You are viewing a single comment's thread from:

RE: Steemit Platform နှင့် မြန်မာလူငယ်များ ( Henry Aung )

in #myanmar6 years ago

ဟုတ်ပါတယ် ကိုဟင်နရီရေ...
ကျွန်တော်လည်း ဒီရက်ပိုင်း Promotion တင်ရာတွင် စိတ်ဓာတ်၊
စည်းကမ်း၊ ပညာ နှင့်ပတ်သက်တာများကို မြန်မာနိုင်ငံသားများအား
အခြေပြု ရေးသားဖြစ်ခဲ့ပါတယ်။ စနစ်ဆိုးတစ်ခုအောက်မှာ
ဖြတ်သန်းခဲ့ရတဲ့ ပြည်သူပြည်သား.အများစုမှာ စိတ်ဓာတ်၊ စည်းကမ်း၊
ပညာ နိမ့်ပါးကာဖြင့် ကမ္ဘာအလယ်တွင် မျက်နှာငယ်ရ အောက်တန်းကျ
နေပါသည်။ ကိုဟင် ပြောသလို မြန်မာလူငယ်များ Steemit
Platform မှာ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ပါသည်ကိုတော့
သဘောတွေ့မိပါသည်။ သို့သော် စိတ်ဓာတ်နိမ့်ပါးသော Steemit
User မြန်မာတွေလည်း ရှိနေပါ၍ ရှက်မိပါသည်။ ဘာပဲဖြစ်ဖြစ်ပါလေ..
ကျွန်တော်တို့ အဖွဲ့အနေဖြင့် MSC ရေရှည်ခိုင်မာတောင့်တင်းရေး၊
myanmar tag ဂုဏ်သရေ မြင့်မားရေးနှင့် အခြားသူများကို
တတ်စွမ်းသ၍ ကူညီသွားရေးတို့ကို အစဉ်သဖြင့် လုပ်ဆောင်သွား
ကြရပါမည်။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 56576.23
ETH 3024.80
USDT 1.00
SBD 2.29