ရင်နင့်ကြွေ(6)

in #myanmar3 years ago

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(5)အား ဖတ်ရူပါရန် Link✅

အပိုင်း(6)

ဟိုတစ်ရက်က ဒေါ်မိုးမိုး အလုပ်က အပြန် မချိုအား မြင်မိသဖြင့်
" ဟေး မချို နေပါအုံးအေ”

မချိုမှ စောင့်နေလေသည်။

"နင့်သမီးဆီကနေ ငါ့သမီးသတင်း ဘာကြားသေးတုံးအေ့”

"မကြားတော့ဘူး မမိုးမိုး ကျုပ်သမီးကို သူ့အကြောင်း ပြန်ပြောလို့ဆိုပြီး ခု မခေါ်ဘူးတဲ့ သူ့ဟာသူ သွားပြန်လုပ်နေတယ်တဲ့တော် စေတနာ တစ်မျိုးထင်ခံရတယ်တော့ တော့သမီးလုပ်ပုံက”

ဒေါ်မိုးမိုး တစ်ယောက် "ဘုရား ဘုရား ” ဟု ဘုရား တရတာလဲ ကြာတော့ ဘုရားကို အားတောင်နာလာရသည်။

images.png
Crd-org-source

မြေဖြူစက်ကို ရွာမှ မချိုသမီးရယ် မိမိသမီးရယ် ၂ယောက်သာ ရှိသဖြင့် ခုအတူမသွားကြဆိုတော့ သက်ပြင်းသာ ချမိလေတော့သည်။ သမီးနှင့်ပတ်သတ်သော မည်သည့် သတင်းမျှ မကြားရတော့ပေ။
အခုတလော သမီးဖြစ်သူအား နားဝင်အောင် အသာအယာ ဆုံးမရင်း ငြိမ်နေပြီဟု ထင်နေမိရာမှ ယနေ့ စနေနေ့မလို့ မိမိနားရက်ဖြစ်သဖြင့် ခြေထောက်မသက်သာ၍တောင်ပလူ အနှိပ်သည်ခေါ်နှိပ်ရင်း ပြန်အပို့ခိုင်းရာမှ ကြာနေသည့်တွက် စကားများရခြင်းပင်..။

"ဗွမ်း ဗွမ်း...ဗွမ်း ဗွမ်း...”

ရေချိုးသံကြားသဖြင့် စိတ်ညစ်ညစ်နှင့် အတိတ်သို့ ပြန်စဉ်းစားနေမိသော ဒေါ်မိုးမိုး လက်ရှိ ပစ္ဆုပ္ပါန်သို့ ပြန်ရောက်လာလေသည်။
သမီးဖြစ်သူ ရေချိုးနေခြင်းပင်..။ တောင်ပလူ နှင့် ကျော်ရွာကြား ဖုန်းပဲ ပြောနေသလား လူနဲ့ပဲ တွေ့နေသလား မပြောတတ်တော့ပေ။ သမီးဖြစ်သူအား ဆူချင် ပြောချင်စိတ် မရှိတော့၍ တီဗွီရှေ့သာ ထိုင်နေမိတော့သည်။ ခနအကြာ သမီးဖြစ်သူ သနပ်ခါး အဖွေးသားနှင့် သူ့မောင်လေးနှင့်အတူ ထမင်းစားနေလေသည်။ ပြီးတော့ သူ့အခန်းထဲဝင်ပြီး ဖုန်း ကြည့်နေသည်ကို မြင်ရလေသည်။

stock-vector-a-woman-text-messages-on-her-phone-alone-in-bed-late-at-night-709584112.jpg
Crd-org-source

တီဗွီထိုင်ကြည့်နေကြရင်း ဒေါ်မိုးမိုး၏ အကိုဖြစ်သူ အလည်ရောက်လာလေသည်။ ည၁၀နာရီကျော်ခန့်တွင် ဒေါ်မိုးမိုး အကိုဖြစ်သူမှ

"ဌေးဌေးဦး တူမကြီး လေးလေးပြန်တော့မယ် တံခါးလိုက်ပိတ်ပါအုံး ”

အထဲမှ စကားပြန် မရသဖြင့် ဒေါ်မိုမိုးမှ အကိုဖြစ်သူအား

"ကျုပ်လိုက်ပိတ်မယ် အကို အကို့တူမ အိပ်နေသလားပဲ..”
ပြောရင်းနှင့် တံခါးလိုက်ပိတ်လေသည်။
ူအိမ်ထဲ ပြန်ရောက်သောအခါ သမီးဖြစ်သူအား အခန်းထဲ ခန်းစီးလှပ်ကြည့်ရာ မတွေ့ရပေ။ အိမ်သာသွားသလား လိုက်ကြည့်တော့လဲ မတွေ့တော့ ဒေါ်မိုးမိုး တစ်ယောက် ခင်ပွန်းအားပြောရင်း ပျာယာခပ်နေလေသည်။

"မိုးမိုး ရ သမီးဖုန်း ခေါ်ကြည့်ပါအုံးဟ”

ဒေါ်မိုးမိုး တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရာမှ ဖုန်းခေါ်ကြည့်ရာ ဖုန်းဝင်သံ "တူ..တူ.. ”ဟုသာ မြည်ပြီး မကိုင်ပေ။

call-mom-on-phone-displays-talk-to-mother.jpg
Crd-org-source

"ကိုမြင့်ဦး ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲတော် သူ့ရည်းစားနောက်လိုက်သွားတာလား မသိဘူး ဒီကောင်မလေး ဒုက္ခ ပါပဲ”

"မိုးမိုးရာ သူ့ရည်းစားနောက်ဆို ပြန်လာမှာပါဟာ စိတ်မပူပါနဲ့ ”

ဒေါ်မိုးမိုး တစ်ယောက် ဖုန်းအဆက်မပြတ်ခေါ်ရင်းက ဖုန်းကိုင်ပါ သမီးရယ် ဟုသာ စိတ်ထဲ တတွက်တွက် ရေရွတ်နေသော်လည်း ဖုန်းမကိုင်သည့်အပြင် စက်ပါပိတ်ထားလိုက်လေတော့သည်။ ဒေါ်မိုးမိုး တစ်ယောက် တစ်ညလုံး မအိပ်နိုင်တော့ပေ။ ငိုရင်း ဖုန်းပြန်ဖွင့်လေမလား ခေါ်ရင်းနှင့်သာ မိုးလင်းလာလေတော့သည်။

images (1).png
Crd-org-source

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author @kyi
Msc 050

Sort:  

ဇာတ်လမ်းအစ ခုမှ ပြန်ရောက်တာကိုး...
နောက်တစ်ယောက်နဲ့ လိုက်ပြေးပြန်လားကွယ်

ပယ်လိုထင်လဲ ကိုဟိန်း😞

ရည်း စား​​တွေ ကသ ​ဘော​ကောင်းကြပါ တယ်

ငမ်း ဘယ်လိုကောင်းကြတာ😔

ဖတ်ရင်းနဲ့  ဒေါ်မိုးမိုးကို သနားလာပြီဗျာ😢😢

အေးဆို မိဘမေတ္တာဖွဲ့လေးပါအေ😔

တော်တော် တော်တဲ့စာရေးဆရာပါပဲခင်ဗျာ။ဖြစ်ရပ်မှန်ဆိုတော့ စိတ်ဝင်စားမှုကလည်း ပိုများနေတာပေါ့။ဆက်အားပေးစောင့်မျှော်နေပါ့မယ်ခင်ဗျာ။

အမှန်ပြောရရင် စိတ်ကူးယာဉ်မရေးတတ်ဘူး ခုက အစက အဆုံးထိ့ သူ့အမေက မမကို ပြောပြလို့ ဇတ်အိမ်ဖွဲ့ ရေးကြည့်တာရယ်😔

ညကြီးဘယ်​ထွက်​သွားလဲမသိဘူး...ဆက်​ရန်​​မျော်​​နေပါ့မယ်​...

ဟုတ်တယ်ဆို ယွန်းရယ် မကြောက်တတ်တာပါဆို😞

တကယ့်အဖြစ်အပျက်သည် စိတ်ကူးယဉ်ထက် ဆန်းကြယ်၏တဲ့...နောက်တပိုင်းဖတ်ချင်လာပြီ

ခုလို အားပေးတာ ကျေးဇူး ညီမ😁

သူအမေကိုသနားပါတေနော်.. မမ😢😢😢

ဟုတ်ပါတယ် ခေးရယ်😟

အမလေးလေး လွယ်လိုက်ကြတာနော် ☺☺☺

လွယ်လွန်းလို့ ဒုက္ခတေ ဖြစ်ပီရယ်😔

မိဘကို နည်းနည်းလေးမှ ပြန်မကြည့်တဲ့ ခလေးမလေး နော်...။ စိတ်တွေလည်း မောပါ့ မရယ်..။

အေးဆို ညီမရယ် မိဘစကား နားမထောင်တော့ ဒုက္ခရောက်ရတာပေါ့😞

ဘယ်​လို​ရေး​ရေး
ဖြစ်​ရပ်​မှန်​ဆို​တော့ ဖတ်​လို့က​တော့​ကောင်းပီးသားပါ

တကယ့်ဖြစ်ရပ်မှန်ပါ😞

ဟီးဟီး အပိုင်းဆက်တွေဘယ်လောက်ကျန်သေးလဲဗျို့

သိပ်မကျန်တော့ဘူး ကိုအေး😔

မိဘတွေမှာ သနားပါတယ်

သနားစရာပါ မယ်စုရေ😔

ကိုယ်​လုပ်​ချင်​ရာလုပ်​ကြတာ ခက်​ပါတယ်

သိပ်ခက်တယ် ကိုလွှမ်းရေ😞

ကိုင်းထ‌တော့ွှေ‌ပြီ။ဘာ ဖြစ်‌မလဲ ‌စောင့်‌ကြည့်‌ရမှာ‌ပေါ့။

စောင့်ကြည့်ပါ ဆရာ😞

Steemit ကလူတွေ တကယ်စာရေးတတ်လာကြတာပဲ

ကြိုးစားရေးနေတာပါ ဆရာ😊

အဖြစ်မှန်ကနေ သင်ခန်းစာရစေပါတယ်ဗျာ

သားသမီးယုံတော့ စုံလုံးကန်းသွားတာ

ကလေးမလေး က တယ်လည်း ဆိုးသကိုး

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.