ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၄ ) ( Henry Aung )

in #myanmar6 years ago

henry.jpg

မင်္ဂလာပါခင်ဗျား ။ ကျွန်တော်၏ မပြီးပြတ်သေးသော မန္တလေး ခရီးစဉ်ကို ဆက်ပါရစေ။

ကျွနုပ်ကာ သက်ကို ဇော်၏ ဆိုင်ကယ်နောက်မှ ထိုင်စီးလာပြီနောက် မန္တလေး မြို့ ၏ နံနက်ခင်းအလှကို ငေးမောကြည့်မိ၏။ ဆိုင်ကယ်တို့ကာ ဗီယက်နမ် ရောက်နေသည့်အလား။ နံနက်စောစော တွင် လှပျိုဖြူ များကလည်း ဆိုင်ကယ် များနှင့် ။ အချို့ကာဦးထုပ်ဆောင်းထားကြ၏။

အချို့ကာ အသက်အပိုပါ၍ ထင့် ဆိုင်ကယ်ကို အရှိန်နှင့် စီးကြသော်လည်း ဦးထုပ်မပါကြ။ သတိထားမိသည်မှာ အားလုံးသာ ဆိုင်ကယ်များမှာ များသောအားဖြင့် သစ်လွင်တောက်ပမှုမရှိ။ ဖုန်အသောသော မွဲ ခြောက်ခြောက်များသာ များ၏။ သက်ကိုဇော်အား မေးကြည့်သောအခါ ဆိုင်ကယ် အကောင်းစား သစ်လွင်သော ဆိုင်ကယ် စီးလျင် အခိုးခံရဖို့ ၇၀% သေချာသောဟူ၏။

စိတ်ဓါတ်များကာ အသစ်နှင့် မတန်သေးသော စိတ်ဓါတ်များ ဟုမြင်၏။ ရှိစေတော့။ ဤသို့ တွေးရင်း ငေးရင်း ကျွနုပ်တည်း ရမည့် hotel သို့ ရောက်လေ၏။ သက်ကိုဇော်အား စောင့်နေရန် ပြော၍ hotel အခန်းတွင်းသို့ ခရီး ဆောင်အိတ် ထား၍ နံနက်စာ စားရန် အပြင်သို့ တခေါက်ထွက်ရ၏။

သက်ကိုဇော်ကာ မန္တလေး ၏ နာမည်ကြီး သော မန်းမြို့တော် ပေါက်စီ ဆိုင်သို့ ခေါ်ဆောင်သွား၏။ ဆိုင်အတွင်းကာ စားသုံးသူတို့ ကြိတ်ကြိတ်တိုးလျက်ရှိ၏။ မိမိလည်း ၁၅ နှစ် နီးပါးခန့် ပျောက်ဆုံးလျက်ရှိသော စည်းစိမ် တခုကို ပြန်ယူမိ၏။

01.jpg

ထိုစည်းစိမ်မှာ ယောက်ျား လေးများသာ နားလည်နိုင်မည်ဟု ထင်၏။ လဖက်ရည် ကျစိမ့် တခွက် ၊ ရေနွေးကြမ်းနှင့် စီးကရက် တလိပ် သာ လို၏။ မိမိခံတွင်း အား ရေးနွးကြမ်း တခွက် သောက်၍ ရှင်းလင်း ပြီး နောက် ၊ လဖက်ရည် ကျစိမ့်အား တငုံ ငုံ၍ လက်ဖက်ရည် ၏ အနည်းငယ်ဖန်ခါးသော အရသာနှင့်အတူ အချိုမပြင်း၍ ခပ်စိမ့်စိမ့် ရှိသောအရသာကို ခံစားနေလေ၏။

တဆက်တည်း မိမိခံတွင်း အတွင်းမှ လဖက်ရည် ၏ အရသာ ပျောက်သွားသည်နှင့် ခံတွင်း ချဉ်သည့် အရသာ ထွက်ပေါ်လာ၏။ ဤ အချိန်တွင် စီးကရက်မီး ညှိပြီးနောက် ပထမဆုံး ရှိုက်သွင်း ၍ မှုတ်ထုတ်လိုက်သော မီးခိုး များကို ငေးကြည့် ရသော အရသာမှာ လဖက်ရည်ဆိုင်ထိုင်တတ်သော ယောက်ျားလေးများသာ နားလည်တန်ရာ၏။

ကျွနုပ်ကာ ဆေးလိပ် စွဲနေသူတယောက်မဟုတ်သော်လည်း ရံဖန်ရံခါ သောက်တတ်၏။ လူအများစကားဝိုင်း ၊ အသောက်အစား ဝိုင်းများတွင် အများတကာနှင့် အတူ ဆေးလိပ်သောက်သော်လည်း မိမိကိုယ်တိုင်တော့ ဆေးလိပ်အား ဝယ်သောက်လေ့မရှိ။ ရှိစေတော့ ။ နံနက်စာ စားရင်း သက်ကိုဇော်နှင့် အလှူ အတွက် ပြင်ဆင်ထားမှုများအား မေးမြန်ရ၏။

နောက်တနေ့ အလှူ အတွက် သက်ကို ဇော် စီစဉ်ထားမှု များမှာ ထောင့် စေ့လှ၏။ တယောက် တနေရာစီမှ ရောက်လာကြမည့် မိမိတို့ admin များအား ကြို ဆိုနေရာချထားရေး ၊ ထို့ အပြင် အလှူအတန်း အတွက် အစားအစာ၊ ဟင်းချို ၊ ကျောက်ပွင့် သုပ် အစရှိသော တိုလီမိုလီများအားလည်း စီမံရ၏။

အလှူတို့ လိုက်ပါပို့ဆောင်မည့် ကားအတွက်လည်း ပူပန်ရသေး၏။ မိမိတွေးမိသည်မှာ မိမိအား ဤကဲ့သို့ ဤသည်မရွေး တာဝန်ယူ ခိုင်လျင် အရာရာ အဆင်ပြေအောင် လုပ်ဆောင်နိုင်ပါမည်လော တွေးမိ၏။ မောင်မင်းကြီးသား တော်ပါပေ၏။

02.jpg

နံနက်စာ စားပြီးနောက် မိမိတို့ လည်း အသီးသီးလမ်းခွဲ ခဲ့ကြ၏။ သက်ကိုဇော်လည်း အလှူအတန် ကိစ္စများ ဆက်လက်လုပ်ဆောင်ရန် ထွက်သွား၏။ ညနေခင်းတွင် ပြန်တွေ့ကြမည်ဖြစ်၍ ရေဆာပြေ ဘီယာသောက်ကြမည့် အကြောင်းလည်း ပြောသွားသေး၏။ ဟုတ်သား မန္တလေး ရောက်မှ ဆာလိုက်သည့်ရေ။ မိမိမှာ ၏ ဆောင်းပါး ရေးနေရင်းကပင် ရေဆာလာပြီဖြစ်၏။

မိမိလည်း hotel ပြန်၍ အနားယူရန် ပြင်ဆင်ရလေတော့၏။ ဤတွင် ကြုံ၍ မန္တလေးတွင် ကျွန်တော်တည်း ခဲ့သော Hotel Victoria Palace အကြောင်းကို အနည်းငယ်ဖေါ်ပြလို၏။ Victoria Palace hotel မှာ သာမန် 3 star အဆင့်ရှိသော hotel သာဖြစ်၏။ သို့ သော် မိမိတက်ခဲ့ဘူး သော 4 star Hotel များထက် များစွာသာလွန်၏။

မိမိမှာ စင်္ကပူ တွင်းရှိ hotel များ အင်ဒိုနီးရှား Batam , Bintan ရှိ Novotel Hotel ၊ မလေးရှား ၊ Kuala Lumpur ရှိဟို တယ်များ ၊ Jahour , ထိုင်းနိုင်ငံ ဖူးခက် ရှိ hotel , Vietnam ရှိ hotel များ အများအားဖြင့် 4 Star အဆင့်ရှိသော hotel များအား တည်းခို ဖူးသော်လည်း မန္တလေး ရှိ Victoria Palace hotel မှာ ထို 4 Star Hotel များထက် အများကြီး ပိုမို ကောင်းမွန်၏။

Hygiene နှင့် Public Safety ကို ပြည့် စုံစွာ ထည့်သွင်းထား၏။ အကျယ်မချဲ့တော့ပါ။ မိမိမှာ မန္တလေးတွင် ဤကဲ့သို့ ဈေးသက်သာ၍ အလွန်ကောင်းမွန်သော hotel ရှိသည်ကို အလွန်ဂုဏ်ယူမိ၏။ ဤကဲ့သို့ ဈေးသက်သာ၍ ၊ Servic ကောင်းမွန်သော hotel များမှာ ခရီသွား လုပ်ငန်းတွင် အလွန်အရေးကြီး၏။

ကျွနုပ်သိထားသည်မှာ အရှေ့တောင် အာရှ နိုင်ငံများတွင် ခရီးသွားလုပ်ငန်း၌ မြန်မာပြည်ရှိ hotel များ ဈေးကြီးသည်ကို သိထားသောကြောင့် ဖြစ်၏။ Victoria palace hotel အား လမ်းညွန်ပေးသော ပြည့်စုံခင်ခင်အားလည်း ကျေးဇူးတင်မိပါ၏။ ဤသည်မှာ ကြုံ၍ မိမိတည်းခဲ့ သော hotel အကြောင်းအား ကြေငြာ ခ မရသော်လည်း ဗဟုသုတအလို့ ငှာ ဝေမျှရခြင်းသာဖြစ်၏။ မိမိလည်း တရေးတမော အနားယူရ၏။

03.jpg

ညနေ ၅ နာရီထိုးသော် ရေဆာလာလေပြီ။ သက်ကိုဇော်အား ဖုန်းဆက်ခေါ်သော် hotel ၌ သာစောင့်နေပါရန် မှာ၏။ မိမိလည်း အညှောင်းအညှာ ပြေ လမ်းထွက်လျှောက်လေသော် " ရေကန်အသင့် ကြာအသင့် " ဟူသော မြန်မာစကားပုံ နှင့် အညီ hotel မှ ထွက်လိုက်သည်နှင့် " ရထိုက်" ဟူသော စားသောက်ဆိုင်ကို တွေ့၏။

သက်ကိုဇော် အား ထိုစားသောက်ဆိုင်တွင်သာ စောင့်နေမည့် အကြောင်း ဖုန်ပြန်ခေါ်လိုက်၏။ များမကြာမှီ ကိုယ်တော်ချောကာပေါက်ချလာလေပြီ။ သူကာ ဘယ်အချိန်ကတည်းက ရေဆာနေမှန်း မသိ ရေသန့် ဘူးလည်းပါလာ၏။ သို့သော် ရေတို့ ကာ အမည်းရောင်ဖြစ်၏။

ထို့နောက် @billionairehein ရောက်လာ၏။ ထို့ နောက် @aunggyi နှင့် @myanmarkoko တို့ ရောက်လာကြ၏။ လူစုံလေပြီ။ မြန်မာဘီယာပုလင်းတို့ကာ တလုံးပြီး တလုံးဖေါ်က်ရ၏။ အားလုံးလည်း ရေဆာနေကြပြီကိုး။ အမြည်းမှာ ကန်စွန်း ပလိန်း ၊ ဝက်နံရိုး ကြော် ၊ ငါး အချဉ်ပေါင်း စသည်စသည်တို့ ဖြစ်၏။

မိမိလည်း ၂ ခွက်ခန့် ဝင်ပြီးသော် စကားကောင်းလာ၏။ လက်ကလည်း သွက်လာ၏။ တူ ကို လက်မှ မချတော့။ စားလည်း စား၏။ သောက်လည်း သောက်၏။ စကားလည်း ပြော၏။ အောင်ကြီးနှင့် မြန်မာကိုကို ကာ မိမိအား ငေးမောကြည့် နေကြ၏။ ဘီယာသောက်ရန်ပင်မေ့နေကြ၍ မိမိမှာ မကြာခဏ သတိပေးရ၏။ အစားစားကြရန်လည်း ဆော်သြရ၏။

ထိုသူနှစ်ယောက်ကာ မိမိအား ငြေးကြည့် နေလျက်သာ။ ထိုသူနှစ်ဦး၏ အတွေးတွင်ကာ MSC leader ဟူသည်မှာ ဘုရားရှင် လက်ထက်က အစားကြီးသော ဇူစကာ ပုဏ္ဏား ၏ မျိုးဆက် ဖြစ်နိုင်သည်ဟုလည်း ထင်နေကြပုံရ ၏။ သို့ မဟုတ် ဝေသာလီပြည် ဘီလူး များဝင်၍ တိုင်းပြည်ပျက်သွားသည် ဟူသည်မှာ Henry Aung ကဲ့သို့ လူများ ဝင်ရောက်လာခြင်း ဖြစ်တန်ရာ၏ ဟူ ၍ လည်း ထင်ကောင်း ထင်နေကြလိမ့်မည်။

05.jpg

များမကြာမှီ MSC admin @donjaun ရောက်လာ၏။ မိမိတို့ ဘီယာနှင့် မြည်းရန် တောင်ကြီး မှ အမြည်းများ တကူးတက သယ်လာခဲ့သည် ဆို၍ ကျေးဇူးတင်ရသေး၏။ ကျွနုပ်ထင်သည်ကာ တောင်ကြီးမြို့မှ ယူလာရသည်ဖြစ်၍ .... တောဝက်သား ခြောက်လော ၊ ချေသား ခြောက် လော သို့ မဟုတ် မိမိမစားဖူးသော အသားတမျိုးမျိုးလော ။

ပါးစပ်ကာ တပြင်ပြင် ဖြစ်နေလေပြီ။ ထို့ နောက် ကို ဒွန် ထုတ်လိုက်သော အမြည်းကာ နမ့်ဆန်း ဆီတိုဖူး ဟူလို။ ဆီတော်ဖူး ယူလာပေးသော အစ်ကို ဒွန်အား ကျေးဇူးတင်ပါ၏။ ချစ်သောသူနှင့် အိုအောင်မင်းအောင် ပေါင်းရပါစေ။ ထို့နောက် မိမိတို့ စကားဝိုင်းကာ ဟိုရောက်ဒီရောက် ။

Steemit အကြောင်းလည်းပါ၏။ အလှူ အကြောင်းလည်းပါ၏။ MSC members များအကြောင်းလည်း ပါ၏။ G3 SL အကြောင်းလည်းပါ၏။ ည ၈ နာရီ ခွဲသော် စာပွဲထိုးများက ဆိုင်ပိတ်တော့မည် ဖြစ်ကြောင်း ပြောလာ၏။ ၁၀ တန်းစာမေးပွဲရှိသောကြောင့် ၈ နာရီ ခွဲလျင် ဆိုင်ပိတ်ရမည် ဟူသတတ်။။ မိမိတို့ကာ ၁၀ တန်းအောင်ပြီးသော သူများ ဖြစ်ကြောင်း ပြောပြသော်လည်း မရ။

ထို့နေညနေကတော့ ၈ နာရီခွဲသည်နှင့် အသီးသီး လမ်းခွဲခဲ့ကြတော့၏။ နောက်တနေ့ အလှူ လုပ်ရန် နှင့် အစည်းအဝေးရှိသေးသည် မဟုတ်လား ။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟားအကို အခုမှ ရေဆာဘီယာသောက်တုန်း ရှိသေးတယ် နောက်တနေ့အလှုအစီအစဉ်လေး စောင့်ဖတ်မယ်ဗျို့။

ဟုတ်ကဲ့ ။ အဲဒီ အလှူကို မရောက်နိုင်ဘူးဖြစ်နေတာ ကိုရွှေဘိုရေ..... မနက်ဖြန်တော့ ရောက်အောင် ရေးမယ်ဗျာ။

ကောင်းလိုက်တဲ့ အရေးအသားဖက်လျုက်တာ နောက်ဆုံးစာကြောင်းဘယ်လိုရောက်သွားမှန်းကိုမသိဘူးရယ် ဒါနဲ့အကိုဟင်
ရေဆာရင် ထန်ရည်လည်းသောက်ကောင်းတယ်နော် ဟီးးးးးး

အေးဟ... ညီလေးသာအေး ပြောမှ သတိထားမိတော့တယ်။ မန်းလေး ၃ ရက်သွားနေတာ ထန်းရည်မသောက်ခဲ့ရဘူး။

Steem ပွဲမှာ ညေး သယ်လာခဲ့မယ် အကို

so fun.. awesome trip.

ကျေးဇူးအများကြီးတင်ပါတယ်။

"အကောင်းနဲ့မတန်သောစိတ်ဓာတ်"ဆိုတာကို..သဘော
အကျဆုံးဘဲ..သားရေ။အမှန်အကန်ဘဲ။ဒီနိုင်ငံမှာ..အကောင်းနဲ့မတန်သူတွေ၊အများကြီးဘဲ။
အဆမတန်ဈေးနှူန်းမြင့်မားတဲ့..ပစ္စည်းတွေ၊ဝယ်ယူသုံးစွဲနေ
ကြပေမဲ့လဲ...အကောင်းနဲ့မတန်ဘူး။ထို့အတူ...ကောင်းတာ
ဟူသမျှ၊လားလားမှမဆိုင်၊စုတ်ပြတ်သတ်နေတဲ့ပစ္စည်းကို
ဝယ်ယူသုံးစွဲနေရတဲ့အတွက်...တန်ရာတန်ရာဖြစ်ဖို့၊ဆွဲခေါ်
ပေမဲ့..လိုက်မလာသော..အကောင်းနဲ့မတန်သူတွေ။
ထိုသူတွေများသောနိုင်ငံကို၊မြန်မာနိုင်ငံဟုခေါ်ပါသည်။

အဲဒီစိတ်ဓါတ်တွေအတွက်တော့ ဆယ်စုနှစ် ချီပြီး ပြန်ပြင်ရပါလိမ့်မယ် အန်တီ။ လူကြီးများကို မပြင်တော့ပဲ ယခု မူကြိုတက်နေတဲ့ ခလေးများကို စတင်ပြီး ပြင်ပေးလိုက်ရင် သူတို့ တွေ အရွယ် ရောက်တဲ့ အခါ ၂၅, ၃၀ လောက်ဖြစ်လာတဲ့ အခါ မြန်မာပြည် အခြားတိုင်းပြည်နဲ့ တန်းတူ ဖြစ်ပါလိမ့်မယ်။ ရှိနှင့် ပြီးသာ ကျွန်တော်တို့လို လူကြီးတွေကတော့ ပြင်ဖို့ မလွယ်တော့ပါဘူး။

OK.သား
အန်တီရည်ရွယ်ချက်က..အဲဒါဘဲသားရေ...။
ခေါက်ရိုးကျိုးနေသော..ပိုးပုဆိုးကြီးကို..မီးပူမတိုက်တော့
ဘူး။နုနယ်သေးတဲ့..ကလေးတွေကို၊စာပေအသိဥာဏ်နဲ့
ပြုပြင်ပေးမယ်။သူတို့အပေါ်..ချထားတဲ့မျိုးစေ့တွေဟာ၊
သူတို့ရဲ့သားသမီးမြေးမြစ်တွေမှာ..အသီးအပွင့်တွေစားရပီ။အန်တီအကြံပြုခြင်တာက၊အခုကထဲက copyကိစ္စကို၊ထိထိရောက်ရောက်ကိုင်ပါ၊အဲဒီအကျင့်က
သူခိုးအကျင့်ဘဲ။တိုင်းပြည်မှာအဲဒီသူခိုးတွေကြောင့်၊စုတ်ခဲ့တာကိုသားသိပါတယ်။အန်တီဆက်ရေးမယ်။
ရည်ရွယ်ချက်တူလို့..ဝမ်းသာလိုက်တာ။

ဟုတ်ကဲ့ပါ အန်တီ ။ MSC ဟာ မြန်မာလူငယ်တွေကို တွဲခေါ်ရာမှာ အခက် အခဲအများကြီး ရှိမယ်ဆိုတာ ကြို တွေးထာသလို တကယ်လည်း အခက်အခဲအများကြီးရှိပါတယ်။ ဒါပေမယ့် MSC ကို တရားဝင် မှတ်ပုံတင်ပြီးသွားရင် အဲဒီ copy ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်မှာပါ။

MSC ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းထဲမယ် copyrights ဥပဒေကို ထည့်သွင်းထားပြီး ၊ MSC members များရဲ့ စာများ ဆောင်းပါးများကို မည်သူမျှ ကူယူခွင့် မရှိစေရပါဘူး။ ထို့အတူ MSC members များက သူများစာတွေ copy ကူးရင်လည်း စည်းကမ်းဖေါက်ဖျက်မှုနဲ့ တရားစွဲဆိုလို့ ရတဲ့ အနေအထားဖြစ်အောင် စည်းကမ်းကို တင်းကျပ်ထားမှာ ဖြစ်ပါတယ်။

MSC ရဲ့ standard ဟာစည်းကမ်း ဖြစ်စေရပါမယ်။ အခုချိန် အထိတော့ ကျွန်တော်တို့ admin များ အများကြီးမလုပ်နိုင်သေးပါဘူး။ အချိန်တခုကို စောင့်ရင်း MSC ကို တရားဝင်မှတ်ပုံတင်ဖို့ ကြိုးစားနေတုန်းပါပဲ။

ကျွန်တော်တောင် ကိုသက်တို့ကို ပြောနေသေးတယ် ကိုဟင် ပြန်တော့ ဗိုက်တစ်လုံး မပါသွားဘူးလားလို့ ( ဘီယာဗိုက် ... ပါနော်) ... ဓာတ်ပုံတိုင်းမှာ ရေခွက်တွေ တန်းစီနေတာပဲ ...

This comment has received a 1.19 % upvote from @speedvoter thanks to: @sawlwin.

အေးဗျာ... ဓါတ်ပုံတွေကလည်း ရေသောက်တဲ့ အခါမှ ပဲ ရိုက်ဖြစ်တော့တာလေ...ရေကလည်း ဆာ.. သောက်လို့ကလည်းကောင်း

အမှန်က ဆယ်တန်းအောင်ပြီးသားလူတွေတော့ ရသင့်ပါတယ်ဗျာ။ ဒါဆိုင်ကသတ်သတ်ချေတာဖြစ်ရမယ်😁😁😁

အေးလေ ... အစ်ကိုတို့ ၁၀ တန်းအောင်ပြီး သွာပြီ ပြောတာမရဘူး။ နောက်တခါ အဲဆိုင် မထိုင်တော့ဘူး။ ၁၀ တန်းတွေ စာမေးပွဲ ပြီးမှ ပြန်ထိုင်မယ်။

ကြာတော့
တကယ်ရေဆာ တာလား ..
ဟို ... တကယ့်ကို ရေဆာတာလား မသဲကွဲဘူးရယ်
Mdy ကလည်း ပူတာကိုးဗျ။
အမှန်တော့ ကျတော်တို့ တကယ် ရေဆာကြတာပါ
😂😂😂

အေးလေ.. မန်းလေးက ပူတော့ ရေဆာတာပေါ့။ ခု ကွန်မန့် ရေးနေရင်းတောင် ရေဆာလာသလိုပဲ။

အဲဒီ victoria hotel တော့ အလွန်အညွှန်းပြတာ
စင်္ကာပူထက်ကောင်းတယ်က ပါသေးတာ ဟုတ်ပဗျာ

တကယ်ကောင်းတာပါဆို။

ဒိုးခ တကယ်ကောင်းတာတဲ့ အာ့မှာတွေ့လား မိန်းမပါတခါယူခဲ့ ပြန်လာရင် နီဂရိုးမမဲမဲလေး ဟီးး

good job , bro

ဆရာသမား... ပျောက်နေတယ်ကော

ဖုန်းပျောက်တာနဲ့ အဆက်သွယ် ပြတ်သွားတာ အစ်ကိုကြီး

ထိုညကား အကျွန်ုပ်သည်လည်း @thatkozaw မှ ညအိပ်တည်းခွင့် မပေး၍ မိန်းမရှိရာစစ်ကိုင်းသို့ လစ်ခဲ့ရပါတယ်။ မန္တလေး ညလမ်းခရီးရဲ့
ခိုးဆိုးလုရိုက်တွေကိုလည်း ကြောက်ကြာက်နဲ့ပေါ့။ နောက်ရက်များတွင်...

ဆောင်းပါး ရေးနေရင်းကတောင် မန်းလေး ပြန်သွားချင်မိတယ်။

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 64021.36
ETH 3150.26
USDT 1.00
SBD 2.54