Chilli and Fired Chilli ( Chilli & Dry fermented soya bean ) ( Part - 7)

in #myanmar6 years ago

ငရုတ်သီးအကြောင်း နှင့် ငရုတ်သီးကြော် ပြုလုပ်နည်း ( အပိုင် -၇ )

Hello , all steemit member.

အစားတစ်လိုင်း တို့၏ ထုံးစံ အတိုင်း ငရုတ်သီး ကြော် ပြုလုပ်စားသောက် ရင်း ငရုတ်သီးအကြောင်းနှင့် ငရုတ်သီးစားခြင်းဖြင့် ရရှိစေမည့် ကျန်းမာရေား ကောင်းကျိုးများ ငရုတ်သီး ကြော်နည်း အမျိုးမျိုး နှင့် ပြုလုပ်နည်းများအကြာင်း ရေသား လိုက်ပါသည်

တတောင့်ကိုက်မိရင် သေသွားနိုင်တဲ့ စံချိန်တင် ကမ္ဘာ့အစပ်ဆုံး ငရုတ်သီးများ ပင် ရှိသည် ဟု သိရှိရပါတယ်

image

ငရုတ်သီး၏ အပူအစပ်ကို အရသာ အနေနဲ့ ခွဲခြား ခေါ်ဝေါ် ကြရာတွင်

ပူသောအပူ အရသာ

ပူနွေးသော အရသာ

ပူရှိန်းရှိန်းစပ်သောအပူကိုပေးသောအရသာ

နွေရာသီ၏ အပူကဲ့သို့သော ပူစပ်ပူလောင် အရသာ

နူတ်ခမ်းနှင့် လျှာတို့ကို ထူထဲလာအောင် ပူသောအရသာ

နှာဖျားများ နီရဲလာအောင်ပူသော အရသာ

မီးလောင်ခံရသကဲ့သို့ ပူသော အရသာ

အပူလှိုင်းကဲ့သို့သောအပူ အရသာ

အပူပိုင်းဒေသများ တွင် ပူသောအပူ အရသာ

နီမြန်းလာအောင် ပူသောအပူကိုပေးသော အရသာ

ဟူ၍ အရသာ အမျိုး အစားများ ခွဲခြား ခေါ်ဝေါ် ကြပါသည်

ယနေ့ရေးသားမည့် ငရုတ်သီးကြော် ပြုလုပ်နည်းအကြောင်း ကတော့ ငါးဖောင်ရိုးခြောက် နှင့် ငရုတ်သီးအကြမ်းမှုန့်ကြော် ဖြစ်ပါသည်

image

ပဲပုပ် ခြောက် ငရုတ်သီးကြော်

ပါဝက်ပစ္စည်းများ

  • ပဲပုပ် ခြောက် ၁၀ ကျပ်သား
  • ငရုတ်သီး အကြမ်းမှုန့် ၅ကျပ်သား
  • ဆီ ၁၀ ကျပ်သား
  • ကြက်သွန်နီ အနေတော် ၅ လုံး
  • ကြက်သွန်ဖြူ ၅မွှာ
  • ဆား အနည်းငယ်
  • အရသာမှုန့် အနည်းငယ်

image

ပြုလုပ်နည်း

ငရုတ်သီး အတောင့်ဆိုပါက ငရုတ်ဆုံတွင် ညက်နေအောင်ထောင်းထားပါ

ပဲပုပ်ခြောက်များအား ဆီပူပူတွင် ကြွတ်ရွလာသည်အထိ ကြော်ထားပါ
ထို့နောက် အအေးခံကာ လက်တစ်ဆစ်ခန့် အရွယ်လှီးဖြတ်ထားပါ

ကြက်သွန်နီ အခွံသင် အကွင်းလိုက် ပါးပါးလှီးထားပါ

ကြက်သွန်ဖြူ ဓားပြားရိုက် / ထောင်းထားပါ

ဆီဒယ်အိုးအတွင်း ကြက်သွန်နီ များထည့်ကြော်ပါ ကြက်သွန်နီများ အရောင်ပြောင်းပါက ကြက်သွန်ဖြူ ထည့်ပါ
ကြက်သွန် နီ/ ဖြူ များ ရွှေရောင် ပြောင်းပါက ထောက်းထားသော ငရုတ်သီး မှုန့် များထည့်ပါ နှံ့စပ်အောင်မွှေပေးပါ ငရုတ်သီး ကြွတ်လာပါက ပဲပုပ် ခြောက်များထည့်မွှေ ပေးပါ အပေါ်မှ အရသာမှုန့် ဖြူးပေးပါ
ငရုတ်သီးတွင် ဆားပါ ပါက ဆားထည့်ရန်မလိုပါ

သတ်သတ်လွတ် ငရုတ်သီးကြော် တစ်ခွက် ဖြစ်ပါသည်

မီးဖိုပေါ်မှချကာ လေလုံသော ဗူး / ပုလင်းမျာူတွင်ထည့်၍ ရက်ရှည်ထား စားသောက်နိုင်ပါသည်

…… ဆက်ရန် ……

@mamamyanmar

Sort:  

ရှုး ရှဲ

ရေသောက်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks , your supported . I am ever used esteem app.

မြင်တာနဲ့ကို သွားရည်ယိုပြီ မမမြန်မာရေ

Posted using Partiko Android

ဆွဲ လိုက်တော့

Great job dear

သီးစုံချ ဉ်ရည်နဲ့ဆို

အရမ်း လိုက်တာပေါ့

အရမ်းကောင်းတဲ့ ဟင်းကောင်းများပါမမ

Posted using Partiko Android

steemit က လူတွေ အကုန်လုံး ကို ကြွေးချင်တာ ဟယ်

Thanks for using esteem app. ဟင်းချက်တဲ့ ဘက် ပြန်ရောက်သွားပြီပေါ့။

ဟုတ်ပါဆို ပျင်းလာရင် အုံးခြောက်တာဒေ မစဉ်ါ်စားတော့ဘူး
အစား လုပ်စားနေရတာ စိတ်ချမ်းသာတယ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66254.46
ETH 3319.59
USDT 1.00
SBD 2.69