မကျစ် လစ်တဲ့စာတစ်စောင်
လေတိုက်လိုက်ယိမ်းလိုက်နဲ့ဖြစ်နေတက်ကြတဲ့သဘာဝ....
သစ်ပင်လိုအခြေမစိုက်တော့ လေတိုက်လို့လည်းယိမ်းနွဲ့တယ်။
အခြေမစိုက်လို့လည်း ကူးပြောင်းလွယ်တယ်။
ဘယ်ဆီမြေပြင်မှာ သစ်ပင်ကိုသန်မာအောင်စိုက်မယ်မတွေးဘူး။ ဒီအပင်ကို ဘယ်လိုယူရင် ငါရနိုင်မလည်းဆိုတာကိုတွေးတယ်။
မတွေးနဲ့မဟုတ်တွေးနိုင်ပါတယ်။ သို့ပေမယ့် မျှတမှုရှိဖို့လိုမယ်။
သစ်ပင်က အသီးတွေကို လူသားတွေအားလုံးကစားသုံးကြတယ်။
လောကကြီးမှာ လောဘကြီးသူက
သူ့အတွက်ပိုရသွားရင် သူ့ဘဝချမ်းသာမယ်လို့တွေးနေတယ်။ သူ အပိုလိုချင်ပြန်တယ်။
အသီးကိုခူးတယ် အရိပ်ကိုခိုတယ်။
တစ်ချိန်မှာတော့ ထိုအပင်ရဲ့အရိပ်ကိုခွဲခွာသွားသလို အသီးတွေကိုသူစုဆောင်းမိပြီဆိုပြီး အပင်ကအသီးတွေကိုနောက်လူမစားနိုင်အောင် ပင်စည်ကနေခုတ်လှဲပစ်တယ်။
သူစုဆောင်းထားတဲ့အသီးတွေကိုစားသုံးတယ်။
မကုန်နိုင်ဘူးထင်တဲ့အသီးက စားရင်းနဲ့ကုန်သွားတယ်။ သူက စားဖို့ပဲသိတာ၊ ရဖို့ပဲသိတာ။ အပင်ကနေလူတွေကိုအကျိုးပေးတယ်ဆိုတာကိုမတွေးဘူး။ သူအပင်စိုက်ဖို့ကိုလည်းမတွေးဘူး။
သစ်သီးတွေကို သူစားရင်းနဲ့ကုန်လာတယ်။
သူတဖြေးဖြေးဆာလောင်လာတယ်။
အဲ့ဒီအချိန်မှ သူခုတ်လှဲလိုက်တဲ့အပင်လေးကိုသတိရသွားတယ်။ လူဆိုတာ ကိုယ်တိုင်ကြုံဖူးမှသိကြတယ်။
ထိုသူက အဲ့ဒီသိတာထက်ကို ပိုမိုက်တယ်။
သူသစ်ပင်ကိုခုတ်လှဲသွားချိန်မှာ အခြားသူတွေသူ့ကိုဘာမှမပြောခဲ့ဘူး။ အဲ့ဒါကိုသူကဂုဏ်ယူနေတယ်။
သူခုတ်လှဲသွားတဲ့အပင်ကို သူကျောခိုင်းခဲ့တဲ့နောက်ကွယ်ကအဖြစ်အပျက်ကိုသူမသိဘူး။
လူတွေက သူ့ကိုအရူးလို့သတ်မှက်ကြတယ်။
သူကတော့ သူ့ကိုယ်သူဘုရင်ပေါ့။
လူသားတွေက တစ်ပင်မကောင်းတစ်ပင်ပြောင်းပေမယ့် သူတို့ပြောင်းသွားတဲ့အပင်ပေါ်မှာတော့သစ္စာရှိတယ်။ အပင် မအိုခင်၊မသေခင်အချိန် သူတို့ဟာ ထိုအပင်နဲ့လုံးဝမခွဲခွာခဲ့ဘူး။
သူတို့သိတဲ့အရူးက အပင်သစ်တွေတွေ့တော့လိုချင်ပြန်တယ်။ ကြိုးစားမှုတော့မပြုပဲ အချောင်လိုချင်တယ်။
သူက ဆာလောင်နေတယ်။ သို့ပေမယ့် ဘုရင်ထင်နေတာမို့ သူများတွေကိုအမိန့်သွားပေးတယ်။
လူသားတွေက....
Sorryပါ ကြိုးစားမှုမရှိပဲအချောင်လိုချင်တဲ့သင်ဟာ
အလကားလူပါလို့....
.......သူ့ကိုပြန်ပြောလွှတ်လိုက်ကြတယ်။
You got a 5.16% upvote from @upmewhale courtesy of @komoezaw!
Earn 100% earning payout by delegating SP to @upmewhale. Visit http://www.upmewhale.com for details!
အချောင်လောဘသမားတွေ ပေါလာရင် နိုင်ငံမအေးချမ်းတော့ဘူး
ဟုတ်တယ်ကိုဟိန်းရေ
မင်းဆိုလိုတာက ရေနစ်တဲံဘုန်းကြီးကိုကယ်တော့ အရှင်ဘုရား ဒီလက်ကလေး အလှူခံလိုက်ပါဆိုမှ ဘုန်းကြီးက လက်ကိုလှမ်းဆွဲသလိုဖြစ်နေတယ်၊ အဲလိုလူတွေ ရာခိုင်နှုန်းအများကြီးရှိနေသေးတယ်။
😁😁
ရေးတော့ရေးလိုက်တာပဲဆရာရေ😂😂
အတော်လေး ကောင်းတဲ့ ဥပမာပေးလေးပါ
ပေါ့ပေါ့ပါးပါးနားလည်လွယ်တယ် သားရေ
ဟုတ် အန်တီ😍😍
စိတ်ထဲရှိသလိုရေးတာမို့ ဖတ်ရတာတော့ အဆင်သိပ်မပြေဘူးထင်တယ် ဟီး
အတော်များများ အဲ့လိုဖြစ်နေတယ်
ဟုတ်တယ်ကိုသက်ရေ
စည်းလုံးမှုဆိုတဲ့ စကားလုံးရဲ့နောက်မှာဖြစ်လာတဲ့အရာတွေ..
မဖြစ်သင့်တာပဲ ကိုမိုးဇော်ရယ် မလုပ်သင့်ဘူး အာ့လိုလူတေ ရှိနေသမျှတော့ 😖😖