Life And Achieve

in #myanmar6 years ago (edited)

IMG_20180517_160532.jpg

ဘဝ ဟူသည် သင်စိတ်ကူးပုံဖော်သည့်အတိုင်း ပုံပေါ်လာမြဲပင် ဖြစ်သည်။ မိမိဘဝသည် မိမိသာပိုင်သညိ။ မည်သူမှ စိုးပိုင်ထားမရပေ..။ တချို့က ထင်ကြသည်။ မိမိကိုယ်ကို မပိုင် သူများကြိုးဆွဲရာ ကနေရသည် ဟုထင်ကြသည်။ ထိုအမြင် မြင်နေပါက သင်အမှားကြီး မှားနေပြီပင်ဖြစ်သည်။ ဘဝကြီးက သင်လိုတာကိုသာပေးမည်ဖြစ်သည်။ သူလိုကိုယ်လိုဘဝကို လိုချငိပါသလား ဘဝက သူလိုကိုယ်လို ဖြစ်စေလိမ့်မည်။ စိတိမချမ်းသာ ၊ မပျော်ရွှင်စရာများကို လက်ခံမည်ဆိုပါက သင်မပျော်ရွှင် စိတ်မချမ်းသာမူ့သာ ရလိမ့်မည်။ ငွေကြေးအဆင်မပြေမူ့အား လက်ခံပါကလည်း ဘဝက သင်အား ကြပ်တည်းမူ့များပေးပါလိမ့်မည်။

1953_5.png
Crd-org-source

အကယ်၍ သင်သာ ထိုအကြောင်းအရာများ ငြင်းဆန်ပါက ဘဝက သင့်အား အတင်းအကြပ်လာပေးလို့ရမည် မဟုတ်ပါ။ ဘဝထံမှ သင်အလိုရှိရာ တောင်းယူနိုင်ပါသည်။ သင် အောင်မြင်မူ့ ပြည့်စုံမူ့ ကိုတောင်းဆိုပါကလည်း မုချရပါလိမ့်မည်။ မိမိလိုချင်သောအရာအတွက် လေ့လာ အားစိုက်မူ့တော့ ပေးရမည်။ စိတ်မချမ်းသာစရာများအား မေ့၍ စိတ်ချမ်းသာစရာများသာ တွေးသင့်ပေသည်။ ရိုးရိုးကျင့်၍ မြင့်မြင့်ကြံနိုင်ကြရမည်။ သူလိုကိုယ်လိုဘဝသာ ပျော်မွေ့သူက သူလိုကိုယ်လိုသာဖြစ်နေလိမ့်မည်။ အများတကာထက် အောင်မြင်လိုပါက ထိုက်တန်သော အရာများ ပေးဆပ်ရမည်သာပင်။ မည်သည့်အရာမျှ မပေးပဲ ဘာမျှမရနိင်ြပါချေ။

enQcJ8d9_400x400.jpg

Crd-org-source
ဥပမာ အနေဖြင့် ကျွန်းတုံးသည် တန်ဖိုးရှိမှန်း လူတိုင်းသိသည်။ ထိုကျွန်းဖြင့် ဘာလုပ်နိုင်ပါသလဲ?
ကုတင် ၊ဗီရို ၊ စားပွဲခုံ ၊ ဘုရားစင် နှင့် ရာဇပလ္လင် ထိ လုပ်ရပေသည်။ ထို့ပြင် ၎င်းကျွန်းတုံးကို နွားစာခွက်လည်း လုပ်ရသည်မဟုတ်ပါလား.။ ၎င်းအပြင် ထင်းအဖြစ် စိုက်၍လည်းရနေပြန်သည်..။ ထိုကဲ့သို့ အဖိုးတန် ကျွန်းသစ်ကို မည်သို့ ပြုလုပ်ချင်သည်က သင့်အပေါ်၌ မူတည်ပါသည်။ ထို့အတူ လူရယ်ဟူ၍ ဖြစ်တည်လာခြင်းသည်လည်း တန်ဖိုးရှိနေသည်ပင်။ ထို့ကြောင့် ကျွန်းချင်းအတူတူ ထင်းဖြစ်ရသူနှင့် ရာဇပလ္လင် ဖြစ်ရသကဲ့သို့ပင် လူချင်းအတူတူ နိမ့်ကျနေသူများနှင့် အောင်မြင်မူ့ထိပ်တွင် ရပ်တည်နေကြသူများလည်း ရှိလေသည်။

pressure-treated-4220254-64_1000.jpg
Crd-org-source

သင်ရော ကျွနုပ်ရော ဘာဖြစ်ချင်ပါသလဲ..။ မိမိပေါ်တွင်သာ မူတည်ပါသည်။ ကျွန်းတုံးသည် သက်မဲ့ဖြစ်၍ သူ့ဘဝသူ မဖန်တီးနိုင်ပါ..။ ကျွနုပ်တို့သည် သက်ရှိဖြစ်နေပြီး စဉ်းစားတွေးတောနိုင်သော ဦးဏှောက် ပါခြင်းကြောင့် မိမိကိုယ့်ကို ပုံဖော်၍ မိမိအနာဂတ်ကို မှန်းမျှော်နိုင်သည် မဟုတ်ပါလား..။ လူတိုင်း၌ အရည်ချင်းကိုယ်စီရှိသည့် အားလျော်စွာ ထိုအရည်အချင်းကို အသုံးချပြီး မိမိဘဝကို စိတ်တိုင်းကျ တည်ဆောက်ခွင့်ရှိသည် မဟုတ်ပါလား..။ အောင်မြင်မူ့တိုင်းသည် အောင်မြင်စေသည့် စိတ်ဓာက် တွန်းအားများပါလေသည်။ မိမိအောင်မြင်ချင်သောကိစ္စ ဖြစ်မြောက်စေရန် မည်မျှအားထုတ်ရမည်နှင့် မည်သည့်အရာကိုစွန့်လွတ်ရသည်ဖြစ်စေ အခက်အခဲများစွာ ရင်ဆိုင်ရသည်ဖြစ်စေ ဘာဖြစ်ဖြစ် လာထားဟူသော စိတ်ဓာက် ခိုင်မာလာသည်။ ထက်သန်မူ့စိတ်ကို မည်သည့်အရာကမျှ မတားဆီးနိုင်ပေ။

images (20).jpeg

Crd-org-source
မိမိပန်းတိုင်အား တားဆီးသည်မှန်သမျှ ထိုးဖောက်ကာ အောင်မြင်မူ့ အရယူနိုင်သည်။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ထက်သန်စိတ်က အရေးကြီးသည်။ ယနေ့ အောင်မြင်သူများ ကြည့်ပါက မလျော့သော ဇွဲ လုံ့လနှင့် ထိပ်တန်းရောက်အောင် ကြိုးစားခဲ့ကြသည်ပင်။ ယင်း အောင်မြင်မူ့သည် ထိပ်တန်းပုဂ္ဂိုလ်များအတွက် သီးသန့်မဟုတ်ပါချေ။ သင်ရော ကျွနုပ်ရော လူတိုင်းတန်းတူ ယူခွင့်ရသော အခွင့်အရေးပင် ဖြစ်လေသည်။ ကျွနုပ်တို့ မည်သည့်အရာ အာင်မြင်ချင်သနည်း။ ဘာမဆို ဖြစ်လာနိုင်ခွင့် ရှိပါသည်။ အရေးကြီးသည်က အထက်တွင် ပြောခဲ့သည့် ရည်မှန်းချက်အပေါ်ထားသည့် ထက်သန်စိတ်နှင့် ဇွဲလုံ့လပင် ဖြစ်သည်။ ပထမအနေနှင့် မိမိတို့ ဘာလိုချင်သည်ကို အတိအကျ သိရမည်။ ဒုတိယ အနေဖြင့် ထို့အတွက် မည်သို့ဆောင်ရွက်ရမည်ကို စနစ်တကျ လုပ်ရမည်။ တတိယအနေဖြင့် ထိုဆောင်ရွက်ရမည်ကို မည်သို့ အခက်ခဲရှိပါစေ ရည်မှန်းချက်ပန်းတိုင်သို့ မလျော့သော ဇွဲလုံ့လနှင့် အရောက်သွားနိုင်ရန် ကြိုးစားရမည်။ ထိုသို့ဆိုလျှင် မိမိလိုချင်သည့် အောင်မြင်မူ့ ရမှာ သေချာပေသည်။ ယခုအခါ steemit တွင် မယ်ကြည်တို့သည် သူလိုကိုယ်လို ငါးလေးများပင် ဖြစ်ချေသည်။ ငါးလေးကနေ minow ဖြစ်အောင် ကြိုးစားကြရမည်။ targetတွက် လိုအပ်သော ထက်သန်မူ့တော့ ထားရှိကြရမည် ဇွဲလုံ့လလေး ထားရှိကြရမည် ဟု ဆန္ဒ ပြုရင်း နိဂုံးချုပ်ပါ၏။

download (4).jpeg
Crd-org-source

Author @kyi
MSC 050

Sort:  

စာဖတ်ရတာလည်း ဗဟုသုတရတယ်
မမ kyi ကလဲ လှတယ်

သက် အားပေးတော့ ပျော်ပီလေ love u 😍😍

Exclusive PROMO

Get 20 upvotes and 10 followers only for join the site.
The 20 upvotes worth 1SBD so why wait get it quickly before the campaign over.
CLICK HERE TO JOIN

Join ပု😏😏

အာ့ဒါကဂျင်းလား??ကြည်​☺☺

Acc pass သူခိုးတွေ😊

စိတ်​ခွန်​အားဖြစ်​​စေမဲ့စာ​ပေ​တွေဖတ်​ရလို့​ကျေးဇူးပါ...အဓိကက​တော့စိတ်​အားထက်​သန်​မှုဘဲ​လေ😍😍

Yes စိတ်အားထက်သန်စွာနဲ့ msc နဲ့အတူ ရှေ့ဆက်မယ်

ဟုတ်တယ်မမရေ သစ်သားချင်းအတူတူ ထင်းလုပ်ပြီး မီးဆိုက်မလား ဘုရားထုပြီး ရှိခိုးမလား ကိုယ်တိုင် ကြိုးစားဖို့လိုတယ်😂😂

Yes ဟုတ်ပါ့ ခုလို အားပေးတာ ကျေးဇူးပါလို့😊

အခုလိုအချိန်‌မှာ ခွန်‌အားဖြည့်‌စာ‌ပေ‌တွေ ဖတ်‌ရတာ အားဖြစ်‌‌စေပါတယ်‌။

ဟုတ်တယ်ဆရာ အတူတူ ရှေ့ဆက်ကြမယ် MSC နဲ့အတူတူ😊

မမ ဝပြီးလှလာတယ်😃

😂😂

😂😂😂

အမှန်ပါဘဲမမ ရာဇပလ္လင်ကဲ့သို့သော ကျွန်းတုံးဖြစ်အောင် ကြိုးစားရမှာပါ

ဟုကဲ့ တူတူကြိုးစားကြမွယ်နော်

မမရော ပါမယ်လေ😊😊အတူတူလိုက်မယ်

ဘယ်ဆိုးလို့လဲ
ဒသာနစာပေတွေလည်းရေးတတ်တာပဲ

ဒသနလား ဘာလား မသိပါဘူးဗျာ ဒီလိုပဲ ရေကြည့်တာပါလို့😊

ကိုယ့်ဘဝကိုယ် ကိုယ်သာဖန်တီးရမှာပါ

Yes..မိမိကိုယ်သာ ကိုးကွယ်ရာဖဲ😊

မမရေ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နဲ့ ကြိုးစားလုပ်ကိုင်ရင်း အောင်မြင်သောအနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးရမယ်လို့ ရေးထားတာ ခွန်အားဖြစ်စေပါတယ်။မှတ်သားလိုက်နာပါ့မယ်ခင်ဗျာ

အတူတူ လိုက်နာ ကြမယ်လေ we are G3😊

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61940.19
ETH 2433.78
USDT 1.00
SBD 2.50