွက် ကစားစရာ ပစ်တိုင်းထောင် ဖိုးဝရုပ် ဂျိုးရုပ် အိုးပုတ် စသည့်ကစားစရာ တို့သည်လည်း အညာဘုရားပွဲမျာူတွင်သာ တွေ့ရတတ်သည့် မြန်မာရိုးရာ ကစားစရာ များပင် ဖြစ်ပါသည်

ထို့နောက်တွင်တော့ အိမ်ပြန်စားစရာ အညာမုန့်များဖြစ်သည့် အနုဆုပ် ကရေကရာ ခေါပြင် မုန့်ဦးနှောက် မုန့်သိုင်းခြုံ စသည့် စားသောက်စရာတို့အား ဝယ်ယူ အိမ်ပြန်ကြပါတော့သည်

@mamamyanmar

Sort:  

ရွှေဘိုမြို့ထောင့်စေတီဘုရားပွဲ ကြားဖူးတယ်
ရောက်ဖူးသွားသလိုပ

မန်းလေး ကျောက်တော်ကြီး ပွဲလည်းစ တော့မယ်နော်

မန်းလေး ကျောက်တော်ကြီး ပွဲလည်းစ တော့မယ်နော်

Congratulations @mamamyanmar! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard Ranking update - Steem Power, Followers and Following added

Support SteemitBoard's project! Vote for its witness and get one more award!

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60385.11
ETH 2889.75
USDT 1.00
SBD 3.65