ပရိုမီသာဇင်း

in #esteem6 years ago (edited)

image

Photo:Credit

ဆေးအသုံးပြုရန်ရောဂါ

အင်ပျဉ်ထွက်ခြင်း၊အဖုအပိမ့်ထွက်ခြင်းနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးတို့တွင် အသုံးပြုသော ဆေးဖြစ်ပါသည်။ကားမူးခြင်းနှင့် ယာဉ်ခရီးတောက်ခြင်းများအတွက်လည်း အသုံးပြုပါသည်။အိပ်မပျော်ခြင်းများအတွက် အိပ်ဆေးအဖြစ်လည်း အသုံးပြုသော ဆေးဖြစ်ပါသည်။

ဆေးအသုံးပြုပုံလမ်းညွှန်

ဓာတ်မတည့်၍ ယားယံ အဖုအပိမ့် ထွက်ခြင်းများအတွက် 25mgကို စားဆေးအဖြစ် ညအိပ်ယာဝင် သောက်ရပါမည်။အိပ်ဆေးအဖြစ် သောက်သုံးလိုပါက 25-50mgကို ညအိပ်ယာဝင် သောက်သုံးပေးရပါမည်။ယာဉ်စီးခြင်းကြောင့် မူးဝေ အော့အန်ခြင်းများအတွက် လမ်းခရီးမထွက်မီ တစ်နာရီးခြား သို့မဟုတ် နှစ်နာရီခြား 25mgကို သောက်သုံးနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုး

အိပ်ငိုက်ခြင်း၊ဆီးသွားရခက်ခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ရင်တုန်ခြင်း၊သွေးပေါင်ကျခြင်း၊စိတ်ရှုပ်ထွေးခြင်း၊ခြေလက်တုန်ခြင်း၊တက်ခြင်း၊အသည်းထိခိုက်ခြင်း၊ဆေးမတည့်ခြင်း၊စိတ်ကျရောဂါဖြစ်ခြင်းများလည်း ဖြစ်နိုင်ခြေရှိသော်လည်း အလွန်နည်းပါးပါသည်။

သတိပြုရန်နှင့်ရှောင်ရန်

အသည်းရောဂါနှင့် ဝက်ရူးပြန်ရောဂါတို့တွင် သတိထားရမည်။ဆီးသွားရခက်ခဲနေသူများနှင့်ဆီးကြိတ်ရောဂါ ရှိသူများ သတိပြု သုံးစွဲရပါမည်။ကျောက်ကပ်အားနည်းနေသူများ ဆေးချိန်လျှော့ သောက်သုံးရပါမည်။ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ သတိပြု သုံးစွဲရပါမည်။ထိုဆေးနှင့် ဓာတ်မတည့်သူများ ရှောင်ကျဉ် ရပါမည်။

အားလုံးသိရှိနိုင်​ရန်​ ကျန်းမာ​ရေးဗဟုသုတအဖြစ်​ ပြန်​လည်​မျှ​ဝေ​ပေးလိုက်​ပါသည်​။
စိတ္တသုခ ကာယသုခ နှစ်​ဖြာ​သောသုခနှင့်​ ပြည့်​စုံနိုင်​ကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါသည်​။

Sort:  

We recommended this post here and here.

We are Discover Steem, if you like our work consider giving us an upvote. :) If you don't wish to receive recommendations under your posts, reply with STOP.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57730.16
ETH 2445.18
USDT 1.00
SBD 2.34