အတိတ်က သျှစ်သောင်းဘုရားပွဲ (၁)

in #myanmar6 years ago

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော အထင်ကရပွဲတော်တစ်ခုဖြစ်သော ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ယခုလ ၂၉ ရက်နေ့ စတင်ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဒေသအခေါ် သျှစ်သောင်းဘုရားပွဲ (သျှစ်သောင်းပွဲ) ကို နှစ်စဉ် ဘောလုံးပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရိုးရာပြိုင်လောင်းပွဲ (လှေပြိုင်ပွဲ) ညဇာတ်ပွဲ၊ ရိုးရာကပွဲများဖြင့် ၃ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်အရပ်ရပ်မှ ဒေသခံပြည်သူများနှင့် ပြည်မမှလာရောက်ကြသော ဘုရားဖူးဧည့်သည်များ နိုင်ငံခြားသား ဧည့်သည်များဖြင့် အထူးစည်ကားခဲ့ပါသည်။
ShiteThaungTemple.jpg
Images Credit - Original Source
ကျွန်တော့်ဘ၀မှာ ပထမဆုံး လူအများနှင့် ထိတွေ့ဆက်ဆံဖူးသော၊ ပထမဆုံး မိကလေးများနှင့် ရင်းနှီးခင်မင်ဖူးသော၊ ပထမဆုံး ရင်ခုန်ဖူးသော၊ ပထမဆုံး အကြီးအကျယ်ပျော်ရွှင်ဖူးသော မေ့မရနိုင်သော ပွဲတော်ကြီးတစ်ခုပင် ဖြစ်ပါတယ်။
ငယ်ငယ်က အနီးအနားပတ်ဝန်းကျင် ဆွေမျိုးများရှိရာရွာတွေကို မိဘတို့နှင့် သွားလည်ဖူးတာကလွဲ၍ ခရီးဝေးကို မသွားဖူးပါဘူး။ မြောက်ဦးဆိုတဲ့ ရှေးဟောင်းမြို့အကြောင်းကို အဖေနှင့် ရွာမှ သက်ကြီးအဖိုးအဖွားများပြောပြ၍ ခနခနကြားဖူးနေသော်လည်း ကိုယ်တိုင်သွားဖို့ကား အခွင့်မသာခဲ့ပေ။ စစ်တွေမှာ ကျောင်းတက်ရင်း သိန်းထွန်းဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ရင်းနှီးလာခဲ့တယ်။ သိန်းထွန်းက အယင်က သူ့ဆွေမျိုးတွေရှိတဲ့ မြောက်ဦးမှာနေခဲ့တယ်၊ ဒီနှစ်မှ စစ်တွေမှာကျောင်းလာတက်တာ။ နွေရာသီကျောင်းတွေပိတ်လို့ သျှစ်သောင်းဘုရားပွဲကျရင် သူနဲ့လိုက်ခဲ့ဖို့ဖိတ်ခေါ်မှုကြောင့် မြောက်ဦးကို ပထမဆုံး ရောက်ဖြစ်ခဲ့တာပါ။
ကျောင်းပိတ်လို့ ရွာပြန် မြောက်ဦးကိုလိုက်သွားဖို့ အိမ်မှာခွင့်တောင်းတော့ အိမ်ကလူတွေလဲ လိုက်ပို့ဖို့မအား ခရီးဝေးကို တစိမ်းတွေနဲ့ထည့်ပေးလိုက်ဖို့လည်း စိတ်မချနဲ့တူပါတယ်။ ပထမတော့ အဖေ အမေက ခွင့်မပြုဘူး။ ခွင့်မပြုတော့ ဆန္ဒပြတာပေါ့လေ ဟီးး။
ကျွန်တော်အသက် ၁၅-၁၆ လောက်ပဲရှိသေးတယ်။ အဲဒီတုန်းက စစ်တွေနဲ့မြောက်ဦး သွားဖို့က ရေလမ်းတစ်ခုပဲရှိတယ်လေ၊ ခုလိုကားလမ်းမရှိသေးတော့ သင်္ဘောစီးပြီးသွားရတာ။ မနက် ၇ နာရီ သဘောင်္စီးသွားတာ ညနေ ၃ နာရီလောက်မှ မြောက်ဦးကိုရောက်တာ။ တခါတခါ ရေဆန် လေဆန်တိုးရင် နေ၀င်မှရောက်တာ။

Images Credit - Original Source
အဲလိုခရီးဝေးကို အိမ်ကလူမပါဘဲ ကိုယ်သားငယ်ငယ်လေးကို ထည့်ပေးလိုက်ရမှာ ဘယ်မိဘက စိတ်ချပါ့မလဲ ဒါခုမှတွေးမိတာပါ။ အဲဒီတုန်းကတော့ သွားချင်တာတစ်ခုပဲသတိတယ်လေ။ " မသွားရရင် စစ်တွေကိုလည်း မပြန်တော့ဘူး၊ ကျောင်းလည်းမတက်တော့ဘူး" အညှာကိုင်ပြီး ဆန္ဒပြလိုက်ရော။
ကိုယ့်စိတ်ကတမျိုး စိတ်တိုရင် ဘယ်သူနဲ့မှစကားမပြောတော့ဘူး၊ ရှိတာက ညီအစ်ကိုလေးယောက်၊ ကိုယ့်ထက်ကအစ်ကိုနှစ်ယောက်နဲ့ ညီလေးတစ်ယောက်ရယ်။ အဲဒီရက်တွေတုန်းက သူတို့နဲ့လည်း မတည့်ဘူး။ အဖေ အမေနဲ့လည်း မခေါ်ဘူး။ အိမ်အလုပ်တွေလဲ မလုပ်ဘူး။ ဘယ်သူနဲ့မှစကားမပြောဘဲ စိတ်တိုပြီး အားငယ် ၀မ်းနည်းနေမိတယ်။ အဲဒီလိုနဲ့ ၃ရက်လောက်နေပြီးမှ ညနေထမင်းစားဝိုင်းမှာ အဖေကသွားခွင့်ပြုလိုက်တယ်။ ၀ိုးးး အဲဒီတုန်းက ပျော်လိုက်တယ်ဆိုတာလေ….

ဆက်လက်ရှုစားပါရန်
@kawhlaing
MSC-015

Sort:  

ရောက်ဖူးချင်လိုက်တာ

သွားလိုက်လေ Bro

လိုက်ပို့ပေးဘာ

လိုက်ပို့ပေးမှာပေါ့

ငယ်​ငယ်​တုန်းက​တော့ဒီလိုပါပဲ။

ဟုတ်တယ် ဟီး

လိုချင်တာကို မရရအောင်ပူဆာတက်တဲ့ အရွယ်

အင်း အများကြီးလဲ မပူဆာဖူးပါဘူး

ဖူးချင်တာအေ မရောက်သေး မဖူးရသေးတဲ့ဘုရားတေက ရခိုင် ကရင် ကချင်
အဲ့၃နေရာရောက်ဖူးသေးဘူးအေ သွားပီးဖူးဦးမယ်

ပွဲကျရင်သွားလိုက် တအားပျော်စရာကောင်း

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 16.59% upvote from @slimwhale courtesy of @kyawhlaing!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, sharing 100% of the bidding pool rewards, daily, proportional to your investment.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59715.05
ETH 3186.24
USDT 1.00
SBD 2.42