ပြိုင်ဘက်

in #story8 years ago

တစ်ချိန်တုန်းက ဦးလေးအကြီးဆုံးက ဆုံးမဖူးတယ်။ မင်းကအပြိုင်မရှိလို့ ဒီလိုအိပ် ဒီလိုနေနိုင်တာလားတဲ့? အပြိုင်ရှိခဲ့ရင် မင်းစားဖို့တောင်ရမှာမဟုတ်ဘူးလို့ပြောဖူးတယ်။ ကိုယ်ပိုင်ဖန်တီးပြီး ကိုယ်ပိုင်ပြုလုပ်တဲ့အရာတွေမှာ ပြိုင်ဘက်ဆိုတာမရှိပါဘူး။ အပြိုင်ရှိလည်း စိတ်မဝင်စားလို့ပါပဲ။ ပြိုင်ဘက်ရှိတယ်ဆိုတာ သူများနောက်လိုက် သူများလုပ်ပြီး အများလုပ်နေမှ ကိုယ့်လုပ်တဲ့အလုပ်တွေဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြန်မာမှာတော့ အများဆုံးက အရင်မလုပ်သေးပဲ နောက်ကလိုက်တာကအများသားကို့။ သူများလုပ်တာအောင်မြင်လားမအောင်မြင်လားလို့ စောင့်ကြည့်ပြီးအများစုပါလိုက်လုပ်မှ ဟုတ်မယ်ထင်နေကြသည့် အသိုင်းအဝိုင်းတစ်ခုဆိုတော့ ဒီလိုပဲထင်မြင်ကြပါတယ်။ မိမိကိုယ်ပိုင် ဖန်တီးမှု အများစုတော့ မြန်မာမှာမရှိသေးသည့် အရာတွေကိုပဲဆိုလိုပါတယ် ကမ္ဘာမှာမရှိဖူးသေးတဲ့အရာတွေကို ပြုလုပ်နိုင်သူဆိုရင်တော့ အတော် တော်လို့ပေါ့။ ကမ္ဘာမှာမရှိသေးတာလုပ်ပြဖို့အစွမ်းကလည်း ဖြစ်ဖို့အား မလွယ်ကူသေးဘူးလေ။ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုစွမ်းရည်ပေါ့။ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုစွမ်းရည်ကို အားမပေး မြေထောင်မမြောက်ပေးနိုင်တာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချက်ကြီးပါ။ ခြင်္သေ့နှစ်ကောင် ဂူးတစ်ခုမှာ အတူမနေဘူးဆိုတာ ကိုယ်ပိုင်ဖန်တီးမှု စွမ်းအား အားနည်းခြင်းကြောင့်ပဲ ဖြစ်သလို ပြိုင်ဘက်လိုမြင်တာလည်း ကိုယ့်အားနည်းချက်ကို ပေါ်လွင်အောင် ပြောပြလိုက်တာပါပဲ။ တစ်ခါတစ်လေကြတော့ ကျွန်တော်တို့တွေဟာ အဝေးကြီးကို လှမ်းကြည့်နေပြီး အနီးနားက အရာတွေကိုမမြင်နိုင်ခဲ့ကြဘူး။ ဥပမာပေါ့ အလကားရတဲ့ ကမ္ဘာကထုတ် ရေကို နည်းပညာနဲ့သန့်စင် PH 7 နီးပါးရအောင်လုပ်ပြီး စက်ပစ္စည်းဝယ် ထုတ်လုပ်ရောင်းချ အကျိုးအမြတ်ရမယ်။ မရှိတဲ့နေရာမှာစတင်သူက နေရာအရင်ရနိုင်ပါတယ်။ စီးပွားရေးအနေနဲ့ခတ်ခဲမှုဆိုတာတော့ရှိပါတယ်။ ဖြစ်အောင်လုပ်ရင် ဖြစ်မယ်ဆိုတာ သိဖို့နဲ့ ဖြစ်အောင်လုပ်ဖို့ပါပဲ။ တစ်ယောက်လုပ်လို့ အောင်မြင်လာတာကို နောက်တစ်ယောက်ကအားကျပြီး သူ့လိုလိုက်လုပ်မယ်ဆိုရင် ပြိုင်ဘက်ဖြစ်သွားတာပေါ့။ အရင်လုပ်သူထက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု အရည်အသွေးပေးနိုင်ရင်တော့ ယှဉ်နိုင်မှာပါ။ လူတိုင်းမှာတော့ အားနည်းချက်ရှိနေတယ်လေ။ ဆိုင်ဘေးက တွန်လှည်းနဲ့ရောင်းတဲ့အသုတ်သည်တော့ တစ်နေ့ အမြတ် ကျပ်၃၀၀၀၀လောက်ရနေသလို၊ ရေသန့်ဖူး၊ ဘီယာဖူး လိုက်ကောက်နေတဲ့ သူတွေလည်း တစ်နေ့ ကျပ် ၁၅၀၀၀မှ ကျပ် ၃၀၀၀၀လောက်တော့ ရနေတာပဲ။ ပညာတွေသင် ဘွဲ့တွေရပြီး ကုမ္ပဏီမှာ တစ်လ ကိုယ့်စားရိတ်ကိုစား ကျပ် ၁၅၀၀၀၀နဲ့ ရေသန့်ဖူးခွံလိုက်ကောက်တဲ့သူ တစ်လဝင်ငွေ ၆သိန်း ဘာကွာခြားလည်းဆိုရင် ကိုယ်ပိုင်ဖန်တီးမှုနဲ့ ကိုယ်အလုပ်ကိုတန်ဖိုးထားမှု အနီးမှာရှိနေတဲ့အရာတွေကို ကိုယ်အတွက်အကျိုးရှိအောင် ပြုလုပ်နိုင်မှုတွေဟာ အတန်းပညာမတက် ဘွဲ့မရပဲ ပြုလုပ်နိုင်တဲ့ အရည်အချင်းတွေပါပဲ။ ဂုဏ်တွေ သိက္ခာတွေပြောရရင်လည်း ပညာတက်ဘွဲ့ရရဲ့ ဂုဏ်တွေ သိက္ခာတွေရှိမယ်လို့ထင်ရပေမဲ့ ရေသန့်ဖူးခွံကောက်ရောင်းတဲ့ သူလောက် အမှန်အကန် အသိဉာဏ်ပညာ ဂုဏ်သိက္ခာမရှိတာကို သိရှိနိုင်ကြပါစေလို့ အတွေးစုတစ်ခုအနေနဲ့ရေးသားပေးလိုက်ပါတယ်။

Sort:  

အတွေးမဆိုးပါ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 59858.22
ETH 1573.84
USDT 1.00
SBD 0.42