ရင်နင့်ကြွေ(၅)

in #myanmar6 years ago (edited)

ရင်နင့်ကြွေ (1)အားဖတ်ရူ့ပါရန် link✅

ရင့်နင့်ကြွေ (2)အားဖတ်ရူ့ပါရန် link✅

ရင်နင့်ကြွေ(3)အား ဖတ်ရူပါရန် Link✅

ရင်နင့်ကြွေ(4)အား ဖတ်ရူပါရန် Link✅

အပိုင်း(၅)

တစ်နေ့က ဒေါ်မိုးမိုး ရွာထဲက ဈေးဆိုင်တွင် ဈေးဝယ်ပြန်အလာ လမ်း၌

"မမိုးမိုး”

"ဟေ” ဟု အသံပြုပြီး ကြည့်မိတော့ အိမ်နားက ဒေါ်ချိုလေးကို တွေ့လေသည်။

"မချို ပြောလေ..”

"မမိုးမိုး ကျုပ်က အချင်းချင်းမလို့ တော့်ကို ပြောမလို့ ဘယ်လိုမှ မထင်စေချင်ဘူးတော်”

"အေး မချို ပြောပါအေ ဘာပါလိမ့်အေ မထိတ်သာ မလန့်သာ ရှိတာအေ”

"ဒီလိုတော့ ကျုပ်သမီးက ပြန်ပြောပြလို့ ဌေးဌေးဦး ရည်းစားထားနေတယ်တဲ့.. ဖုန်းထဲက ကောင်တွေလို့ ပြောတာပဲ ပြီး တစ်ယောက်မကဘူးတဲ့... ကျုပ် ခုလိုပြောပြတာ ဌေးဌေးဦး မုန်းလို့ မဟုတ်ပါဘူး.. တော်သိတော့ ဆုံးမလို့ရတာပေါ့..မဟုတ်ဘူးလား..နောက်ပြီး
ဟိုမှာ ဒီမှာ တွေ့ဖို့ ချိန်းနေသံလဲ ကြားတယ်တဲ့”

ဒေါ်မိုးမိုး တစ်ယောက် ဘယ်ကဲ့သို့ လမ်းလျောက်ပြီး အိမ်ပြန်ရောက်လာတယ် မသိတော့ ပေ။

39279427-angry-woman.jpg
Crd-org-source

အိမ်ရောက်တော့ သမီးကို အဆင်သင့်ပင် တွေ့ရလေသည်။

စိတ်ကတိုလာသဖြင့် သမီးဖြစ်သူ ကျောအား ဘုန်းကနဲနေအောင် ရိုက်လိုက်လေသည်။

"အား အမေ့ ဘာတုံးတော့”

"သမီးရယ် ညည်းအစား ငါရှက်လိုက်တာအေ ဖုန်းထဲကကောင်တေနဲ့ ညည်း ရည်းစားထားနေတာဆို”

"အာ..အမေရာ မဟုတ်ပါဘူး”

"ဟဲ့ ညည်းနှယ်အေ ငါ့ကို လာလိမ်နေတာ ဟုတ်လို့ပဲ ညည်း နာမည်ထွက်တာပေါ့အေ ငါဒေါသထွက်တယ်နော် ကိုယ့်ယောက်ျားကျ တည့်အောင်မပေါင်း နောက်လင် လိုချင်နေသလားဟင် ညည်းတော့ လာခဲ့”

ပြောလဲပြော ငိုလဲငိုနှင့် သမီးဖြစ်သူအား လက်ပါ ပါပြီး ရိုက်မိတော့သည်။

29571716-변론-엄마와-딸의-그림.jpg
Crd-org-source

ဒေါ်မိုးမိုးအား ခင်ပွန်းဖစ်သူက ဝင်ဆွဲလေသည်။

"မိုးမိုး တော်ပါဟာ သူများကြား ရှက်စရာ”

"တော်က ရှက်နေ သူနဲ့အတူ အလုပ်သွားတဲ့ သက်မာရဲ့ အမေက ကျုပ်ကိုလာတိုင်တာ ကျုပ်က ပိုရှက်တယ် ကိုမောင်ဦးရဲ့..”

အော်ရင်း ဟစ်ရင်း ချုံးပွဲချ ငိုမိလေတော့သည်။

ဒေါ်မိုးမိုး ရိုက်လိုက်သောကြောင့် ဌေးဌေးဦး အိမ်က ထွက်သွားလေတော့သည်။
ပြန်မလာ ပြန်မလာ နှင့် တစောင့်စောင့်... ဖုန်းဆက်ကြည့်တော့ ကိုင်လေသည်။

mom-on-phone.jpg
Crd-org-source

ဟဲလို ဌေးဌေးဦး သမီး ညည်း ဘယ်မှာတုံး ခုထိ ပြန်မလာဘဲနဲ့”
"မလာတော့ဘူး အမေ ကျုပ် ညောင်ပင်ကြီး မှာ သူငယ်ချင်းနဲ့ပဲ နေတော့မယ်”

"အော်..ဒုက္ခပါပဲ ဒီသမီးနှယ်... ”

အိမ်နေရာ မေးပြီး ခင်ပွန်းသည်ကို ခေါ်ကာ လိုက်ရပြန်လေသည်။
ဟိုရောက်တော့ ဒင်းက ငိုနေလေသည်။
"
ကဲပါ သမီးရယ် ငိုမနေနဲ့ ထ ထ အိမ်ပြန်ရအောင်”

"မလိုက်ချင်ပါဘူးဆို”

"ဟောဗျာ ငါ့သမီးရာ အဖေကိုယ်တိုင်လာခေါ်တာကို ထ ပါဟ ညည်းမအေက ချစ်လို့ ဆုံးမတာပါ ငါ့သမီး သိတတ်မှပေါ့ ထထ” ဟု ဆိုရင်း ပြန်ပါလာလေတော့သည်။

Cartoon-Family-With-Mom-And-Dad-Daughter-Picture1.jpg
Crd-org-source

မိမိတို့မှ မဆုံးမလျှင် မည်သူမှ ဆုံးမမည်နည်း..။ ဒေါ်မိုးမိုးတစ်ယောက် စိတ်ညစ်၍သာနေတော့သည်။ နောက်နောင် သမီးအား ပါးစပ်နှင့်သာပြောတော့မည်။ လက်မပါတော့ဟု ဆုံးဖြတ်ထားလိုက်တော့သည်။
သမီးကြီးတော့ ထီးလိုသမီးမျိုး ဖြစ်စေချင်မိသည်။
တစ်ပတ် ဆယ်ရက်ကြာတော့ မိသားစုဟာ မိသားစုပဲ ဖြစ်ပြီး အရင်တိုင်း ရယ်ရယ်မောမော ပြန်ဖြစ်လေတော့သည်။

Family-Silhouette-3.jpg
Crd-org-source

ဆက်ရန်......

(ဖြစ်ရပ်မှန် အဖြစ်အပျက်အား ဇတ်လမ်းသဖွယ် ရေးတတ်သလောက် ရေးဖွဲ့ ထားပါသည်။)

Author @kyi
Msc 050

Sort:  

အော် ကလေးတွေ ကလေးတွေ စိတ်ကလေးတွေက မြန်ကြတာနော်။

ဟုတ်တယ်ဆရာ ထင်ရာစိုင်းချင်ကြတာ

Very right

Thank😁

ဇာတ်​လမ်းအရှိန်​မြှင့်​လာပြီ....အပိုင်း(၆)ဖတ်​ဖို့စိတ်​၀င်​တစားနဲ့​စောင့်​​နေပြီကြည်​.....

Yes ယွန်းရေ.. ကျေးဇူးပါ😍

သမီးက ထီး သားမက်ကတော့ မီးပဲ မမရေ ဟီး
နောက်တာ

သမီးက ထီး သားက အား ပါအေဟဲ့ သမီးက မီးမဖြစ်စေပဲ သားကလဲ ကျားမဖြစ်စေပဲ အားဖြစ်စေရမှာ😁

ခေတ်ရယ် ဖုန်းရယ် လူငယ်တွေလည်း ပျက်ပါသကွယ်

ဟုတ်ပါ့ ကိုဟိန်း😔

ဖတ်‌လို့‌ကောင်းတယ်‌ညီမ။ သမီးတစ်‌‌ယောက်‌ထိန်းရတာ မလွယ်‌ပါ့လား။

တကယ် မလွယ်ပါ ဆြာရေ😔

လူငယ်တွေကို ချော့လိုက် ခြောက်လိုက်နဲ့ပြုပြင်ရပ

ဟုတ် ဦးထွေး😔

ကြည့်ဦး အဲ့ကလေးမလေး လုပ်ချင်တာ... မလိမ်မိုးမလိမ္မာနဲ့နော် မမရယ်... အူတွေယားတယ်ဆို..။

ဟုတ်တယ်ဆို ညီမရယ်😞

ချကုန်​ပြီ မကြည်​တို့လဲ ဇာတ်​လမ်း​ရှေ​တွေ အဟိ

အေးဆို😁

ဘာတွေဆက်ဖြစ်မလဲ စောင့်အုံးမယ် ဟိ

စောင့်ပါလေ😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64400.33
ETH 3140.71
USDT 1.00
SBD 3.93