Password Donation ! ပက်စ်ဝေါ့စ် အလှူပါဗျို့ .....

in #myanmar6 years ago (edited)

MSC ရဲ့အလှူဒါနကို ကြည့်ပြီး ကွီးစောတစ်ယောက် အရမ်းလှူချင်နေပါတယ်။ ဘယ်လို လှူရမလဲဆိုတာလဲ အချိန်ရတိုင်း စဉ်းစားကြည့်နေပါတယ်။ စတီးမစ်ထဲမှာလည်း လှူပုံလှူနည်းတွေကို လိုက်လံစူးစမ်းကြည့်ပါတယ်။ စူးစမ်းကြည့်နေတုန်း ခိုင်လုံတဲ့ သတင်းရင်းမြစ်ကနေ အက္ထမိန္မြီးမြီးက သူပိုင္ဆုိင္သမွ် စတီးမစ္အေကာင့္ကို ရေစက်ချလှူဒါန်းပြီး သီလရှင်ဝတ်တော့မယ်ဆိုတာ ကြားလိုက်ရတော့ အားရပါးရ သာဓု ၂ကြိမ်ခေါ်မိပါတယ်။ တစ်ကြိမ်က တစ်ကယ်သီလရှင်ဝတ်မှ ခေါ်မလို့ပါ။ MSC အဖွဲ့သားတွေကို သံယောဇဉ်မပျက်တာကြောင့် အလှူကို ရုပ်သိမ်းလိုက်တယ်ဆိုတာ ကြားလိုက်တော့ ကွီးစော သာဓုအခေါ်မစောတာ တော်သေးတာပေါ့လို့ ရေရွတ်မိတယ်။ လေချွေတာတာ မှန်သွားတယ်။

အင်း ... ကွီးစောလည်း သူ့လိုပဲ လှူလိုက်ရင် ကောင်းမလား။ ဒါပေမယ့် တကယ်လိုအပ်နေတဲ့သူ မဟုတ်ရင် ဘယ်လိုလုပ်မလဲ။ စတီးမစ်မှာက လိုအပ်သူတွေများနေတာ။ သူမရ ကိုယ်မရ ဖြစ်ပြီး ငြင်းခုံသတ်ပုတ်နေရင် ကွီးစော တရားခံဖြစ်ဦးမယ်။ ဒါနဲ့ပဲ ကွီးစောလည်း ကိုယ့်ရည်ရွယ်ချက်ကို ကိုယ့်ပါးစပ်ထဲ ပြန်သွင်း ရေနဲ့မျှောချလိုက်ရတယ်။ ဆန္ဒမပြည့်ဝပေမယ့် ဗိုက်တော့ ဖောင်းသွားတယ်။ ရေတွေမျှောချတာ လွန်သွားတာကိုး။

အမယ် ... ကွီးစောတို့ကသာ ဆန္ဒကို သတိနဲ့ ထိန်းတာ။ စတီးမစ်မှာ စူပါသူဌေးကြီးတွေ စူပါအလှူရှင်တွေက အပေါသားပဲ။ ၀င်ကြည့်လိုက်တော့ လှူပုံလှူနည်းအစုံနဲ့ဗျ။

  • မြီးမြီးကေတာ့ dicord မွာ steem connect က link တစ္ခုကို နှိပ်ပြီး တန်းလှူတာတဲ့။
  • ကွီးတစ်ယောက်ကတော့ သူ့အီးမေးလ်ထဲကို ပို့ပေးတဲ့ steem connect ရဲ့ အီးမေးလ်ကနေ subscribe လုပ်ကြည့်ပြီး password ပါသွားတာ။ ဖောင်ပေးတော့ ဘာလေး ညာလေးများ ရမလားဆိုပြီး ဖြည့်ကြည့်မှာပေါ့။ ကိုယ့်ဆီက ဘာလေး ညာလေး မဟုတ်တဲ့ဟာတွေပါသွားတော့ နောက်ကနေ လိုက်ရပါတော့တယ်။
  • ပြီးတော့ တစ်ဦးတစ်ယောက်တည်းကိုပဲ မလှူတော့ပါဘူး။ ယူချင်တဲ့လူ ယူကြပါစေဆိုပြီး စေတနာဗရပွနဲ့ ကိုယ့်ရဲ့ post ကို အားပေးတဲ့ စာဖတ်ပရိသတ်တွေ အကျိုးရှိအောင် post ထဲမှာ ကိုယ့် password ပါ ထည့်ပေးတာလည်း ရှိတယ်။
  • ပြီးတော့ bot တွေကို သုံးတော့ ငွေတွေ transfer လုပ်တဲ့အခါ ကိုယ့်ရဲ့ steemit password ကိုပါ တစ်ပါတည်း ထည့်ပေးပြီး

မောင်မောင်ဘုရေ ... ခဏ ခဏ မင်းကို ငါ ဘုခိုင်းနေရတာ အဆင်မပြေဘူး ... ငါ့ရဲ့ password ကိုသာ ယူထားပြီး မင်းစိတ်ကြိုက်သာ ဘုပါတော့

လို့ အပင်ပန်းမခံချင်တဲ့သူလည်း ရှိတယ်။

ကွီးစော စဉ်းစားကြည့်တယ်။ ဘာလို့များ ဒီလိုလုပ်နေကြတာလဲပေါ့။ ကိုယ့်သဘောနဲ့ကိုယ် လှူလိုက်ပြီးမှ ပြန်တောင်းတော့ မျက်စိစွံမှာ မကြောက်ကြဘူးလား မသိ ... တကယ်လို့ မလှူချင်ရင်လည်း အစကတည်းက ကိုယ့်ရဲ့ password ကို လုံခြုံအောင် သိမ်းထားပေါ့။ စတီးမစ်အထဲကို ၀င်ဖို့ ကိုယ့်မှာ main password တစ်ခုတည်းရှိတာ မဟုတ်ဘူး။ တခြား private key တွေ ရှိတာပဲလေ။ ဘာလို့ မသုံးကြတာလဲဆိုတာ စဉ်းစားလို့ မရဘူး။ အောက်မှာ ပြထားတဲ့ key တွေရဲ့ အသုံးပြုပုံကိုသာ ကြည့်ပေတော့ဗျာ။

ကိုယ် ဘာလုပ်ချင်လည်း စဉ်းစားပြီး Main Password မဟုတ်တဲ့ တခြား private key တွေကို ယူသုံးနိုင်ပါတယ်။ ကိုယ့်စတီးမစ်အကောင့်ရဲ့ wallet ကို သွားပြီး permission ကို နှိပ်ဝင်ရမယ်။ ပြီးရင် ကိုယ်သုံးချင်တဲ့ key ဘေးက Show Private Key ဆိုတာကို နှိပ်ပြီးရင် ပြောင်းသွားတဲ့ key ကို copy ယူပြီး သိမ်းထားမယ်။ ပြီးရင် စတီးမစ်အကောင့်ထဲကနေ ပြန်ထွက်ပြီး အဲဒီကူးထားတဲ့ key တွေနဲ့ပဲ log in ပြန်ဝင်ပြီး သုံးမယ်ဗျာ။ ဒါဆို ဘယ်သူက ကွီးစောရဲ့အကောင့်ကို လာယူနိုင်ဦးမလဲ။ ဥပမာ ကွီးစောက posting key နဲ့ log in ၀င်ထားမယ်။ မတော်တဆ posting key ကို သူတို့ ရသွားရင် ဘာလုပ်မလဲ။ ကွီးစောကိုယ်စား post တွေ တင်ပေးလို့ပဲ ရမယ်။ သူ့ post မှာ ကွီးစောရဲ့ vote ကို ယူသုံးရင်လည်း ကွီးစောအတွက် curation reward ရတာပဲလေ။ ယူသုံးပါစေ။ ဒါပေမယ့် main password ကို ပြန်ချိန်းရင်တော့ အဲဒီ key တွေ အကုန်လုံးက ပြောင်းသွားလိမ့်မယ်။ ဒီတော့ ဘာစိတ်ပူစရာလိုသေးလဲ။ စတီးမစ်က အပြိုကြီးတွေ အေးဆေး ကလေးမွေးနေလို့ရပြီ။ (မှတ်ချက် - အိမ်ထောင်သည် အပြိုကြီးမှ ကလေးမွေးလို့ရလို့ပါ။)

အဟေး... ဟေး.... ကိုယ့်စိတ်ကူးကို ကိုယ်သဘောကျပြီး ထုတ်တောင် ရယ်မိသွားတယ်။ အလုပ်ထဲက လူတွေက ကိုယ့်ကို ၀ိုင်းကြည့်ကြတယ်။ အခုလို ကွီးစော hacker တွေကို မလိမ့်တပတ်လုပ်တယ်ဆိုတာ သိသွားလို့ မဖြစ်ဘူး။ တော်ကြာ အခုတလော မိနှောင်းက blacklist ဆိုတာကြီး ခေတ်စားနေတာ။ ကွီးစောပါ ဘာမဆိုင် ညာမဆိုင် ပါသွားဦးမယ်။ သူတို့ထဲမှာလည်း hacker တွေက ရှိနေတာ။ Main password အစား post တင်ရင် posting key သုံးမယ်။ transfer လုပ်ရင် active key သုံးမယ်ဆိုတာ ကိုယ့်စိတ်ထဲမှာပဲ ထားတော့မယ်။ main password နဲ့ အဲဒီဟာတွေ မရောအောင်တော့ မှတ်ထားရတာပေါ့။

ကွီးစောရဲ့ စာဖတ်ပရိသတ်ကြီးလည်း ကွီးစော ရောက်တတ်ရာရာတွေးတာကနေ အကျိုးရှိမယ်ဆိုရင် ၀မ်းသာပါတယ်ဗျာ။ ဒီလောက်နဲ့ပဲ စာဖတ်ပရိတ်သတ်တွေ မျက်စိအညောင်းသက်သာအောင် တော်ပေးပါ့မယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

my photo.jpg

Images Credit - Google

Sort:  

ဟုတ်ပ ကိုစော ရေ ကီးလေးတွေ သူ့နေရာနဲ့သူ သုံးတတ်စေချင်ပါတယ်။

ဟုတ်ကဲ့ ကွီးရွှေ စာရေးသူက တိုက်တွန်းပေမယ့် လိုက်လုပ်မှပဲ အဆင်ပြေတာပါ ကိုယ်ကလည်း စာတွေရေးရင် ဆင်ခြင်ပါတယ် ကိုယ်လုပ်နိုင်မှ ရေးပါတယ် အခုလည်း စတီးမစ်ကို posting key နဲ့ပဲ ၀င်တာပါ transfer လုပ်မှ active key သုံးတယ်

This comment has received a 0.16 % upvote from @speedvoter thanks to: @sawlwin.

Key တွေအများကြီးရှိတာအခုမှပဲသိတယ်။ကလိကြည့်ဦးမယ် 😁။

မှတ်သားထိုက်ပြီး အားကိုးရတဲ့ ကိုစောပါပဲ

ကျေးဇူးတင်ပါတယ်ဗျာ

သားတို့ ကွီးစောရှိနေသ၍ ဘာဖြစ်ဖြစ် စိတ်မပူပေါင် တစ်ခုခု ဖြစ်ရဲဖြစ်ကြည့် ကွီးစော နဲ့တွေ့ပေးလိုက်မယ်။ ဘာမှတ်နာလဲ ။ ဒါမဲ့ ဂရုတစိုက်တော့ ထိန်းသိမ်းထားပါတယ်😁😁😁

မတွေ့ပါရစေနဲ့ဗျာ ... ကျွန်တော်လည်း ကလိရင်း လက်တည့်သွားတာပါ ... ထိန်းသိမ်းထားတာ ကောင်းပါတယ်

အကျိုးရှိတာမှ အများကြီးရှိပါပေ့ ကိုစောရေ
ညက tableလေးတောင်းထားတာ
အခုpostမှာပါထပ်ပေးတော့ goodပြီလေ။
Transfersလုပ်ရင် Pwလေးပေးဖို့ကတော့ စဉ်းစားရအုံးမယ်
ဘုန်းကြီးဝတ်ချင်သေးဘူး😁😁😁

copy ဖြစ်မှာ ကြောက်လို့ ကိုယ့်ဘာသာ ပြန်ဆွဲတာ pro တင်တဲ့ အချိန်မှီသေးလို့ တော်သေးတာပေါ့ဗျာ

အ​ရေးအ​ကြောင်းဆို g1ထဲ ကို​စောတစ်​​ယောက်​ရှိ​နေတာ ဂုဏ်​ယူတယ်​ဗျာ

ကျေးဇူးတင်ပါတယ်ဗျာ

မျက်စိမညောင်းပါဘူး ကွီးစော အရမ်းအကျိုးရှိတဲ့ စာပါ
ဆက္ပါအံုး ခင္မ်

ဟုတ် စာအရမ်းရှည်တော့လည်း ပျင်းသွားမှာ စိုးရိမ်တာပါ အခုကလည်း မြူးကြွအောင် ရေးထားတာ ဆိုတော့လေ

ကျွန်တော်တို့ကတော့ ကြောက်လို့ ဘယ်မှမ၀င်သလို ဘာမှလဲ မဘု ဖူး hee hee

ဝင်ရဲတဲ့သူက သူများထက် ပိုသာသွားပါတယ် ဘေးမဖြစ်အောင် ၀င်ကြည့်ရတာပါပဲ

မှတ်သားထိုက်ပါတယ်ဗျား

ကျေးဇူးတင်ပါတယ်

အရေးကြီးအချက်အလက်တွေကို မြင်သာအောင်ပြပေးတာ ကျေးဇူးပါဗျာ

ကျွန်တော်လည်း ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64573.45
ETH 3441.06
USDT 1.00
SBD 2.51