You are viewing a single comment's thread from:

RE: ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၄ ) ( Henry Aung )

in #myanmar7 years ago

အဲဒီစိတ်ဓါတ်တွေအတွက်တော့ ဆယ်စုနှစ် ချီပြီး ပြန်ပြင်ရပါလိမ့်မယ် အန်တီ။ လူကြီးများကို မပြင်တော့ပဲ ယခု မူကြိုတက်နေတဲ့ ခလေးများကို စတင်ပြီး ပြင်ပေးလိုက်ရင် သူတို့ တွေ အရွယ် ရောက်တဲ့ အခါ ၂၅, ၃၀ လောက်ဖြစ်လာတဲ့ အခါ မြန်မာပြည် အခြားတိုင်းပြည်နဲ့ တန်းတူ ဖြစ်ပါလိမ့်မယ်။ ရှိနှင့် ပြီးသာ ကျွန်တော်တို့လို လူကြီးတွေကတော့ ပြင်ဖို့ မလွယ်တော့ပါဘူး။

Sort:  

OK.သား
အန်တီရည်ရွယ်ချက်က..အဲဒါဘဲသားရေ...။
ခေါက်ရိုးကျိုးနေသော..ပိုးပုဆိုးကြီးကို..မီးပူမတိုက်တော့
ဘူး။နုနယ်သေးတဲ့..ကလေးတွေကို၊စာပေအသိဥာဏ်နဲ့
ပြုပြင်ပေးမယ်။သူတို့အပေါ်..ချထားတဲ့မျိုးစေ့တွေဟာ၊
သူတို့ရဲ့သားသမီးမြေးမြစ်တွေမှာ..အသီးအပွင့်တွေစားရပီ။အန်တီအကြံပြုခြင်တာက၊အခုကထဲက copyကိစ္စကို၊ထိထိရောက်ရောက်ကိုင်ပါ၊အဲဒီအကျင့်က
သူခိုးအကျင့်ဘဲ။တိုင်းပြည်မှာအဲဒီသူခိုးတွေကြောင့်၊စုတ်ခဲ့တာကိုသားသိပါတယ်။အန်တီဆက်ရေးမယ်။
ရည်ရွယ်ချက်တူလို့..ဝမ်းသာလိုက်တာ။

ဟုတ်ကဲ့ပါ အန်တီ ။ MSC ဟာ မြန်မာလူငယ်တွေကို တွဲခေါ်ရာမှာ အခက် အခဲအများကြီး ရှိမယ်ဆိုတာ ကြို တွေးထာသလို တကယ်လည်း အခက်အခဲအများကြီးရှိပါတယ်။ ဒါပေမယ့် MSC ကို တရားဝင် မှတ်ပုံတင်ပြီးသွားရင် အဲဒီ copy ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်မှာပါ။

MSC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းထဲမယ် copyrights ဥပဒေကို ထည့်သွင်းထားပြီး ၊ MSC members များရဲ့ စာများ ဆောင်းပါးများကို မည်သူမျှ ကူယူခွင့် မရှိစေရပါဘူး။ ထို့အတူ MSC members များက သူများစာတွေ copy ကူးရင်လည်း စည်းကမ်းဖေါက်ဖျက်မှုနဲ့ တရားစွဲဆိုလို့ ရတဲ့ အနေအထားဖြစ်အောင် စည်းကမ်းကို တင်းကျပ်ထားမှာ ဖြစ်ပါတယ်။

MSC ရဲ့ standard ဟာစည်းကမ်း ဖြစ်စေရပါမယ်။ အခုချိန် အထိတော့ ကျွန်တော်တို့ admin များ အများကြီးမလုပ်နိုင်သေးပါဘူး။ အချိန်တခုကို စောင့်ရင်း MSC ကို တရားဝင်မှတ်ပုံတင်ဖို့ ကြိုးစားနေတုန်းပါပဲ။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60140.96
ETH 2378.49
USDT 1.00
SBD 2.59