ပန်းကြိုက်တဲ့ မိန်းကလေး

in #myanmar7 years ago

mi 0.jpg
Images Credit - Original Source
သင်္ကြန်ပြီးသွားတော့လည်း အပူရှိန်ကပြင်းလိုက်တာ ညကမိုးဖြောက်စိကလေးရွာလိုက်လို့ ပိုပူတာလားမသိဘူး။ နေမရထိုင်မရလောက်အောင်ပါပဲ။ ပူလွန်လို့ပန်ကာလေးဖွင့်ပြန်တော့ ထွက်လာတဲ့လေက လေပူတွေ။
"သြော်….အပူ…အပူ"၊ လူဘ၀ရလာတဲ့ခဏ အပူတွေကများလိုက်တာ။ တချို့က လိုချင်တာမရလို့ပူကြ၊ တချို့က လင်သေ သားသေ ဆွေမျိုးညီအစ်ကိုမောင်နှမတွေ သေကြေပျက်စီးလို့ ပူကြ ဆွေးကြ၊ တချို့က ချစ်သူနဲ့အဆင်မပြေလို့ ပူကြ ဆွေးကြ ငိုကြွေးကြနဲ့ ပြေပြလို့မကုန်နိုင်တဲ့ အပူတွေ။
ကိုယ်တွေ ပူတာက အိမ်ထဲနေပြီး ပူနေတဲ့ အပြင်ပူလေးပဲရှိသေးတယ်။ တချို့ဆို အပြင်ရော အတွင်းရောပူနေကြရတာ။ ပြောပြဦးမယ် ပန်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်အကြောင်း။
သူတို့က လှည်းတန်းမှာ မိကလေးတွေစုပြီး အဆောင်ငှါးနေကြတာ။ မနှစ်ကသင်္ကြန်ကို ပြင်ဦးလွင်သွားပြီး ပျော်ကြ ကဲကြ နွဲကြတယ်ပေါ့။
mi 1.jpg
Images Credit - Original Source
သင်္ကြန်ပြီးလို့ပြန်လာတော့ မိစုဆိုတဲ့တစ်ယောက်က ပန်အိုးလှလှလေး သေးသေးလေး အပင်ပေါက်လေး ၀ယ်လာခဲ့တယ်။ အဲဒါလေးကို သူ့ခမျာမှာ တယုတယ အမြတ်တနိုးထားလွန်းလို့ အပြန်ကားပေါ်မှာ အိပ်ငိုက်တာတောင် ဂရုမစိုက်နိုင်ပဲ အဲဒီပန်းအိုးလေးကို ရင်မှာပွေ့ပိုက်ပြီးတော့ သယ်လာခဲ့ရရှာတာ။ အဆောင်ကို ပြန်ရောက်လို့ နေရာလေးချ ပန်းအိုးလေးကို လေးလေားဘာလေးဖျန်းပြီး ထားလိုက်တယ်။
mi 11.jpg
Images Credit - Original Source
နောက်တစ်နေ့ မနက်စောစောအိပ်ရာထပြီး မျက်နှာမသစ်သေးခင်လေး ပန်းအိုးလေးကိုကြည့်လိုက်တော့ သူ့ပန်းအိုးထဲက ပန်းပင်လေး အရွက်အသစ်ကလေးထွက်နေတာကိုတွေ့ရတော့ သူခမျာ ပျော်လိုက်တာ၊ ကြည်နူးနေလိုက်တာ မျက်နှာသစ်ဖို့တောင် မေ့နေတယ်။ သူငယ်ချင်းတွေကို ပြေးခေါ်ပြ၊ မနက်စောစော သူငယ်ချင်းတွေကို ကြွားလိုက်ရလို့ ကျေနပ်နေတဲ့ အပြုံးလေးတွေနဲ့ အပျော်လွန်ပြီး မနက်စာ သူငယ်ချင်းတွေကို မုန့်ဟင်းခါးလိုက်ကြွေး သူ့အတွက် မင်္ဂလာရှိသော နံနက်ခင်းပေါ့။
mi 2.jpg
Images Credit - Original Source
ဒီလိုနဲ့ နေ့စဉ် မနက်စေစော သူ့ပန်းပင်လေး ရွက်နုကလေးထွက်လာတာကို သူငယ်ချင်းတွေကို ကြွားပြီးခေါ်ပြ၊ ပီတိဖြစ်စွာနဲ့ နာရီဝက်လောက်ထိုင်ကြည့်ပြီး ကြည်နူးနေတတ်တယ်။
တစ်ရက်နှစ်ရက်ကြာတော့ သူငယ်ချင်းတွေက သူကိုပြောရော။ "မိစု…နင်ကလဲဟယ် ဘာမှတန်ဖိုးမရှိတဲ့ အပင်သေးသေးလေးကို ဖြစ်နေလိုက်တာ၊ ကဲကိုကဲတယ်၊ ငါတို့လဲပန်းကြိုက်ပါတယ်။ ဒါပေမေ့ နင်ဟာက ခုမှအရွက်နှခွ ထွက်ခါစပဲရှိသေးတယ်၊ နောက်နေ့တွေ ငါတို့ကိုခေါ်မပြနဲ့အေ၊ အိပ်ရေးပျက်တယ်။ ပန်းပွင့်မှပြ ဟုတ်ပီလား"။
ဘာမှတန်ဖိုးမရှိတဲ့ ဒီပန်းပင်သေးသေလေးကို ဒီလောက်တောင် အဖြစ်သေးနေရ ကဲနေရကောင်းလားလို့ သူငယ်ချင်းတွေက စမိ ပြောမိလို့ နှစ်ပေါင်းများစွာ ရင်းနှီးခင်မင်လာခဲ့တဲ့ အဲဒီသူငယ်ချင်းတွေကိုတောင် ကတ်ကတ်လန် ရန်တွေ့လိုက်တာ မိတ်ပျက် ဆွေပျက် မခေါ်နိုင် မပြောနိုင်လောက်အောင် ဖြစ်ကြရောဗျာ။
တစ်နေ့မှာတော့ မိစုဟာ သူမြတ်နိုးတဲ့ အဲဒီပန်းပင်ကလေးကို ရွက်သစ်ကလေးတွေ ဘယ်နေရာကနေ အသစ်ထွက်လာမလဲလို့ မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်ကြည့်နေတုန်းမှာပဲ ကြောင်တစ်ကောင်က ရုတ်တရက်ပြေးလာရင်း ပန်းအိုးကို ၀င်တိုက်လိုက်မိလို့ ပန်းအိုးကျကွဲ ပန်းပင်လေးပါ သေပွဲဝင်သွားရပါတော့တယ်။
အဲဒီတော့မှ သူ့ခမျာ ပူဆွေးသောကတွေဖြစ် လူတစ်ယောက်သေသလောက်ကို ရှိုက်ကြီးတင် ငိုလိုက်တာ သုံးလေးရက်လောက်တောင်မှ ကြာတယ်။ သူငယ်ချင်းတွေ လျှော့လဲမရ၊ ငိုလွန်းလို့ အစာမစား ရေမသောက်ပဲနေလွန်းလို့ ဆေးရုံတက်ပြီး ကုသခံယူရတဲ့အထိဖြစ်သွားတယ်။
mi 3.png
Images Credit - Original Source
သစ်ပင်ကလေးဟာ ဘာမှတန်ဖိုးမရှိသလို သစ်တစ်ပင်သေတာကြောင့် ဒီလောက်ကြီး ၀မ်းနည်းပူဆွေး ငိုကြွေးနေစရာ မလိုဘူးလို့ သူ့သူငယ်ချင်းတွေလို ဘေးကနေကြည့်ပြီး ပြောချင်ပြောကြမှာပေါ့နော်။ ကိုယ်တွေအတွက်မှာသာ ဒီသစ်ပင်လေးအပေါ်မှာ တွယ်တာမက်မောမှု မရှိလို့ ဘာမှစိတ်ထိခိုက် ခံစားရတာ မရှိပေမယ့် မိစုအတွက်တော့ တွယ်တာမက်မောတဲ့ ပမာဏနဲ့ ညီမျှတဲ့ သောကကို ခံစားရတာဟာ ဓမ္မတာပါပဲ။
လူတိုင်းဟာ သက်မဲ့ပစ္စည်းပင်ဖြစ်လင့်ကစား ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ ပစ္စည်းလေး ပြိုကွဲပျက်စီးသွားရင် အနည်းနဲ့အများ စိတ်ထိခိုက်ခံစားကြရမှာ အမှန်ပင်။
လူတွေဟာ မရသေးရင် ရအောင်ရှာရတယ်၊ ရလာပြန်တော့လည်း ရထားတာလေးတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနေရ စောက်ရှောက်နေရ ကာကွယ်နေကြရပြန်တယ်။ " မရသေးလို့ ရှာဖွယ်နေရတာဟာ ဒုက္ခတစ်ခုဖြစ်သလို ရပြီးသားတွေ မပျောက်ပျက်ရအောင် စောင့်ရှောက်နေရတာဟာလည်း ဒုက္ခတစ်ခုပါပဲ" လို့ မြတ်ဘုရားဟောထားခဲ့ပါတယ်။ "တစ်နေ့ကျရင် အားလုံးဟာ သေကြရမှာပါပဲ" လို့ ကြိုတင်တွေးထား ပြင်ဆင်ထားတဲ့ လူတစ်ယောက်အဖို့မှာတော့ အပူလောင်စာတွေကို သိပ်ရှာဖြစ်တော့မယ် မဟုတ်ပါ။
အချစ်နဲ့ သောကဟာ ညီမျှခြင်းဖြစ်ပါတယ်။ သေမှာဆိုတာကို မတွေးမိတာနဲ့ တစ်ပြိုင်နက် သက်ရှိတွေရော သက်မဲ့တွေမှာပါ အချစ်တွေ ၀င်ရောက်သွားတတ်ပါတယ်။ ချစ်ခင်တွယ်တာ တက်မက်မှုတွေ ၀င်ရောက်ပြီဆိုတော့ သောကတွေလည်း တစ်လှည်ကြီး ရရှိပါတော့တယ်။
ပန်းကြိုက်တတ်တဲ့ မိစုဟာ ဒီပန်းပင်ကလေး ရှိပြန်တော့ ဒီသစ်ပင်ကလေးကြောင့် သူ့ခမျာ သောကရောက်ရရှာတာပါ။ ဒီသစ်ပင်ကလေးဟာ အချိန်မရွေး ကြွေပျက်သွားနိုင်တယ်ဆိုတာကို ကြိုတင် တွေးထားမိခဲ့မယ်ဆိုရင်ဖြင့်……
mi 4.jpg
Images Credit - Original Source

@kyawhlaing
MSC-015

Sort:  

တွယ်တာမှုသံဃောဇဉ်တွေဟာ အပူတွေပါပဲ။

မှန်တာပေါ့ဗျာ

လောကီလူသားဆိုတော့လည်း အပူဆိုတာမကင်းနိုင်ဘူးပေါ့လေ

ဟုတ်ပါတယ် ဒါပေမယ် သတိလေးထားမိရင်တော့ သက်သာမှာပါ

သင့်တင့်လျောက်ပတ်တဲ့ နှလုံးသွင်းမထားနိုင်သေးသမျှတော့ အပြင်းထန်ခံစားနေရအုံးမှာပါပဲ ကိုချစ်ရေ

မှန်တာပေါ့ဗျာ

တချို့ကအဲလိုမျိုးခံစားမှုပြင်းတယ်

ဟုတ်တယ်

Long time no see ဆရာချစ် 😁😁😁

နိကခုထိ ပိုစ့်မတင်ဖြစ်သေးဘူးလား

တင်မှာပေါ့ ဆရာချစ်ရယ် အခုမှ တရားစခန်းက ထွက်လာခါစ့ အားမွေးနေတာ 😁😁

ဆရာချစ်နေကောင်းတယ်နော်

ကောင်းပါတယ် ကောင်းပါတယ်

မသိပါဘူး သင်္ကြန်အငွေ့အသက်တွေ ပြန်လွမ်းနေတာလားလို့ 😂😂

ပန်ြးုက်တဲ့ မိန်းခေးက ဘူလည်း ငင် 😂😂😂😂

ဟာ ဟ ပြောဘူးး အသေသတ် 😂😂

ဆရာချစ် မေးထားတာတွေ ဖြေလိုက်ရင် မ့ပြည့်ပြီ 😂😂😂

😂 ကျေးဇူးတင်ပါတယ်လိုစ့်

မှန်​တယ်​အကို​ရေ ကိုယ်​မြတ်​နိုးတန်​ဖိုးထားတဲ့ အရာတစ်​ခု ပျက်​စီးသွားခဲ့ရင်​ အရမ်းခံစားရတယ်​ဗျာ ခံစားဖူးတဲ့သူပဲ ခံစားချက်​ကို နားလည်​​ပေးနိုင်​မှာပါ..😭😭😢

ဟုတ်၊ လူသားတွေပဲဗျာ ခံစားရတာပေါ့

🌸🌻🌼👍👍👍

ကျေးဇူးပါ

ပန်းကြိုက်တဲ့ ညီမလေးရယ် ညီမလေးကိုလည်းချစ်ပါတယ် ဟီး 😁😁

ချစ်သူလိုလဲချစ်ပါတယ် ဒန် ဒန့် ဒန်

စွဲလန်းမှူ​ပေါ့ရှင်​။

အင်း စွဲလမ်းမှုရှိနေသမျှ ပူလောင်ရဦးမှာပါပဲလေ

မျှ​ဝေ​ပေးတာ​ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.19
JST 0.034
BTC 91309.99
ETH 3150.55
USDT 1.00
SBD 2.89