My Made Dessert ( Part - 14 )

in #myanmar6 years ago

မုန့်လက်ကောက်

Hello , all steemit member.

အစားတစ်လိုင်း တို့ ထုံးစံအတိုင်း

ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ မုန့်လက်ကောက် ဖြစ်ပါသည်

ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်

ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်

မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် မုန့်လက်ကောက် ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်

image

မုန့်လက်ကောက် ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ကောင်ညှင်းမှုန့် နို့ဆီဘူး ၄ ဘူး
  • ဆန်မှုန့် နို့ဆီဘူး ၁ဘူး
  • ထန်းလျှက် ၂၅ ကျပ်သား
  • ဆား အနည်းငယ်

ပြုလုပ်နည်း

ထန်းလျက်ခဲများအား ရေဖျော် ၍ ခဲသလဲ စစ်ထားပါ
ထန်းလျှက်များကို ခပ်ပြစ်ပြစ် ရအောင် ကျို ထားပါ

နယ်မည့် အိုးအတွင်းတွင် ကောင်ညှင်းမှုန့် ဆန်မှုန့် ဆား ထည့်ပြီး
ရေ သန့်ကို နဲနဲဆီ ထည့်ပေးကာ နှံ့အောင်နယ်ပေးပါ ရေ ကိုအနည်းငယ်ဆီထည့်ထည့်ပေးပီး နယ်ပေးပါ

မုန့်နှစ်များ လုံးလို့ရမည့် အနေအထား ရပါက မုန့်နှစ်များ ပေါ်တွင် အဝတ်ပါး ဖြင့်ံဖုံးအုပ်၍ ၁ နာရီ ကြာ အနည်းဆုံးထား နှပ်ထားပါ

အချိန် ပိုကြာ နှပ်ပါက မုန်သား နူးပြီး ပို၍ ကောင်းပါသည်

မုန်နှစ်များရလျှင် ဆီအိုးပူပူတွင် မုန့်နှစ်အား အကွင်းများလုပ်၍ ထည့် ကြော်ပါ

မုန့်လက်ကောင်းလေးများ ရပါက ဆယ်ယူ ဆီစစ်ထားပြီး အအေးခံကာ
၊ထန်းလျှက်ရည် ဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါပြီ ရှင်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

ကောက်ညင်းမုန့်လက်ကောက်ကြော်တော့ ကြိုက်တယ် ထန်းလျက်ရေနဲ့တော့ တို့မစားတတ်ဘူး

Posted using Partiko Android

တို့စားကြည့် ရမ်းကောင်းတယ်

မုန့်လက်ကောက်တော့ ဝမ်းချုပ်မှာစိုးသမို့ စားဘူး

အမငေး အေ ဝမ်းချူပ်တာများ ဆရာမိုးရှောက်တလုံး ဝမ်းမှန်ဆေး သောက် ပလ်ုက်စမ်းပါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63618.84
ETH 2623.39
USDT 1.00
SBD 2.78