မြန်မာပြည်အနှံ့ နည်းပညာ နှီးနှောဖလှယ်ပွဲကြီး နှင့် တွေ့ဆုံမိတ်ဆက်ပွဲ သို့ ( အပိုင်း ၂ )

in #myanmar6 years ago (edited)

ကျွန်တော့် မိဘတွေ တည်းခိုနေတာက ဘုရားကြီး အရှေ့ မုဒ် တောင်ပြင်ထီးလင်းတိုက်ထဲက အရိယဝံသ ကျောင်းမှာ တည်းပါတယ်။
ကျွန်တော်ကတော့ သိတဲ့အတိုင်း တွေ့ဆုံပွဲက စက်မူဇုန် ထဲမှာဆိုတော့ သွားရ လာရတာ အတော် ဝေးတာပေါ့ဗျာ ။

image

ဘုရားကြီးနဲ့ စက်မူဇုန် ကနောင်ခန်းမနဲ့ ကို ဆိုင်ကယ်နဲ့ အသွားအပြန် ၅၀၀၀ လောက် ကျတယ်ဗျာ။
ဒီလိုနဲ့ အမေတို့ နေရာ ကျောင်းကို ရောက်တော့ မိသားစု ဆုံတုန်းလေး မဟာမုနိ ဘုရားသွားလည်ဖြစ်တယ်။
အဝေးကြီးတော့ မသွားတော့ဘူးပေါ့ဗျာ ကျွန်တော်က အချိန်မှ မရှိတာကိုလေ ။

ဒီလိုနဲ့ ဘုရားကြီး ပန်းခြံထဲမှာ အပန်းဖြေရင်း ပျော်ပျော်ပါးပါး ဓါတ်ပုံ ရိုက် ကာ ညနေရောက်တော့ အားလုံးကို နူတ်ဆက်ပြီး ကျွန်တော့်တည်းခိုရာ ကို ပြန်ခဲ့ပါတော့တယ်။

image

သင်တန်းရောက်တယ်ဆိုရင်ပဲ ဆရာတွေ့နှင့် တစ်ယောက်နှင့်တစ်ယောက် နီးစပ်ရာ မိတ်ဆွေဖွဲ့ရင်း မိတ်ဆက်ဖြစ်ကြပါတယ်။
ဆရာ အားလုံးက တစ်ယောက်နှင့်တစ်ယောက် အပြုံးတွေနှင့် နူတ်ဆက်ရင်းပေါ့ဗျာ။
ဒီလိုနဲ့ ညရောက်လာတော့ ခန်းမထဲမှာပဲ ဆရာ အားလုံး အိပ်ကြရပါတယ် ။ ခြင် ပေါတဲ့ အတွက် ခြင်ထောင်တွေ ထောင်လို့ပေါ့ဗျာ။

မြန်မာပြည် အနှံ အပြားက ရောက်လာတဲ့ ဆရာတွေလိုပါပဲ ညအိပ်ရာဝင် ခြင်ထောင်တွေကလဲ ကာလာစုံ အရောင်စုံပါပဲ။
ဒါပေမယ့် နည်းပညာနဲ့ ပတ်သက်လို့ကတော့ အားလုံးရဲ့ ရင်ဘတ်ထဲမှာ သိချင် လိုချင် တတ်ချင်တဲ့ စိတ်တွေနဲ့ ရင်ဘတ်ချင်း အတူတူပေါ့ဗျာ။

image

image
နောက်တစ်နေ့ မနက် မိုးလင်းတာနဲ့ အားလုံးဟာ ရေချိုးသူ ရေချိုး မျက်နှာသစ်သူ သစ်နဲ့ ရေကန်မှာတော့ တိုးမပေါက်အောင် စည်ကားနေပါတယ်။
များမကြာမီ အဖွဲ့ အတွက် မနက်စာကို ကားနှင့် လာပို့တဲ့အတွက် မနက်စာ စားကြပါတယ်။
မနက်စာကတော့ ထမင်းဆီဆမ်း နဲ့ ကြက်ဥကြော် ငတ်နေလို့လားတော့ မသိဘူး စားရတာ အရမ်း အရသာ ရှိတာပါပဲဗျာ။

image

စားပြီးသောက်ပြီးတဲ့ အချိန်မှာတော့ ခန နားပါတယ်။
ထို့နောက်တော့ မိုက်ခရို ဖုန်းမှတဆင့် ဆရာ အားလုံး သတ်မှတ်ထားသော နေရာများသို့ လာရောက် နေရာ ယူပေးရန် ဆိုတဲ့ အသံကိုကြား ရပါတော့တယ်။
ကျွန်တော် တို့လည်း သတ်မှတ်ထားတဲ့နေရာ ရောက်ပြီး နေရာယူပြီးတဲ့ အချိန်မှာတော့ အခမ်းအနား အစီအစဉ်များကို ကြေငြာ ပြီး အခမ်း အနား စတင်ကြောင်း ပြောကြားပါတယ်။

image

အဖွင့် အမှာစကားကို မန္တလေး စက်မူဇုန် စီမံခန့်ခွဲရေးကောက်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှ က အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။
ပြီးနောက်မှာတော့ MEDA အဖွဲ့ ယာယီ အမူ့ဆောင် ဆရာ မင်းမင်းထွန်း မှ အသင်း ဖြစ်ပေါ်လာပုံ နှင့် ဆက်လက်လုပ်ဆောင်မည့် အကြောင်းများကို ပြောပြသွားပါတယ်။

ထို့နောက်မှာတော့ အလုပ်သမား ညွန်ကြားမှု့ ဦးစီးငှာန ကျွမ်းကျင်မူသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမြင့်သန်း မှ NSSA အကြောင်း ပြောပြီး နောက်ပိုင်းမှာ MEDA အဖွဲ့နှင့် ချိတ်ဆက်ကာ နည်းပညာ များဖြန့်ဝေသွားဖို့ အစီအစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

image

ထို့နောက်မှာတော့ IE Electronic မှ မန်နေဂျင်း ဒါရိုက်တာ ဦးကျောခိုင်လင်း က အသင်းအတွက် လိုအပ်သည့် ပစ္စည်း နည်းပညာ တို့ကို ထောက်ပံ့ ကူညီပေးမည် ဖြစ်ကြောင်း ပြောကြားပြီး
ကျပ်သိန်း ၅၀ ကို အသင်း အတွက် အလှူ ငွေ ပေးအပ် လှူဒါန်းခဲ့ပါတယ် ခင်ဗျာ။

အပိုင်း ( ၃ ) ဆက်ရန်

@lwanwai
MSC - 045
Photo - FB image

Sort:  

အတွေ့အကြုံတွေအများကြီးရမှာပေါ့နော်

အများကြီးရခဲ့တယ်😁😁

ဆက်​ဖတ်​ဖို့ ​မျှော်​​နေမယ်​ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ

စိတ်​၀င်​စားဖို့​ကောင်းပါတယ်​...ဆက်​အား​ပေးပါ့မယ်

ဟုတ်ကဲ့ ကျေးဇူးပါ ခင်ဗျာ

အားကျတယ်​ဗျာ အဲ့လိုပွဲမျိုး

နောက်ကျရင် အတူသွားရအောင်

Congratulations @lwanwai! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout
Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Do not miss the last announcement from @steemitboard!

Thanks alot.

ကြိုက်​တယ်

ကျေးဇူး ညီ

ကျွန်တော်လညးအဲ့ဒီလိုပွဲတွေတက်ချင်တယ်ဗျာ

တက်ရမှာပါဗျာ

အရေးအသား ရမ်းကောင်းပြီး အသိပညာပေးတဲ့postလေးပါ

အားပေးလို့ ကျေးဇူးပါဗျာ

လူတွေအများကြီးဆိုတော့ သင်တန်းတက်ရတာပျော်ဖို့ကောင်းမှာပေါ့နော် အစ်ကို

ပျော်စရာအရမ်းကောင်းတယ်ညီရေ

ကြိုက်​တယ်​ အစ်​ကို အဲ့လိုပွဲမျိုး။

နောက်ကို ခေါ်မယ်လေ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66745.34
ETH 3326.92
USDT 1.00
SBD 2.71