ကျွန်တော့်ကောင်မလေးပြောသော ကျွန်တော့်ချစ်သူ အကြောင်း ( အပိုင်း ၄ / ဇတ်သိမ်းပိုင်း )

in #myanmar6 years ago (edited)

https://steemit.com/myanmar/@lwanwai/kundefinednetaekangmeleyapundefinedtha-kundefinednetaundefinedsthu-ae-kang-apong-3-7754fe38bf9b5

အပိုင်း 1/ 2/ 3 ဖတ်ရန်


ငွေရောင် တလက်လက် ထနေတဲ့ ချင်းတွင်းမြစ်ရေပြင်က မျက်စိရှေ့မှာ ငြိမ့်ညောင်း တိုးတိတ်စွာ စီးဆင်းနေပေသည် ။
ဒီတစ်ခါတော့ သူ့ အချစ်ကို ရအောင် ယူမယ် လို့စိတ်ထဲမှာတွေးလိုက်တယ်။
သူမ ကား ကျွန်တော်နှင့် အတူ မြက်ခင်းစိမ်းစိမ်းပေါ် ထိုင်ကာ အဝေးက ပျံသန်းနေတဲ့ ငှက်တစ်အုပ် ကို ငေးနေပါတယ်။

" ယဉ်ယဉ် "
ကျွန်တော် ခေါ်လိုက်တဲ့အခါ သူမက ငေးနေရာမှ လှည့်ကြည့်သည်။

" ဟင် , ဘာလဲ ပြောလေ "

ကျွန်တော် စကားမပြောဖြစ် သူမ ကို ငေးပြီး ကြည့်နေမိသည်။သူမ နှင့် အကြည့်ချင်းဆုံမိတော့ ရင်ခုန်သံတွေ မြန်လာမိသည်။
မြစ်ပြင် ကို ဖြတ်ကာ တိုက်ခတ်လာသော လေနုအေးတို့က သူမ ရဲ့ ဆံစ လေးတွေကို တိုးဝေ့ကျီစယ်နေတာကို ကြည့်ရင်း
အချစ်တွေ ထိန်းမရတော့ ...

" အရမ်း ချစ်တယ် ယဉ်ယဉ် ရယ် "
ပြောပြောဆိုဆို ကျွန်တော် သူမကို ရင်ခွင်ထဲ ဆွဲယူ ပွေ့ဖက်ထားလိုက်မိသည်။
သူမ က အရုပ်တစ်ရုပ်လို ကျွန်တော့် ရင်ခွင်ထဲမှာ တိတ်ဆိတ် ညိမ်သက်လျှက် ....။
သူမရဲ့ ရင်ခုန်သံ တစ်ဒိတ်ဒိတ် ကို ကျွန်တော်ပြန်ကြားနေရတယ်။

image

နောက်တော့
သူမ က ရင်ခွင်ထဲက တိုးထွက်ဖို့ ကြိုးစားလာတယ်။ ကျွန်တော် က ပြန်ဖက်ထားလိုက်းရင်းက

" ယဉ်ယဉ်
ကိုယ့်ကို ချစ်တယ် လို့တော့ ပြောပါကွာ နော် "
သူမကတော့ တိတ်ဆိတ်စွာနဲ့
" .... ... "

" ကိုယ် မင်းကို နောက်ဆုံး အနေနဲ့ ဖွင့်ပြောနေတာပါ ကိုယ့်ကိုလည်း
နားလည်ပေးမယ် လို့ထင်ပါတယ် ကိုယ် အလိုချင် ဆုံးက ယဉ်ယဉ် ဆီက ချစ်တယ် ဆိုတဲ့ စကားလုံးလေးပါပဲဟာ "

ကျွန်တော့် စကားလုံးတွေ အဆုံးမှာတော့ သူမရဲ့ နူတ်ဖျားက
စကားလုံး တစ်ချို့ ထွက်ကျလာခဲ့တယ် ။

" ငါ့ ကို မေ့လိုက်ပါတော့ဟာ
နင့်ကို မချစ်တဲ့ သူကို နင် စောင့်မျှော် မနေပါနဲ့တော့ "

သူမ ဆီက ထွက်ကျလာတဲ့ စကားလုံးတွေက ကျွန်တော့် မျှော်လင့်ချက်တွေကို ရိုက်ချိုး ဖျက်ဆီး ပြစ်လိုက်သည်။

" ငါက နင့်ကို စချစ်ကတည်း က မုန်းဖို့ မေ့ဖို့မှ မဟုတ်တာဟာ "

သူမကတော့ သူ့ဆုံးဖြတ်ချက်ကို ဘယ်လိုမှ ပြင်မည့်ပုံ မပေါ်ပေ ။

" ငါ့ကို သူငယ်ချင်း တစ်ယောက်လိုပဲ နောက်ကို ခေါ်ပါပြောပါဟာ နင်က ငါ့အတွက် အကောင်းဆုံး သူငယ်ချင်းပါ "

သူမ ကဆက်ပြီး စကားပြောလာပါတယ်

" တစ်ကယ်တော့ နင်နဲ့ လိုက်ဖက်တဲ့ မိန်းကလေးက ဝေဝေ ပါ သူက နင့် ကို အရမ်း ချစ်တာ
သူ့ ကိုသာ ချစ်လိုက်ပါ နော် "

ငတိ မလေးက လူကြီး တစ်ယောက်လို လူကို လာဆုံးမနေသေးသည်။
သည်က စိတ်ဆင်းရဲနေရတဲ့ အထဲ သူမ က လူကို အသည်းယား အောင်လာလုပ်နေတယ်လေ။
ဒါနဲ့ ကျွန်တော်လည်း သူမ ပါးကို လျှပ်တစ်ပြက် ကုန်းနမ်း လိုက်လေသည်။
ပြောလက်စ သူမ စကားလုံးတွေ တိတ်ဆိတ်လျှက် သူမ က ကျွန်တော့်ကို မော့ကြည့်သည်။
သူမရဲ့ ပုံစံ က ကျွန်တော့် ကို စိတ်ဆိုးနေပုံတော့ မပေါ်ပေ ။

image

ဒါပေမယ့် ကျွန်တော် ယောကျာင်္း လေး တစ်ယောက်ရဲ့ မခံချင်စိတ်တွေနဲ့ အရွဲ့ တိုက်ချင်စိတ်က ပေါက်လာမိသည်။သူမ ကို ရင်ခွင်ထဲက လွတ်ပေးလိုက်ရင်း

" ငါ ဝေဝေ နဲ့ ချစ်သူတွေ ဖြစ်သွား ကြရင် နင်ပျော်တယ်လား "

ကျွန်တော် သူမကို စေ့စေ့ ကြည့်ရင်းမေးမိသည်။

" ဟ ပျော်တာပေါ့ဟ နင်ကလည်း ငါ့ရဲ့ အခင်ဆုံး သူငယ်ချင်း ဝေဝေ ကလည်း ငါရဲ့ အချစ်ဆုံး သူငယ်ချင်း နင်တို့ အဆင်ပြေလေ ငါပျော်လေပေါ့ဟာ "

" အေးလေ နင် တစ်ကယ် သဘောတူ တယ်ဆိုရင်လည်း ငါ ဒီနေ့ည သူ့ ကို ရည်းစား စကားသွားပြောမယ်
သွားစို့ ငါတို့လည်း ပြန်စို့ အပြန် မိုးချုပ်နေအုံးမယ် "

မြစ်ဆိပ် ကနေ ပြန်ခဲ့ရင်း ရွှေတောင်ဦး ဘုရား ကို အိမ်အပြန် ဦးခိုက်ခဲ့ လေသည်။
အဆောင်ကို ပြန်ခဲ့တဲ့ လမ်းတလျှောက် ကျွန်တော် တို့ နှစ်ယောက်လုံး ပြောစရာ စကားလုံးတွေ ရှားပါးလျှက် ......။

သူမ ကို အဆောင် လိုက်ပို့ပေးကာ
နူတ်ဆက်ပြီး လှည့်ပြန်ခဲ့တော့သည်။
နောက်ကွယ် မှာ သူမ ပြုံးပြီး ကြည့်နေမလား ပျော်ပြီး ကျန်ခဲ့မလား ကျွန်တော် မသိချင်တော့ ...။

( ငါ့ အချစ်တွေ မင်းနဲ့ အတူ ထားခဲ့ပါတယ် အချစ် ရေ .. )

#######&&&&#######

ဒီ ပွဲ မှာ ကျွန်မ အနိင် ရလိုက်တာလား ...
သူကပဲ အရူံး ပေးသွားလား ...
ကျွန်မ မသိချင်တော့ဘူး
လိုချင်တဲ့ ရလဒ် ကို ရခါမှ ဒါဟာ ကျွန်မ မလိုချင်တဲ့ အဖြေ တစ်ခု ဖြစ်နေတာကို ကျွန်မ သိလိုက်ရတယ်။
ကိုယ် ချစ်နေတဲ့ သူကို မချစ်ဘူး လို့ ပြောပြနေရတဲ့ ဒုက္ခ တွေ နောင်ကို မကြုံ ချင်တော့ပြီ ။
သူ့ အတွက်လား ကိုယ့် အတွက်လား
အချစ်တွေဟာ ခုဆို အလွမ်းတွေ ဖြစ်ကုန်ပြီ ကောင်လေးရေ ...။

FB_IMG_1516239711466.jpg

********%%%********

အဆောင်ရောက်တော့ ညနေရောက်ပြီ ။
ရေ မိုး ချိုး အဝတ်အစား လဲကာ အပြင်ထွက်ဖို့ ပြန်ပြင်ဆင်နေမိသည်။သူငယ်ချင်း ဖြစ်သူ ကိုစိုင်းက

" ဟေ့ကောင် ဘယ်သွားမှာလဲဟ အပြင်ချည်း ထွက်နေတာပဲ ဘာဖြစ်နေတာလဲ "

ကျွန်တော်လည်း အကြောင်းစုံ သူ့ကို ပြောပြလိုက်တော့သည်။

" အေး အဲ့လိုပဲဟေ့ လိုက်မှာလား ငါနဲ့
ခု ဝေဝေ အဆောင်ကို သွားမှာ "

" လိုက်မှာပေါ့ဟ မင်းကလည်း နေအုံး ငါလဲ ပြင်ဆင်လိုက်အုံးမယ် "

ဒီလိုနဲ့ ကျွန်တော်တို့လည်း ဝေဝေ တို့ အဆောင်ကို ရောက်သွားတော့သည်။
အဆောင်မူး နှင့် တွေ့တော့ ဝေဝေ နှင့် တွေ့ချင်လို့ဆိုပြီး ခေါ်ခိုင်းရသည်။

" ဟင် ကိုလွမ်း တို့ပါလား ဘယ်လို ရောက်လာကြတာလဲ "

" ဒီကို တမင်လာတာဟေ့ မုန့်ကြွေးခိုင်းမလို့ "

" အောင်မာ ဟုတ်ပါပြီ လာဒါဆို ဟိုဆိုင်ကိုသွားရအောင် "

သူမက သူ့ အဆောင်နှင့် မျက်နှာချင်းဆိုင် အဆေးဆိုင်သို့ ခေါ်သွားကာ အအေး နှင့် မုန့် ဝယ်ကြွေးလေတော့သည်။
သူမကတော့ ကျွန်တော်တို့ စားသောက်နေတာ ကြည့်ပြီးပြုံးလျှက် စကားဆိုဖြစ်တော့သည်။ စကားပြောရင်းမှ နောက်ပိုင်း သူမက ကျွန်တော့် ကို မေးလာတယ်။

" ကိုလွမ်း "

" ဟင် "

" ကိုလွမ်း မှာ ချစ်သူ ရှိလား ဟင် "

အင်း မေးသူက မေးလာတော့လည်း ဖြေရတာပေါ့ ။

" ဘယ်က ရှိရမှာလဲ ဝေဝေ ရယ် ကိုယ့်မှာ ချစ်သူ ရည်းစား မြင်မိလို့လား "

" အော် မမြင်လို့ မေးတာပေါ့ ကိုလွမ်းကလဲ
ဒါဆို ဘာလို့ မထားတာလဲဟင် "

အခြေအနေကောင်းတုန်း တစ်ခါထဲ ရည်းစား စကား ပြောမယ်လို့ ဆုံးဖြတ်မိသည်။ လမ်းကလည်း သင့်နေတယ် ဆိုတော့လေ ..။

" တစ်ကယ်တော့ ကိုယ် ချစ်ရတဲ့သူက ရှိပြီးသားပါ ကိုယ်ကဖွင့်ပြောလိုက်ရင် သူစိတ်ဆိုးသွားမှာ စိုးလို ဒီတိုင်းလေးပဲ ကြည့်နေတာပေါ့ "

" ဟင် ဒါဆို ဘယ်သူ လဲဟင် ဝေ့ ကို ပြောပြ ပါလား သိချင်လို့ "

" တစ်ကယ် သိချင်လား သိချင်ကိုယ်ပြောပြမယ် ... "

" အင်း ပြောပြ ... "

ကျွန်တော့် မျက်နှာ ကို ကြည့်လျှက်
ငြိမ်သက်စွာ နားထောင်နေတဲ့ သူမရဲ့
လက်နှစ်ဖက်ကို ကျွန်တော် ဆုပ်ကိုင် ထားလိုက်တယ်။
ပြီးတော့မှ ...

" ကိုယ် ချစ်တာ မင်းပါကွာ ကိုယ် စတွေ့ ကတည်းက မြင်မြင်ချင်း ချစ်မိတာပါ
မင်းလေး စိတ်ဆိုးမှာ ကြောက်လို့ ကိုယ် ဖွင့်မပြောခဲ့တာပါ ခုတော့ မနေနိုင်တော့ဘူး ကိုယ်ကို အဖြေလေးတော့ ပြန်ပေးပါကွာ နော် "
သူမ ရှက်ရွံစွာ ခေါင်းလေး ငုံ့လျှက်

" အိုး ကိုလွမ်း ကလဲ ဇွတ်ပဲ
ဝေဝေ စဉ်းစားပါရစေ အုံးနော် "

သူမ က ကျွန်တော့်ကို ချစ်နေတယ်ဆိုတာ ကြိုသိနေသည်ပဲ
ကျွန်တော် တစ်ခါထဲ အဖြေ တောင်းတော့မည်။

" မရဘူး ခုအဖြေပေး ရမှာ ကိုယ့်ကို ချစ်တယ် မပြောရင် လက်ကို မလွတ်တော့ဘူး ချစ်တယ်ပြောမှ လွတ်မှာ "

ရင်ခုန်သံတွေ အချစ်တွေ မပါပဲ ကျွန်တော် ယဉ်ယဉ် ကို မခံချင်စိတ်နဲ့ ပြုလုပ်နေမိသည်။
ကိုယ် တစ်ကယ် ချစ်တဲ့သူ မဟုတ်တဲ့ အတွက် ချစ်တယ်လို့ ပြောဖို့ကို မနည်း အားတင်းပြောနေရသည်။

" အင်း ဒါဆို ဝေဝေ ကလည်း ကိုလွမ်း ကို ချစ်ပါတယ်တဲ့ ရှင် "

image

ကျွန်တော် သူမရဲ့ အဖြေ ကို ရလိုက်ပေမယ့် မပျော်ပါ ချစ်တယ်ဆိုတဲ့ စကားကို ကြားလိုက်လို့လဲ ရင်မခုန်မိပါဘူး။
မှတ်မှတ် ရရ အဲ့ဒီနေ့ဟာ လပြည့်နေဖြစ်နေတာကိုတော့ သဘောထားမိတယ်။

" မနက် ကို အဆောင်ကို လာခေါ်လာနော် ကျောင်းကို အတူတူ သွားရအောင် "

သူမကို လာခေါ်လာဖို့ ကတိပေးပြီး ကျွန်တော်တို့လည်း ပြန်ခဲ့ကြပါတော့တယ်။အဲ့ညက အတွေးတွေ ပေါင်းစုံးနဲ့ ညနက်မှ အိပ်ပျော်သွားခဲ့တယ်။

နောက်တစ်နေ့မိုးလင်းတော့ ကျောင်းသွားဖို့ ပြင်ဆင်ပြီး ဆိုင်ကယ် မောင်းကာ ဝေဝေ ကို သွားခေါ်တယ်လေ။
သူက ယဉ်ယဉ်တို့ အဆောင်ကို လိုက်ပို့ပေးအုံးတဲ့။ ကျွန်တော် လိုက်ပို့ပေးလိုက်ပါတယ်။
ဟိုရောက်တော့ ယဉ်ယဉ် နဲ့တွေ့တော့ သူတို့ချင်း တီးတိုး စကားတွေပြောကာ ရီလိုက်မောလိုက်နဲ့ ခနလောက်နေတော့ ယဉ်ယဉ် က စကားပြောလာတယ်။

" နင် တို့က ဒီအခြေအနေဖြစ်သွားတာ ငါ့တောင် ကြိုမပြောဘူးနော် "

သူက ပြောတော့လည်း ကျွန်တော်က အလိုက်သင့်လေးပြန်ပြောလိုက်တယ်လေ။

" ဟုတ်ပါဘူးဟာ ခုမှဖြစ်သွားလို့ မပြောဖြစ်တာပါ "

" နင်တို့ချင်း အဆင်ပြေသွားပြီဆိုတော့ ငါ့ကိုလဲ မေ့မနေကြနဲ့နော် နင်တို့ "

" အေးပါဟာ မမေ့ပါဘူး နင်ကလည်း ကဲ ကျောင်းရောက်မှတွေ့မယ်လေ ငါတို့ သွားနှင့်တော့မယ် "

ကျွန်တော် သူမ ကို ကျောပေးကာ ဆိုင်ကယ်ပေါ် တက်ခွကာ စက်နှိုးလိုက်တယ်။ ဝေဝေ ကတော့ ပြုံးပျော်ကာ ကျွန်တော့် ခါးကို ဖက်လျှက် ယဉ်ယဉ် ကို လက်ဝေ့ ယမ်း ကာ နူတ်ဆက်လျှက် ...။
ကျွန်တော် သူမနဲ့ ဝေးရာကို မောင်းထွက်ခဲ့မိတော့တယ် ။
သူမ ပြုံးနေမလား
ကျွန်တော် တို့ ကို ငေးနေမလား
ကျွန်တော် မသိချင်တော့
ဒါပေမယ့်လေ
ကျွန်တော့် အချစ်တွေကတော့ သူမ အနားမှာ ......။

image

*********&&&&&&&&&*************

အရေးအသား အမှားပါရင် နားလည် ခွင့်လွတ်ပေးကြပါဗျာ
စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
Myanmar Steemit အဖွဲ့သားများအားလုံး ကို ဆုမွန်ကောင်းတောင်းပေးလျှက် ...

received_1810229282610380.gif

@lwanwai
MSC - 045
Photo - FB Image

Sort:  

အချစ်ဇတ်လမ်းလေးပေါ့

ဟုတ်ပဗျာ

ဟုတ် ကျေးဇူး

ငယ်​ချစ်​ဦး​တောင်​သတိယလပြီ

ပြောပေါ့ နော့

ဒါက​တော့လူငယ်​ကြိုက်​​လေး​ပေါ့

ဟုပ ဗျာ

အရမ်းကောင်းတယ် သဘောကျတယ်ဗျာ

အားပေးလို့ ကျေးဇူးပါ အကိုရေ

University love လေး သိပ်ကြိုက်

ဟုတ် ကျေးဇူးပါဗျာ

photo beautiful

Coin Marketplace

STEEM 0.22
TRX 0.12
JST 0.029
BTC 65513.09
ETH 3404.10
USDT 1.00
SBD 3.16