You are viewing a single comment's thread from:

RE: ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၃ )( Henry Aung )

in #myanmar7 years ago

မှန်တယ်ဆရာ ၊ ထိုင်းတွေ ကကျွန်တော်တို့ လောက် အင်္ဂလိပ်စာ မတတ်တာ ကျွန်တော်လည်း လက်ခံနိုင်ပါတယ်။ စင်္ကပူ နိုင်ငံသား အထူးသဖြင့် လူကြီး တွေ ကလည်း ကျွန်တော်တို့ လောက် အင်္ဂလိပ်စကားကို မပြောနိုင်ကြပါဘူး။ ဒီဘက်ခေတ် လူငယ်တွေ အများအားဖြင့် second Generation က လူငယ်တွေ တော့ အင်္ဂလိပ်စကားပြောနိုင်ကြပါတယ်။ အင်္ဂလိပ်စကား ပြောဆိုတဲ့ နေရာမှာ broken English ပဲသုံးကြတာပါ။ ဒီနေရာမှာ ဆရာ့ကွန်မန့်ကို ပြန်ရရင် ကျွန်တော့အနေနဲ့ အဲဒီအချိန်တုန်းကတော့ ကြုံးဝါးရုံက လွဲပြီး ဘားမှ မတတ်နိုင်ခဲ့ဘူး။ ကိုယ်တွေဘာ တတ်ထားသလဲ ဘာသိထားသလဲ သူတို့ စိတ်မဝင်စားဘူး။ကျွန်တော် ဆိုလို ချင်တာ အဆင့်အတန်း ခွဲထားတာပါ။ General worker ၊ supervisor ၊ staff level ၊ Manager စသည်ဖြင့် ..... General worker level မှာ ကြိုက်သလောက် အင်္ဂလိပ်စကား မိုးပြန်အောင် တော်နေပါစေ ... General worker က office ထဲကို အခွင့် မရှိပဲ ဝင်လာခွင့် မရှိပါ။

Sort:  

ကျွန်တော့တပည့် အင်ဂျင်နီယာ စလုံးမှာ တတိယနှစ်ကပြန်တက်ပြီးမှ အင်ဂျင်နီယာအလုပ်ပြန်ပေးတယ်၊ တပည့်တစ်ယောက်က ဆရာဝန် စစချင်းစလုံးမှာ သူနာပြုအဆင့်ပဲရတယ် ကိုဟင်ရေ။ သူတို့လဲစစချင်းခံရတာပဲ။ ခုကျမှပြန်မလွှတ်ချင်တော့ဘူး။

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 59708.78
ETH 3185.76
USDT 1.00
SBD 2.45