ဧပြီလ ၁ရက်နေ့၏ နောက်ခံသမိုင်းကပြောသော ရယ်စရာများ

in #myanmar6 years ago (edited)

image
နှစ်စဉ် ဧပြီလ ၁ရက်နေ့ကိုရောက်တိုင်း တစ်ယောက်နဲ့တစ်ယောက် April Fool လုပ်ကြတာပျော်စရာပါ။သမိုင်းတစ်လျှောက် မှတ်တမ်းတောင်တင်ထားရတဲ့ April Foolလုပ်ခဲ့ကြပုံတချို့ကို လေ့လာကြည့်ရအောင်ပါ။
ပထမဆုံးတော့ April Fool ဘယ်လိုဖြစ်လာတာလဲဆိုတာတာလေး လေ့လာကြည့်ရအောင်လား။၁၅၈၂ခုနှစ်မှာ ပြင်သစ်က ဂျော်ဂျီယံပြက္ခဒိန်ကို ပြောင်းလဲအသုံးပြုခဲ့ပါတယ်။အဲဒီမှာ သူတို့ရဲ့ New Yearဟာလဲ ဧပြီ ၁ရက်နေ ဇန်နဝါရီ၁ရက်ကို ပြောင်းသွားခဲ့တာပေါ့။သို့သော် ဆက်သွယ်ရေးက သိပ်မကောင်းလေတော့ New Yearနေ့ ဇန်နဝါရီ ၁ရက်ကိုပြောင်းသွားပြီဆိုတာ လူအတော်များများက ချက်ချင်းမသိဘဲ ဧပြီလ ၁ရက်နေ့မှာ နှစ်သစ်ကူးဖို့ အားပါးတရပြင်ဆင်ကြတာပေါ့။သိတဲ့လူတွေက ဝိုင်းရယ်မောကြပြီး ဧပြီလမှာ အရူးဖြစ်ခြင်းဆိုတဲ့ April Fool ဆိုတာဖြစ်ပေါ်လာခဲ့တယ်လို့ သမိုင်းသုတေသီများက ဆိုပါတယ်။အထူးသဖြင့် လူတွေရဲ့နောက်ကျောမှာ ငါးပုံဆွဲပြီးကပ်ပြီးတော့ စကြနောက်ကြပါတယ်။ ပြင်သစ်အယူမှာ ငါးဆိုတာ လူအတွေကိုခိုင်းနှိုင်းပြောဆိုခြင်းဖြစ်ပါတယ်။မှတ်တမ်းတောင်တင်ထားရတဲ့ ထူးထူးခြားခြား April Foolလုပ်ခဲ့ကြပုံတွေကို လေ့လာကြည့်ပါ။
၁၇၀၈ခုနှစ်တုန်းက Gullier's Travels ရေးတဲ့စာရေးဆရာ Jonathan Swift က Issac Bickerstaff နာမည်နဲ့ နက္ခတ်ဗေဒင်ဆရာဟန်ဆောင်ပြီး April Fool လုပ်ခဲ့ပါတယ်။အဲဒီတုန်းက တကယ့်နာမည်ကြီး နက္ခတ်ဗေဒဆရာကြီး John Partridgeတစ်ယောက် မတ် ၂၉ရက်မှာကွယ်လွန်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။မတ် ၃၀ရက်မှာ John သေပြီဆိုပြီး သတင်းလွှင့်လိုက်ပါတယ်။ဧပြီ တစ်ရက်နေ့မှာတော့ Johnအိမ်ကို အသုဘအခန်းအနား ပြင်ဆင်ဖို့ လူတွေရောက်လာတော့တာပဲ။တံခါးလာဖွင့်ပေးတဲ့ John ခမျာ သူကိုကြည့်ပြီး အံ့သြနေတဲ့လူတွေကိုကြည့်ပြီ ထပ်ဆင့်အံ့သြသွားတာပေါ့။
၁၉၈၀ပြည့်နှစ်တုန်းက Boston TV က Great Blue Hill မီးတောင်ကြီး ပေါက်ကွဲပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲဒီတုန်းက အဲဒီမီးတောင်က တကယ်လဲ မီးခိုး တလူလူထွက်နေခဲ့ချိန်ဖြစ်ပြီး ဘယ်အချိန်ပေါက်ကွဲမလဲဆိုတာကို စိုးရိမ်နေရချိန်မှာ TV က ခပ်တည်တည်ပဲ မီးတောင်ပေါက်ကွဲပြီမို့ အားလုံးဘယ်လိုပုံလွတ်မြောက်အောင်လုပ်ရမယ်လို့ကြေငြာပြီး နောက်ဆုံးမှာ April Foolလို့ ထည့်ပြောခဲ့ပေမယ့် ဆန္ဒစောတဲ့ လူထုထောင်ပေါင်းများစွာက ပြီးတဲ့အထိ နားမထောင်တော့ဘဲ ပြေးကုန်လို့အခြေအနေဟာ အလွန်ရှုပ်ထွေးသွားခဲ့ဖူးပါတယ်။အဲဒီသတင်းစီစဉ်သူလဲ ချက်ချင်းအလုပ်ပြုတ်သွားပါတယ်။
တစ်ခါတုန်းကဆိုရင် အနောက်ကောင်းလို့ စစ်တောင်ဖြစ်တော့မလို့ပါ။၁၉၈၆ခုနှစ်မှာ အစ္စရေးထောက်လှမ်းရေးအရာရှိက အစ္စလာမ်ခေါင်းဆောင်ကြီးကိုလုပ်ကြံဖို့ ကြိုးစားမှုဖြစ်ပွာခဲ့ပြီး ခေါင်းဆောင်ကြီး ဒဏ်ရာပြင်းထန်စွာရထားတယ်လို့ April Foolလုပ်လိုက်တာ စစ်ရေးတင်းမာမှုတွေ ချက်ချင်းဖြစ်သွားခဲ့ပြီး စစ်မဖြစ်အောင် မနည်းဖြေရှင်းခဲ့ရပါတယ်။အဲဒီလို နောက်ပြောင်တဲ့အရာရှိကြီးလဲ စစ်ခုံရုံးတင် စစ်ဆေးခံခဲ့ရပါတယ်။
၁၉၉၂ခုနှစ်တုန်းကပေါ့။ လူတစ်ယောက်က ကျွန်မကို Richard Nixon ပါလို့ ခပ်တည်တည်ပြောပြီး သမ္မတအဖြစ် ရွေးကောက်ခံမှာဖြစ်ကြောင်း ဘယ်တုန်းကမှာ မဟုတ်တာမလုပ်ခဲ့တဲ့အတွက် နောက်လဲ လုပ်မှာမဟုတ်ကြောင်း ပြောပါတယ်။ဧပြီလ၁ရက်ဖြစ်နေပေမယ့်လည်း လူတွေက အဲဒါ Richard Nixon အစစ်ပဲပြန်ပြီး သမ္မတဝင်အရွေးခံဖို့လုပ်နေတာလို့ ယုံသွားခဲ့ပြီး လမ်းမပေါ်တက်ပြီး ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။Richard Nixonဆိုတာ အမေရိကန်ပြည်ထောင်စုရဲ့ ၃၇ဦးမြောက်သမ္မတဖြစ်ပြီး လူတွေသဘောမကျလို့ နုတ်ထွက်ခဲ့ရတဲ့တစ်ဦးတည်းသော အမေရိကန်သမ္မတလဲ ဖြစ်ပါတယ်။
၁၉၉၈ခုနှစ်တုန်းက Burger Kingက ဘယ်ကျော်တွေအတွက် အထူးထုတ်လုပ်ထားတဲ့ ဟမ်ဘာဂါတွေကို စတင်ရောင်းချမယ်လို့ ခပ်တည်တည်နောက်လိုက်တာ တစ်နိုင်ငံလုံးမှာ ဘယ်သန်တွေစုပြုံပြီးလာဝယ်ကြလို့ဖြေရှင်းဖို့ခက်ခဲသွားခဲ့ကြပါတယ်။
၂၀၀၁ခုနှစ်မှာ အင်္ဂလန်က DJ တစ်ယောက်ဟာ ပရိသတ်ကို ဒီလိုနောက်ခဲ့ပါတယ်။East Sussex က Beachy Head မှာ ကျောက်ဆောင်တစ်ခုရှိတယ်။အဲဒီကျောင်ဆောင်ပေါ်တက်ကြည့်ရင် Titanicနဲ့ တစ်ပုံစံတည်းတူတဲ့သင်္ဘောကိုမြင်ရမယ်။ဒါပေမယ့် အဲဒီသင်္ဘောက အဲဒီမှာ ဧပြီ ၁ရက်ပဲရှိမှာပေါ့။ ယုံလိုက်ကြတဲ့ လူတွေများ ထောင်သောင်းချီပြီး အဲဒီကျောက်ဆောင်ပေါ်တက်ကြည့်ကြတာ အလေးချိန်မခံနိုင်ဘဲ ကျောက်ဆောင်အက်ကွဲသွားပြီးနောက်ရက်မှာ ရေထဲပြိုကျသွားခဲ့ပါတယ်။
၂၀၀၂ခုနှစ်မှာ ကင်ဆပ်စီးတီးမှာလဲ မြို့ရေပေးရေးဌာနက ရေကန်မှာ အဆိပ်ခတ်ထားတဲ့အထောက်အထားတွေတွေ့ရှိရတယ်လို့ ရေဒီယိုတစ်ခုက ကြေငြာခဲ့ဖူးပါတယ်။၂၀၀၃ခုနှစ်မှာလဲ အိုဟိုးယိုးပြည်နယ်က စတိုးဆိုင်ဝန်ထမ်းက သူတို့ဓားပြတိုက်ခံနေရတယ်လို့ ဘော့စ်ကိုဖုန်းဆက်ပြီး လှမ်းနောက်တယ်။ပြီးမှ ဖုန်းပြန်ဆက်တော့ မမီတော့ဘူး။ရဲတွေ ရောက်လာကုန်တယ်။ဝန်ထမ်းအရေးယူခံလိုက်ရတယ်။၂၀၁၀ပြည့်နှစ်တုန်းက ဂျော်ဒန်သတင်းစာတစ်စောင်က ပန်းကန်ပြားပျံဆင်းလာတယ်ဆိုပြီး သတင်းရေးလိုက်တာ လူတွေကိုဘေးကင်းရာရွှေ့ပြောင်းတာတွေဖြစ်ကုန်ပြီး အဲဒီသတင်းစာ အရေးယူခံလိုက်ရပါတယ်။
ဒီတော့ April Fool နေ့မှာ စကြနောက်ကြတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် မထိခိုက်စေဖို့အထူးသဖြင့် လုံခြုံရေးအဖွဲ့အစည်းတွေကို မနောက်ကြဖို့ အပျော်ကနေအပျက်မဖြစ်အောင်ထိန်းသိမ်းကြနိုင်ဖို့ လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

Author by @khaylay

Sort:  

Thanks for sharing @khaylay

People who liked this post also liked:

ပရိုမီသာဇင်း by @aungthurain

Valage by @komgthet

We recommended this post here.

We are Discover Steem, if you like our work consider giving us an upvote. :) If you don't wish to receive recommendations under your posts, reply with STOP.

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 58018.11
ETH 2448.33
USDT 1.00
SBD 2.34