December Morning To Walking

in #myanmar7 years ago (edited)

ချမ်းအေးလှတဲ့ ဒီဇင်ဘာ မနက်ခင်း မှာ လမ်းလျောက်ကြမယ်


image

Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာပါ ရှင့်

ကျမ ရေးသားချင်တဲ့ အကြောင်းအရာကတော့
အခုလို ချမ်းအေးလှတဲ့ ဆောင်းရာသီ မှာ စောင်ခြုံ ထဲ ကွေး
မနေ ကြဘဲ ကျန်းမာရေးနှင့် ညီညွတ်အောင် နံနက်စောစော
လမ်းလျောက် ပေးရင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း
များ ပြုလုပ်ပေးကြပါလို့ တိုက်တွန်း ချင်ပါတယ်

ကျမ နံနက်ခင်း မှာ လမ်းလျောက်ထွက် ရတဲ့ feeling ကတော့
ခန္ဓာ ကိုယ် တစ်ခု လုံးမှာ ရှိတဲ့ အကျော အချဉ် များ
ပျော့ပျောင်းကာ ညောင်းညာ ကိုက်ခဲမှု့ များကိုလည်းပြေလျော့
စေပါတယ်

နံနက်စောစော မှာ လမ်းပေါ်၌ ကား ဆိုင်ကယ် လူသွားလူလာ
များနည်းပါး သည့် အတွက်လည်း အန္နရာယ် ကင်းပြီး
အေးမြ လတ်ဆတ် တဲ့ လေ ကို ရှုရိုက် ရတဲ့ အတွက်လည်း
ကျန်းမာရေး နှင့် ညီညွတ်စေပြီး လူကို လန်းဆန်းပေါ့ပါး
တက်ကြွ စေပါတယ်

နေ့တစ်နေ့ ရဲ့ အစဖြစ်တဲ့အာရုံဦး အလင်းရောင် ကို
စတင်မြင် လိုက်ရတဲ့ ခံစားမှု့ကတော့ အားသစ်တွေ ဖြစ်ပေါ်စေပါတယ်

ကျမတို့စစ်ကိုင်းမြို့ မှာတော့ လမ်းလျောက်ထွက် ကြသူ
အများစု ဟာ ဧရာဝတီ မြစ်ကူးတံတား များဖြစ်တဲ့ စစ်ကိုင်း
တံတား နှင့် ရတနာပုံ တံတားများပေါ်၌ လမ်းလျောက် ကြ
သောကြောင့် မြစ်ပြင်မှ တိုက်ခတ်လာတဲ့ လေနုအေး များနှင့်
အတူ တံတား နှစ်ဆင်း နှင့် အပြိုင် အာရုံ ဦး နံနက်ခင်းရဲ့
မှုန်ပြပြ အလင်းရောက်အောက် မှ လှပ တဲ့ရှုခင်းတွေ ခံစားရင်း
လမ်းလျောက်ရတဲ့ feeling ကိုလည်း steemit မှ သူငယ်ခြင်း
များကို မျှဝေရင်းဖြင့်

image

လမ်းလျောက်ခြင်း ၏ ကောင်းကျိုး များမှာ

ခရီးရှည်သွားနိုင်ခြင်း

အနာရောဂါကင်းခြင်း

ကျနိးမာရေးနှင့်ညီညွတ်စေခြင်း

ကြိုးစားအားထုတ်နိုင်ခြင်း

ခန္ဓာ ကိုယ်တွင်းရှိ အဆီပိုများ ကျစေခြင်း

မကျေညက်သည့် အစာများကျညက်စေနိုင်ခြင်း

စိတ်ရွှင်လန်း ကြည်နူးစေခြင်း

ဥာဏ်ရည်ထက်မြက်စေခြင်း

သမာဓိတည်းဟူသောတည် ကြည်မှုကိုရရှိစေခြင်း

စသည့်ကောင်းကျိုးချမ်းသာများ ကိုရရှိစေပါတယ်

ထို့ကြောင့် steemit မှ friend များ member များအားလုံး
လည်း ကျန်းမာရေးနှင့် ညီညွတ် အောင် စောစောထလို့
လမ်းလျောက်ကြပါစို့ လို့ တိုက်တွန်းရင်း

image

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

author-

@mamamyanmar

MSC-070

Sort:  

Congratulations! This post has been randomly Resteemed! To join the ResteemSupport network and be entered into the lottery please upvote this post and see the following rules.

နှိုးစက်​​လေး​တွေဖွင့်​ပြီး လမ်း​လျှောက်​ကြပါစို့ ။

ဟုတ်တယ် လုပ်လိုက်တော့

ဟုတ်ကဲ့ပါမမ
စစ်ကိုင်းတံတားရှုခင်းပုံလေးကလည်းကြည့်လှတယ်နော်မမ

တံတား တင်ဘယ်ကမလဲ စစ်ကိုင်းမြို့ကလဲ လှ
စစ်ကိုင်းသူတွေကလည်းလှတယ်ရယ်
လာလည်လှည့်ပါ

ခေါ်မှာလား
အသိမရှိဘူးရယ်
ဘုရားတွေမမနဲ့ဖူးခွင့်ရချင်တယ်လေ
စစ်ကိုင်းတံတားလည်းလှ
စစ်ကိုင်းသူမမလည်းလှ
တောင်ပေါ်သားလေးတော့…………….?
ခင်မင်ရင်းနှီးစွာဖြင့်သတိတရ(သူရ)

Wow amazing sagaing morning

လမ်းလျောက်နော် steem မှာ post တွေးရေးရင်း
အညောင်းမိနေလိမ့်မယ်

Very good.👏👏👏

ဟုတ်ကဲ့ ကျေးကျေး

မနက်​ဖြန်​ကစ​လမ်း​လျောက်​​တော့မယ်​...👍

Lovely pictures...deep...

already vot@mamamyanmar

thank ,me too

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 61029.99
ETH 3375.14
USDT 1.00
SBD 2.48