You are viewing a single comment's thread from:

RE: လုပ်‌ချင်‌‌သောအရာတစ်‌ခု

in #myanmar6 years ago

တကယ်ဆို စိတ်ကိုသာ ငြိမ်အောင် မြင်အောင် ကြည့်နိုင်ပြီဆိုရင် သူများထက် ပိုပြီးအသိညာဏ်ထက်လာတယ် တစ်ခါက ကြားဖူးတယ် ဖားအောက်တောရမှာ တရားလာအားထုတ်တဲ့ သုတေသနပညာရှင်တစ်ဦးရှိတယ် သူနိုင်ငံပြန်တဲ့အခါကြတော့ သူ့ ဆရာက ရှာဖွေတွေ့ရှိမှုအသစ်အတွက် နိုဘယ်ဆုရခဲ့လို့  ဂုဏ်ပြုပွဲကျင်းပနေကြတာပေါ့ ဘာကို ရှာဖွေ တွေ့ရှိခဲ့တာလည်းဆိုတော့ လူ့ စိတ်က တစ်စက္ကန့် အတွင်းမှာ ဖြစ်ခြင်း ပျက်ခြင်း အကြိမ်တစ်ရာမျှ ရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ရှာဖွေ ဖော်ထုတ်ခဲ့လို့  နိုဘယ်ဆုရခဲ့တာတဲ့ ဒီတော့တပည့်ဖြစ်တဲ့သူက ဆရာ့ကိုပြောတယ် ကျွန်တော်ဖားအောက်မှာ တရားအားထုတ်တော့ ကြားခဲ့ရတယ် လူ့ စိတ်ဟာ မျက်စိတစ်မှိတ်အတွင်းမှာကို ကုဋေတစ်သိန်းဖြစ်ပျက်တယ်ဆရာတဲ့ ဘယ်ဟာက အမှန်လဲတဲ့ ဆရာဖြစ်သူက ရိုးရိုးသားသားပဲ ဝန်ခံတယ် အမှန်က ကုဋေတစ်သိန်းဖြစ်နိုင်မယ်တဲ့ သူ့ ဥာဏ်နဲ့ကတော့ တစ်ရာလောက်ပဲ တွေ့သေးလို့  ဒါပဲ သက်သေပြနိုင်တာတဲ့ ဒါကြောင့် ဘုရားရှင်ရဲ့ တရားတော်တွေက သိပ္ပ့ပညာနဲ့တောင် လိုက်မမှီပေမဲ့ လက်ခံလို့ ရတယ်

Sort:  

အထူးသ ဖြင့်‌ ဦးဇင်းတိုကို အားကိုးပါတယ်‌။ စာ‌တွေ့လက်‌‌တွေ့နဲ့ သိပ္ပံနည်းကျ‌ဖော်‌ထုတ်‌ ချ ပြနိုင်‌ရင်‌ အ ကျိုးတရား‌တွေ များစွာ ဖြစ်‌ထွန်း‌စေမှာပါဘုရား။ ဖား‌အောက်‌ဆရာ‌တော်‌ဘုရား ကြီးက တစ်‌‌ခေတ်‌မှာတစ်‌ပါး‌ပေါ်ထွန်းခဲတဲ့ ဆရာ‌တော်‌ပါဘဲဘုရား။ ဦးခိုက်‌လိုက်‌ပါတယ်‌ အရှင်‌ဘုရား။

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58471.44
ETH 2587.53
USDT 1.00
SBD 2.44