Steemit Platform နှင့် မြန်မာလူငယ်များ ( Henry Aung )

in #myanmar6 years ago

henry.jpg

မင်္ဂလာပါ။ ဤဆောင်းပါးမှာ Steemit Platform ၏ လုပ်ဆောင်မှုကို အသေးစိတ်ရှင်းပြရန်မဟုတ်သော်လည်း လက်ရှိမြန်မာ နိုင်ငံ၏ အခြေအနေနှင့် ပါတ်သက်၍ Steemit Platform ၏ ကောင်းကျိုးကို မိမိသိရှိထားသည့်အတိုင်း မျှဝေလိုရင်း ဖြစ်ပါသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က စင်္ကပူ တွင် taxi ငှား စီးရင်း taxi ကားသမားဖြင့် စကားစမြည်း ပြောဖြစ်ပါသည်။ ထို ကားသမားမှာ စင်္ကပူ နိုင်ငံ၏ မူးယစ်အထူး တပ်ဖွဲ့ မှ အငြိမ်းစားယူထားသူဖြစ်၍ ယခုတော့ အေးအေးဆေးဆေး taxi မောင်းရင်းဖြင့် ဘဝကို အေးချမ်းစွာဖြတ်သန်းနေသူဖြစ်ပါသည်။

သူ့အနေဖြင့် ယခင်တုန်းက ဘိန်းကုန်သည် အယောင်ဆောင်၍ ရွှေတြိဂံဒေသတွင် လှုပ်ရှားခဲ့ပြီး စင်္ကပူ နိုင်ငံသို့ တင်ပို့မည့် မူးယစ်ဆေးဝါးများကို သတင်းရယူပြီး စင်္ကပူသို့ မရောက်မှီ လမ်းခုလတ် ဖြစ်သော ထိုင်းနိုင်ငံ ၊ မလေးရှား နိုင်ငံတို့တွင် ဖြတ်၍ ဖမ်းဆီး နိုင်ရန် လုပ်ဆောင်ပေးခဲ့ရသူဖြစ်ပါသည်။

ဤဆောင်းပါးတွင် သူလှုပ်ရှားခဲ့သော လုပ်ငန်းဆောင်တာများကို ဖေါ်ပြပေးရန် မဟုတ်သော်လည်း သူပြောပြခဲ့သော မြန်မာပြည် အခြေအနေတို့ကို ဝေမျှလိုရင်းဖြစ်ပါသည်။

ဤဆောင်းပါးတွင် နိုင်ငံရေးနှင့်ပါတ်သောအခြေအနေများကို အတတ်နိုင်ဆုံး ချန်လှပ်ထားခဲ့၍ သူပြောပြခဲ့ သော တွက်ချက်ပြခဲ့သော မြန်မာပြည် အခြေအနေများကို စာဖတ်သူများအား ပြန်လည် ဝေမျှပေးချင်၍ ဆောင်းပါးအဖြစ် ပေါ်ပြပေးရခြင်းဖြစ်ပါသည်။

ကျွန်တော့အနေဖြင့် နားထောင်နေရင်းဖြင့်ပင် ဝမ်းနည်းလွန်း၍ မျက်ရည်မကျ ဖြစ်အောင်ထိန်းခဲ့ရပါသည်။ သူပြောပြသည့် အတိုင်းပင်ပြန်လည် ဝေမျှပါမည်။ မြန်မာပြည်၏ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်ပွဲများ ဖြစ်ပွား နေရာ ဆယ်စုနှစ် တခုနီပါးကြာလာခဲ့ပြီဖြစ်၍ ယခင်က ၁၀ နှစ်သားရှိနေသော ခလေးများမှာ ယခုအချိန်တွင် အသက် ၂၀ ဝန်းကျင်ခန့်ရှိသော လူပျိုပေါက် အပျိုပေါက်များ ဖြစ်လာကြပါတော့သည်။

စစ်ရှောင် စခန်းများတွင် ပညာကောင်းမွန်စွာ မသင်ကြားခဲ့ရသဖြင့် ပညာမတတ် ၊ ပညာမတတ်သဖြင့် အကျိုးဆက်များကိုတော့ ထွေထွေထူးထူးမဖေါ်ပြတော့ပါ။

လက်ရှိအဖက်ဖက် မှ နိမ့်ကျနေသော မြန်မာ့စီးပွားရေး ၊ စိုက်ပျိုး မွေးမြူရေး ။ မြန်မာ တောင်သူတို့ ကြက်သွန်စိုက်သောအခါ တရုတ်တို့၏ ကြက်သွန်က မြန်မာတို့ စိုက်သော ကြက်သွန်ထက်ပိုပေါနေပါသည်။ မြန်မာတို့ ကြက်မွေးသည်။ ယိုးဒယားတို့ ရောင်းသော ကြက်သားက မြန်မာတို့ထက် ပိုဈေးပေါနေပါသည်။

စက်မှုလက်မှုလုပ်ငန်း များ ။ ထွေထွေထူးထူးပြောရန်မရှိပါ။ ရိုးရာ လုပ်ငန်းများ ခေတ်မှီနည်းပညာ မထည့် နိုင်၍ တဖြည်းဖြည်း တိမ်ကောလာနေကြောင်းကို သူအနေဖြင့် အကျယ်တဝင့်ရှင်းပြပါသည်။

ကျွန်တော့အနေဖြင့် မိမိတို့ နိုင်ငံအခြေအနေကို အခြားနိုင်ငံသားများ ဤမျှလောက်သိနေသည်ကို အံ့သြရသလို သူပြောပြသော မြန်မာပြည် အနာဂါတ်အကြောင်းကို နားထောင်ရ ၍ အလွန်လည်း ရင်လေးမိပါသည်။

ဤယနေ့ အချိန်တွင် တိုင်းရင်းသားများဖြင့် ငြိမ်းချမ်း ရေး ရလျင်ပင် စာရင်းဇယားမရှိ မြုပ်နှံထားကြသော မြေမြုပ်မိုင်များ ၊ မည်သည့် အကျိုးအဆက်မှ မကြည့် ဖျက်စီးထားကြသော သဘာဝ ပတ်ဝန်းကျင်များ ခေတ်အဆက်ဆက် ဖျက်စီးခံထားခဲ့ရသော စိတ်ဓါတ်များ ဖြင့် ရှေ့ဆက်ရမည် ဖြစ်သော ကျွန်တော်တို့ အနာဂါတ်များ အကြောင်း ကို ရှင်းပြသောအခါ ကျွန်တော့အနေဖြင့် taxi စီးနေရသည်ကိုပင်မေ့ နေပါသည်။

ကျွန်တော့ အနေဖြင့် နိုင်ငံရေး သမား တယောက်မဟုတ်သလို နိုင့်ငံ့ခေါင်းဆောင် တယောက် လည်း မဟုတ်သဖြင့် ထိုပြသနာကို မည်သို့ အဖြေရှာရမည်ကို မသိနိုင်ပါ။ ကျွန်တော် တွေးတောနေမိသည်ကတော့ လက်ရှိ မြန်မာလူ ငယ်များ နိုင်ငံတကာနှင့် ရင်ဘောင်းတန်းနိုင်သည်မှာ Steemit Platform တွင်သာ ဖြစ်ပါသည်။

လက်ရှိအချိန်တွင် အခြားနိုင်ငံများ၏ အကူအညီကို ယူနေရသော်လည်း မိမိတို့ ကြိုးစားကြလျင် MSC အနေဖြင့် များမကြာမှီအချိန်တွင် မြန်မာလူငယ်အများအပြားအား တွဲခေါ်နိုင်လိမ့်မည်ယုံကြည်ပါသည်။

Steemit Platform ဖြင့် နိုင်ငံတကာဖြင့် ရင်ဘောင်တန်း နိုင်သည်ဆိုသည်မှာ အခြားသူများ အမြင်တွင် အနည်းငယ် ကြောင်တောင်တောင် နိုင်မည် ဖြစ်သော်လည်း ကျွန်တော့ အမြင်တွင်တော့ မြန်မာလူငယ်များ အခြားနိုင်ငံသားများနည်းတူ ရင်ဘောင်တန်းနိုင်ရန် အကောင်းဆုံ နေရာမှာ Steemit Platform သာရှိသည်ဟုထင်ပါသည်။

ဝင်ငွေရလမ်း အပြင် ဗဟုသုတများ ပါရှိနိုင်သောကြောင့် Steemit Platform သည် မြန်မာလူငယ်များဖြင့် အသင့်တော်ဆုံးသော နေရာတခုဖြစ်ကြောင်း ဝေမျှလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

အခုလက်​ရှိ ကျ​နော်​တို့ထဲက တချို့ဆို vote ​ပေးလိုက်​တာနဲ့ 0.10တတ်​​နေပီ။ ကျ​နော်​တို့တင်​ကြည့်​ ကိုယ့်​မြန်​မာမဟုတ်​ရင်​ သူတို့ လာvote 10​ယောက်​ဆလာက်​ vote ​တောင်​ 0.05မရတာ​တွေ​တွေ့ရတယ်​။ steemit platform မှာ ကိုယ့်​လူ သူ့လူ​တွေဖြစ်​ကုန်​တာ​တွေ့ရတယ်​။ သူတို့ကလည်း အလွယ်​တကူမ​ပေး​တော့ဘူး။ support မရှိရင်​ မbot ရင်​ မလွယ်​ဘူး။ ကိုယ်​​တွေလည်း ကိုယ့်​ community ကျယ်​ပြန့်​​အောင်​ လုပ်​မှဖြစ်​​တော့မယ်​။ မဟုတ်​ရင်​ကျန်​​နေ​တော့မယ်​။ ကျယ်​ပြန့်​လာ​တော့လဲ နည်းနည်းနဲ့​ငွေထုတ်​ချင်​​နေကြတာ​တော့အဆင်​မ​ပြေပြန်​ဘူး ဖြစ်​​နေရတယ်​။

ကြိုးတော့ ကြိုးစားနေတာပဲ။

စိတ်ဓာတ်တွေဖျက်ဆီးခံထားကြရတယ်ဆိုတော့လောဘနောက်ကို လိုက်ာကြတယ်
ပညာရှာရမယ့်အရွယ်စီးပွားရှာတယ်
ပညာမတက်ပဲစီးပွားရှာတော့ ပိုငတ်လာကြရတယ်။
ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်ဖို့
ပညာတွေလိုအပ်သလို Steemitမှာလည်းspလိုအပ်တယ်။ ဒါကိုမှထုတ်သုံးချင်သူတွေကရှိနေပြန်သေးတယ်။
မထုတ်နဲ့မဟုတ်ပါဘူး အနည်းအကျဉ်းတော့ထုတ်လို့ရတာပဲလေ။ သို့ပေမယ့် ကိုယ့်ဘက်ကိုယ်ကြည့်ပြီးထုတ်သုံးတဲ့သူတွေများလာတော့ အဖွဲ့အစည်းကလက်မခံတော့ဘူး
လက်မခံတော့ပြိုကွဲလာတယ်။
သူများနိုင်ငံစည်းလုံးလို့အောင်မြင်နေချိန် ကိုယ့်နိုင်ငံနောက်ကျကျန်နေခဲ့ရတယ်။
Support ပေးတယ်ဆိုတာကလည်း
မိဘနဲ့သားသမီးကိုပဲနှိုင်းယှဉ်တွေးကြည့်ရင် သားသမီးတွေကိုယ့်အားကိုယ်ကိုးလာနိုင်စေဖို့ ပညာသင်ပေးနေတဲ့ပုံစံပါပဲ။
Spများလာရင် ကိုယ့်အားကိုယ်ကိုးနိုင်သူတွေ ဖြစ်လာကြရမယ်လေ။ အထောက်ပံ့ပေးသူတွေရှိတုန်း
အထောက်အပံ့ပေးနိုင်တုန်းအချိန်မှာ ယူထားပြီး တချိန်မှာ ကိုယ့်အားကိုယ်ကိုးလို့ကိုယ့်ဘဝကို တိုးတက်အောင်ဖန်တီးနိုင်သူဖြစ်သင့်တယ်။ မိဘတွေပေးတုန်းမယူထားရင် မိဘတွေမရှိချိန် ဘယ်လိုရပ်တည်မလည်း အဲ့ဒါကိုစဉ်းစားသင့်တာ။ တခြို့ကရှုံးမှာကိုကြောက်ကြတယ် ဒီဆိုက်သက်တမ်း ဘယ်လောက်ခံမယ်မသိပါဘူးကွာဆိုပြီးပေါ့။ တစ်ကယ်တမ်းကြတော့ ဆုံးရှုံးမှာကြောက်တာထက် မလုပ်ချင်ကြတာ မကြိုးစားချင်ကြတာပါ။ တစ်ကယ်တမ်းက အခုရနေတာတွေကလည်း ကိုယ်တွေရင်းထားရတာတစ်ခုမှမပါဘူးလေ။ကြောက်တက်ရင် မရင်းပဲ ကြိုးစားမှုလေးတစ်ခုနဲ့ပဲ ဆက်သွားပေါ့။ ကျွန်တော်ဆို ခုရနေတဲ့Spတွေက အပြင်ကနေရင်းပြီးမှရခဲ့တာတစ်ခုမှမရှိဘူး Proကရတာတွေကိုပဲတိုးပွားဖို့နည်းလမ်းရှာ လုပ်ဆောင်ခဲ့ရတာပါပဲ။ ကိုယ့်ကိုယ်ကို ကြိုးစားသူလို့တော့မပြောချင်ဘူး ကျနော်လည်း Steemitမှာ ကြိုးစားသူတစ်ဦးမဟုတ်ခဲ့သေးပါဘူး။
အမှန်ပြောရရင် အွန်လိုင်းငွေရှာတာကိုဝါသနာပါတယ်ဆိုတာထက် စူးစမ်းလိုစိတ်တွေကြောင့် လုပ်ခဲ့တာဆိုပိုမှန်မယ်။ စူးစမ်းရှာဖွေရတာကိုနှစ်သက်တယ်။ ဒါပေမယ့် ကျနော့အားနည်းချက် သတိမေ့တက်နေသေးတယ်။ တွက်ချက်မှုပိုင်းနှေးကွေးနေသေးတယ်။ englishစာဖတ်ဖို့ Computerမှာ translate Add Onတွေထည့်သုံးနေရသေးတယ်။
ကျနော်ကိုမွေးဖွားခဲ့တာ တောကျကျတနေရာမှာပါ။ ပညာနည်းပါးတဲ့ဒေသလို့ မဆိုချင်ပေမယ့် ပညာတက်တွေနဲ့တော့ ဝေးကွာတဲ့တစ်နေရာမှာပါ။
သို့ပေမယ့် အခုလိုအရာတွေကို လေ့လာတယ် လုပ်ဆောင်တယ်။ကိုယ် အသုံးလိုသလောက်လည်းသုံးတယ်။မလိုရင်မသုံးဘူး။ လူတော့မချမ်းသာဘူးပေါ့။ အပေါင်းအသင်းနည်းပေမယ့် ကိုယ့်ကိုမုန်းတဲ့သူမရှိဘူး။
ကိုယ့်ကိုချစ်မယ့်သူတွေပဲရှိတယ် ကောင်မလေးတွေဆို အကိုအကိုနဲ့ပဲကျနော့ကိုခေါ်ကြတာလေ။
သူတို့ထက်ကိုယ်က အသက်ကြီးတာကိုး😁။

Spမစုပဲနေသူတွေ၊ အဖွဲ့အစည်းကနေ မိမိသဘောနဲ့ခွဲထွက်သွားသူတွေကို ဘာမှတော့မပြောချင်ပါဘူး။ဒါပေမယ့် ကိုယ်ကမပေးပဲနဲ့ဘယ်အရာမှပြန်မရဘူးဆိုတာတော့ကျနော် သိထားလို့ ကိုယ်ပေးနိုင်တဲ့အချိန်လေးတွေမှာ MSCအတွက် အမြဲတမ်းကြိုးစားဆောင်ရွက်နေမှာပါလို့ပြောကြားလိုပါတယ်။ ### ကိုယ်လည်းပြန်လိုချင်နေလို့လေ😍😍

ဘာမမဟုတ်ဘူးကိုဟင်ရေ
တစ်ချက်ခုတ်နှစ်ချက်ပြတ် Mentရေးရင်း postပါတင်ပစ်လိုက်ပြီ😁။

ဆရာအခုရေးနေတဲ့ဆောင်းပါးရဲ့ ရည်ရွယ်ချက်က ကိုဟင်ရေးတာနဲ့ သဘောထားတူနေတယ်ဗျာ၊ ဆရာ့အမြင်မှာလည်း Steemမှာသာ မြန်မာလူငယ်တွေ ညီညီညွတ်ညွတ်လုပ်သွားနိုင်ရင် ပြ​ဒါးလုံးအောင်တဲ့ ဝိဇ္ဇာများလို တပြည်လုံးဝအောင်ထမင်းကျွေးနိုင်မှာသေချာပါတယ်။

နည်းနည်းလေး ထပ်ချဲ့ပြောမယ်ဆိုရင် ... ဆရာရေ... တနိုင်ငံလုံး အတိုင်းအတာ နဲ့ Steemit လုပ်ရင် နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တယ်... ဒါဟာ ဖြတ်လမ်းနည်းနဲ့ အခြားနိုင်ငံကို ကျော်တက်သွားနိုင်ပါတယ်။ အစိုးရမင်းများရဲ့ support နဲ့ စည်းကမ်း ကောင်းဖို့တော့လိုပါတယ်။

ဟုတ်ပါတယ် ကိုဟင်နရီရေ...
ကျွန်တော်လည်း ဒီရက်ပိုင်း Promotion တင်ရာတွင် စိတ်ဓာတ်၊
စည်းကမ်း၊ ပညာ နှင့်ပတ်သက်တာများကို မြန်မာနိုင်ငံသားများအား
အခြေပြု ရေးသားဖြစ်ခဲ့ပါတယ်။ စနစ်ဆိုးတစ်ခုအောက်မှာ
ဖြတ်သန်းခဲ့ရတဲ့ ပြည်သူပြည်သား.အများစုမှာ စိတ်ဓာတ်၊ စည်းကမ်း၊
ပညာ နိမ့်ပါးကာဖြင့် ကမ္ဘာအလယ်တွင် မျက်နှာငယ်ရ အောက်တန်းကျ
နေပါသည်။ ကိုဟင် ပြောသလို မြန်မာလူငယ်များ Steemit
Platform မှာ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ပါသည်ကိုတော့
သဘောတွေ့မိပါသည်။ သို့သော် စိတ်ဓာတ်နိမ့်ပါးသော Steemit
User မြန်မာတွေလည်း ရှိနေပါ၍ ရှက်မိပါသည်။ ဘာပဲဖြစ်ဖြစ်ပါလေ..
ကျွန်တော်တို့ အဖွဲ့အနေဖြင့် MSC ရေရှည်ခိုင်မာတောင့်တင်းရေး၊
myanmar tag ဂုဏ်သရေ မြင့်မားရေးနှင့် အခြားသူများကို
တတ်စွမ်းသ၍ ကူညီသွားရေးတို့ကို အစဉ်သဖြင့် လုပ်ဆောင်သွား
ကြရပါမည်။

နယ်​မြို့ကလူ​တွေမဆိုထားပါနဲ့။ရန်​ကုန်​မြိုကြီးမှာ​နေသူများပင်​အစစအရာရာနိမ့်​ကျ​နေသူများရှိ​နေပါ​သေးသည်​။

အကို့ရဲ့ မြန်​မာပြည်​အတွက်​ထားတဲ့စိတ်​ဓာတ်​ကို အမြဲ​လေးစားလျှက်​ပါအကို​ရေ။ကျွန်​​တော်​တို့လည်းတတ်​နိုင်​သမျှအကို နဲ့အတူလိုက်​ပါပါ့မယ်​ခင်​ဗျ။

ကချင်ပြည်နယ်က ဒုက္ခသည် စစ်ရှောင်စခန်းတွေ လာကြည့်စေချင်တယ်

ဖတ်​ရတာရင်​ထဲမ​ကောင်းဘူးကိုဟင်
ခုမနက်​ကျွန်​​တော်​တင်​သည့်​ပိုစ်​တွင်​လည်း
ဘယ်​လို​ပြောရမှန်​ပင်​မသိ​အောင်​ပါဗျာ

စာတွေရေးချင်တော့ စာတွေဖတ်ရတယ်
စာတွေဖတ်ရတော့ ဗဟုသုတတွေတိုးလာတာကကိုယ်တိုင်အရင်ဆုံးရရှိတဲ့အကျိုးကျေးဇူးပါ အကိုရေ

မြန်မာတစ်နိုင်ငံလုံး ချစ်ခင်ရင်းနှီးစည်းလုံးပြီး ငြိမ်းချမ်းမှုတွေကိုတော့ လိုချင်တမ်းတမက်မောလှပါပြီ အစ်ကိုရယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56665.04
ETH 3021.71
USDT 1.00
SBD 2.22