Bale Fruit

in #myanmar6 years ago

ဥသျှစ်သီး

Hello , all steemit member.

အဒေါ်နေထိုင်တဲ့ ခြံထဲသို့ သွားရောက်လည်ပတ်ရာ ဥသျှစ်သီး ဥသျှစ်ရွက်များအား ခူး၍ အိမ်အပြန်ထည့်ပေးလိုက်သည့်အတွက် ဥသျှစ်သီးများအား ယူဆောင်လာရင်း ၏ ဥသျစ်သီး စားသောက်ရင်း post တင် လိုက်ပါသည်

image

ကျ မ ဟိုးအရင်ငယ်စဉ်က ဥသျစ်သီး ကို မကြိုက်ပါ

ခြံထဲရှိ ဥသျစ်သီးများ အလေ့ကျ ကြွေကျ နေသည် မြင်တွေ့နေရပြီး ပိုက်ဆံပေး ဝယ်မစားရသည့်အတွက် ဈေးမတန် အရသာမရှိဟု ထင်သည့်အတွက် မစားခဲ့ပါ

အိမ်သားများ မှ ဇွတ်အတင်းကြွေးသည့် အတွက် စားကြည့်ရာ မှ ကြိုက်နှစ်သက်ခဲ့ခြင်း ဖြစ်ပါသည်

ဥသျှစ်သီး အမှည့် ၏ အတွင်းသားများအား ဇွန်းဖြင့်ခြစ်၍ စားရပါသည်

အချို ကြိုက်ပါက သကြား ထန်းလျှက်တို့ နှင့်နယ် ၍ စားက ပိုကောင်းပါသည်

ဥသျှစ်သီး ကို ဖျော်ရည် ဖျော်သောက်၍ ၄င်း ယိုထိုး၍လည်း စားကြပါသည်

image

ဥသျှစ်သီး ၏
အနံ့သည် ​ မွေးပြီး အတွင်းသားများမှာ မှည့်ပါက အဝါရောင် ရှိပြီးအရသာရှိပါတယ်

ဥသျှစ်​သီး​အထဲက အ​စေ့ ကော်​ အဖြစ်​ အသုံးပြုကြပါတယ်

နွေရာသီ တွင် ဖြစ်တတ်သော မိတ်ဖု ယားနာဖု များ ပေါက်​ပါက
ဥသျှစိသီး၏ အခွံကို သနပ်​ခါး​ နှင့် သွေးလိမ်း ပါက သက်သာ စေပါတယ်

@mamamyanmar

Sort:  

@mamamyanmar, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Bale fruit ဆိုတာဥသျှစ်​သီး​ခေါ်မှန်းခုမှသိ​တော့တယ်

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65353.52
ETH 2654.64
USDT 1.00
SBD 2.84