ရင်နင့်ကြွေ(၁)

in #myanmar3 years ago (edited)

IMG_20180713_063416-01-864x1152.jpeg

"ငါ့သမီးရယ် ညည်းနှယ်အေ အနှိပ်သည် ပို့ခိုင်းတာ ကျော်ရွာနဲ့ တောင်ပလူ ၁၀ခေါက်တောင် ကူးလို့ရရော့မယ်”
အိမ်ထဲ ဆိုင်ကယ်ရပ်ရပ်ချင်း မိခင်ဖြစ်သူ ပြောစကားကြောင့် ဋ္ဌေးဋ္ဌေးဦး တစ်ယောက်မျက်နှာညိုလျှက်နှင့်...
"အမေကလဲတော် အမေယူခိုင်းလိုက်တဲ့ ဖုန်းနံပတ် စောင့်နေရတာ အမေမယုံ အနှိပ်သည် ဖုန်းဆက်မေးပါလား” ဟု ခွန်းတုံ့ပြန်လေသည်။
ဒေါ်မိုးမိုး တစ်ယောက် တောင်ပလူရွာက အနင်းအနှိပ်သည် ခေါ်ပြီး အနင်းခံပြီးနောက် သမီးဖြစ်သူအား တောင်ပလူရွာသို့ ပြန်လိုက်ပို့ခိုင်းလိုက်ခြင်းပင်။ တောင်ပလူရွာနှင့် မိမိရွာဖြစ်သော ကျော်ရွာနှင့် ဆိုင်ကယ် ၁၀မိနစ်ခန့် မောင်းရုံနှင့် ရောက်နိုင်သည်။ ညနေ ၆နာရီခန့်က ပို့ခိုင်းလိုက်ရာ သမီးဖြစ်သူ ၇နာရီကျော် ခါမ ပြန်ရောက်လာသောကြောင့် ငေါက် မိခြင်းပင်။

images (11).jpeg
Crd-org-source

ဒေါ်မိုးတွင် သမီးတစ်ယောက်နှင့် သားတစ်ယောက် သာရှိလေသည်။ သမီးကြီးက ခုမှ အသက်၂၀နှင့် သားလေးက ၁၀နှစ် ၄တန်း ကျောင်းသား ။ သမီးကြီးသည် ၆တန်းရောက်သောအခါ မိမိတို့ မိသားစု စီးပွားရေး မပြေလည်လှသဖြင့် ကျောင်းမှထွက်ခါ မြေဖြူစက်တွင် အလုပ်လုပ်ရှာသည်။ ရသမျှလစာ မိခင်အား အကုန်အပ်လေ့ရှိသည်။

04lwcp8bp1yhxsxebwdd-oa5kfubn14a7e3hklut-yh1aegj92n-z-msffekhnmrdordv-r3zuabu7u6kzfskkcejc0.jpg
Crd-org-source

သို့သော် သူမတွင် မကောင်းသည့် အကျင့်က အရွယ်လေးရောက်လာသည်နှင့် ရည်းစား ထါးလိုခြင်းပင်။ မိမိအလုပ်လုပ်သည်က အထည်ချုက်စက်ရုံ တွင်ဖြစ်ပြီး မနက်ဆိုင်း ညဆိုင်း ဆင်းရသည်။ သမီးဖြစ်သူက မနက်၇နာရီခန့် အလုပ်သွား၍ ညနေ ၅နာရီခန့်ဆို အိမ်ပြန်ရောက်ပြီ။ သမီးတို့အလုပ်က ဥပုပ်နားသည်။ မိမိက စနေ တနင်္ဂနွေ နားသည်။ မိမိ အလုပ်ဆင်းရက် သူမ ဥပုပ် နေ့ကျ၍ အိမ်မာကျန်ခဲ့လျှင် မိမိမာ အလုပ်တွင် စိတ်မဖြောင့် သမီးဖြစ်သူထံ စိတ်တထင့်ထင့်ဖြင့် ဖုန်း မကြာခဏ ဆက်ရသည်။ မိမိတွင် သမီးလေးတစ်ယောက်သာ ရှိသဖြင့်လဲ စိတ်ပူမိလေသည်။

629496370-1024x1024.jpg
Crd-org-source

ဌေးဌေးဦး သည် ရုက်ရည် ချောလှသည့်ထဲ မပါစေကာမူ ညိုညိုလုံးလုံးလေးနှင့် ကြည့်ပျော်ရူပျော်ရှိလေသည်။ ဒေါ်မိုးမိုး အတွေးက လွန်ခဲ့သည့် သူမသမီး ၁၇နှစ်ကျော်လောက်သာ ရှိအုံးမည့်အချိန်သို့ ပြန်ပြောင်း တွေးမိလေသောအခါ မှတ်မျတ်ရရ သမီး ၁၇ကျော်ပီးတာ သိပ်မကြာသေးသော တချိန်က တစ်ခုသော ညနေဘက်တစ်ရက်တွင် ဌေးဌေးဦးမှ
"အမေ ကျုပ်ကို မနက်ဖြန်ကျရင် လာတောင်းမယ်တဲ့”
မိမိမာ အံ့သြစွာ
"ဟေ ငါ့သမီး ဘယ်သူက တောင်းမာတုံး”
"ကျုပ်အလုပ်က အတူအလုပ်လုပ်တဲ့သူအမေ”
" ဟော်တော် ငါ့သမီးရယ် ညည်းငယ်ပါသေးတယ်အေ မယူပါနဲ့အုံး”
မိမိပြောသော်လည်း သူမက စိတ်ပိုင်းဖြတ်ထားပုံပင်။

800px_COLOURBOX7452666.jpg
Crd-org-source

ကဲ ရှိစေတော့ မိမိဇွတ်အတင်း ပြောလို့ ခိုးပြေးရင်လဲ မိမိက သမီးရှင်မို့ မိအေး နှစ်ခါနာရအုံးမည် ။ မောင်မောင်ခေါ်တုံး ဗျာထူးတာ ကောင်းပါလိမ့်မည် ဟု တွက်မိ၍ သမီး ယူမဲ့သူအား ဘယ်က အသက်ဘယ်လောက် သူ့မိဘတွေကြောင်း မေးမြန်းရာ သားမက်ဖြစ်လာမည့် သူသည် အသက်၂၀ခန့်သာ ရှိသေးကြောင်း အထက်ဟုခေါ်သော ယခု မိမိတို့်နေသောအရပ်နှင့် အလွန်ဝေးသောနေရာမှ အလုပ်လာလုပ်သူဖြစ်ကြောင်း မနက်ဖြန်တွင် သူ့မိဘများ မပါလာနိုင်သေး သူ့အလုပ်မှ အလုပ်ရှင်လူကြီးများနှင့် လာတောင်းရမ်းမည်ဖြစ်ကြောင်း စိတ်မသက်သာစွာ ကြားရလေတော့သည်။ တစ်မိပေါက် တစ်ယောက်ထွန်းများ ဖြစ်လေပြီလားဟု ငိုရင်း သက်ပြင်း ချမိလေတော့သည်။
ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author @kyi
Msc 050

Sort:  

စာအရေးအသားမြင့်လာတယ်နော်မကြည်။

အယ်လဲ့ ရေးနေတာ လည်ထွက်နေတာ ကိုအေးရေ..နောက်အပိုင်းတွေ သည်းခံဖတ်ပေးပါအုံး😊

မမကြည်​စာဖတ်​မိပီး ကိုယ်​​ရေးတာအားငယ်​လာတယ်​ခွယ်

ကသက် ကို အမြဲ အားကျခဲ့ရသူပါလို့😊

၁၇ နှစ်တုန်းက လာတောင်းမယ့်သူနှင့် ဘယ်လိုဖြစ်ပြီး
အသက် ၂၀ ရောက်လာပါလိမ့်....စိတ်ဝင်စားလာပြီ😁😁😁

နဲနဲလည်သွားလား အဟိ😁😁တေချာဖတ်အေ အသက်၂၀က ခု ဟို၁၇နှစ်တုံးကဟာက ပြန်စဉ်းစားတာလေအေ😁

ပြန်​​တွေးရင်းပြန်​ဖတ်​မယ်​ မမ

အေးပါအေ တကယ် ရင်နာစရာ ဆက်ဖတ်ပေးအူးနော်😟

စာ​ရေးတကယ်​​ကောင်းတယ်​မမ

စမ်းရေးထားတာ ညီမ ကျေးဇူးပါ😍

မာင်မောင်ခေါ်တုံး " ရှင် " လို့ ထူးရမှာ ဟုတ်ဘူးလား...? ဘယ်နှယ့် " ဗျာ " ထူးရမယ်လို့...

ဂျာ အဟီး😁😁 ဟုတ်လားဟင်

မမ လှလှ ချချ
စာ​ရေးတာ​ပြောတာပါ
ရေးစရှိရင်​​ရေးချင်​လာတာပါ

ရေးကြည့်မယ်လေ အားပေးပါအုံး😁

မမစုတို့ မမကြည်တို့ကို အားကျတယ်ဗျို့ စာရေးတာ ပြောပါတယ်..လိုက်ကိုမမှီဘူး

မတ်မတ်စုက ပိုတော်တာပါအေ😍

အယ်လယ့် အမြှောက်က သိပ်မကြိုက်တာနဲ့

သမီးတစ်ကောင် နွားတစ်ထောင်တဲ့

တကယ်ပါဆရာ သမီးကြီး ထီးပဲ ဖြစ်စေချင်တာပါ မီးလို့ မဖြစ်စေချငိပါဘူး😔

ဆက်ရန် အားစောင့်မျှော်နေပါသည်....

ခုလို အားပေးတော့ ပျော်ဘီလေ😍

အဖွင့်‌‌လေးကကို ဆွဲ‌ဆောင်‌မှုရှိတယ်‌ဗျ။ဝတ္ထုမှာ အခက်‌ဆုံးက နိဒါန်းဘဲ။မယ်‌ကြည်‌က မ‌ရေးလို့ပါ ။သရုပ်‌‌ပေါ်လွင်‌ပါတယ်‌။ဘာကို ဦးတည်‌မလဲ ဆိုတာကို ‌စောင့်‌‌မျှော်‌‌နေမယ်‌ ‌နော်‌။

ဟုတ် လည်တယ် လည်တယ် ရေးနေဆဲ😌

မမလနေရော😋😋😊😉

ဇာတ်အိမ်ပျိုးထားတာလေးကောင်းပါတယ်မမ။စိတ်ဝင်စားစရာလေးပါ။စောင့်မျှော်အားပေးနေမယ်နော်။

စမ်းရေးကြည့်နေဘီ ကောင်းသညိဖြစ်စေ မကောင်းသည်ဖြစ်စေ အားပေးနော်😊

သီးချိန်တန် တာမှန်ပေမယ့် စောပီးသီးနေလို့နှမြောမိတာပေါ့လေ

ဟုတ်တယ် အကိုစိုး😌ခုလို ဖတ်ပေးလို့ ကျေးဇူးပါ

မယ်ကြည့်ကို ကြည့်နေတာ ဘူနဲ့ တူလဲလို့ အခုမှ အဖြေရတယ်အေ စိုးမြတ်နန္ဒာနဲ့ ဆင်တာကိုး

အယ်လဲ့ မတ်မတ်စုက ပိုချောနေပါတယ်လေ😍😍

အခန်းဆက်​၀တ္ထုဖတ်​လို့​ကောင်းတယ်​ကြည်​...ဆက်​ဖတ်​ဖို့​စောင့်​​နေမယ်​....

စမ်းရေကြည့်တာ ယွန်းရေ..😁😁အားပေးပါအုံး

စိတ်မောလိုက်တာ ဌေးဌေးဦးရယ်

တကယ် ရင်မောစရာပါ ညီမရေ😔

မမကြည် ဖြစ်ရပ်မှန်လေးတွေ ရေးနေပြီပေါ့နော်
ကြိုက်တယ်ဗျ ဖတ်ရတာ မအီဘူး Good

မမ ဌာနထဲက အန်တီကြီးနဲ့ သူ့သမီးလေးရယ် ဖြစ်ရပ်မှန်ပါ မောင်လေး 😞

Congratulations @kyi! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:
SteemitBoard and the Veterans on Steemit - The First Community Badge.

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဟူး ....

တကယ်ပါ😞

အော် ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမရယ် ဘာတွေဆက်ဖြစ်ကြမယ် မသိနိုင်တော့ဘူးနော်။

ဟုတ် ဆရာ😞

Congratulations @kyi ! You received a 1.93% upvote from @kryptoniabot & @kryptonia for your task of 100 SUP Today.

Remember to receive votes from @kryptoniabot

Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.

Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP

Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.

Nice post. Kryptonia ID at blogjeremiah