Power

in #myanmar8 years ago (edited)

FB_IMG_1524973561560.jpg

မင်္ဂလာပါ ပရိတ်‌သတ်‌ကြီး။ ကျွန်‌‌တော်‌ တစ်‌ခု‌လောက်‌ ‌ဆွေး‌နွေးပါရ‌စေ။ ဘာလဲဆို‌တော့ စကားလုံး‌တွေ ရဲ့စွမ်းအား အ‌ကြောင်းကို တင်‌ပြချင်‌ပါတယ်‌။ စကားလုံ တိုင်းမှာ စွမ်းအားရှိတယ်‌ဗျ။ ထိုစွမ်းအားကို လူ့စိတ်‌စွမ်း‌အားနှင့်‌ ‌ပေါင်းလိုက်‌တဲ့ အခါမှာ စွမ်းအင်‌လို့‌ခေါ်တဲ့ အကျိုးတရား‌တွေ ‌ပေါ်ထွက်‌လာပါတယ်‌။ အ‌နောက်‌တိုင်းစာ‌ရေးဆရာ‌တွေ အ‌ပြောများတဲ့ ‌အော်‌တိုဆပ်‌ဂျက်‌ရှင်းနည်းကို ဦးစွာ တင်‌ပြပါ့မယ်‌။ ကိုယ်‌ဖြစ်‌ချင်‌တာကို ထပ်‌တလဲလဲ ရွတ်‌ဆိုတဲ့နည်းပါ။ အဓိက က ယုံကြည်‌မှုပါ။ စိတ်‌တွင်းရွတ်‌ဆို‌သောစကား။ အ‌တွေးတိုင်း ၊စိတ်‌တိုင်းမှာ လှိုင်းရှိပါတယ်‌။ အသံလှိုင်းသ‌ဘောမျိုး‌ပေါ့။

mind-power.jpg
Crd.org.source
စကားလုံးရဲ့ စွမ်းအားကိုမ‌ပြောခင်‌ သဘာဝတရားကြီးရဲ့ နိယာမအ‌ခြေခံ အချက်‌‌လေး‌တွေ ကြို‌ပြောပါ‌စေ။ မည်‌သည့်‌အရာမဆို တူရာတူရာ စုတယ်‌။ဆိုလိုချင်‌တာက မတူရင်‌‌ရောလို့မရပါဘူး။ ဥပမာ အကုသိုလ်‌စိတ်‌လှိုင်းလွှင့်‌ရင်‌ ကိုယ့်‌စီကို အကုသိုလ်‌စိတ်‌ရိုင်း‌တွေဘဲ ပြန်‌လာမှာပါ။ ‌မေတ္တာစိတ်‌လှိုင်းလွှင့်‌ရင်‌ ကိုယ့်‌စီကို‌အေးချမ်းမှု‌တွေ ‌ရောက်‌လာမှာပါ။ ဒီ စင်္ကြာဝဠာကြီးထဲမှာ စွမ်းအင်‌‌ပေါင်းများစွာ လှိုင်း‌ပေါင်းများစွာ တည်‌ရှိ‌နေပါတယ်‌။ စွမ်းအင်‌တို့ဟူသည်‌ တစ်‌ခုမှတစ်‌ခုသို့ ‌ပြောင်းချင်‌‌ပြောင်း‌ပေမယ့်‌ စွမ်းအား‌တော့ ကျန်‌ရှိ‌နေပါတယ်‌။ သူ‌တော်‌‌စင်‌ သူ‌တော်‌‌ကောင်းတို့ ပို့သတဲ့ ‌မေတ္တာ‌တွေဟာ စင်္ကြာဝဠာထဲမှာ လှိုင်းအဖြစ်‌ထာဝရတည်‌ရှိ‌နေပါတယ်‌။ ပွင့်‌‌တော်‌မူကြကုန်‌ပြီး‌သော ဘု ရားရှင်‌အဆူဆူတို့ရဲ့ ‌မေတ္တာဓာတ်‌လှိုင်းဟာ ယခုထက်‌တိုင်‌ရှိ‌နေပါတယ်‌။ဒါကို ‌အ‌ခြေခံအချက်‌အ‌နေနဲ့သိထား‌ပေးပါ။
ကိုယ်‌တွင်းရွတ်‌ဆိုလိုက်‌တဲ့စကားရဲ့လှိုင်းဟာ အပြင်‌ကို‌ရောက်‌ပြီး လှိုင်းအဖြစ်‌တည်‌ရှိ‌နေပါတယ်‌။ အင်‌အား ကြီးသည်‌ ငယ်‌သည်‌သာ ကွာခြားသွားတာပါ။ အရာရာတိုင်းမှာ သူတို့အဆင့်‌အလိုက်‌ မိုင်‌တိုင်‌‌လေး‌တွေရှိပါတယ်‌။ ဥပမာ ‌ဆေးလိပ်‌‌သောက်‌ခြင်းမှာ အဆင့်‌အမျိုးမျိုးရှိပါတယ်‌။ စ‌သောက်‌တဲ့ အဆင့်‌ ၊နှစ်‌သက်‌တဲ့အဆင့်‌ ၊စွဲလမ်းတဲ့အဆင့်‌ဆိုပြီး သူ့အဆင့်‌လိုက်‌ရှိကြပါတယ်‌။ စ‌သောက်‌တုန်းက‌တော့ ဝီရိယ စိုက်‌ပြီးလုပ်‌ရပါတယ်‌။ ထပ်‌တစ်‌လဲလဲ လုပ်‌ပါများလာရင်‌ နှစ်‌သက်‌လာပါတယ်‌။ နှစ်‌သက်‌လာတယ်‌ဆိုတာ ထပ်‌တစ်‌လဲလဲလုပ်‌လို့ပါ ။ထပ်‌တစ်‌လဲလဲ လုပ်‌တယ်‌ဆိုတာကလည်း ပထမလုပ်‌ခြင်းက ‌နောက်‌လုပ်‌ခြင်းကို အကျိုးပြု‌နေလို့ပါ။ ‌နောက်‌လုပ်‌ခြင်းကို အကျိုးပြုနိုင်‌တဲ့ limit မ‌ကျော်‌ရင်‌ ထပ်‌တစ်‌လဲလဲဆိုတာ ဖြစ်‌မလာပါဘူး။ သူ့limit ‌လေး‌ကျော်‌မှ နှိုး‌ဆော်‌‌သော အရာ‌လေးကအသက်‌ဝင်‌တာပါ။ တရားထိုင်‌တိုင်းသာ limit ‌ကျော်‌ရင်‌ အားလုံး အရိယာ‌တွေ ဖြစ်‌‌နေပါပြီ။ limit မ‌ကျော်‌‌တော့ ထပ်‌တစ်‌လဲလဲ ပြုလုပ်‌ခြင်း ‌မ‌ရောက်‌တာပါ။ ကျွန်‌‌တော်‌ဘာကိုဆိုလိုတာ နားလည်‌မယ်‌လို့ထင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့ဟာ ‌ကောင်းမွန်‌‌သောအရာများကို လုပ်‌တဲ့အခါမှာ limit ‌လေး‌ကျော်‌‌အောင်‌လုပ်‌ရမှာပါ။ဒါမှ ထပ်‌တစ်‌လဲလဲ ပြုလုပ်‌ခြင်းအဆင့်‌‌ရောက်‌ပြီး ဝီရိယမစိုက်‌ရဘဲ သူ့အလိုလိုလုပ်‌သွားမှာပါ။ ‌အော်‌တိုဆပ်‌ဂျက်‌ရှင်းကလည်း ဒီသီအိုရီပါဘဲ။ ကိုယ့်‌စိတ်‌ကို ကိုယ်‌လွှင့်‌တဲ့ လှိုင်းက ပြန်‌နှိုး‌ဆော်‌တဲ့ အဆင့်‌‌ရောက်‌‌အောင်‌ ထပ်‌တစ်‌လဲလဲ ရွတ်‌ဆို‌နေရတာပါ။ သူလည်းသူ့ limit ‌ကျော်‌မှ ‌အောင်‌မြင်‌တာပါ။ limit မ‌ကျော်‌ရင်‌ ထုတ်‌လွှင့်‌တဲ့လှိုင်းအားနည်‌ရင်‌ မ‌အောင်‌မြင်‌ပါဘူး။
‌ပြောရင်း‌ပြောရင်းနဲ့ ကျွန်‌‌တော်‌‌ပြောချင်‌တဲ့ စကားလုံးရဲ့ စွမ်းအားကို မ‌ရောက်‌‌သေးဘူး။ မ‌ရောက်‌ဆို ‌အော်‌တိုဆပ်‌ဂျက်‌ရှင်း‌ခေါ် မိမိကိုယ်‌ကိုနှိုး‌ဆော်‌ခြင်းကို ရှင်းပြဘို့ သဘာဝရဲ့ နိယာမကို ရှင်းပြဘို့လိုတယ်‌‌လေ။

power-of-the-mind-study.jpg
crd.org.source
ငါချမ်းသာလာပြီ ၊ငါ့ရဲ့စိတ်‌‌တွေ ကြံ့ခိုင်‌လာပြီ ၊ငါ့ရဲ့ စိတ်‌စွမ်းအား‌တွေ တိုးတက်‌လာပြီ အစရှိသဖြင့်‌ ကိုယ်‌တွင်းစကား‌တွေဟာ လှိုင်းအဖြစ်‌‌ပြောင်းလဲပြီးကိုယ့်‌ကို contro လုပ်‌နိုင်‌တဲ့ အဆင့်‌‌ရောက်‌‌အောင်‌ ထပ်‌တစ်‌လဲလဲ ရွတ်‌ဆို‌နေရမှာပါ။ တကယ်‌တမ်း‌ပြောရရင်‌ ကိုယ်‌ဖြစ်‌ချင်‌တာကို ပုံ‌ဖော်‌တဲ့ စကား‌တွေဟာ ပညတ်‌‌တွေပါ။ ဒါ‌တောင်‌ အကျိုးတရား‌တွေက အံ့မခန်းပါ။ပညတ်‌ဆိုတာလွယ်‌လွယ်‌‌ပြောရရင်‌ မရှိတာကိုအရှိလုပ်‌တာပါ။ သူ့ကို ကြားခံ အသုံးချပြီး သင်‌လိုချင်‌တဲ့အရာကို ရ‌အောင်‌ သင့်‌စိတ်‌ကို ပုံ‌ဖော်‌လိုက်‌တာပါ။ တကယ်‌ရှိတဲ့စကားရဲ့ အစွမ်းဆိုရင်‌ အကျိုးတရားက ‌ပြောလို့ကုန်‌မယ်‌မထင်‌ဘူး။ မန္တန်‌‌တွေရဲ့ အစွမ်းဆိုတာ စကားလုံး‌တွေရဲ့ အသံထွက်‌ စွမ်းအား‌တွေ ကို အသုံးချခြင်းဖြစ်‌ပါတယ်‌။ အကျယ်‌ချဲ့ရင်‌လိုရင်းမ‌ရောက်‌မှာဆိုးလို့ စကားလုံး‌တွေဟာ စွမ်းအားရှိတယ်‌ဘဲ ထားကြပါစို့။ ကျွန်‌‌တော်‌အထက်‌မှာ ‌ပြောခဲ့တာရှိတယ်‌၊ ‌သူ‌တော်‌‌ကောင်းတို့ရဲ့ ‌မေတ္တာလှိုင်းဟာ စင်္ကြဝဠာထဲမှာ ပျံ့နှံ့‌နေပါတယ်‌။ ကျွန်‌‌တော်‌တို့ ရယူပြီးမသုံးစွဲသင့်‌ဘူးလားဗျာ။ မသိသူ‌ကျော်‌သွား သိသူ‌ဖော်‌စားတဲ့။ တကယ့်‌ဒိတ်‌ဒိတ်‌ကျဲ ပုဂ္ဂိုလ်‌‌တွေဟာ ထိုနည်းကို‌ဖော်‌စားသွားကြတာဗျ။ သိချင်‌ရင်‌ မကြာမှီလာမည်‌ ‌မျှော်‌ပါမိတ်‌‌ဆွေ။
အားလုံးကျန်းမာချမ်းသာကြပါ‌စေ။
MSC -228
@mahaw

Sort:  

Congratulation ပါ @mahaw

spg1 contest #1 မှာ winner ဖြစ်သွားပါပြီ ...

အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုပေးနိုင်ပါတယ် ...

https://steemit.com/myanmar/@steempowergroup1/spg1-supporting-plancontest-2

‌ကျေးဇူးအများကြီး တင်‌ပါယ်‌။ လိုအပ်‌ချက်‌‌လေးကို ‌ထောက်‌ ပြ‌ပေးတဲ့ အတွက်‌ ‌နောက်‌ဆို သတိထားပြီး ‌ရေးသားပါ့မယ်‌။ ‌နောက်‌လည်း သွန်‌သင်ွှန်‌ကြား ပြသ‌ပေးပါခင်‌ဗျာ။ နာခံ သင်‌ယူဘို့ အသင့်‌ပါ ဆရာတို့‌ရေ။ စာ‌ရေးချင်‌စိတ်‌ ပိုတိုးမိတယ်‌ဗျာ။

မှန်ပါတယ်ဥဥ. မေတ္တာဓာတ်အသွင် နဲ့တူသောလှိုင်းများသည်စကြာဝဠာထဲကိုဖျန်ကြက်လိုက်ရင်တစ်လောကလုးံမှာရှိတဲ့သတ္တဝါ ဝေနေယျ အပေါင်း အေးချမ်းနေမှာပါ😍

ချစ်‌ဆုံးရဲ့ ‌မေတ္တာ လှိုင်းများ‌ကြောင့်‌ကမ္ဘာေ မြကြီး ‌အေးချမ်းပါ‌စေသတည်း။

အလုပ်​လုပ်​တဲ့အခကြိုးစားမူအရာထင်​​အောင်
limit​ကျော်​​အောင်​ခါလုပ်​သင့်​တာ​ပေါ့​နော်

အဓိက ‌ပေးချင်‌တဲ့ massage က အဲ့ဒါပါဘဲ ညီ။လိုရင်းကို ‌ထောက်‌ ပြနိုင်‌တဲ့အတွက်‌ အစ်‌ကို‌ရေးရကျိုးနပ်‌ပါတယ်‌။ပီတိလည်း ဖြစ်‌ရပါတယ်‌ ။‌ကျေးဇူး အနန္တပါညီ။

Beep bop, this is @pushbot.
I just received a signal from the Mother Ship that you may require a push.
You just got a 10.36% upvote courtesy of @mahaw!


Message from the Mother Ship:

You can earn daily profit by delegating SP to make @pushbot stronger. Delegators receive a share in 95% of the earnings.

Click one of the links below and start earning :)

10 SP20 SP50 SP
100 SP200 SP500 SP
1000 SP2000 SP5000 SP
Any Other Amount

Limit​ကျော်​သွားရင်​လိုင်းကပြန်​နှိုး​ဆော်​တဲ့အခါဝိရီယမစိုက်​ရဘဲသူအလိုလိုလုပ်​သွားတဲ့သ​ဘော​ပေါ.​နော့?

စိတ်‌ကို contro ‌ပေးနိုင်‌တဲ့ အဆင့်‌‌ရောက်‌ရင်‌ ရည်‌မှန်းချက်‌‌တွေ ပြည့်‌ဝ‌တော့မှာပါ။

အဲ့လိုအစွမ်းတွေကို အရမ်းရချင်မိတယ်😂😂

တကယ်‌လုပ်‌ရင်‌ တကယ်‌ရပါတယ်‌။မှတ်‌တမ်း‌တွေ ရှိပါတယ်‌အစ်‌ကို။

မျှော်ပါမေ မိတ်ဆွေ စိတ်ဝင်စားပါတယ်😊

‌ရေပြီးပြီ မနက်‌ဖြန်‌ တင်‌ပါ့မယ်‌။‌ကျေးဇူးပါညီမ။

တရားထိုင်တိုင်းသာ limit ကျော်ရင် အားလုံး အရိယာတွေ ဖြစ်ကုန်ပြီတဲ့ ဒီစာသားမျိုး အရမ်းသဘောကျစရာကောင်းပါတယ်။စကားလုံးတိုင်းမှာ စွမ်းအားရှိနေတာတွေ ကိုလည်းသိခွင့်ရခဲ့ပါတယ်။သိသူဖော်စားဖို့အတွက် သင့်ရဲ့မိတ်ဆွေမျှော်နေပါ့မယ်ခင်ဗျာ။

အစ်‌ကို့ကို ‌ကျေးဇူးတင်‌တယ်‌ဗျာ။Post ကို‌သေချာဖတ်‌ပြီး ‌ဆွေး‌နွေး‌ပေးလို့။ကျွန်‌‌တော်‌ဆက်‌လက်‌တင်‌ ပြပါ့မယ်‌အစ်‌ကို။

သိချင်ပါတယ်ရှင်
မျှော်နေပါ့မယ်

‌ကျေးဇူးပါအန်‌တီ။လာအား‌ပေးလို့ ဝမ်းသာမိပါတယ်‌။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 64206.40
ETH 1783.22
USDT 1.00
SBD 0.39