ဖျာပုံမြို့ဝတ်ကြွေးကြေ ဆုတောင်းပြည့် သာစည်ဘုရားကြီး ၏တန်ခိုးတော်

in #myanmar6 years ago (edited)

ဧရာဝတီတိုင်းတွင်နာဂစ်မုန်တိုင်း တိုက်ခတ်မည်ဟု သတင်း၍ ရေး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မော်လမြိုင်၊ ရခိုင်ဒေသ ငါးဖမ်းစက်လှေ များသည် မုန်တိုင်းဘေးမှလွတ်ရန် နီးစပ်ရာမြို့များသိုဝင်ရောက်ဆိုက်ကပ်ရာ ဖျာပုံမြစ်အတွင်းအချို့စက်လှေများ ဆိုက်ကပ်ခဲ့သည်။ ဖျာပုံမြစ်တန်းတလျှောက် မုန်တိုင်းဒါဏ်ခိုလှုံသော စက်လှေအစီးရေ ၃၀ ကျော်မှာ သာစည်ဘုရားကြီး၏ ပရဝုဏ်မြစ်ကမ်းရှေ့တွင် ကျောက်ချ ရပ်နားနေခဲ့သည်။ မုန်တိုင်းတိုက်နေချိန်တွင်သာစည်ဘုရားကြီးအားစုတောင်းမှူ့များပြုလုပ်၍မီး ဆလိုက်ကြီးများဖြင့် ထိုးကာ မီးပူဇော်ကြသည်။ ဘုရားကြီးမှ သစ်မိုးများ ကျွန်းလုံးတိုင်များပြိုကျ သော်လည်း ဘုရားကြီးအား ကျားကန်ပေးထားသကဲ့သို့ ပြိုလဲကခြင်းမရှိပဲ ဘုရားကြီးသည် အလွန်ထူးခြားသော ရောင်စဉ်များထွက်သည် စက်လှေသမားများဖူးမျှော်တွေ့ရှိရပြီး ထိုစက်လှေ အစီးသုံးဆယ်ကျော်မှာ ဘေးမသီရန်မခပဲ အသက်ချမ်းသာရခဲ့ကြသည် နံနက်တွင် ဘုရားရင်ပြင်တော်ရှိ အမှိုက်များရှင်းနိုင် သလောက်လူအားဖြင့် ရှင်းကြပြီး ဘုရားကြီး၏ တန်ခိုးတော်ကို ပိုမိုယုံကြည် လာကြသည်။
ဘုရားကြီး၏ဝတ်ကြွေးကြေ ဆုတောင်းပြည့်ဘုရားဆိုသည်မှာ အကြောင်းရင်းရှိသည် ထိုဘုရားကြီး ၏ယခုအခါ ပိုမိုစည်ပင်အောင် လုပ်နေသော ဆရာတော်ဖြစ်သည် အကြောင်းမှာဒီကစသည် မြန်မာနိုင်ငံ မှ ပြည်တွင်းပြည်ပ ဗုဒ္ဓသာသနာပြု အရှင်ဒေါက်တာကောဝိဒ သည် ပြည်ပသာသနာပြုခရီးအဖြစ် အမေရိကန်နိုင်ငံကိုကြွစဉ် တရားပွဲ ဖိတ်၍ ကယ်လီဖိုးနီးယားပြည်နယ် အသွားတွင်ဦးနှောက်သွေးကြောပေါက်၍ ဆေးရုံတင်ခဲ့ရသည် ထိုချိန်တွင်တရားကိုသာမှုတ်ရှု့ပွားများနေခဲ့သည်။ ရောဂါဝေသနာကြောင့်သတိလစ်သလို ဖြစ်သွားပြီး ရေပြင်ကျယ်တစ်ခုတွင် လှေတစ်စင်းနှင့် လှေထိုးသားနှစ်ယောက်သည် ဆရာတော်ထိုင်နေသောလှေကိုမည်သည့်အရပ်သို့လျှော်ခပ်နေမှန်းမသိ လှော်ခက်နေသည် ဆရာတော်က သူတို့ ဘယ်ကိုလှော်ခတ်နေကြတာလဲဟုမိန့်ကြားရာ...
''အရှင်ဘုရားကို ရောဂါပျောက် မယ့်ဆီကို ခေါ်သွားတာပါ ဘုရား'' ဟု ပြောပြီးသိပ်မကြာသောအချိန်တွင် မြစ်ဘက်ကိုမျက်နှာမူလျက် တည်ရှိနေသော ဘုရားကြီးကိုဖူးမျှော်ခွင်ရလေသည်...ထိုအခါဆရာတော်က ဒီဘုရားက ဘာဘုရားလဲဟုမေးရာ ဝတ်ကြွေးပြေဘုရားပါ ဟုလျှောက်တင်ပြီး ကံနာဝတ်နာတို့ကို ဖြတ်ပေးတဲ့ ဝဋ်ကြွေးပြေဘုရား ကြီးမို့ ဆုတောင်း ရင်ပြည့်တယ်ဘုရား ဟုလျောက်တင်လေသည်... ဒါကြောင့် အရှင်ဘုရားကိုခေါ်လာတာ ပါဘုရားဟု ထပ်၍ လျောက်တင်လေသည်။ ဆရာတော်က ဘုရားကြီးကို စူးစူးနစ်နစ်အာရုံယူ ဖူးလိုက်ပြီးနောက် ''ဘုရားကြီးက သပ္ပါယ်သလောက် အမိုးတွေက ဘာလို့မမိုးသနည်းဟုမေးရာ လှေထိုးသားများက ''နာဂစ်မုန်တိုင်း တိုက်ခတ်လို့ အမိုးတန်ဆောင်း တွေဆိုတာ ရစရာမရှိအောင် ဖျက်စီး သွားပါပြီဘုရား''
ဒာဆိုဘုရားကြီး ပြုပြင်ရမှာပေါ့ဟု ပြောပြီး ဆရာတော်သတိပြန်ရ လာလေသည်။
နောက်နာရီပိုင်းတွင်သေမည်ဟုခန့်မှန်းထားသောဆရာတော်ဘုရားသည် နိုးထလာခဲ့သည် ကိုဆရာဝန်များမှမယုံကြည်နိုင်အောင် အံ့သြနေကြသည် ဆရာဝန်များရောဂါပြန်စစ်ဆေးကြည့်ရာ ဦးနှောက်၌ သွေးခဲမှူ့မှာ အကုန်ပျောက်သွားပြီး မည်သည့်ရောဂါမှမရှိတော့ကြောင်းတွေ့ရသည်...ထိုအခုဆရာတော့ဘုရားက သူ၏တပြည့်များအား အင်တာနက်ပေါ်ကနေ နာဂစ်တိုက်သောဒေသများ ၏ ဘုရားပုံတော်များ ရှာခိုင်း၍ပြခိုင်းလေသည်...နာဂစ်တိုက်တုန်းအချိန်ကပင် ဆရာတော်ကိုတိုင် ဖျာပုံမြို့ကို ဆင်း၍လှူတန်းမှူ့များပြုလုပ်ခဲ့ပြီး ဘုရားကြီးကိုမတွေ့ ခဲ့ပေ...ထိုနောက်သူ၏ တပည့်များကြိုးပန်းမှူ့ကြောင့် ဘုရားကြီးကိုတွေ့လေသည်။ ဆရာဘုရားက ဘယ်အရပ်မှာရှိသနည်း ဟုမေးရာ...
''ဖျာပုံမြို့က သာစည်ဘုရာကြီးပာ ဘုရားဟုပြန်လည် လျှောက်တင်ခဲ့သည်...ထိုနောက်ဖျာပုံတွင်ဟုတ်မဟုတ် ဖုန်းဆက်မေးမြန်းရာ့် ဖျာပုံမြို့မှ ပြည် လုံးချမ်းသာ သာစည်ဘုရားကြီးမှန်း သေချာသွားပြီဖြစ်၍ ဆရာတော် ကိုယ်တိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့သို့ ကြွရောက်ပြီး လျှင် ပြည်လုံးချမ်းသာ သာစည်ဘုရား ၏တန်ဆောင်း များအမိုးများအတွက်သိန်းနှစ်ရာ မတည်ခဲ့ပြီး...ဘုရားကြီးရေတိုက်စားမှူ့မှကာကွယ်ရန် ဘိုးပိုင်များ အတွက်မတည်ငွေများ လှူတန်းခဲ့သည်။ ယခုအခါ ဖျာပုံမြို့ရှိ ဆုတောင်းပြည့် ပြည်လုံးချမ်းသာ သာစည်ဘုရားကြီးအား ရပ်နီး ရပ်ဝေးမှ ဘုရားဖူးများဖြင့် နေ့ညမစဲ စည်ကား လျက်ရှိပြီး တစ်ကယ်ပင် ဆုတောင်းပြည့် သော ဘုရားကြီးဖြစ်သည်။ image
KKA
HFS:B

Sort:  

Congratulations @kyawkyawaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

This post has received a 1.95 % upvote from @boomerang thanks to: @kyawkyawaung

@boomerang distributes 100% of the SBD and up to 80% of the Curation Rewards to STEEM POWER Delegators. If you want to bid for votes or want to delegate SP please read the @boomerang whitepaper.

Thank ....You

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63432.48
ETH 3063.80
USDT 1.00
SBD 3.81