My Made Dessert ( Part - 11 )

in #myanmar6 years ago

ရွှေထမင်း

Hello , all steemit member.

အစားတစ်လိုင်း တို့ ထုံးစံအတိုင်း

ယန့ အတွက် ပြုလုပ်စားသောက်ဖြစ်သော အစားအစာကတော့ ရွှေထမင်း ဖြစ်ပါသည်

ထမင်းနှင့်ဟင်း စားသောက်ပြီးပါက ချို ချို ချဉ်ချဉ် စိမ့်စိမ့် လေးစားရပါမှ
လူတွေက အာသာ ပြေပါသည်

ဘုန်းကြီး များကို ဆွမ်းကပ်ရာတွင်လည်း ဆွမ်းခဲဘွယ်များ ဆက်ကပ်ပြီးပါက အချို ပွဲများပါ ဆက်ကပ်ကြပါသည်

မြန်မာ့ ရိုးရာသရေစာ လည်းဖြစ် ရဟန်းသံဃာ များအား အမွန်အမြတ်ထား၍
ဆက်ကပ် လှူဒါန်း ကြသည့် အချို ပွဲ များစွာထဲကမှ ယနေ့ အတွက် ရွှေထမင်း ပြုလုပ်နည်း အား ရေးသား လိုက်ပါသည်

image

ရွှေထမင်း ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် နို့ဆီဘူး ၁ ဘူး
  • သံတော်ဂျင်း ထန်းလျက်ခဲ အညို အလုံးကြီး ၁ ခဲ
  • အုန်းသီး ၁ ခြမ်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း

ကောက်ညင်းဆန် ကို နံနက်ခင်း ချက်မည်ဆိုပါက ညဦးကတည်းက ရေစိမ်ထားပါ

အုန်းသီးလကို ခြစ်နှင့်ခြစ်ထားပါ

ထန်းလျက်ခဲ ကို ရေအနည်းထည့် ၍ ပျစ်ပျစ်လေး ကြို ပြီး ခဲသလဲ စစ်ထားပါ

ရေစစ်ထားသော ကောက်ညှင်းဆန်များအား ရေနွေး ပွက်ပွက်ဆူ တွင်း ၄၅ မိနစ်ခန့် ပေါင်းပေးပါ

ကောင်းညှင်းများနပ် ပါက ကောင်းညှင်းပေါင်း ပူပူတွင် ထန်းလျက်ရည် ပျစ်ပျစ်များအား လောင်းထည့်၍ နံ့စပ်အောင် မွှေပေးပါ

ထန်းလျက်နှင့် ကောက်ညှင်းများနှံ့ စပ်ပြီးဆိုပါက မုန့်ဘန်းထဲ သို့လောင်းထည့် ၍ မျက်နှာပြင် ညီအောင်ညှိ ပြီး အအေးခံထားပါ

ကောက်ညှင်းစီးစီး ထန်းလျက်ရည် ပျစ်ပျစ် တို့နှင့် မာမာထုတ်ထုတ် အရသာချို ချို လေးနှင့် ရွှေညို ရောင် အဆင်းရှိသည့် ရွှေထမင်း ရရှိမှာ ဖြစ်ပါသည်

စားမည့်ပုဂံတွင် အနေတော် အတုံးလေးများတုံး ထည့် အပေါ်မှ အုန်းသီးလေးဖြူ၍ သုံးဆောင်နိုင် ပြီ ဖြစ်ပါသည်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported .I am ever used esteem app.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78