Donation of My Cornea

in #myanmar6 years ago

မျက်ကြည်လွှာ လှူ ဒါန်းခြင်း

Hello , all steemit member.

မျက်ကြည်လွှာ လှူ ဒါန်းခြင်း ကိုတော့ လွန်ခဲ့သော ၆လ ခန့်က မန္တလေးမြို့ ရှိ နား နှာခေါင်း လည်ချောင်း ဆေးရုံ ရှိ မန္တလေး အမျိုးသားမျက်စိဘဏ် သို့ သွားရောက်၍ လှူ ဒါန်း ခဲ့ပါသည်

image

မျက်ကြည်လွှာ ဆိုသည်မှာ …

မျက်ကြည်လွှာသည် မျက်လုံးကိုဖုံးအုပ်ထားသည့် တစ် သျှူး တစ်ခုဖြစ်ပြီး မျက်လုံးအတွင်းသို့ ဝင်ရောက်သည့် အလင်း ရောင်သည် မျက်ကြည်လွှာကို ပထမဆုံးဖြတ်သန်းရပါသည် ပြီးမှ အလင်းရောင်သည် သူငယ်အိမ် မှန်ဘီလူးတို့ကို ဖြတ်ကာ အမြင် လွှာပေါ်သို့ကျပြီး အရာဝတ္ထုများကို မြင်ရခြင်းဖြစ်ပါသည်

မျက်ကြည်လွှာ အစားထိုး ကုသခြင်း ဆိုသည်မှာ…

မွေးရာပါ မျက်ကြည်လွှာရောဂါနှင့် ထိခိုက်ဒဏ်ရာကြောင့် မျက်ကြည်လွှာ တွင်အမာရွတ် ဖြစ်သွားခြင်း မျက်ကြည်လွှာတွင် ရောဂါပိုးဝင်ကာ ပျက်စီးခြင်းတို့ကို အစားထိုးကုသရမည်ဖြစ်ပြီး အခြားသော အစားထိုးရနိုင်သည့်ပစ္စည်းများ ယခု မချိန်ထိ မတီထွင်နိုင်သေးပါ
ထို့ကြောင့် သေဆုံးသူ၏မျက်ကြည်လွှာဖြင့်သာ အစားထိုးကုသနိုင် ပါသည်

မျက်ကြည်လွှာပျက်စီးသူ၏ ပျက်စီးမှုအနေအထားကို မူ တည်၍ မျက်ကြည်လွှာတစ်ခုနှင့် လူနာနှစ်ယောက်ကို အစားထိုး ကုသပေးနိုင်ပါသည်

မျက်ကြည်လွှာ လှူ ဒါန်းခြင်း ဖြင့် ရရှိစေမည့် အကျိုးတရားမှာ…

မိမိ၏ မျက်ကြည်လွှာ အား လှဒါန်း ရခြင်းဖြင့် လူတစ်ခုကို မျက်ကြည်လွှာ နှစ်ခုကို ခွဲထုတ်ပြီး ကုသပေးနိုင်သည့် အတွက် မျက်ကြည်လွှာတစ်ခု ဖြင့် လူနာနှစ်ယောက်အား အစားထိုးကုသပေးခြင်း မိမိ၏ မျက်လုံး တစ်စုံ ဖြင့် လူ ၄ယောက် ကို အမြင်အာရုံ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်

ထှိုကြောင့် သေလျှင် မီးရှို့ မြေမြုပ် ပစ်မည့် မိမိ၏ ကိုယ်ခန္ဓာ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မျက်ကြည်လွှာအား လိုအပ်လျှက်ရှိသော အမြင်အာရုံ ဆုံးရှုံး လျှက်ရှိသော သူများအတွက် အသုံးပြု နိုင်စေရန် လှူ ဒါန်းမှု့ ပြုလုပ်ခဲ့ပါသည်

image

ဤ သို့ မျက်ကြည်လွှာ လှူ ဒါန်းရခြင်း ၏ ကောင်းမှု ကုသိုလ်ကံ စေတနာ အကျိုးအားကြောင့် ကျမ သည် မအိုရာ မနာရာ မသေရာ ဆင်းရဲဒုက္ခ တို့မှ ကင်းလွတ်ငြိမ်းရာအမှန် မဂ်ဖိုနိဗ္ဗ္ဗ္ဗာန် တည်းဟူသော ဥာဏ်အလင်းကို ရရှိစေရန် စိတ်ရည်သန်၍ လှူ ဒါန်းပါ၏

အရှင်ဘုရား …

@mamamyanmar

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . i am ever used esteem app.

သာဓုအကြိမ်ကြိမ်ခေါ်ပါတယ်မမရေ ညီမလည်းအဲ့လိုလှူမယ်လို့ ဆုံးဖြတ်ထားပါတယ် အခုထိတော့အကောင်အထည်မဖော်ရသေးဘူး။

Posted using Partiko Android

အကောင်အထည် ဖော်လ်ုက်ပါ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65