Steemit တွင် key များသုံးနည်း မျှဝေခြင်း

in #myanmar6 years ago

IMG_20180428_235904.jpg

ယခု မယ်ကြည် ရေးပြမည့် steemit key များ အကြောင်းသည် သိသောသူများ ကျော်သွားပါနှင့် မသိသေးသော သူများအတွက် ဖော်ပြပေးခြင်းသာဖြစ်ပါသည်။G3 မှ member များအား မိမိ steemit account password အား လုံခြုံသွား သိမ်းဆည်းနိုင်ကြစေရန် သတိပေးပါသည်။ အဘယ်ကြောင့်ဆိုသော် မသမာသူများ hacker များမှ မိမိတို့ main key ရသွားပါက မိမိတို့တွင် ရှိသမျှ sbd လေးများ blocktrade ရောက်ပြီး အချိန်မီပြန်မရပါက power down ခံရနိုင်ပါသည်။

MV5BYjk3ZWQ4ZmMtNzM1OS00NDQxLWJmZjctNzFlODAyODRkMjcyXkEyXkFqcGdeQXVyMjEwODIzODA@._V1_UY268_CR9,0,182,268_AL_.jpg
Crd-org-source

မိမိတို့ အကောင့်သည် မိမိတို့ ဘဏ်ကဒ်ပင် မဟုတ်ပါလား။ sbd များ အသားကုန် ဈေးတက်လာသည့် တစ်ချိန်တွင် အကောင့်သည် လွန်စွာ အဖိုးတန်နေမည်သည်သာ ဖြစ်ချေတော့မည်။

images (15).jpeg
Crd-org-source

steemit acc ကိုသာ သုံးနေကြမည်။ acc တွင် post key ၊ active key၊ owner key ၊ meno key များပါဝင်သည်ကို လူတိုင်း ဂရုမပြုမိကြချေ ။ မယ်ကြည်တို့ G3 တွင်လည်း လူတိုင်း မသိကြချေ။အားလုံးသိ၍ သုံးစေချင်မိပါသည်။ ကိုစော(@sawlwin) ရေးသော ပိုစ့်အားလည်း ဖော်ပြပေးလိုက်ပါသည်။ ဖတ်ကြပါစေကုန်။

https://steemit.com/myanmar/@sawlwin/password-donation-pkse0as-alw-pundefined-i

မိမိအကောင့်ကို post key နှင့် ဝင်ပြီး ငွေ အလွဲအပြောင်း ရှိပါက active key အား အသုံးပြုကြလျှင် တစ်စုံတစ်ရာကြောင့် ပါသွားလျှင်တောင်မှ မိမိအကောင့် passward အား ချိန်းသွားမရနိုင်ပေ။ မူရင်း main key သည် အလွန်မှပင် အရေးကြီးလှပါ၍ ဖုန်း note ထဲတွင်သာမက အပြင် စာအုပ်ထဲတွင်ပါ မှတ်ထားသင့်ပါသည်။ ထိုသို့ဆိုလျှင် အလွန်စိတ်ချရသော steemit acc သုံးနည်းပင် ဖြစ်ပါလိမ့်မည် ။

DQmUzWpQzjUcsbUWDjnKTifegu4s18ft8ji6AeGMHjoiwrX_1680x8400 (1).png
Photo crd @sawlwin

ယခုချိန်မှ စ၍ G3 member များ main key ဖြင့် acc အသုံးမပြုကြရန် သတိပေးခြင်းဖြင့် မည်သို့ အသုံးပြုရမည်ကို မျှဝေ ပေးသွားပါသည်။ ပထမဦးစွာ မိမိအကောင့် wallet သို့ ဝင်ပါ ။ ထိုမှတဆင့် permission ကို နှိပ်ပါ။ post key၊ active key၊ owner key ၊memo key စသဖြင့် တွေ့ရပါလိမ့်မည်။ ယခုပုံသည် permission နှိပ်၍ မြင်ရသော ပုံဖြစ်သည်။

Screenshot_2018-04-28-23-51-51-135_org.mozilla.firefox-360x640.png

ယခုအတိုင်း မြင်ရသော key များအား ယူသုံး၍ မရပါ။
post key အောက်တွင် show private key ကို တွေ့ပါလိမ့်မည်။ ၄င်းအား နှိပ်ပါက hide private key ဖြစ်သွားပါလိမ့်မည်။ note တွင် ၄င်း keyအား hide private key ဟု မှတ်သားထားလိုက်ပါ။ ၄င်း key သည် မယ်ကြည်တို့ အကောင့်ဝင်ရန်နှင့် v&m ပေးရန် ok ပါသည်။

IMG_20180429_005452.jpg

အကောင့်မှ ငွေလွဲရန် steem ဝယ်ရန် စသဖြင့် wallet အသုံးပြုရသော အခြေအနေတွင် post key ဖြင့် သုံးမရပါချေ။ post key ဖြင့် သုံးနေပြီး ငွေ အလွဲအပြု လိုချိန်တွင် လွဲရာ၌ browser မှ post key မှတ်ထား၍ auto ပေးရာတွင် ok လိုက်ပါက error ပေါ်လာပါက အကောင့် တစ်ခုခု ဖြစ်ပြီဟု ထင်ကြမည် စိုး သောကြောင့် ဖြစ်သည်။ တကယ်က post key သည် post တင်ရန်နှင့် v&m အတွက်သာ ဖြစ်သည်။ active key သုံးရန် ဆက်ပါသည်။ active key ကို copy ကူး၍ တစ်ခါတည်း တန်းသုံးမရပါချေ။ active key အောက်တွင် login to show ကို နှိပ်ပါက acc ဝငိသည့်ပုံသို့ ရောက်သွားပြီး main key သာထည့်၍ ဝင်ပါ။ ထို main key သည် wallet ထဲမှ key မဟုတ်ပါ။ email မှပို့သော အစထဲက ယခုထိ သုံးနေသော key ထည့်ပေးပါ။ acc ဝင်၍ရပြီး ၄င်း active key ကို ပြန်ကြည့်ပါ။ login to show ပဲ ပြနေလျှင် အထက်ပါအတိုင်း ပြန်ဝင်ပေးလိုက်ပါ။ နောက်တခေါက် ပြန်ဝင်ပြီး active key ကြည့်လိုက်ပါက hide private key ဟု ပေါ်နေလျှင် အသုံးပြု၍ ရပြီဖြစ်သည်။ ၄င်း key အား hide active key ဟု note တွင် သေချာ မှတ်ပါလေ။

IMG_20180429_005553.jpg

တစ်ခါတရံတွင် တစ်ခါထဲ အကောင့်ဝင်ယုံဖြင့် ရရှိပြီး တစ်ခါတစ်ရံ ၂ကြိမ်ခန့် အကောင့်ဝင်ရမည် ဖြစ်သည်။ active key သည် post တင် v&m ပေးခြင်း ၊wallet ငွေ အလွဲအပြောင်း ok ပါသည်။ post key သည် တစ်ခါတရံ error ဖြစ်တတ်သဖြင့် active key ဖြင့် acc ဝင်ထားလဲ ok ပါ၏။

IMG_20180429_005744.jpg

main key သုံးမှသာ acc password change လို့ ရမည် ဖြစ်သည်။ ထို့ကြောင့် main key အား သိမ်းဆည်းရန် လိုအပ်ပါသည်။ အနဲဆုံး active key နှင့် အကောင့် ပါစေဦး acc pass ပြန်chang နိုင်ပါက ဆုံးရှုံးမူ့ နည်းနိုင်ပါသည်။ ထို့ကြောင့် အခြား site များ ဝင်ရာတွင် လက်လွတ်စပယ် main key နှင့် မဝင်ပဲ post key ၊ active key များသာ သုံး၍ မိမိ steemit acc လုံခြုံရေး ဂရုစိုက်ကြစေလိုပါသည်။ ဆုံးရှုံး ဖူးသူများ ပူပန်ရဖူးသည်။ မည်သို့မျှ မဖြစ်ဖူးသူများလည်း ပူပန်မူ့ မရှိစေရန် အခြားsite များ လက်လွတ် မဝင်ကြရန်နှင့် post key နှင့် active key များသာ အသုံးပြုနိုင်ကြရန် နှိုးဆော်လိုက်ရပါသည်။ pass key များ အသုံးပြုရန် ပြုလုပ်ရင်း နားမလည်သည်များ ရှိပါက လာရောက် မေးနိုင်ပါသည်။ မယ်ကြည်အား key များ သုံးတတ်ရန် ညွှန်ပြပေးပါသော @sawlwin ကိုစော နှင့် @komoezaw တို့အား ကျေးဇူးတင်ပါကြောင်း အထူးပင် ပြောကြားရင်း နိဂုံးချုပ်ပါ၏။

received_1812282122405096.gif

Author @kyi
MSC 050
Photo by me and crd link

Sort:  

လေ့လာကြည့်ဦးမယ်မမရေ တစ်ခါမှတော့ အသုံးချမကြည့်ဖူးသေးဘူး ကျေးဇူးပါမမ

ဟုတ် ဆရာ post key က error ဖြစ်ရင် active key နဲ့ သုံးပါ main key သေချာသာ မှတ်ပြီ်းလေ မရှင်းတာ မေးပါနော်😁

ဟုတ်
အခုလိုသိခွင့်ရလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ👏👏👏👍👍👍

ငှယ် 😎နောက်တာ ကမိုးဇော် ဆြာက ဆြာပါအေ😊

အလွန်ကောင်းတဲ့ လမ်းညွှန်မှုလေးများပါပဲ မယ်ကြည်ရေ။ newbies များအတွက် ကောင်းကောင်းအထောက်အကူရရှိစေသည့် အချက်များဖြစ်ပါတယ်။ Good Support လို့ ပဲ ပြောခဲ့လိုက်တော့မယ်။ ဒီပိုစ်လေးကို အကို့ရဲ့ Review မှာ ဖော်ပြပေးမယ်။

အဟိ 😊ရေးကြည့်တာပါ ဆရာရေ

ဖြစ်ဖူးတဲ့သူဆိုတော့ အရမ်းတန်ဖိုးရှိတယ်ဆိုတာ သိပါတယ်ခင်ဗျာ။မသုံးသေးတဲ့သူတွေအတွက်တော့ အစ်မပြောတဲ့အတိုင်း လုံခြုံစိတ်ချရအောင် အသုံးပြုကြရမှာပါ။အားလုံးအတွက် leader မှ အသုံးပြုတတ်စေရန်မျှဝေပေးခြင်းဖြစ်ပါတယ်။ဒီလိုတင်ပေးတဲ့ group leader ကိုလည်း အားလုံးကိုယ်စား ကျေးဇူးတင်ရှိပါတယ်။

သားက ကိုယ်တွေ့ ဆိုတော့ ကြုံဖူးသူက ကြောက်ကြတယ်လေ အားလုံး အဆင်ပြေကြပါစေ😁

မမ ပြောပြလိုက်မှ ကျွန်တော်လည်း လုပ်သင့်တာတွေလုပ်လိုက်ပါပြီဗျ

ကိုသိန်း is the best..😊 အဆင်မပြေတာတွေ ရှိရင်လဲ ပြောပါလို့ ကူညီပါ့မယ်😊

@kyi​ကျေးဇူးပါ...accလုံခြုံစိတ်​ချရဖို့​ပြောပြ​ပေးလို့...😍😍

သေချာလေး ပြင်လိုက်တော့ ယွန်းရေ..😍မရှင်းရင် လဲ မေးပါနော် ကွယ်😍

မသိထားခဲ့ဘူးမမရေ ခုလိုပြောပြပေးတာ ကျေးဇူးပါနော်

Yes မသိသေးသူတွေ ရှိမယ်လို့ ထင်လို့ ရေးပေးတာ post key active key သာသုံးပါ ပိုးရေ ဆရာတို့ ပိုးတို့ အကောင့်တွေ အဖိုးတန်နေပြီနော့ ဂရုစိုက်ပါလို့ 😁

ကျေးဇူးပါမမရေ

ဟုတ် မမ ကျေးဇူးပါ

ကျေးဇူးလေး ဘေးချလို့ အကောင့်ကို post key active key သုံးစေချင်မိ😊

သားကတော့သိဘူး စမ်းကြည့်အုံးမယ်လေ မရရင်လာမေးလာမှာနော့ ကျေးဇူးပါမမ😄😄

မေးပါတော် ကိုယ့်အကောင့် လေး save ဖြစ်အောင် သုံးပါလို့😁

ဟုတ် ခုလိုတင်ပြတဲ့အတွက် ကျေးဇူးပါ

ဟုတ်ကဲ့ပါရှင့် 😁လိုအပ်တာရှိရင် ဖြည့်စွက်ပါအုံး😁

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65092.40
ETH 3470.06
USDT 1.00
SBD 2.50