ဖွင့်ဆိုမိသော သီအိုရီ

in #myanmar4 years ago

blur-blurred-background-close-up-1166256.jpg

Credit Image>>>

သက်ပြင်းတွေအခါခါချ ဟန်ချက်မညီသော
ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေရသလို
ကိုယ်ကိုယ်တိုင်လည်း အခုတလော
ဟန်ချက်ပျက်နေသလိုပါပဲ ။
စာရေးဖို့ကစိတ်မပါ တွေးတောနေရခြင်း
အကြောင်းအရာတွေက ဖမ်းဆုပ်လို့မရ
တော်သေးတာပေါ့ စာဖတ်ခြင်းအားက
မပျက်မကွက်ဖြစ်နေလို့ ဒါကြောင့်လည်း
စာရေးနိုင်စွမ်းရှိလာသောအမြှော်အမြင်လေးတွေ
ရလာတယ်ဆိုပါတော့လေ …

အခုတလော ကျွန်တော်တို့ရဲ့ steemit
မိသားစုဝင်တွေ MSC နဲ့ပက်သက်ပြီး
တက်တက်ကြွကြွ လုပ်ဆောင်နေကျတာတွေ
တွေ့မြင်နေရတယ် -
MSC နှစ်ပတ်လည်များအကြောင်း ။
GP တွေပေါင်းစပ်လိုက်တဲ့အကြောင်း ။
Pro ရက်တွေ တိုးလာတဲ့အကြောင်း ။
ဒီအတွက် ကျွန်တော့်မှာ ထူးခြားတဲ့
ခံစားမှုတစ်ခုဖြစ်ပေါ်စေပါတယ် ။
ဘာလဲဆိုရင် MSC နှစ်ပတ်လည်နဲ့ ပက်သက်ပြီး
ကျွန်တော်တို့ရဲ့ ဆရာသမားတွေ
Admin အကိုအမတွေက ရှေ့ကဦးဆောင်ပြီး
တက်ကြွစွာစီစဉ်လုပ်ဆောင်နေတဲ့
ခွန်အားတွေ ပိုပြီးပြည့်ဝစေဖို့
ကောင်းမွန်သောအကြံဥာဏ်တွေ
ကောင်းမွန်သောလုပ်ဆောင်ချက်တွေနဲ့
ဝိုင်းဝန်းဖေးမကူညီရင်း
အားပေးချီးမြောက်ကျပါလို့
ကျွန်တော့်မှာ မျှော်လင့်တောင်းတမိသော
ခံစားမှုလေးဖြစ်မိပါတယ် ။

daytime-enjoyment-friendship-1116302.jpg

Credit Image>>>

အထူးသဖြင့် - steemit နဲ့ပက်သက်ပြီး
ရှေ့ကဆရာသမားတွေAdmin တွေ
ဖေါ်ဆောင်ပေးထားတဲ့ပုံရိပ်လှလှလေးတွေကို
ကျွန်တော်တို့နောက်ကလူတွေက
အဲ့ဒီပုံရိပ်တွေကိုကာကွယ်စောက်ရှောက်ရင်း
ပိုပြီးလှပလာအောင် ဝိုင်းဝန်းကြိုးစားရင်
Myanmar Steemit Community ကြီးဟာ
ဒီထက်ပိုပြီး အောင်မြင်လာလိမ့်မယ်လို့
ကျွန်တော်ယုံကြည်ပါတယ် ( အားလုံးလည်း
ယုံကြည်လိမ့်မယ်လို့မျှော်လင့်ပါတယ် ) ။

ဒီအတွက် အရေးကြီးဆုံးကတော့
Team Work ရှိကြဖို့ပါပဲ။ ဆိုလိုတာက …
( 19-6-2018 ) ည ၇:၃၀ မှာကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီး ဆရာကိုဟင်နရီအောင်ရဲ့
ဟောပြောဆွေးနွေးမှုအချိန်တွေမှာ
အားလုံးတွေ့မြင်ခဲ့ရတဲ့အတိုင်းပဲ
ကိုယ့်ရဲ့ခေါင်းဆောင်ကြီးရှေ့မှာအချင်းချင်းမတင်မကျထစ်ငေါ့မှုလေးတွေ ဖြစ်ပျက်ခဲ့ကြပါတယ်
( ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို
ကျွန်တော်မပြောဆိုလိုပါဘူး )။
ခေါင်းဆောင်က…
" ဘာများဆွေးနွေးစရာရှိကြလည်း "လို့
မေးလိုက်ရော ပြောကြပြီ( ပြောပိုင်ခွင့်ရှိပါတယ် )
သို့သော် - " ဘယ်သူက ဘယ်လိုရှိတယ်
ဘယ်သူ့ကိုပဲ Sl ထားပေးပါ ဘယ်သူနဲ့ပဲ
ဆက်သွားချင်ပါတယ် ဘယ်အုပ်စုကဘယ်လို
ခေါင်းဆောင်တွေကပြန်ထိန်းရ
အစရှိသဖြင့်ပေါ့ " နောက်ဆုံးကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီးက အမြင်မတော်တာတွေ့ရှိရင်
ပြောဆိုဆုံးမပေးဖို့ ဆရာတင်လှိုင်ဦးတို့ ဆရာမ
အန်တီရီရီဆွေတို့ကို အကူအညီတောင်းရတဲ့
အခြေအနေထိ တွေ့မြင်လိုက်ရတာ
ကျွန်တော်လုံးဝ စိတ်မကောင်းဘူးဗျာ ။
( steemit မှာ ကျွန်တော့်လိုဂူနီယာ
လူတစ်ယောက်က ဒီအကြောင်းအရာကို
ဖွင့်ပြောရတာအပြစ်မဆိုကြပါနဲ့ခင်ဗျ )
ဘာဖြစ်လို့လည်းဆိုရင်ကျွန်တော့်မှာ
ရိုးရှင်းသောအမြင်တခုရှိပါတယ် …
ကျွန်တော်တို့တွေဟာ အဖွဲ့အစည်းနဲ့
လုပ်ဆောင်နေကြရတာပါ အဖွဲ့အစည်းတခုမှာ
Team work ဆိုတာ အရမ်းအရေးကြီးပါတယ်
ဒါကို အားလုံး သိပြီး နားလည်ပြီးသားပါ ဒါပေမဲ့
လိုက်နာမှုစွမ်းအားကတော့ အမျိုးမျိုးပါပဲ
မတူညီကျပါဘူး ။ Team work ဆိုတာမျိုးမရှိရင်
ကျွန်တော်တို့ အဖွဲ့စည်းကြီး အောင်မြင်ဖို့
အတော်ခက်ပါလိမ့်မယ် ။

black-collaboration-cooperation-943630.jpg

Credit Image>>>

လူတွေမှာ ခံစားချက်မျိုးစုံစီရှိကြတယ်ဆိုတာ
နားလည်လက်ခံပါတယ် သို့သော်
ကိုယ်လုပ်လိုက်တဲ့ အပြုမူအပြောအဆိုဟာ
သိပ်အရေးကြီးပါတယ် အများအတွက်
အနှောက်ယှက်ဖြစ်စေတယ်ဆိုရင်
မကောင်းပါဘူး မကောင်းဘူးဆိုတာထက်
စည်းလုံးမှုကိုပြိုကွဲစေပါတယ် ။
ကိုယ်က စာအရေးသားတွေ
ဘယ်လောက်ပဲကောင်းကောင်း
အများအတွက်အကျိုးမဖြစ်ထွန်းဘူး
ကိုယ့်စိတ်ထားမမှန်ဘူးဆိုရင်
အရောင်မတောက်နိုင်ဘူး တန်ဖိုးမရှိပါဘူး ။

ဒီလိုပါပဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ
ဘယ်လောက်ပဲ တော်ကောင်းနေပါစေ
ကိုယ့်ရဲ့မူမမှန်ရင်တော့
ကိုယ့်ရဲ့တန်းဖိုးတွေကျဆင်းနေမှာပဲ ။
လူဆိုတာ ကိုယ့်အကျိုးအတွက်ကြည့် လုပ်
ဆောင်ကြတဲ့ အမျိုးဆိုပေမယ့်
ကိုယ့်ကျိုးထဲကနေ အများအကျိုးအတွက်
နည်းနည်းလေးပဲ ဖဲ့ပေးကြည့်လိုက်ပါ
သင်ဟာ အောင်မြင်နေတဲ့လူတစ်ယောက်
ဖြစ်နေပြီဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ။

bertram-root-bloom-bloomfield-159110.jpg

Credit Image>>>

ကျွန်တော်တို့ MyanmarSteemitCommunity
ကြီးထဲမှာ - ကိုယ့်ကျိုးထဲကနေ
အများအကျိုးအတွက် လုပ်ဆောင်ပေးနေတဲ့
လူတွေအများကြီးရှိပါတယ်
သူတို့ကို အတုယူပါ ။ လေးစားပါ ။
တန်ဖိုးထားပေးပါလို့စိတ်ကလေးတွေ မွေးမြူရင်း
Myanmar Steemit Community ကြီးရဲ့
ပုံရိပ်တွေပိုပြီးလှပလာအောင်
ကျွန်တော်တို့ ညီအကို မောင်နှမတွေ အားလုံး
Team work ကိုယ်စီနဲ့ ရှင်သန်နိုးကြားစွာ
လျှောက်လှမ်းနိုင်ကြပါစေလို့
ကျွန်တော်ဆုမွန်ကောင်းတောင်းရင်း
ကျွန်တော့်ရဲ့
ရိုးရှင်းသော အတွေးမြင်လေးတစ်ခုကို
Team work ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်မှာ
ခိုနားခွင့်ပြုပါလေ …

မှတ်ချက် = ကျွန်တော်၏အတွေးမြင်များသာ
ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

Sort:  

စာတွေတတ်ပြီး စိတ်ထား မတတ်ရင် မကောင်းပါဘူးဗျာ

ညီလေးပြောချင်တာ အဲ့ဒါပဲ ကိုကြီးစော

ကျ​နော်​​တော့အာ့ညက ​ခေါင်း​တေမူး​နေ​ရော😂

ဘာဖြစ်လို့လည်း ကိုအောင်ကြီး လက်တွေရော မတုန်ဘူးလား ထမင်းမစားရသေးတော့ပြောတာပါ

တစ်ယောက်တစ်ပေါက် လိုရင်းမရောက်ဘူးပေါ့ ညီရယ်😁😁😁

ဟုတ်တယ်ကိုဟိန်း ခေါင်းဆောင်ဆိုလိုချင်တဲ့ အ
ကြောင်းရာကို မရောက်ဘူးဗျာ

အဖွဲ့တစ်ခုဟာ Team workမရှိရင် အဆင်မပြေဘူး

ညီလေးလည်း အဲ့ဒီလို ခံယူချက်အပြည့်ဝ ရှိပါတယ်လေ ကိုမြင့်

ဟုတ်ပ ဟုတ်ပ သုံးခါဟုတ်ပ လို့ ပြောရမလိုပဲ။

နှစ်ခါလောက်တော့ လုပ်ပါကိုကြီးထွေး

အရင်ဆုံး team work. တစ်ခုနဲ့တစ်ခုကွဲပြားပုံကိုနားလည်ဖို့လိုတယ်၊ အတူတူပဲလို့မထင်နဲ့ ဥပမာ စစ်သားတွေဆို အမိန့်နာခံမှုနဲ့သွားရတာ၊ သာမန်အဖွဲ့အစည်းတွေမှာလည်းတခြားခေါင်းဆောင်မှုတွေနဲ့သွားရတာ Steemit ကျတော့ မတူတော့ဘူး။မမြင်မတွေ့ဖူးကြတဲ့ လူတွေ၊ စည်းကမ်းကိုင်ရတာမလွယ်ကူဘူး၊Pro ဆိုတဲ့ အခွင့်အရေးလေးတစ်ခုနဲ့ကိုင်ထားရတာ ဒါကလည်း ခုဆို ၃ ရက် 2$ ဆိုတာ ဘာမှမရှိတော့သလို ပဲလေ။ဒီတော့ ဂုဏ်သိက္ခာ၊ ဇွဲ၊သည်းခံမှု၊နားလည်မှု ၊ရေရှည်ကောင်းကျိုးလိုလားမှုစတာတွေနဲ့ကိုင်တွယ်ရတာ ခက်ခဲလွန်းပါတယ်၊ဒါကြောင့် SL တွေ admin တွေညည်းကြတာ ၊

ညီလေးမသိနိုင်တဲ့ ဆိုလိုခြင်းတွေ ကိုကြီးစိုး ထောက်
ပြရှင်းပြပေးတာ အရမ်းပီတိဖြစ်ရပါတယ် ကျေးဇူးလည်းတင်ရပါတယ် ကိုကြီးစိုး

တစ်ဦးနဲ့တစ်ဦး ဖေးဖေးမမနဲ့ နားလည်မှုလေးတွေထားပြီးေ၇ှ့ဆက်ကြရင်အဆင်ပြေမှာပါ

အလိုအပ်ဆုံး မျှော်လင့်တောင်းတမှုတွေပေါ့ အကို
ကြီးသားပေါက်

ကျနော်ရောဘဲမူးတာ စာတွေမှီအောင်လိုက်ဖတ်ရတာလေ 😁

အတူတူပေါ့ ညီလေးရာ

ကိုယ်​ပါမူးသွားတယ်​ကွယ်​အဲဒီ​နေ့ညက​လေ😌😌

ဟုတ်တယ်မအိ ကျွန်တော်ဆို အတော်စိတ်မကောင်း
ဖြစ်မိပါတယ်

team work is require everywhere

အတူတူရှေ့ဆက်ကြတာပေါ့ဗျာ

နောက်​ဆုံး 4ပိုဒ်​​မြောက်​မှာ ​ရေးချသွားတာကို အကြီးကြီး ​ထောက်​ခံပါတယ်​ ကိုညီ​ရေ...

ညီလေးလည်း ကိုလင်းကို အကြီးကြီးကျေးဇူးတင်ရ
ပါသည်ခင်ဗျ

အဖွဲ့အစည်းတွေမှာ အတူတူလုပ်ကိုင်နေသူများအတွက် team work အရေးကြီးပါတယ်။

အရမ်းကို ထောက်ခံမိပါတယ် အတူတူရှေ့ဆက်ကြတာပေါ့ဗျာ

အတူတကွ လက်တွဲညီညီ လျှောက်လှမ်းကြပါစို့

ဖိုက်တင်ပေါ့ ကိုကိုမိုးဟိန်း

မျှ​ဝေ​ရေးသား​ပေးတာ ​ကျေးဇူးပါ
အားလုံး တစ်​စိတ်​တည်း တစ်​ဝမ်းတည်းရှိကြဖို့ အ​ရေးကြီးပါတယ်​။

အဲ့ဒီလိုဖြစ်လာဖို့ ကျွန်တော်အများကြီး မျှော်လင့်ပါ
တယ်

Team Workနဲ့လုပ်ရင် ဘယ်လိုအခက်အခဲမဆိုအတူတူရင်ဆိုင်ဖြေရှင်းနိုင်ကြမှာပါ

ဒါဆို ကျွန်တော်တို့အားလုံး စည်းလုံးညီညာစွာနဲ့ အတူတူ ရှေ့ဆက်ကျတာပေါ့ဗျာ

ကျန်တော်လည်း တစ်ယောက်ပါပရစေ
teamwork မှာပြောတာပါ 😁

ကြိုဆိုနေဆဲပါ ကိုကြီးစိုင်း

Congratulations @konyinyitun! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.18
TRX 0.05
JST 0.022
BTC 16987.19
ETH 1285.39
USDT 1.00
SBD 2.08