လုပ်ချင်သောအရာတစ်ခု
မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့။စာလည်းရေးရင်း ကုသိုလ်လေးရအောင် ဘာသာရေးpostတင်ဦးမယ်။ မိတ်ဆိုတို့ရေ အများကြီးမလုပ်နိုင်တောင် ဝင်လေထွက်လေမှတ်တဲ့ အကျင့်လေးဖြစ်အောင် လုပ်စေချင်တယ်။ မိတ်ဆွေတို့ အခုလုပ်နေတဲ့ အလုပ်ကို လုပ်နေရင်းလည်း မှတ်လို့ရပါတယ်။ ဒါက စိတ်လေ့ကျင့်ခန်းတစ်ခုဆိုရင်မမှားပါဘူး။ ဘာသာမတူလည်းရသလို၊ ဗုဒ္ဓဘာသာမဟုတ်လည်း ရပါတယ်။ ကိုယ့်အတွက်အကျိုးရှိမရှိ ကိုယ့်ဘာသာဘဲ ပြန်သုံးသပ်ပေါ့။ အကျိုးမရှိဘူးဆိုရင် မလုပ်နဲ့ပေါ့။ ထိုနည်းက သတိကို တိုးတက်စေတယ်။ ကိုယ်လုပ်နေတာကိုလည်း သတိဖြစ်စေတယ်။ စိတ်ငြိမ်စေတယ်။ ကိုယ်လုပ်နေတာလည်း ကိုယ်မပြောရင် ဘယ်သူမှမသိပါဘူး။
ကျွန်တော့်စိတ်ရင်းတိုင်းပြောရရင် အနောက်နိုင်ငံတို့လို သုတေသနလုပ်ချင်တာ။ လူ ၅၀လောက် ဖိတ်ခေါ်ပြီး သုတေသနလုပ်ဘို့ အကြံပြုချင်တာ။ ကျွန်တော်တို့နိုင်ငံမှာ ထိုလိုသုတေသနလုပ်တာ သိပ်မရှိဘူး။ တကယ်တမ်းလုပ်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအနေနဲ့ မခက်ခဲဘူး။ ရိပ်သာတွေ ရှိတဲ့အတွက် မှတ်တမ်းယူမယ့် အဖွဲ့ဘဲလိုတယ်။ ဖြစ်နိုင်ရင်ခေတ်မီစက်ကိရိယာတွေနဲ့ လုပ်ချင်တာဗျာ။ လက်တွေ့မှယုံတဲ့သူတွေကို ဟာခနဲ ဟင်ခနဲ ဖြစ်သွားအောင် လုပ်ပြချင်စမ်းပါဘိ။ ကိုင်းဘယ်လိုလဲ ၊ဖောင်ဒေးရှင်းဖွဲ့မယ် ၊ စပွန်ဆာရှာမယ် တစ်နေ့တော့ ဖြစ်အောင်လုပ်မယ်လို့ ရည်မှန်းထားတယ်။ ဆရာတော်တစ်ပါးဆို နိုင်ငံခြားတက္ကသိုလ်မှာ စာတမ်းပြုစုတာ လေးစားဘို့ကောင်းတယ်။ ဘယ်လိုလဲဆိုတော့ စိတ်ဝင်စားတဲ့ မည်သူမဆို လာရောက်လျှောက်ထားနိုင်သည်။ မည်သည့်ဘာသာမဆို ရသည်။ ၂လအတွင်း ကမ္ဘာကို ဒိုရိုပေါက် မြင်နိုင်စေရမယ်တဲ့။ လက်တွေ့မှယုံမယ်သူတွေ ကို ပါဝင်ဘို့ ဖိတ်ခေါ်ထားတယ်။ သူ့ရဲ့စာတမ်းအတွက် practical ပေါ့။ ကျွန်တော် ထိုအကြောင်းဖတ်ရတုန်းက စာတမ်းတော့ တင်ပြီးသွားပြီ။ ကျွန်တော်လုပ်ချင်တာ ထိုဆရာတော်လိုပေါ့ဗျာ။ အနောက်နိုင်ငံမှာလည်း အသင်းအဖွဲ့တွေဖွဲ့ပြီး meditationကို သုတေသနတွေ လုပ်နေကြတာ ရှိပါတယ်။
ကျွန်တော်က မြန်မာနိုင်ငံအနေနဲ့ သိပ္ပံနည်းကျ ကမ္ဘာကိုချပြချင်တာ။ ကျွန်တော်တို့မှာ တကယ်အောင်မြင်သွားတဲ့ ဆရာတော်တွေ တစ်ပုံကြီး။ သမထနဲ့ သုတေသနလုပ်မလား၊ ဝိပဿနာနဲ့သုတေသနလုပ်မလား ။ အများကြီးရှိပါတယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ သေသေချာချာ သိမ်းဆည်ထားသင့်တာတွေအများကြီးပါ။ လူသားတွေအကျိုးရှိမယ့် အရာတွေချပြချင်တာပါ။ဘာသာရေးသဘောမျိုး မဟုတ်ဘဲ စူးစမ်းရှာဖွေမှတ်တမ်းတင်တဲ့သဘောမျိုး လုပ်ချင်တာ။ တစ်ယောက်အားနဲ့တော့မရဘူး။ အဖွဲ့အစည်းနဲ့ဆို လုပ်လို့ရတယ်။ နာမည်ကျော်ဆရာတော်ကြီးတွေ ဦးဆောင်ရင် ပိုလွယ်တာပေါ့။ ပြီး Websiteတစ်ခုထောင်ပြီး ကမ္ဘာကိုချပြ။ဒါဆိုဘယ်လောက်ကောင်းမလဲနော်။ မေတ္တာတရားတွေ ကမ္ဘာကိုလွှမ်းခြုံသွားရင် ကမ္ဘာကြီးလည်း ငြိမ်းချမ်းလာမှာပါ။ ကျွန်တော့်အတွေးလေး ပြောကြည့်တာပါ။ တစ်နေ့နေ့တစ်ချိန်ချိန်တော့ ထိုလုပ်ငန်းလေးလုပ်ဖြစ်ဘို့ နိုးဆော်မယ်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
MSC - 228
@mahaw
စိတ်သာရှင်စော ဘုရားဟောလို့ဆိုထားတော့ ကိုယ့်စိတ်ကိုယ်နိုင်ရင် အကုန်ပိုင်တယ်လို့လည်းဆိုကြတာပဲ စိတ်ကိုလေ့ကျင့်ပေးတဲ့ အဖွဲ့အစည်းက ရှိသင့်ပါတယ် လွယ်တော့မလွယ်ဘူး ရှိချင်တောင်ရှိနေနိုင်ပါတယ်ဗျာ
အစ္စရေးတွေရဲ့ဝန်ကြီးအဖွဲ့ဟာ အစည်းအဝေးမစခင် နာရီဝက်တရားထိုင်ပြီးမှ အစည်းအဝေးဆုံးဖြတ်ကြတယ်ဆိုပဲ၊ သူတို့ထိုင်တာက မြန်မာနည်းတော့မဟုတ်ဘူး
အဲဒါကြောင့် အစ္စရေးတွေက ကမ္ဘာမှာ ဥာဏ်အကောင်းဆုံး လူသားတွေဖြစ်နေတာဖြစ်မယ် ဆာမင်းစိုးရေ
ကျွန်တော်တို့ နိုင်ငံအနေနဲ့ သေချာမှတ်တမ်းတင်သင့်တယ်။ဘာ ဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ မြန်မာက ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံ ဖြစ်တာတစ်ကြောင်း ၊လူ့စွမ်းအားအရင်းအ မြစ်ကို ထိုနည်းနဲ့ ဖော်ထုတ်နိုင်တယ်လေ။ကျေးဇူးပါ ဦးစိုး။
ဟုတ်တယ် ကိုမဟော့်စိတ်ကူးလေးမိုက်တယ်... လူအများကြီးပါလာအောင် မဆွဲဆောင်နိုင်သေးရင်တောင် ကိုယ့်အဖွဲ့အစည်းလေးနဲ့ကိုယ် လူလေးငါးယောက်လောက် တစ်ပတ်ကို တစ်ကြိမ်ဖြစ်စေ ၊ ဆိတ်ငြိမ်တဲ့တနေရာရာမှာ meditation week လုပ်နိုင်ရင် ကောင်းမယ်နော်...။ ခုတော့ ကိုယ့်မိသားစုလေးနဲ့ကိုယ်လုပ်နိုင်သလောက် မှန်မှန်လေးလုပ် ရမှာပါပဲ..။
လုပ်ပါညီမ။ကလေးတွေကိုလည်း ငယ်ငယ်လေးကတည်းက လေ့ ကျင့်ပေးထားရင် သိပ်ကောင်းတယ်။ကျေးဇူးပါညီမရေ။
hola disculpa que dice ahí en tu post yo veo puro cuadrito
Hola! Buenos dias ! tu' puedes aprender mucho que se dice puro cuadrito en su post.
sincero winko no te entendí tu respuesta
အမှန်တိုင်း ပြောရရင် တရားမထိုင်ဘူးဖူး ဆရာ😞ပုတီးတော့ စိတ်ဖူးပါတယ် ပရိတ်ကြီး ၁၁သုတ်၊ ဓမ္မင်္ကြာ၊ ပဌာန်း တော့ စာအုပ်ကြည့် ရွတ်တတ်ပါတယ် အလွတ်တော့ မရဘူး😁
၅မိနစ်ဖြစ် ဖြစ်၁၀မိနစ် ဖြစ် ဖြစ် စလုပ်ကြည့်ပါညီမ။
စာအုပ်ကြည့်ရွှတ်တတ်လဲ ကောင်းတာဘဲ ပါဋ္ဌိမှ မဖတ်တတ်တဲ့သူတွေ ကိုယ်တိုင်ဘယ်ရွှတိနိုင်ပါ့မတုန်း သူများချရင် လျပေးမှဘဲရမယ် အာ့ကြောင့် ဂုဏ်ယူပါတယ်မမကြည်
တကယ်ဆို စိတ်ကိုသာ ငြိမ်အောင် မြင်အောင် ကြည့်နိုင်ပြီဆိုရင် သူများထက် ပိုပြီးအသိညာဏ်ထက်လာတယ် တစ်ခါက ကြားဖူးတယ် ဖားအောက်တောရမှာ တရားလာအားထုတ်တဲ့ သုတေသနပညာရှင်တစ်ဦးရှိတယ် သူနိုင်ငံပြန်တဲ့အခါကြတော့ သူ့ ဆရာက ရှာဖွေတွေ့ရှိမှုအသစ်အတွက် နိုဘယ်ဆုရခဲ့လို့  ဂုဏ်ပြုပွဲကျင်းပနေကြတာပေါ့ ဘာကို ရှာဖွေ တွေ့ရှိခဲ့တာလည်းဆိုတော့ လူ့ စိတ်က တစ်စက္ကန့် အတွင်းမှာ ဖြစ်ခြင်း ပျက်ခြင်း အကြိမ်တစ်ရာမျှ ရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ရှာဖွေ ဖော်ထုတ်ခဲ့လို့  နိုဘယ်ဆုရခဲ့တာတဲ့ ဒီတော့တပည့်ဖြစ်တဲ့သူက ဆရာ့ကိုပြောတယ် ကျွန်တော်ဖားအောက်မှာ တရားအားထုတ်တော့ ကြားခဲ့ရတယ် လူ့ စိတ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာကို ကုဋေတစ်သိန်းဖြစ်ပျက်တယ်ဆရာတဲ့ ဘယ်ဟာက အမှန်လဲတဲ့ ဆရာဖြစ်သူက ရိုးရိုးသားသားပဲ ဝန်ခံတယ် အမှန်က ကုဋေတစ်သိန်းဖြစ်နိုင်မယ်တဲ့ သူ့ ဥာဏ်နဲ့ကတော့ တစ်ရာလောက်ပဲ တွေ့သေးလို့  ဒါပဲ သက်သေပြနိုင်တာတဲ့ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေက သိပ္ပ့ပညာနဲ့တောင် လိုက်မမှီပေမဲ့ လက်ခံလို့ ရတယ်
အထူးသ ဖြင့် ဦးဇင်းတိုကို အားကိုးပါတယ်။ စာတွေ့လက်တွေ့နဲ့ သိပ္ပံနည်းကျဖော်ထုတ် ချ ပြနိုင်ရင် အ ကျိုးတရားတွေ များစွာ ဖြစ်ထွန်းစေမှာပါဘုရား။ ဖားအောက်ဆရာတော်ဘုရား ကြီးက တစ်ခေတ်မှာတစ်ပါးပေါ်ထွန်းခဲတဲ့ ဆရာတော်ပါဘဲဘုရား။ ဦးခိုက်လိုက်ပါတယ် အရှင်ဘုရား။
ကိုယ်လုပ်ချင်တာလုပ်ရတာ မင်္ဂလာတပါး ပါဗျာ
ကျေးဇူးပါ ဘဘကြီးရေ။
လှုပ်ရှား ထိတွေ့မှု အတိုင်းမှာ "သတိ "ဆိုတဲ့အိမ်
မြဲနေမှ သင့်တော်ကာကျမည်.
ဟုတ်ကဲ့...ကောင်းသောအတွေးပါ....တစ်နေ့ဖြစ်လာပါစေလို......👍👍
ပေးတဲ့ဆုနဲ့ ပြည့်ဝပါရစေ။ကျေးဇူးပါညီမ။
မနက်ကတောင် ဒီအကြောင်းလေးတွေးနေမိသေးတယ်၊ ဘုန်းကြီးဝတ်ရင်သူများတွေလို ပရိယတ်တွေ၊ပဋိပတ်တွေမလုပ်ချင်သေးဘူး ပဋိဝေဒ လို့ခေါ်တဲ့လက်တွေ့ကျင့်ကြံအားထုတ်သိမြင်လာမှကျန်တာတွေ လုပ်ချင်တယ်။မကျင့်ရသေးပဲ သေသေချာချာ မသိသေးပဲ၊စာတွေ့တွေနဲ့တရားမဟောချင်ဘူးလို့ တွေးနေတာ
ဝင်လေထွက်လေဘဲ သိမှတ်နေရင်ဘဲ အကျိုးတရား များလှပါပြီ ။နောက်ပိုင်းဝိပဿနာပိုင်းက တ ဖြည်းဖြည်းလေ့လာ ကျင့်ကြံရမှာဘဲ။ဝေဘူဆရာတော်ဘုရားကြီးကတော့ ဝင်လေထွက်လေဘဲ အချိန်တိုင်း မှတ်နေပါ တရားက ပြလာပါလိမ့်မယ်တဲ့ ဦးမင်းရေ။ အနည်းဆုံးတော့ စိတ်တည်ငြိမ်စေပါတယ်။ကျေးဇူးပါ ဦးမင်း။
ပရိယတ် ပဋိပတ် မပါရင်လည်း မဂ်ဖိုလ် နိဗ္ဗာန် ရခါနီးအလိုမှာ လမ်းမှားကို လွဲသွားတတ်ပါတယ် ဦးမင်းရေ ဒါပေမဲ့ ဆရာကောင်း သမားကောင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကျင့်ကြံအားထုတ်ရင်တော့ လမ်းမှန်မြင်နိုင်ပါတယ် ကိုဟ်သိတဲ့တရားကို ကိုသိထားတဲ့ ပိဋကတ်က ဘုရားဟောလမ်းစဉ်နဲ့ ချိန်ညှိပြီး ကိုယ်တိုင်တရားစစ်တာ ပိုကောင်းတယ်လို့ မြင်မိပါတယ် တစ်ချို့က ဈာန်ရတယ် အဘိဥာဉ်တန်ခိုးတွေနဲ့ ပြည့်စုံတယ် ဒါပေမဲ့ လမ်းလွဲပြီး မဂ်ဖိုလ်နိဗ္ဗာန်ထိ မတတ်လှမ်းနိုင်တဲ့ သာဝကတွေ အများကြီးရှိခဲ့ဖူးတယ်
ကိုမဟော်ရေ ကျွန်တော်ကတော့ အစ်ကိုရယ် ကိုမောင်မောင်လတ်ရယ် ဘုရား တရား post လေးတွေ တွေ့ပြီး စိတ်ထဲမှာ အစ်ကိုတို့တွေ နဲ့ တရားအကြောင်းလေးလေးတွေ တရားထိုင် ဝိပဿနာ ရှုတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံဘယ်လိုနည်း ဘယ်အိုင်ဒီယာတွေ ရှိနေကြပြီလဲ ပြောဆိုဆွေးနွေးချင်နေတာပါ။အစ်ကိုက ဒီလိုပြောလာတော့ တစ်ခုခုဆိုရင် ကျွန်တော်အဆင်သင့်ရှိပါတယ်။အားပေးထောက်ခံပါတယ်အစ်ကို။ကိုမောင်မောင်လတ်လည်း ပျောက်နေတယ်နော်။အရမ်းကောင်းမွန်တဲ့ အိုင်ဒီယာလေးလို့ ထင်မြင်မိပါတယ်။
ကိုမောင်မောင်လတ်က မအားတာ။သူ့အကြောင်းက postတောင်ရေးချင်မိတယ်။အမေက အဆုတ်ကင်ဆာ ၊အမျိုးသမီးက သည်အိမ်အလုံတယ်လို့ ထုတ်လိုက်ရတာတယ် ။သူတရားအခံရှိတော့ တည်တည်ငြိမ်ငြိမ်ဘဲ ရင်ဆိုင်နိုင်တယ် ။တစ်ပြိုင်တည်း ဖြစ်တာဆိုတော့ သာမန်လူဆို ရင်ဆိုင်ဘို့ ခက်ခဲမှာဘဲ။ ကျေးဇူးပါကိုသန့် အဆင်ေ ပြတဲ့တစ်နေ့ တွေ့ကြမယ်လေ။