ဖွင့်ဆိုမိသော သီအိုရီ

in #myanmar6 years ago

blur-blurred-background-close-up-1166256.jpg

Credit Image>>>

သက်ပြင်းတွေအခါခါချ ဟန်ချက်မညီသော
ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေရသလို
ကိုယ်ကိုယ်တိုင်လည်း အခုတလော
ဟန်ချက်ပျက်နေသလိုပါပဲ ။
စာရေးဖို့ကစိတ်မပါ တွေးတောနေရခြင်း
အကြောင်းအရာတွေက ဖမ်းဆုပ်လို့မရ
တော်သေးတာပေါ့ စာဖတ်ခြင်းအားက
မပျက်မကွက်ဖြစ်နေလို့ ဒါကြောင့်လည်း
စာရေးနိုင်စွမ်းရှိလာသောအမြှော်အမြင်လေးတွေ
ရလာတယ်ဆိုပါတော့လေ …

အခုတလော ကျွန်တော်တို့ရဲ့ steemit
မိသားစုဝင်တွေ MSC နဲ့ပက်သက်ပြီး
တက်တက်ကြွကြွ လုပ်ဆောင်နေကျတာတွေ
တွေ့မြင်နေရတယ် -
MSC နှစ်ပတ်လည်များအကြောင်း ။
GP တွေပေါင်းစပ်လိုက်တဲ့အကြောင်း ။
Pro ရက်တွေ တိုးလာတဲ့အကြောင်း ။
ဒီအတွက် ကျွန်တော့်မှာ ထူးခြားတဲ့
ခံစားမှုတစ်ခုဖြစ်ပေါ်စေပါတယ် ။
ဘာလဲဆိုရင် MSC နှစ်ပတ်လည်နဲ့ ပက်သက်ပြီး
ကျွန်တော်တို့ရဲ့ ဆရာသမားတွေ
Admin အကိုအမတွေက ရှေ့ကဦးဆောင်ပြီး
တက်ကြွစွာစီစဉ်လုပ်ဆောင်နေတဲ့
ခွန်အားတွေ ပိုပြီးပြည့်ဝစေဖို့
ကောင်းမွန်သောအကြံဥာဏ်တွေ
ကောင်းမွန်သောလုပ်ဆောင်ချက်တွေနဲ့
ဝိုင်းဝန်းဖေးမကူညီရင်း
အားပေးချီးမြောက်ကျပါလို့
ကျွန်တော့်မှာ မျှော်လင့်တောင်းတမိသော
ခံစားမှုလေးဖြစ်မိပါတယ် ။

daytime-enjoyment-friendship-1116302.jpg

Credit Image>>>

အထူးသဖြင့် - steemit နဲ့ပက်သက်ပြီး
ရှေ့ကဆရာသမားတွေAdmin တွေ
ဖေါ်ဆောင်ပေးထားတဲ့ပုံရိပ်လှလှလေးတွေကို
ကျွန်တော်တို့နောက်ကလူတွေက
အဲ့ဒီပုံရိပ်တွေကိုကာကွယ်စောက်ရှောက်ရင်း
ပိုပြီးလှပလာအောင် ဝိုင်းဝန်းကြိုးစားရင်
Myanmar Steemit Community ကြီးဟာ
ဒီထက်ပိုပြီး အောင်မြင်လာလိမ့်မယ်လို့
ကျွန်တော်ယုံကြည်ပါတယ် ( အားလုံးလည်း
ယုံကြည်လိမ့်မယ်လို့မျှော်လင့်ပါတယ် ) ။

ဒီအတွက် အရေးကြီးဆုံးကတော့
Team Work ရှိကြဖို့ပါပဲ။ ဆိုလိုတာက …
( 19-6-2018 ) ည ၇:၃၀ မှာကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီး ဆရာကိုဟင်နရီအောင်ရဲ့
ဟောပြောဆွေးနွေးမှုအချိန်တွေမှာ
အားလုံးတွေ့မြင်ခဲ့ရတဲ့အတိုင်းပဲ
ကိုယ့်ရဲ့ခေါင်းဆောင်ကြီးရှေ့မှာအချင်းချင်းမတင်မကျထစ်ငေါ့မှုလေးတွေ ဖြစ်ပျက်ခဲ့ကြပါတယ်
( ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို
ကျွန်တော်မပြောဆိုလိုပါဘူး )။
ခေါင်းဆောင်က…
" ဘာများဆွေးနွေးစရာရှိကြလည်း "လို့
မေးလိုက်ရော ပြောကြပြီ( ပြောပိုင်ခွင့်ရှိပါတယ် )
သို့သော် - " ဘယ်သူက ဘယ်လိုရှိတယ်
ဘယ်သူ့ကိုပဲ Sl ထားပေးပါ ဘယ်သူနဲ့ပဲ
ဆက်သွားချင်ပါတယ် ဘယ်အုပ်စုကဘယ်လို
ခေါင်းဆောင်တွေကပြန်ထိန်းရ
အစရှိသဖြင့်ပေါ့ " နောက်ဆုံးကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီးက အမြင်မတော်တာတွေ့ရှိရင်
ပြောဆိုဆုံးမပေးဖို့ ဆရာတင်လှိုင်ဦးတို့ ဆရာမ
အန်တီရီရီဆွေတို့ကို အကူအညီတောင်းရတဲ့
အခြေအနေထိ တွေ့မြင်လိုက်ရတာ
ကျွန်တော်လုံးဝ စိတ်မကောင်းဘူးဗျာ ။
( steemit မှာ ကျွန်တော့်လိုဂူနီယာ
လူတစ်ယောက်က ဒီအကြောင်းအရာကို
ဖွင့်ပြောရတာအပြစ်မဆိုကြပါနဲ့ခင်ဗျ )
ဘာဖြစ်လို့လည်းဆိုရင်ကျွန်တော့်မှာ
ရိုးရှင်းသောအမြင်တခုရှိပါတယ် …
ကျွန်တော်တို့တွေဟာ အဖွဲ့အစည်းနဲ့
လုပ်ဆောင်နေကြရတာပါ အဖွဲ့အစည်းတခုမှာ
Team work ဆိုတာ အရမ်းအရေးကြီးပါတယ်
ဒါကို အားလုံး သိပြီး နားလည်ပြီးသားပါ ဒါပေမဲ့
လိုက်နာမှုစွမ်းအားကတော့ အမျိုးမျိုးပါပဲ
မတူညီကျပါဘူး ။ Team work ဆိုတာမျိုးမရှိရင်
ကျွန်တော်တို့ အဖွဲ့စည်းကြီး အောင်မြင်ဖို့
အတော်ခက်ပါလိမ့်မယ် ။

black-collaboration-cooperation-943630.jpg

Credit Image>>>

လူတွေမှာ ခံစားချက်မျိုးစုံစီရှိကြတယ်ဆိုတာ
နားလည်လက်ခံပါတယ် သို့သော်
ကိုယ်လုပ်လိုက်တဲ့ အပြုမူအပြောအဆိုဟာ
သိပ်အရေးကြီးပါတယ် အများအတွက်
အနှောက်ယှက်ဖြစ်စေတယ်ဆိုရင်
မကောင်းပါဘူး မကောင်းဘူးဆိုတာထက်
စည်းလုံးမှုကိုပြိုကွဲစေပါတယ် ။
ကိုယ်က စာအရေးသားတွေ
ဘယ်လောက်ပဲကောင်းကောင်း
အများအတွက်အကျိုးမဖြစ်ထွန်းဘူး
ကိုယ့်စိတ်ထားမမှန်ဘူးဆိုရင်
အရောင်မတောက်နိုင်ဘူး တန်ဖိုးမရှိပါဘူး ။

ဒီလိုပါပဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ
ဘယ်လောက်ပဲ တော်ကောင်းနေပါစေ
ကိုယ့်ရဲ့မူမမှန်ရင်တော့
ကိုယ့်ရဲ့တန်းဖိုးတွေကျဆင်းနေမှာပဲ ။
လူဆိုတာ ကိုယ့်အကျိုးအတွက်ကြည့် လုပ်
ဆောင်ကြတဲ့ အမျိုးဆိုပေမယ့်
ကိုယ့်ကျိုးထဲကနေ အများအကျိုးအတွက်
နည်းနည်းလေးပဲ ဖဲ့ပေးကြည့်လိုက်ပါ
သင်ဟာ အောင်မြင်နေတဲ့လူတစ်ယောက်
ဖြစ်နေပြီဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ။

bertram-root-bloom-bloomfield-159110.jpg

Credit Image>>>

ကျွန်တော်တို့ MyanmarSteemitCommunity
ကြီးထဲမှာ - ကိုယ့်ကျိုးထဲကနေ
အများအကျိုးအတွက် လုပ်ဆောင်ပေးနေတဲ့
လူတွေအများကြီးရှိပါတယ်
သူတို့ကို အတုယူပါ ။ လေးစားပါ ။
တန်ဖိုးထားပေးပါလို့စိတ်ကလေးတွေ မွေးမြူရင်း
Myanmar Steemit Community ကြီးရဲ့
ပုံရိပ်တွေပိုပြီးလှပလာအောင်
ကျွန်တော်တို့ ညီအကို မောင်နှမတွေ အားလုံး
Team work ကိုယ်စီနဲ့ ရှင်သန်နိုးကြားစွာ
လျှောက်လှမ်းနိုင်ကြပါစေလို့
ကျွန်တော်ဆုမွန်ကောင်းတောင်းရင်း
ကျွန်တော့်ရဲ့
ရိုးရှင်းသော အတွေးမြင်လေးတစ်ခုကို
Team work ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်မှာ
ခိုနားခွင့်ပြုပါလေ …

မှတ်ချက် = ကျွန်တော်၏အတွေးမြင်များသာ
ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC . 259

Sort:  

စာတွေတတ်ပြီး စိတ်ထား မတတ်ရင် မကောင်းပါဘူးဗျာ

ညီလေးပြောချင်တာ အဲ့ဒါပဲ ကိုကြီးစော

ကျ​နော်​​တော့အာ့ညက ​ခေါင်း​တေမူး​နေ​ရော😂

ဘာဖြစ်လို့လည်း ကိုအောင်ကြီး လက်တွေရော မတုန်ဘူးလား ထမင်းမစားရသေးတော့ပြောတာပါ

တစ်ယောက်တစ်ပေါက် လိုရင်းမရောက်ဘူးပေါ့ ညီရယ်😁😁😁

ဟုတ်တယ်ကိုဟိန်း ခေါင်းဆောင်ဆိုလိုချင်တဲ့ အ
ကြောင်းရာကို မရောက်ဘူးဗျာ

အဖွဲ့တစ်ခုဟာ Team workမရှိရင် အဆင်မပြေဘူး

ညီလေးလည်း အဲ့ဒီလို ခံယူချက်အပြည့်ဝ ရှိပါတယ်လေ ကိုမြင့်

ဟုတ်ပ ဟုတ်ပ သုံးခါဟုတ်ပ လို့ ပြောရမလိုပဲ။

နှစ်ခါလောက်တော့ လုပ်ပါကိုကြီးထွေး

အရင်ဆုံး team work. တစ်ခုနဲ့တစ်ခုကွဲပြားပုံကိုနားလည်ဖို့လိုတယ်၊ အတူတူပဲလို့မထင်နဲ့ ဥပမာ စစ်သားတွေဆို အမိန့်နာခံမှုနဲ့သွားရတာ၊ သာမန်အဖွဲ့အစည်းတွေမှာလည်းတခြားခေါင်းဆောင်မှုတွေနဲ့သွားရတာ Steemit ကျတော့ မတူတော့ဘူး။မမြင်မတွေ့ဖူးကြတဲ့ လူတွေ၊ စည်းကမ်းကိုင်ရတာမလွယ်ကူဘူး၊Pro ဆိုတဲ့ အခွင့်အရေးလေးတစ်ခုနဲ့ကိုင်ထားရတာ ဒါကလည်း ခုဆို ၃ ရက် 2$ ဆိုတာ ဘာမှမရှိတော့သလို ပဲလေ။ဒီတော့ ဂုဏ်သိက္ခာ၊ ဇွဲ၊သည်းခံမှု၊နားလည်မှု ၊ရေရှည်ကောင်းကျိုးလိုလားမှုစတာတွေနဲ့ကိုင်တွယ်ရတာ ခက်ခဲလွန်းပါတယ်၊ဒါကြောင့် SL တွေ admin တွေညည်းကြတာ ၊

ညီလေးမသိနိုင်တဲ့ ဆိုလိုခြင်းတွေ ကိုကြီးစိုး ထောက်
ပြရှင်းပြပေးတာ အရမ်းပီတိဖြစ်ရပါတယ် ကျေးဇူးလည်းတင်ရပါတယ် ကိုကြီးစိုး

တစ်ဦးနဲ့တစ်ဦး ဖေးဖေးမမနဲ့ နားလည်မှုလေးတွေထားပြီးေ၇ှ့ဆက်ကြရင်အဆင်ပြေမှာပါ

အလိုအပ်ဆုံး မျှော်လင့်တောင်းတမှုတွေပေါ့ အကို
ကြီးသားပေါက်

ကျနော်ရောဘဲမူးတာ စာတွေမှီအောင်လိုက်ဖတ်ရတာလေ 😁

အတူတူပေါ့ ညီလေးရာ

ကိုယ်​ပါမူးသွားတယ်​ကွယ်​အဲဒီ​နေ့ညက​လေ😌😌

ဟုတ်တယ်မအိ ကျွန်တော်ဆို အတော်စိတ်မကောင်း
ဖြစ်မိပါတယ်

team work is require everywhere

အတူတူရှေ့ဆက်ကြတာပေါ့ဗျာ

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 64140.77
ETH 3133.36
USDT 1.00
SBD 4.15