ကျွန်တော်နှစ်သက်သော သမိုင်း(၃)
မင်္ဂလာပါ ချစ်မိတ်ဆွေ အပေါင်းတို့။ ကျွန်တော် မင်းရဲကျော်စွာအေ ကြာင်း ဆက်လက်တင်ပြပါ့မယ်။ မင်းရဲကျော်စွာကို ကိုယ်ဝန်ရှိတော့ ထူးတော့ ထူးဆန်းသားဗျ။ မိခင်က မိဖုရားရှင်မိနောက်။ ထိုအချိန်တုန်းက ဖခင် က ဘုရင်မဖြစ်သေးဘူး။ မင်းဆွေ ဘဲရှိသေးတယ်။ နောက်မှဘုရင်ဖြစ်ပြီး ဘုရင်မင်းခေါင်ပေါ့။ ကိုယ်ဝန်ရှိရင်ချဉ်ခြင်းတတ်တာ မိတ်ဆွေတို့ ကြားဖူးမှာပါ။ ဘုရားလက်ထက်က စစ်သူကြီး မဟာ ဗန္ဓုလကတော် ချဉ်ခြင်းတတ်တာက ဝေသာလီမင်းတို့ရဲ့ အထွဠ်အမြတ်ထားရာ မဟာရေကန်တော်ကို ရေချိုးချင်တာ ပါ။ မိဖုရားချဉ်ခြင်းမပြောခင် တစ်ခုအသိပေးရဦးမယ်။ ဟံသာဝတီမှာ ဖြစ်ပျက်ခဲ့တဲ့ ဗောလောကျန်းဒေါကိစ္စကို အင်းဝကမသိဘူး။ ရာဇာဓိရာဇ်တို့ဘက်က သိုသိုသိပ်သိပ် သတင်းလျှိုဝှက်ထားတယ်။ သူ့သားကျိန်ဆိုခဲ့တာကို တစ်ဘက်ရန်သူ သိလို့ဘယ်ဖြစ်မလဲ။ ရန်သူဆိုပေမယ့် သံတမန် ဆက်သွယ်ရေးတော့ ရှိတယ်။
crd.org.source
ရှင်မိနောက် (နောင်တစ်ချိန် ရာဇဓိရာဇ်သိမ်းပိုက်ခံရသူ) ချဉ်ခြင်းက ဘာလဲဆိုတော့
ဒလကသရက်သီးကိုစားချင်တယ်
မုတ္တမကမြေကြီးကိုစားချင်တယ်
ခေါင်းဆေးကျွန်းကရေကိုသောက်ချင်တယ်။ အင်းဝဘက်က ဘာမှမသိတော့ ဒီအတိုင်းပြောပြီးလှမ်းတောင်းတာပေါ့။ တန်ဘိုးလည်းမရှိဘူးလေ။ မင်းဆွေက ရာဇာဓိရာဇ် ဆီလှမ်းတောင်းတယ်။ မင်းဆွေက ရိုးရိုးတန်းတန်းတောင်းပေမယ့် ရာဇာဓိရာဇ်အဖို့ ငယ်ထိပ်မြွေပေါက်တာဘဲ။ သူ့သားကျိန်ဆိုတဲ့အတိုင်းတော့ ဖြစ်ပြီဆိုပြီ တော်တော်လေးလန့်သွားလောက်တယ်။ သူလန့်လို့ ဆုတောင်းပွဲတောင် ချက်ချင်းလုပ်ခဲ့တာကို။ ဘာလုပ်သင့်လဲဆိုပြီး မှူးမတ်တွေနဲ့တိုင်ပင်ကြတယ်။ ဟူးရာပုဏ္ဏားတွေကလည်း ဒီခလေးဟာ ဗောလောကျန်းဒေါတဲ့။ ထိုအချိန်ရာဇာဓိရာဇ်ကို သွားကြည့်လိုရရင် ကြည့်ချင်စမ်းပါဘိ။ လုပ်ရက်ခဲ့တဲ့ဖခင်။ ပုဏ္ဏားတွေက ဘယ်လိုအကြံပေးသလဲဆိုတော့ ခလေးကိုမမွေးခင်ကတည်းက ကံနိမ့်အောင် တန်ခိုးမကြီးအောင်လုပ်သင့်တယ်လို့ ပြောကြတယ်။ ဟုတ်ပြီဒါဆိုဘယ်လိုလုပ်မလဲပေါ့။
ဒလသရက်သီးကို အိမ်သာနားမှာပေါက်သောသရက်သီးကိုပေးပါတဲ့၊
မီးနေအိမ်၇အိမ်က မသန့်သောမြေပေးရမယ်
မီးနေအိမ်၇အိမ်ကမသန့်သောရေ ပေးရမယ်တဲ့ဗျာ။ အံ့သြဘ အံ့သြဘ လိုတောင် ရေရွတ်မိတယ်။ ထိုအတိုင်းစီစဉ်ပြီး အင်းဝကိုပို့လိုက်တာပေါ့။ ရှင်မိနောက်ကလည်း ဘယ်သိမလဲ၊ စားချင်လို့တောင် တကူးတက မောင်တော့်ကို တောင်းခိုင်းရတာလေ။ ရလည်းရရော အကုန်စားတာပေါ့။ ဒီလိုနဲ့ မင်းရဲကျော်စွာ မွေးတယ်ဆိုပါတော့ဗျာ။ တစ်ခုထူးဆန်းတာက ခလေးက တော်တော်ငိုတယ်ဆိုဘဲ။ လေထတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ၊အတိအကျတော့ ဘယ်သိမလဲနော့။ ခလေးတအားငိုတော့ အထိန်းတော်က ဘာကိုသတိရသွားလည်းဆိုရင် ဟံသာဝတီကိုချဉ်ခြင်းတက်တာကိုသတိရသွားတယ်။ သူ့ဟာက ထူးဆန်းတာကိုး။ အထိန်းတော်လည်း ချော့ရင်း မင်းကြီးလာရင် ဟံသာဝတီကို သိမ်းလိုက်စမ်းခလေးရေလို့ ပြောလိုက်တော့ အငိုတိတ်တယ်ဆိုဘဲ။ ဒါနဲ့ အထိန်းတော်တွေလည်း ခလေးငိုတိုင်း ထိုနည်းနဲ့ဘဲချော့တယ်တဲ့။ ကျွန်တော်လည်း စာအုပ်ထဲတွေ့လို့ရေးတာ။ ဟုတ် မဟုတ်တော့မသိ။
အင်းဝနဲ့ ဟံသာဝတီ စစ်ဖြစ်လိုက် လယ်ထွန်လိုက် ကိုယ်သာလိုက် သူသာလိုက် စစ်တိုက်ရင်းနဲ့ မင်းရဲကျော်စွာ ၁၇နှစ်သားရောက်လာတယ်။ အရွယ်ရောက်လာတော့ ဟံသာဝတီကို တိုက်ချင်နေပြီ။ အထူးသဖြင့် ရာဇာဓိရာဇ်ကို သူတော်တော်မုန်းတယ်။ သူ ဘာကြောင့်မုန်းရသလဲဆိုရင် သူ့အမေရှင်မိနောက်ကို ရာဇာဓိရာဇ်ကစစ်ပွဲမှာဖမ်းမိတော့ မိဖုရားအဖြစ်သိမ်းပိုက်လိုက်တယ်၊ဒါတင်မကဘဲ သူနဲ့ ဖအေတူ အမေကွဲ အစ်မတော် စောပြည့်ချမ်းသာကိုလည်း ထိုနည်းအတိုင်းသိမ်းပိုက်လိုက်တော့ အမုန်းကကမ္ဘာမကြေပေါ့ဗျာ။ မင်းရဲကျော်စွာက သူ့ဖခင်ဘုရင်မင်းခေါင်ရဲ့အားနည်းချက်ကို မြင်တယ်။ ဘုရင်မင်းခေါင်က ကြည်းကြောင်းအာသန်တယ်။ တိုက်စစ်ဖွင့်လို့နိုင်ပေမယ့် အချိန်တန်တော့ ထောက်ပို့တပ် အဖြတ်ခံရပြီး တပ်ဘဲ ဆုတ်လာရတယ်။ လေးကြိမ်လုံးထိုနည်းလည်းကောင်းဆိုတော့ မင်းရဲကျော်စွာက ရေတပ်ကို အကြီးအကျယ်ဖွဲ့စည်းတယ်။ ပုသိမ်မြောင်းမြတို့ဘက်ကရေလမ်းအဓိကလေ။ ဘုရင်မင်းခေါင်ကရေတပ်အားနည်းလို့ ထိုဒေသတွေတိုက်ရင် အခက်တွေ့စေတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဘို့ ရေတပ်နဲ့ စစ်မျက်နှာဖွင့်လာတယ်။ သားကရေတပ် ဘုရင်မင်းခေါင်က ကြည်းတပ်။ ကိုင်းဘယ်ပြေးမလဲ ရာဇာဓိရာဇ်ရေပေါ့။
မင်းရဲကျော်စွာကြောင့် ရာဇာဓိရာဇ်အရှုးံပေါ်တာတွေ ၊ရာဇာဓိရာဇ်ရဲ့ လက်ရုံး အစွယ်တော်တွေကို တစ်ချောင်းချင်းနှုတ်ယူပုံတွေကို စောင့်မျှော်ပါဦးလို့ ပြောကြားရင်းခေတ္တရပ်နားလိုက်ရပါတယ် မိတ်ဆွေတို့ရေ။ ကိုင်း ဘယ်ဘိုလဲ ဖတ်လို့ကောင်းလား။ ရင်ထဲရှိတာ Cmမှာသာချရေးလိုက်တော့ အို ...မိတ်ဆွေအပေါင်းတို့။
ကျမ်းကိုး - ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း(နိုင်ပန်းလှ)
MSC- 228
@mahaw
သမိုင်းဆိုတာကလည်း စာရေးဆရာတွေ ရေးထားသမျှ မှတ်ရတာဆိုတော့ အမှားလား အမှန်လားဆိုတာ သေချာဘယ်သိနိုင်လိမ့်မတုံး ကိုမဟော်ရေ ရှင်ဘုရင်တွေအကြိုက် ရေးမပေးရင် အသတ်ခံရမယ်မဟုတ်လား ကျွန်တော်တို့ MSC ကတော့ Leader ကြိုက်ကြိုက် မကြိုက်ကြိုက် သေဒဏ်တော့အပေးမခံရလောက်ပါဘူး ☺☺☺
ကိုဟင်ကြိုက်ရင် 1 ကျော်တာတော့သိတယ် ဦးစိုးရေ။
အော် ဘ၀သံသရာ... ပြုသူအသစ် ဖြစ်သူအဟောင်းနဲ့ကို မပြီးနိုင်တော့တာပါလားနော်...။ သမိုင်းလည်းပြန်ဖတ်ရသလို သံဝေဂ လည်း ရပါတယ် ကိုမဟော်...။
သင်ခန်းစာရတာပေါ့ညီမရယ်။ကျေးဇူးပါ။
နှစ်လေးဆယ်စစ်ကိုလည်း ဖတ်ချင်ပါသေး
မရေးနိုင်တော့ပါဘူးကိုဟိန်းရေ။ကျေးဇူးပါဗျာ။
သမိုင်းကြောင်းလေးဖတ်ရတာ ကောင်းလှပါတယ်အစ်ကို။မင်းရဲကျော်စွာ ဟံသာဝတီ စတဲ့အကြောင်းအရာလေးတွေနဲ့ ရေးထားတော့ ပဲခူးသားက စိတ်ဝင်စားတာပေါ့ဗျ။နောက်အပိုင်းဆို ပိုတောင်ကောင်းမယ့်ပုံပဲ။စောင့်မျှော်အားပေးမယ်ခင်ဗျာ။
ကျေးဇူးပါကိုသန့်ရေ ။ကျွန်တော်နှစ်ယောက်လည်း မတွေ့ ဖြစ်သေးဘူး။
မင်းရဲကျော်စွာ ဗိုလ်နေတိုးဟေ့😁
ထွေးပိုင်လေးလား ဟေ့။
ဖတ်လို့ကောင်းပါတယ်...ရာဇဓိရာဇ်ဘယ်လိုအရှုံးပေါ်မလဲ...ဖတ်ဖို့စောင့်နေပါ့မယ်...
ကျေးဇူးပါညီမ။ဆက်ရေးပေးပါ့မယ်။
Congratulations @mahaw! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Award for the number of comments
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Thank.
ရာဇာဓိရာဇ် အရှုံပေါ်ပုံတွေ လက်ရုံးအစွယ်တော်တွေနှုတ်ယူပုံကို စောင်မျှော်နေပါမယ်
မကြာမှီ လာမည် ကိုအောင်ကြီးရေ ကျေးဇူးပါ။
ကျေးဇူး ပါဗျာ အခုလို သမိုင်းကြောင်းတွေတင် ပြတာ
ကျေးဇူးပါဦးယု။
အဲ စာအုပ်လေး လိုချင်တာဗျာ
ရှာလို့လွယ်ပါတယ်ညီ။ ဖတ်ကြည့် သိပ်ကောင်း။အစ်ကိုဆို လက်ကမချနိုင်ဖြစ်မိတယ်။