အလင်းမဲ့ကျိန်စာ (၅) ---------------------------------------။

in #myanmar7 years ago (edited)

image
မောရိယသခင်လေး အသက်ငါးနှစ်ရောက်သောအခါ သူဌေးကြီးကိုယ်တိုင်လာရောက်ကာ ဆရာကြီးသဂ္ဂရာဇာဆီကို လာရောက်အပ်ထားလေသည်။ ဆရာကြီးဖြစ်သူသည် မောရိယရဲ့ပြင်းထန်သော သဘာဝအင်အားစုကို သင်ကြားပြသပေးလျက်ရှိပေသည်။ ဆရာကြီးအဓိထားသုံးသော ပညာများသည် တောင်တန်းများအပေါ်တွင် အခြေခံသော တိဗက်ပညာရပ်များဖြစ်ပေသည်။

" မောရိယ လူတွေရဲ့ခန္ဓာကိုယ်တွေထဲမှာ ရှိနေတဲ့အရာတွေကတော့ အများအားဖြင့် အပူ နဲ့ အအေး ညီညွှတ်စွာ တည်ရှိတယ်ပေါ့။ အဲ့ဒါကို သဘာဝတရားရဲ့အရိုးရှင်းဆုံး ဓာတ်နှစ်ပါးလည်းဖြစ်တယ်။ မင်းရဲ့ဓာတ်မှာတော့ ပြင်းထန်သောအပူသဘောဓာတ်တွေရှိတယ်။ အဲ့ဒါကြောင့် မင်းကို အပူဓာတ်မကြီးအောင်လို့ ငါပြုပြင်ပေးရမယ်။ အဲ့အတွက် ငါက မင်းကို ပြင်းထန်တဲ့ အတတ်ပညာတွေကို သင်ကြားပေးမယ်။ မင်းအနေနဲ့ မွေးဖွားလာကတည်းက မင်းမွေးဖွားလာခဲ့တဲ့ ကံကြမ္မာကိုလည်း သိမြင်လောက်လိမ့်မည်ဟု ငါထင်တယ် "

" ဟုတ်ကဲ့ ဆရာကြီး အဖေလည်း ဆရာကြီးကို ယုံလို့ ကျွန်တော့်ကို လာအပ်သွားတာပဲ့။ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က ကလေးဆိုပေမယ့်လည်း ဆရာကြီးပြောတာတွေကို နားလည်သဘောပေါက်ပါတယ် "

ဒီလိုနဲ့ ဆရာကြီးက ယောဂကျင့်စဉ်များကို သင်ကြားပြသပေးတော့တာပေါ့။ အချို့ကျင့်စဉ်များကို အေးစက်နေသော ရေခဲကျောက်တန်းပေါ်ကြီးတွင် ကျင့်ကြံခိုင်းပြီး အချို့ကျင့်စဉ်တွေကိုတော့ ပျားဖယောင်းတိုင်များ အချောင်း 45 ဖြင့် ပတ်ဝိုင်းထားသော အပူဓာတ်စက်ဝိုင်းအတွင်းဝယ် ကျင့်ကြံခိုင်းလေသည်။ ဒီကြားထဲ ဆရာကြီးဆီသို့ လာရောက်ကုသသော လူနာများကိုလည်း လေ့လာခွင့်ရရှိခဲ့သောကြောင့် မောရိယသခင်လေးသည် ဆေးပညာရော အခြားဓာတ်ပညာများကို ရရှိလေသည်။ နှင်းတွေဖြူဆွတ်နေသော နေ့တစ်နေ့တွင် တရားထိုင်နေသော မောရိယသခင်လေးအနီးသို့ ဆရာကြီးသဂ္ဂရာဇသည် ကျောက်ခဲတစ်လုံးကို အရှိန်ပြင်းပြင်းးဖြင့် ပစ်လိုက်လေသည်။

" ရွှီ....... "

ထိုအသံသည် တိတ်ဆိတ်နေသောအသံကို ဗဟိုပြုပြီး ပြင်းထန်သောအရှိန်ဖြင့် ထွက်လာခြင်းကြောင့် လေဖိအားကို ဆန့်ကျင်ပြီး ထွက်လာသောအသံဖြစ်သည်။ အသံကြိမ်နှုန်းသည် နိမ့်သောအဆင့်ရှိသောကြောင့် သာမန်လူတစ်ယောက်နားဖြင့် ဘယ်လိုမှ မကြားနိုင်သော အသံဖြင့်တိုက်ခိုက်သော ကျောက်ခဲပစ်ပညာလည်းဖြစ်ပေသည်။ ထိုကျောက်ခဲဖြင့် အကြောများကို ထိလိုက်ပါက ဒုက္ခိတတစ်ယောက် ဖြစ်စေနိုင်သော အတိုက်အခိုက်ပညာတစ်ခုလည်း ဖြစ်ပေသည်။ ထိုကျောက်ခဲသည် တရားထိုင်နေသော မောရိယရဲ့နောက်ကျောဘက်သို့ အရှိန်ပြင်းစွာဖြင့် ၀င်ရောက်သွားလေသည်။ ထိုအချိန်တွင် မောရိယသည် မျက်လုံးတစ်ချက်ပွင့်လာပြီး ခန္ဓာကိုယ်ကို ပက်လက်လှဲချလိုက်လေသည်။ ကျောက်ခဲသည် မျက်နှာပေါ်မှာ ဖြတ်သွားချိန်တွင် လက်သုံးချောင်းဖြင့် ကျောက်ခဲအား လှမ်းယူလိုက်လေသည်။ ထိုလက်သုံးချောင်းမှာ လက်ခလယ် ၊ လက်ညိုး နှင့် လက်မဖြစ်ပေသည်။ ထိုလက်သုံးချောင်းကို ဓာတ်လက်ချောင်းများဟု ခေါ်ဆိုနိုင်လေသည်။ ထိုကျောက်ခဲသည် မောရိယရဲ့လက်သုံးချောင်းတွင် ရပ်သွားလေသည်။

" အရမ်းတော်တယ် မောရိယ "
" ဆရာကြီးသင်ပေးထားတဲ့ ဒီလောက်တော့ ရှိရမှာပေါ့။ မှားသွားရင် ကျွန်တော်တော့ ဒုက္ခိတဖြစ်သွားနိုင်တယ်နော် "
" ကဲ ဆရာဆီကို လာအုန်း။ ဒီကနေ့က မောရိယရဲ့ ဆယ်နှစ်ပြည့်နေ့ဆိုတာ မောရိယသိလား.."
" ကျွန်တော်တောင် မေ့နေတယ် ဆရာကြီးရယ် သတိမထားမိလိုက်ဘူး။ "
" အင်း အဲ့ဆို ကျောက်နှစ်ခြမ်းရေကန်မှာ ရေသွားချိုးလိုက် ပီးရင် ကွစ်ပျစ်ပေါ်ကို လာခဲ့ မင်းကို မိတ်ဆက်ပေးဖို့အတွက် လူတွေရှိတယ် "

မောရိယလည်း ဘယ်သူပါလိမ့်ဆိုပြီး စဉ်းစားကာ ကျောက်နှစ်ခြမ်းရေကန်သို့ သွားကာရေချိုးလိုက်လေသည်။ ကျောက်နှစ်ခြမ်းရေကန်သည် အပူ နဲ့ အအေး ညီညွှတ်စွာတည်ရှိသော ရေကန်တစ်ကန်ဖြစ်သောကြောင့် အပူအအေး နဒီကျင့်စဉ်များကျင့်သူများအနေနဲ့ ကုန်ဆုံးသွားသော ဓာတ်သဘောများကို ရယူပေးနိုင်စွမ်းရှိပေသည်။

ကွစ်ပျစ်ပေါ်တွင် အဘိုးကြီးတစ်ယောက် ၊ မောရိယနဲ့ အသက်မတိမ်းမယိမ်း ကောင်မလေးတစ်ယောက် ၊ အသက်နှစ်ဆယ်ကျော်ခန့်ရှိသော လူငယ်တစ်ယောက် နဲ့ မျက်နှာတွင် ဆေးရိုးများဖြင့်ထိုးထားသော အဘွားအိုကြီးတစ်ယောက်သည် ဆရာကြီးသဂ္ဂရာဇာ နဲ့ စကားပြောဆိုနေလေသည်။

" အေး မောရိယ လာထိုင်ကွာ "

မောရိယသည် အသက်ဆယ်နှစ်ခန့်ရှိသော်လည်း အရပ်အမောင်း နှင့် ကိုယ်လုံးကိုယ်ထည်မှာ သာမန်ကလေးတစ်ယောက်လိုမျိုး မဟုတ်ချေ။ တောတွင်းမှာရရှိထားသော သားရေများကို အကြိမ် နေ ရေ များဖြင့် တိုက်ချွတ်ထားသော အ၀တ်များကို ၀တ်ဆင်ထားလေသည်။ ခေါင်းတွင်တော့ ဆံပင်ရှည်များကို ကြိုးရှင်ဖြင့် ချည်နှောင်ထားလေသည်။ တောမှရရှိသော နွယ်ရှင်ကို ဆေးရည်စိမ်ပြီးကြိုးအဖြစ်ပြုလုပ်ထားသော ကြိုးရှင်ဖြစ်လေသည်။ ထို့ကြောင့် မျက်နှာပေါက်သည် ခပ်ဝိုင်းဝိုင်းပုံစံရှိလေသည်။ စောစောမှ ကျောက်နှစ်ခြမ်းရေကန်မှ ရေချိုးထားသဖြင့် ခန္ဓာကိုယ်တွင်းမှ ပျက်သုဉ်းသွားသောဓာတ်များလည်း ပြန်လည်ရရှိထားသောကြောင့် တက်ကြွသော သဏ္ဍာန်ရှိလေသည်။

မောရိယလည်း ကွစ်ပျစ်ပေါ်ရှိ လွတ်နေသော နေရာတွင်ထိုင်လိုက်လေသည်။ ထိုနေရာရဲ့အနီးတွင် အဘွားအိုကြီးရှိလေသည်။ ဆရာကြီးကတော့ မောရိယရဲ့မျက်နှာချင်းဆိုင်တွင် ထိုင်နေလသည်။ ထိုစဉ် ဆရာကြီးကနေ တစ်ယောက်ချင်းဆီ မိတ်ဆက်ပေးလိုက်လေသည်။

" မောရိယ ဒီတစ်ယောက်ကတော့ နန္ဒသီဟ လို့ခေါ်တယ်။ဆရာကြီးနဲ့ ညီအကိုတစ်ဖွယ်ချစ်ခင်ရတဲ့ လူပေါ့။ သူကတော့ နက္ခတ်ဗေဒင်ကို တက်မြောက်ပြီးတော့ ဆရာကတော့ ဆေးပညာကို တတ်မြောက်ခဲ့တာပေါ့။ မင်းဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးကတော့ နန်ရှာလင်တဲ့။ ဒီကနေ ဝေးလံလှတဲ့ တောင်တန်းတစ်ခုမှာ နေထိုင်တယ်။ သူကတော့ ရှာမန်အတတ်လို့ခေါ်တဲ့ တောတွင်းဆေးနတ်ပညာကို တတ်ကျွမ်းတယ်။ ကျန်တာကတော့ လူငယ်တွေပဲ့ ကိုယ့်ဘာသာမိတ်ဆက်ကြပေါ့ "
" ဟုတ်ကဲ့ ဆရာကြီးတို့ တွေ့ရတာ ၀မ်းသာပါတယ် ကျွန်တော်ကတော့ မောရိယပါ။ ဆရာကြီးဆီမှာ ပညာဆည်းပူးနေတာပါ။ "

ထိုအခါ နန္ဒသီဟ ဟု ဆိုသော အဘိုးကြီးသည် သူ့ရဲ့နှုတ်ခမ်းမွှေးများကို သပ်လိုက်ပြီး

" မင်းအကြောင်းတော့ အကိုကြီးဆီကနေ ကြားတယ်။ မင်းအဖေနဲ့လည်း ကျုပ်နဲ့လည်း ရင်းနှီးပါတယ်ကွာ။ "

ဘေးနားက အဘွားကြီးနန်ရှာလင်ကတော့ မောရိယဆီသို့ တစ်ချက်ကြည့်ပြီး ပြုံးပြလိုက်လေသည်။ ထို့နောက် အဘွားကြီးက သူ့ဘေးနားတွင်ရှိသော ကောင်မလေးအား လက်နဲ့ တစ်ချက်တို့လိုက်ပြီး

" ဟဲ့ သူများတွေ မိတ်ဆက်နေကြတာ နင်လည်း ပြောလိုက်လေ အသီနာ "

ကောင်မလေးကတော့ အဘွားအိုကြီးရဲ့စကားကြောင့် ငုံနေသောခေါင်းကို လူကြီးတွေဘက်ကို လှည့်လိုက်ပြီးတော့

" ကျွန်မကတော့ အသီနာပါ။ ရဲစွမ်းသတ္တိပြည့်စုံတဲ့ နတ်ဘုရားမရဲ့နာမည်ကို အဘွားစိန်းက မှတ်ပေးထားပါ။ အဘွားရဲ့ဝေယျာဝစ္စတွေကို ဘေးနားကနေ ပြုလုပ်ပေးနေတဲ့ အဘွားရဲ့သမီး တပည့်ပါ။ "
" ဟုတ်ကဲ့ဗျ "
" ကျွန်တော်ကတော့ သူရိန္ဒပါ။ ဆရာကြီးဆီကို လာနီရှားတိုင်းပြည်ကနေ ရောက်လာပြီး ဒဏ်တစ်ခုကု လာကုတာပါ။ "

တစ်ယောက်နဲ့တစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်ကြပြီး ဆရာကြီးနဲ့ စကားများပြောဆိုလိုက်လေသည်။ မောရိယသည်လည်း ဘယ်သူနဲ့မှ စကားမပြောဘဲ့ တစ်ယောက်တည်းပဲ့ အခန်းတွင်းသို့အောင်းကာ သမာဓိဓာတ်သွင်းနေသည်။ စိတ်ထဲမှာတော့ အဘွားကြီးနန်ရှာလင်ရဲ့ဘေးမှ ကောင်မလေးကို မြင်ယောင်နေမိလေသည်။ ညသန်းခေါင်အချိန်ရောက်သောအခါ ဆရာကြီးက အပြင်ဘက်ကို ခေါ်သဖြင့် ကျောက်နက်သားစိုင်များ စိုက်ထူထားသောနေရာတစ်ခုကို ခေါ်သွားလေသည်။ ထိုနေရာက ၀ိညာဉ်များ နှင့် ပြင်းထန်သောတန်ခိုးစွမ်းအားများတို့နဲ့ ဆက်သွယ်သောနေရာတစ်ခုလို့လည်း ဆရာကြီးက ဆိုထားပါတယ်။ သူရိန္ဒလည်း လိုက်ပါလာလေသည်။ အဘွားကြီးနဲ့ ကောင်မလေး ၊ အဘိုးကြီးကတော့ မမြင်သဖြင့် မောရိယကတော့ ပြန်သွားပီလို့ မှတ်ယူလိုက်လေသည်။ ဆရာကြီးသည် ကျောက်စိုင်များစိုက်ထားသောနေရာသို့ရောက်လျှင် သင်္ကေတများထွင်းထားသော ကျောက်စိုင်တစ်ခုအနားတွင် ထိုင်လိုက်လေသည်။ မောရိယ နဲ့ သူရိန္ဒသည်လည်း အသီးသီး ထိုင်လိုက်ကြလေသည်။

" မောရိယ မင်းကို သင်ပေးတဲ့ပညာတွေက တိဗက်တောင်တန်းကို အခြေခံသောပညာများဖြစ်တယ်။ ဒီကနေ့ အဲ့ပညာတွေရဲ့ ဖြစ်စဉ်တွေကို လမ်းညွှန်ပေးမယ်..."

" ဟုတ်ကဲ့ ဆရာကြီး "

" ပါရမီလမ်းကို လျှောက်လှမ်းသူ၊ ပါရမီ လမ်းစဉ်ကို အားကိုး အားထားပြုသူ တစ်ယောက်တိုင်း အတွက် မိုးကြိုးစိန်သားပညာစဉ်မှာ ယိဒမ်လို့ခေါ်တဲ့ အစောင့်အရှောက် ကိုယ်စီ ရှိကြတယ်။ ဒီလမ်းပြသူတွေက သူတို့ရဲ့တပည့်တွေကို အသိအာရုံတွေ နိုးကြားလာအောင် ဖွင့်ပေးတယ်။ သွားလမ်း လာလမ်း သာရလေအောင် အကာအကွယ် ပေးတယ်။ လမ်း ခင်း၊ လှေကား ဆင်၊ တံတားထိုးပေးတတ်ကြတယ်။ အစောင့်အရှောက်တိုင်းမှာ ကိုယ်ပိုင် ဝိသေသ၊ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးနှင့် စရိုက် သဘာဝ များ ပိုင်ဆိုင်ထားကြတယ် အဲ့ကနေ တစ်ဆင့်တက်ပြီး သူတို့ ကျရာ နေရာ၊ ဆိုင်ရာ အချိန်၊ ဆောင်ရွက် ရမည့် တာဝန်များကို ပြီးမြောက်စေကြတယ် အား ထုတ် လှုပ်ရှား အဖြစ်အပျက်များ အနေနှင့် တွေ့ရတတ်တယ် အစောင့်အရှောက်တွေ သူတို့ကို အားကိုး အားထား အဓိဌာန်ပြုသူတို့အား ပစ်ပယ် ထားရိုး ထုံးစံမရှိ။ ဝိညာဉ်ပိုင်းမှာ ခွန်အား ဖြည့်တင်း လမ်းညွန်ပြသပေးတယ် ရုပ်လောကမှာ ကြံစည်တိုင်း အောင်မြင်၊ ဆောင်ရွက်တိုင်း ပြီးမြောက်အောင် မှိုင်းမ ပေးတတ်တယ် ဒါက ဒီပညာစဉ်အတွက် မဖြစ်မနေသိဖို့လိုတယ်။ ဆရာတွေက နာမ်ဆရာတွေလည်းရှိသလို ဆရာလို့ ရုပ်ဆရာတွေလည်း ရှိမယ်။ အာရုံကနေ လာရောက်သင်ပေးတာတွေလည်းရှိမယ်။ ဒါကို အရင်သိရှိထားဖို့လိုမယ် "

တိတ်ဆိတ်နေသောအချိန်တွင် ဆရာကြီးရဲ့စူးရှလှသော မတိုးမကျယ်အသံသည်လည်း တဖြည်းဖြည်းပတ်ဝန်းကျင်ကို ပြန့်လျက်ရှိပေသည်။ တစ်ချက်ချက် ကောင်းကင်မှ လမင်းရဲ့အလင်းရောင်ကြောင့် ကျောက်တုံးများတွင် ထွင်းထုထားသော သင်္ကေတများသည် တစ်ချက်ချက် အရောင်လေးတွေ လက်လက်သွားလေသည်။ တဖြည်းဖြည်းနဲ့ ဆရာကြီးလည်း မန္တန်တစ်ပုဒ်ရေရွတ်လိုက်လေတော့သည်။ ထိုမန္တန်ရွတ်ဆိုနေခြင်းတွင် နှစ်ယောက်စလုံးမှာ တစ်ယောက်တစ်ယောက်ကြည့်နေရုံမှ လွဲပြီး ဘာလုပ်ရမယ်မှန်းမသိချေ.။ ထိုအချိန်တွင် အဝေးမှာ လွင့်လာသောအသံများလည်း ကြားရသည်။ ကျောက်တုံးများတွင် ထွင်းထုထားသောသင်္ကေတများသည်လည်း ထူးဆန်းစွာ အရောင်များလည်း ထွက်လျက်ရှိသည်။ ထိုစဉ်တွင် ကောင်းကင်မှ ထူးဆန်းသောအလင်းတန်းများလည်း အဝေးကောင်းကင်တစ်ခုမှ ပေါ်လာလေသည်။ ထိုအချိန်တွင် ကောင်းကင်မှ ရုတ်တရက်လင်းလဲ့တောက်ပသော အရာကြီးတစ်ခု ကျလာလေသည်။

@လင်းညို့တာရာ
@linnhyotaryar
MSC - 226
(အပိုင်းခြောက်စောင့်မျှော်ကြပါအုန်းလို့)

အပိုင်းတစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-1-dfb422788ad5c

အပိုင်းနှစ်ဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-2-07d7de12f3d07

အပိုင်းသုံးဖတ်ရန် -
https://steemit.com/myanmar/@linnhyotaryar/alngmundefinednsa-3-ebcbf47cde08c

အပိုင်းလေးဖတ်ရန် - https://steemit.com/myanmar/@linnhyotaryar/alngmeundefinednsa-4-ec66d14e97865

Sort:  

မျှော်ဆိုတော့လည်း မျှော်ရအုံးမှာပေါ့...

မှော်ပေးပါ ဟီး

ကျိန်​စာ ​တွေက ​ကြောက်​စရာပ

ဟုတ်ပ

အင်းမဲ့ကျိန်​စာ​တောင်​ အပိုင်း၅ ​ရောကလာပြီ​နော်

အဟီး အဟီး Season1 ကုန်တော့မယ်

ဖတ်လို့ ကောင်းတယ်Bro အောင်က အပိုင်းဆက်လေးတွေကို link ခံချင် ဒီလိုလေး လုပ်ပေးရင်ပိုလှမယ်ထင်တယ်ဗျ [အပိုင်း-၁](ဒီနေရာမှာ အပိုင်း -၁ ရဲ့Linkထည့်ပေးလိုက်ပါပြီးရင် ကွင်းပိတ်) ဒီလိုဆိုရင် အပိုင်း-၁ လို့ ပေါ်နေမှာပါ

ကျေးဇူးပါဗျ လုပ်ကြည့်ပါအုန်းမယ်

Very good.....
ဒါနဲ့ ကွကိုယ်မ vote ဘူးလား😀

လုပ်ထားတယ် ဟီးး

အ​ရေးအသား​လေ​တွေ အချိတ်​အဆက်​​လေး​တွေ အားကျ အတုယူမိပါတယ်​ အစ်​ကို​ရေ

ဟုတ်ကဲ့ဗျ ချိတ်ဆက်အောင်လုပ်ထားတ။

sbd များများရတဲ့ မန္တန်ျလးများရှိ မစပါလား bro

ကိုယ်အရင်လုပ်မှာ အဲ့ဒါရရင်

ရေးတတ်လိုက်တာဗျာအစ်ကိုရေ။ဆက်လက်အားပေးနေမယ်။

ဟုတ်ကဲ့ပါဗျ

goodတယ်ဗျာ

ဟုတ် ကျေးဇူး

စာအ​ရေးအသား အချိတ်​အဆက်​ ​အ​သေးစိတ်​​တွေကို အချိန်​ယူစဉ်းစားပြီး​ရေးမှရမှာ....အကုန်​​ရေးပြီးသားထင်​တယ်

မရေးရသေးဘူး တစ်ပိုင်းစီရေးတာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49