မရှိသလို မသိသလို

in #myanmar6 years ago (edited)

o1AJ9qDyyJNSpZWhUgGYc3MngFqoAMyTGyNUAGMKa5dpUEUea.jpeg

စိတ်ညစ်စရာဆိုတာ လူတိုင်းမှာရှိတယ်။
ဒါပေမယ့် အဲ့ဒီအရာကိုပဲတွေးနေမှစိတ်ကပိုညစ်တာပါ။
သိပ်အများကြီးမတွေးနဲ့ အဆိုးတွေထဲနေကောင်းတာတွေကိုသာများများလုပ်ဆောင်သွား အခုဘဝမကောင်းလည်း နောက်ဘဝတော့ကောင်းလိမ့်မယ်။
လူ့ဘဝတခဏမှာ ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် သက်တမ်းကုန်ရင်သေကြရမှာပဲ။ ဒီတော့ မကောင်းတာလုပ်တဲ့သူကလည်း သူ့လုပ်ရပ်ရဲ့အကျိုးကိုသူခံစားရမှာပဲ။
လုပ်ရပ်ရဲ့အကျိုးကိုပြန်ခံစားရမယ်ဆိုတာကို သက်သေပြသွားတဲ့သူတွေအများကြီးရှိပါတယ်။ အဲ့ဒီထဲက လူသိများတဲ့အထင်ကရပုဂ္ဂိုလ်တစ်ဦးကိုပြပါဆိုရင်. ကျနော်ပြောချင်တဲ့ပုဂ္ဂိုလ်က အခြားတော့မဟုတ်ဘူး...
လူတွေများများစွာ ကြေငြာတွေကိုအချိန်ပေးကြည့်ရှုအားပေးခဲ့ရတဲ့ စနေဂြိုလ်မင်းပဲဖြစ်ပါတယ်😁😁😁

ဘဝဆိုတာအမှန်တစ်ကယ်တိုတိုလေးပါ။
တစ်နှစ် တစ်လ ဆိုတာတွေကိုသိပ်မတွေးနဲ့ ဒီတစ်ရက်အတွင်းမှာတောင် လုပ်ဆောင်ရမယ့်အလုပ်တွေကို အစကနေ ပြီးဆုံးသည်အထိလုပ်ဆောင်ဖို့ရာ အချိန်မလောက်ငှပါဘူး။

အလုပ်လုပ်နေသူတစ်ယောက်အတွက် အချိန်တာတစ်ခုဟာ ကုန်တာမြန်နေတက်ပါတယ်။ စိတ်လောနေသူတစ်ယောက်အတွက်ကတော့ အချိန်ပိုကြာနေတက်ပါတယ်။

ကျနော်တို့Facebookတွေသုံးတယ် စာပေအသိပညာတွေကြယ်ပြန့်လာတယ်။
ကြယ်ပြန့်လာတယ်ပဲပြောတာနော် အသိပညာတွေတိုးပွားလာတယ်လို့မပြောဘူး။
အသိပညာဆိုတာ ကိုယ်တိုင်ရဲ့စိတ်ထဲမှာတည်ရှိလာမှ အသိပညာဖြစ်လိမ့်မယ်ထင်တယ်။ သင်ယူတက်မြောက်တဲ့ပညာကိုတော့ စာပေပညာလို့ပဲခေါ်လို့ရမယ်။ လုပ်ငန်းတွေမှာအသုံးချဖို့ တက်မြောက်လာတဲ့ပညာကိုပဲအတက်ပညာလို့အနည်းငယ်ခေါ်ဆိုနိုင်မယ်။

စာတွေတက်တိုင်းပညာတက်မဟုတ်ဘူး။
ပညာတက်လူမိုက်တွေအများကြီးရှိနေကြတဲ့ကမ္ဘာမှာ Fbလိုမျိုး အချိန်ကိုဆွဲစားနေတဲ့ဆော့ဝဲတွေက စည်းပွားရေးပညာရေးတစ်ကယ်လုပ်ဆောင်နေသူတွေအတွက်ပဲ ရွှေဖြစ်လိမ့်မယ်။ သာမန်လူတန်းစားတွေအတွက်တော့ အခြားသူတွေကိုအလုပ်အကြွေးပြုနေတဲ့ ပညာမဲ့လာတဲ့ ကျွန်လူတန်းစားနဲ့မခြားဖြစ်နေတယ်လို့ပဲမြင်မိတယ်။ Fb မှာ pageထောင်ပြီး Videoတင်နေတဲ့သူတွေကလည်း သူတို့pageကတင်တဲ့Videoတွေကို ကြည့်တဲ့သူအရေအတွက်များလာလေလေ Viewsတွေများလေလေ သူတို့ ပိုက်ဆံတွေပိုရလေပဲပေါ့။ Page,ထောင်တယ်၊ လူတွေစိတ်ဝင်စားမယ့်Videoတွေဖန်တီးတယ်ဆိုတာကလည်း သူတို့ရဲ့ဝင်ငွေလမ်းကြောင်းကိုဖန်တီးခြင်းပါပဲ။ ပြောရမယ်ဆိုရင်သူတို့ရဲ့စီးပွားရေးပဲပေါ့။
အဲ့ဒါကိုမသိပဲ တခြို့သောသူတွေဟာဆိုရင် သူတပါးက ပေါက်ကရတွေတင်နေတာကိုတွေ့တော့ဝင်ဆဲကြတယ် အငြင်းတွေပွားနေကြတယ်။
တစ်ကယ်တမ်းမှာလည်း Postတင်တဲ့သူက အဲ့ဒီလိုဖြစ်စေချင်လို့ပဲ တမင်တကာဖန်တီးထားခြင်းဖြစ်တယ်ဆိုတာကိုမသိကြဘူး။

ကျနော်ကြည့်မိတယ် လူအတော်များများက အခြားသူတစ်ဦးက မှားနေတာတွေ့ရင် အမှားပြင်နိုင်ဖို့အမှန်ကိုလမ်းပြပြောဆိုမှုဆိုတာထက် အပြစ်တင်ဝေဖန်ဖို့ဆိုတာတွေကအရင်ရောက်လာကြတယ်။

ဒီတော့ Fbသုံးရင်း ကြယ်လာတယ်ပြန့်လာတယ် သိမြင်လာကြတယ်ပေါ့.....ဘယ်အရာတွေလည်းဆိုရင် လူ့ယဉ်ကျေးမှုနဲ့ လူတွေရဲ့အကျင့်ဆိုးတွေကျယ်ပြန့်လာတာပါ။

Fbသုံးလို့ ဘေကုန်ရင်ထပ်ဖြည့်တယ်
Videoကြည့်လို့ဘေကုန်ရင်ထပ်ထည့်တယ်။ တစ်ကယ်တမ်းတော့ Internetသုံးစွဲနေတဲ့Myanmarတွေက သူဋ္ဌေးတွေပဲဖြစ်လိမ့်မယ်ထင်တယ်။ သုံးနိုင်ဖြုန်းနိုင်ကြတယ်တယ်လေ ဟုတ်တယ်မို့လား။ အချိန်ကြာလာရင်တော့ လက်ထဲပိုက်ဆံပြတ်လာတဲ့လူမွဲတွေဖြစ်လာကြဖို့ မလွဲလောက်ပါဘူး။

ဆင်းရဲသားဆိုတဲ့လူတန်းစားကို ကိုယ့်နိုင်ငံကရောအခြားနိုင်ငံတွေကပါ အမည်နာမတစ်ခုအနေနဲ့ခေါ်တွင်ကြတာက
.. မရှိဆင်းရဲသား တဲ့..
ဘာလို့ဆင်းရဲနေကြတာလည်း....
အဖြေကရှင်းရှင်းလေးပါ။ မရှိလို့ဆင်းရကြတာပေါ့။
ရှိနေရင် မဆင်းရဲနိုင်ပါဘူး။
ဘာတွေရှိနေရမှာလည်းဆိုတော့၊ ကျနော်တို့ရဲ့မျက်စိရှေ့မှာခဏ ခဏတွေ့နေရတဲ့ အမှုမဲ့အမှက်မဲ့ကျော်လွှားသွားတက်ကြတဲ့ စာလေးသုံးကြောင်းပါ။
ဘာစာလည်းဆိုရင်....
...စိတ်ဓာတ်၊စည်းကမ်း၊ပညာ တဲ့။...

download (2).jpeg

Credit image

အဲ့ဒီစာသားလေးတွေဟာ ကျောင်းသူကျောင်းသားတွေရွတ်ဆိုနေကြရင်တောင် သူတို့စိတ်ထဲတစ်ကယ်ပါနေလို့မဟုတ်ပဲ သင်ကြားပေးမှုကြောင့် ရွတ်ဆိုဖို့တာဝန်ရှိနေတာကြောင့်သာရွတ်နေကြခြင်းဖြစ်နေတက်ပါတယ်။

@komoezaw
MSC-030

Sort:  

Very good ကိုကြီးရေ
နှစ်ကိုယ်ခွဲပြီး မန့်သွားသည်😁😁

Flagged for bid bot abuse @steemflagrewards

This post has received a 11.76 % upvote from @boomerang.

အစကနေ အဆုံးထိဆွဲခေါ်သွားတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ကောင်းကျိုး
ဆိုးကျိုးများတင်ပြသွားတာ ရှင်းလင်းပြီး ဆိုလိုရင်းကို ထိမိပါတယ်ဗျ။

ဟီး
မြှောက်နေ
ဒီမှာ အိပ်ချင်မူးတူးနဲ့ရေးတာ
ရေးပြီးတာနဲ့ အိပ်ပျော်သွားရောပဲ
ဖုန်းက Auto,On Offလုပ်ထားလို့တော်သေးတာ😁😁

Posted using Partiko Android

မရှိတာကို မရှိမှန်းမသိကြတာ ပိုဆိုးဗျ

Posted using Partiko Android

ဟုတ်တယ်broရေ

Posted using Partiko Android

အရေးအသားလေးက ရှင်းနေရော ကိုမိုးဇော်ရေ

ကျေးဇူးမစု
အိပ်ငိုက်ရင်းရေးတာပဲ😁😁

Posted using Partiko Android

ဟုတ်​ကဲ့ပါ...ဒီသုံးခုရှိ​နေရင်​အ​ကောင်းဆုံးပါ...

Posted using Partiko Android

ဟုတ်
ကျနော်တော့ရှိသေးဘူး ဟီး😁

Posted using Partiko Android

ဝီရိယ ကောင်းနေပေါ့

Posted using Partiko Android

Botလေးများမြတ်မလားလို့ကိုဟိန်းရ
သူလာvoteတဲ့ပမာဏနဲ့ဆိုအရင်းပဲရတယ်

Posted using Partiko Android

Screenshot_2018_1217_153340.jpg
သာယာနေကြထှာ 😁

😁😁
အမှန်က ကျနော်မသောက်နိုင်ဘူးဗျ
ကိုဟိန်းနဲ့ဆုံတုန်းမို့ သောက်ဖြစ်သွားတာ😁😁

Posted using Partiko Android

Sneaky-Ninja-Throwing-Coin 125px.jpg
Defended (14.29%)
Summoned by @komoezaw
Sneaky Ninja supports @youarehope and @tarc with a percentage of all bids.
Everything You Need To Know About Sneaky Ninja


woosh

Thankခရူ

Posted using Partiko Android

ပေးတဲ့massage လေး ကောင်းပါတယ်။ကျေးဇူးပါကိုမိုးဇော်။

ဟုတ် ကျေးဇူးအစ်ကို

Posted using Partiko Android

ပရိုစတင်​ပြီ​ပေါ့ အာစိ

ဟုတ် တင်ထားပြီ ဦးယုရေ
နောက်တစ်Postတော့ ကြာမလားပဲ 😁😁😁

Posted using Partiko Android

မက်ဆေ့လေး ရည်ရွယ်ချက်ကောင်းတယ် ကမိုးဇော်

Posted using Partiko Android

ဟုတ် နှစ်ခါမန့်ပေးလို့ကျေးကျေးမစုရေ😍😍

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63470.48
ETH 2544.22
USDT 1.00
SBD 2.72