💘ဆူးနှင့် ဝေး၍ ဝေး၍💘
ဆူးရယ်လေ
စူးနစ်စေပေါ့......
နင်စေရာငါမနေတက်ခဲ့တော့
ရေတွက်တက်တဲ့ အချိန်စက်တစ်ခုဖြစ်တော့တာပေါ့။
နေ့ရက်တွေအလီလီမှာ
ဆူးအတွက်သာတည်စေပါတဲ့....
ဘယ်ဆီမှာမလွဲ ရေကြည်ဟာမမြဲ နောက်ကျိတက်တဲ့သဘောမို့... စိတ်အစဉ်ဟာ အိပ်နေစဉ်ခဏမှာသာအရာရာကိုမေ့ပျောက်လို့ ကြည်လင်နိုင်ခဲ့တယ်။
ငါ စက်ရုပ်မဟုတ်ခဲ့...
ငါ နင်စေခိုင်းနိုင်သူတစ်ဦးမဟုတ်ခဲ့..
ငါ အချစ်ကိုလည်းမကိုးကွယ်ခဲ့...
ဆူးခတ်မှာ အဆိပ်တွေသာပြည့်နေတက်တဲ့သူက
အဆိပ်ကိုဖယ်ရှားဖို့မကြိုးစားခဲ့တော့
အသွားအပြန်မရှိ အမှားအမှန်မသိသူတစ်ဦးအတွက်......
ရင်နာနာနဲ့ပဲ ငါအဝေးကိုပြေးထွက်ခဲ့တယ်။
ဆူးမှာ အပြစ်ရှိသလို
အချစ်ကိုမကိုးကွယ်တက်တဲ့ ငါ့မှာလည်းအပြစ်ရှိပါတယ်။
တစ်ချိန်ချိန်မှာ ဆူးဆိုတဲ့ နင်
ပြောင်းလည်းခြင်းများစွာဖြစ်ခဲ့ရင်တော့..
ငါ့ရဲ့ခြေလှမ်းတစ်ချို့ကိုရပ်တန့်ပေးပါ့မယ်...
ငါ...နင့်ကိုခွဲခွာခဲ့တာ မချစ်လို့မဟုတ်ဘူး
နင့်ရဲ့ဘဝကို လှပအောင်မဖန်တီးနိုင်သေးတဲ့
ငါ့ကိုငါ အပြစ်ပေးခြင်းတစ်ခုပါ။
ငါ့မှာ အရည်အချင်းတွေပြည့်စုံလာတဲ့တစ်နေ့..
နင့်ကိုပြန်လာပြီးရှာဖွေပါ့မယ်။
အဲ့ဒီအချိန်မှာ ငါ့အတွက်
ကံကြမ္မာမျက်နှာသာမပေးလို့ ဝေးရရင်လည်း
ငါ့ရဲ့ကံပဲပေါ့....
မျက်လုံးကို စုံမှိတ်လို့ ဝန်းကျင်ဆိတ်နေစဉ်မှာ
အိပ်စက်မပျော် အချစ်အတွက်မျော်ခဲ့ဖူးတဲ့...
ငါ့ကိုငါလည်း သနားမိခဲ့ပါတယ်...ဆူးရေ........
You got a 4.40% upvote from @upmewhale courtesy of @komoezaw!
Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!
ဆူးမစူးအောင်ဝေးတာကောင်းတယ်
ဟုတ် အဲ့လိုပဲတွေးမိလိုက်တယ်ဆရာ💘💘
ဆူးမစူးစေနဲ့ လူပျိုကြိးရယ် hee hee
မစူးတော့ပါဘူးလေ😂😂
ဖတ်လို့ကောင်းပါသည်
ဟုတ် ကျေးဇူးတင်ပါတယ်ဗျ😍
ဆူးစူးခဲ့ရပြီပေါ့
အဆိပ်တော့ သိပ်မတက်ခဲ့ဘူးကိုဟိန်းရ😁😁
https://steemit.com/story/@nayhlaingsoe/yapi-ngbak
အော်မိုးကြီးလဲ ဆူးဆိပ်သင့်ခဲ့ဖူးသကိုး။
ဟီး
ဖြစ်တာကနည်းနည်း၊ ရေးတာကများများပါဆရာရေ😂😂😂
အင်းးး မချစ်တတ်သေးလို့ပါ