အတင်း ပြိုင်ဆိုင်ခြင်း

in #myanmar6 years ago


photo credit by facebook

လူအများစုကဘာရယ်မဟုတ်ပဲ ကိုယ်အပျင်းပြေရုံအတင်းပြောကြတယ်။ကိုယ်ကတော့ဘာရယ်မဟုတ်ပြောလိုက်ပေမယ့် ကောင်းတဲ့အကြောင်းဆို ကိစ္စမရှိပေမယ့် မကောင်းတဲ့အကြောင်းတစ်ခုခုကိုများ ပြောလိုက်မိရင် လူတစ်ဘက်သားဘယ်လောက်ထိနစ်နာသွားမလဲဆိုတာကို အရင်ဆုံးစဉ်းစားသင့်တယ်။

အဲဒီကောင်မလေးက ရည်းစားတွေအများကြီးပဲ မျက်နှာသိပ်များတာလို့ ဘာရယ်မဟုတ် ပြောဖြစ်လိုက်တယ်။ကိုယ်ကတော့ပြောပီးမေ့မေ့ပျောက်ပျောက်ပဲနေလိုက်မိတယ်။ပြောပီးအဲဒီစကားကို ကိုယ်ကမေ့သွားခဲ့ပေမယ့် မမေ့လိုက်တဲ့သူတွေကတော့ ရင်ထဲမှာသိမ်းထားလိုက်တယ်။ကောင်မလေးအိမ်ထောင်ပြုမယ့်အချိန်လည်းရောက်ရော သတို့သားမိဘတွေကို အိမ်အရောက်သတင်းသွားပေးကြတယ်။သူတို့အတွက်အကျိုးအမြတ်တစ်စုံတစ်ရာ ရလို့များလားလို့ထင်မိခဲ့တယ်။

အမှန်တစ်ကယ်တော့ သူတို့လည်းဘာအကျိုးအမြတ်မှမရခဲ့ကြပါဘူး ထုံးစံအတိုင်း အတင်းသွားပြောခဲ့တာပါ။အကျိုးဆက်က ကောင်မလေးရဲ့မင်္ဂလာပွဲကတော့ ပျက်စီးသွားခဲ့တာပေါ့။အဲဒါကြောင့်မို့ ကိုယ့်အတွက်လည်းအကျိုးမရှိ သူတစ်ပါးအတွက်လည်းအကျိုးမရှိတဲ့ စကားမျိုးကို ကိုယ်ကတော့အထူးရှောင်ဖြစ်ပါတယ်။

လူအများစုဟာတစ်ယောက်နဲ့တစ်ယောက် တစ်မိသားစုနဲ့တစ်မိသားစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ပြိုင်ဆိုင်လိုကြတယ်။ ပြိုင်ဆိုင်တယ်ဆိုတာ ကောင်းတဲ့ပြိုင်ဆိုင်မှုမျိုးဆိုရင်တော့ ပြိုင်ဆိုင်ဖို့လိုပေမယ့် ကိုယ်မနိုင်ဘူးထင်ရတဲ့ ပြိုင်ဆိုင်မှုမျိုးကိုတော့ မပြိုင်ဆိုင်သင့်ဘူးလို့ ကိုယ်ထင်တယ်။အချိန်ကုန်လူပန်းဖြစ်ရတတ်တယ်လေ။

ပြိုင်ဆိုင်မှုတစ်ခုကို လုပ်တော့မယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ကိုအရင်လေ့လာသင့်တယ် ကိုယ်နဲ့ပြိုင်လို့ဖြစ်မယ့်သူလားဆိုတာကိုပေါ့။ကိုယ့်ထက်သာတဲ့သူနဲ့ပြိုင်မယ်ဆိုရင် နိုင်မယ်မနိုင်ဘူးဆိုတာနောက်ထား အရင်ဆုံးကိုယ်ပင်ပန်းမှာကတော့ အရင်ဆုံးပေါ့။ဇွဲ လုံ့လ ဝီရိယဆိုတာတွေကလည်း အရေးကြီးပေမယ့် အင်အားဆိုတာကိုလည်း မေ့မထားသင့်ဘူးလေကွယ်။

ကိုယ်နဲ့ပြိုင်ဘက်မဖြစ်သင့်တဲ့သူကို မပြိုင်တာအကောင်းဆုံးပါ။ကျောင်းသားဘဝမှာ စာတော်တဲ့သူကိုပြိုင်ဖို့စဉ်းစားတဲ့အခါ ကိုယ်ကသူနဲ့ဥာဏ်ရည်တူလားဆိုတာ အရင်စဉ်းစားသင့်ပါတယ်။ဥာဏ်ကောင်းလို့စာတော်နေတဲ့သူတစ်ယောက်ကို ငါလည်းကြိုးစားရင် သူ့လိုတော်လာမှာပဲလို့မထင်ပါနဲ့ ညည့်နက်သန်းခေါင်ထိစာတွေကျက်ပြီး နောက်ဆုံးတော့ အိပ်ယာထဲလဲသွားတဲ့သူတွေမှ အများကြီးပေါ့။

လှချင်တဲ့အရွယ်မှာတော့ ပြိုင်ဆိုင်မှုကအရမ်းအန္တရာယ်များလွန်းတယ်။ငါလည်းသူ့လိုဝတ်ချင်လိုက်တာ ငါလည်းသူ့လိုစားချင်လိုက်တာလို့စိတ်ကူးမိတယ်။တစ်ကယ်တမ်းမှာတော့ သူ့လိုမဝတ်နိုင်မစားနိုက်တာကို ကိုယ့်ကိုကိုယ်အသိဆုံးပါ။အဲဒီအသိကိုလက်မခံနိုင်ရင်တော့ ပျက်စီးမယ့်လမ်းစကို လျှောက်မိတော့မယ်ဆိုတာ သေချာသလောက်ရှိသွားပီပေါ့။

ကိုယ့်ထက်အင်အားနည်းတဲ့သူတွေကိုတော့ အထူးသဖြင့်မပြိုင်ဆိုင်သင့်ဘူးလို့ထင်တယ်။သူတို့မှာဘဝပေးအခြေအနေအရ နိမ့်ကျနေတာကို ကိုယ်ကဖိအားသွားပေးသလိုဖြစ်သွားရင် ကိုယ်ကယုတ်ညံ့တဲ့သူတစ်ယောက်ဖြစ်သွားမှာ အသေအချာပဲပေါ့။ကိုယ်ကပိုက်ဆံတတ်နိုင်တဲ့မိဘကမွေးလာတဲ့သူတစ်ယောက်ဖြစ်ရင် ချို့တဲ့တဲ့သူငယ်ချင်းအတွက် ပညာသင်စရိတ်လေး ထောက်ပံ့ပေးမယ်။အလှအပကြိုက်တဲ့သူငယ်ချင်းဆိုရင် သူလိုအပ်တဲ့အဝတ်အစားလေးတွေ အလှပြင်ပစ္စည်းလေးတွေကို ခွဲဝေပီးမျှသုံးလိုက်မယ်ဆိုရင်ပြိုင်ဆိုင်မှုတွေမရှိဘဲ အေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြမှာ အသေအချာပဲပေါ့။

@leeshang
MSC -230

Sort:  

You got a 5.72% upvote from @moneymatchgaming courtesy of @leeshang! Please consider upvoting this post to help support the MMG Competitive Gaming Community.

ဟုတ်တယ် သားကိုလည်း ပြောတာ ရစရာမရှိဘူး
သားလည်း စိတ်ညစ်တယ် မမ

သားကလည်းပြောစရာမဖြစ်အောင်နေလေကွယ်

လူ့စိတ်သဘောက အဲသလိုပါ

တခါတလေတော့ စိတ်ပျက်မိတယ်

အကောင်းဆုံးကတော့ မနေ့ကကိုယ်နဲ့ ဒီနေ့ကိုယ်သာပြိုင်ဆိုင်တာအကောင်းဆုံးပေါ့
ငါနှင့်ငါသာနှိုင်းစရာဆိုတဲ့စကားလဲရှိတယ်မဟုတ်လား

ဟုတ်တယ် ဟုတ်တယ်

ပြိုင်ဆိုင်ခြင်းကင်းကြပြီး အချင်းချင်းကူညီရိုင်းပင်းကြပါစေ

အဲဒီလိုဆိုရင်အကောင်းဆုံးပေါ့

မိန်းက​လေး​တွေပိုဆိုးတယ်​။အတင်း​ပြေကြတာ။

ကိုယ်နဲ့ဆိုင်တာရော မဆိုင်တာရောပြောကြတာ

ငါသည်သာ ငါ့ပြိုင်ဘက်ဆိုရင် လူတိုင်းအေးချမ်းမှာပါ

လူတိုင်းကိုအေးချမ်းစေချင်ပါတယ်

@leeshang က ယောင်္ကျား ဟုတ်ဘူးလား
@winko က မမ တဲ့ သေချာ မသိလို့ မေးတာနော်

You've received a lifting from @botox ! Consider delegating to earn passive income 20SP,50SP,100SP,200SP.
Tu viens de recevoir un lifting de @botox ! Envisager de déléguer pour gagner un revenu passif 20SP,50SP,100SP,200SP.

Nice post ! You got 12.04% upvote from @flymehigh. Earn free sbd/steem daily by delegating(renting) your SP. We share high return, click here to delegate your sp to flymehigh if you don't know, how to earn passive income by delegating your SP click here for more info Join our discord You can promote your posts. Thanks.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63315.23
ETH 2545.47
USDT 1.00
SBD 2.67