Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၁ ( ခေတ်စမ်း ) ( Henry Aung )

in #myanmar7 years ago (edited)

STEMMIT-HENRY.jpg

ကျွနုပ်ကား Steemit မှ ရသော ငွေယား SBD လက်ထဲတွင် ရလာသည်နှင့် ဤမွန်းကျပ်လှ သော စင်္ဂပူရ မှ ထွက်ပြေးရန် အလို့ ငှာ ကြံမိ၏။ အဘယ်သို့ သွားမည်နည်း။ ကြံရာမရဖြစ်ခြေပြီ။ မိမိမှာ @aburmeseabroad ( အိမ့်ခြူးလှိုင်) ကဲ့သို့ သူဌေး မဟုတ်ရကာ ကမ္ဘာ မပတ်နိုင်ပြီ။ ရှိစေတော့။ မိမိရောင်ရင်း များ ရှိရာ Steemit ကျေးရွာသို့ သာ ထပ်သွား ရန် ကြံမိတော့ ၏။

မိမိ၏ ပထမ အကြိမ် အလည် အပတ်သွား ခဲ့ သော အကြောင်း အရာများ သိလိုလျင် အောက်ပါ လင့် တွင်ဝင်ကြည့်ကြပါကုန်။ မိမိ Myanmar Steemit ကျေး ရွာသို့ ရောက်သော် ရွာ ကျေးရတက် @glastofresco ခေါ်သာအေးမှာ ဘန်ကောက်သို့ သူ၏ ရောင်စုံ ရှန်ပူ promotion အတွက် ထွက်ခွာသွားကြောင်း သိရ၏။ သာအေးကာကြီးပွား နေလေပြီ။ ကောင်းပါ၏။

လာကြိုသူမရှိ၍ ရွာအဝင်လမ်းအတိုင်း လမ်းလျှောက်လာသော် ဂွေးမြင်ကုန်း ကျေးရွာမှ သိုင်းဆရာ@domelay ဒိုမီလေး ကို တွေ့၏။ ဒိုမီလေးမှာ ယခင်က Myanmar Steemit ရွာသားဖြစ်သော်လည်း ဘကြီတင်လှိုင် @tinhlaingoo ထံမှ သိုင်းပညာများ သင်ယူပြီးသကာလ ယခု မှာ ဂွေးမြင်ကုန်းရွာတွင် အခြကျ နေပြီ ဖြစ်၏။

သိုင်းဆရာ ဒိုမီလေးကာ ဘာသာတရား ကိုင်းရှိုင်းသူလည်း ဖြစ်၏။ ယခုလည်း Myanmar Steemit ရွာဦး ကျောင်း ဆရာတော် အရှင် @gunapeya အားဖူးမျှော် ၍ ဆရာတော့် တရား နာကြားခဲ့ခြင်း ဖြစ်၏။

ပထမတခေါက် ရောက်ခဲ့စဉ်က -Myanmar Steemit ကျေးရွာသို့ အလည်တခေါက်- ခေတ်စမ်း ( Henry Aung )

02.jpg

သိုင်းဆရာ ဒိုမီလေး နေထိုင်သော ဂွေးမြင်ကုန်း ကျေရွာမှာ ဒိုမီလေးအား ဂုဏ်ပြုမည့် ခေါ်ထားသော ရွာနာမည် ဖြစ်၏။ အဘယ်သို့ ဤသို့ သော ရွာနာမည် မှည့် ရပါသနည်း။ အကြောင်းစုံကို ရှင်းပြရသော်ဤသို့ ဖြစ်၏။ ဂွေးမြင်ကုန်း ဟူ မခေါ်ခင် ထိုရွာကလေး ၏ အမည်မှာ သာယာကုန်းရွာဟု ခေါ်သောဟူ၏။

စမ်းချောင်း ကလေးနှင့် အလွန်သာသာယာယာ ရှိပြီး ရွာ အဝင်လမ်းတွင် ကုန်းကမူလေးတခု ရှိသောဟူ၏။ ဒိုမီလေး သာယာကုန်း ရွာသို့ ရောက်သော် ရွာအတွင်း သို့ မနေပဲ ဤလူသူမနီးသော ကုန်းကမူ လေးတွင် တဲထိုး၍ နေလေ၏။ ထိုကမူ လေးမှာ ရွာအဝင်လမ်းတွင် ရှိသောကြောင့် နေစဉ် ရွာအတွင်းသို့ ဝင်ထွက်သွားလာသူတို့မှာ ဒီမိုလေး၏ သိုင်းကျင့်နေသည်ကို တွေ့ရမည် ဖြစ်၏။ အဘယ်သို့သော သိုင်းကျင့်ခြင်းနည်း။

ရှင်းပြပါမည်။ ကိုယ်ခန္ဓာ အပေါ်ပိုင်းကာ ဗလာကျင်း ဖြစ်၍ ပုဆိုးကို တိုတို ဝတ်ထား၏။ ထို့နောက် သိုင်းကျင့်သောအခါ ဟိုခုန် ဒီကူးဖြင့် ယား ယစ်နှင့် သိုင်းကျင့်လျင် ကမူ အောက်ရွာ အဝင်လမ်းသို့ ဖြတ်သွားသူတို့မှာ ဟာကနဲ ဟင်ကနဲ ဖြစ်သွား ရသောဟူ၏။ အခါတပါး၌ သာယာကုန်းရွာသို့ ဓားပြများ ဝင်လေရာ ဒီမိုလေး လက်စွမ်းဖြင့် ဓာပြများကို လက်ရဖမ်းဆီး နိုင်သောဟူ၏။ ဤမျှစွမ်းသော ဒိုမီလေး ဖြစ်၏။

ရွာလူကြီးများကလည်း ကျေးဇူးတင်လွန်းရကာ ဒိုမီလေးအား ဂုဏ်ပြုကြရန် တိုင်ပင်ကြသောဟူ၏။ ရွာအစည်းအဝေးတွင် ဆုံးဖြတ်ကြသည်ကာ ဒိုမီလေးအားလည်း ဂုဏ်ပြုစေ ကုန်းကမူ ရှိသော ရွာနာမည်လည်း ပါစေဟူ၍ မှည့်ခေါ်လိုက်သည်မှာ " ဂွေးမြင်ကုန်းကျေးရွာ" ဟူတသတ်။

ဟုတ်သား, တကယ်လည်း မြင်ကြရသည်ကိုး။ ဂွေးမြင်ကုန်း ရွာမှာ ဒိုမီလေးကဲ့သို့ အမျိုးသားသိုင်းဆရာ ရောက်လာ၍သာ တော်သေး၏။ @pyaesonekhinkhin ပြည့်စုံခင်ခင် ကဲ့သို့သော အမျိုးသမီး သိုင်းဆရာဆိုလျင် ရွာနာမည်မှာ မတွေးဝံ့စရာ။ ရှိစေတော့။ ဤသည်မှာ ဒိုမီလေးနှင့် ဂွေးမြင်ကုန်းရွာ အကြောင်း မိမိသိသမျှ ပြောပြရခြင်း ဖြစ်၏။ အကြောင်းစုံသိလိုလျင် @domelay ၏ blog သို့ ဝင်ရောက်ဖတ်ကြည့် ကြပါကုန်။

03.jpg

မိမိလည်း ဒိုမီလေးနှင့် အတန်ကြာ စကားပြောပြီးသော် ရွာလည် လမ်းအတိုင်း @thihakoko သီဟကိုကို၏ ထန်းတောကို ဖြတ်လျှောက်လာခဲ့၏။ အလို ... နံနက် ၁၀ နာရီပင်မရှိသေး ရွာခံလူမိုက်များ ဖြစ်ကြသော @thatkozaw သက်ကိုဇာ် ( ကျားသက်ဇော် ) @aungzawhtwe အောင်ဇော်ထွေး ( လက်မနှေး ဇော်ထွေး ) @minsoenaing မင်းစိုးနိုင် ( ဓါးစိုးနိုင် ) တို့ကာ ထန်းတောအတွင်း သို့ ရောက်၍ ရေချိန်ကိုက်နေချေပြီ။

Myanmar Steemit ကျေးရွာမှ ထိုရွာခံလူမိုက်များမှာ အလွန်မီးသေသူများ ဖြစ်၏။ ငိုနေသောခလေးများအား " နင့်ပထွေးလူမိုက်တွေ လာပြီဟု ခြောက်လိုက်လျင်" အိကနဲ့ အငို တိတ် ၍ တခါးဂျောင် ပြေးကပ်သောဟူ၏။ ဤမျှ မီးသေသူများဖြစ်၏။ ညနေ သူငယ်အိပ်ချိန်ရောက်လျင် ရွာလမ်းအတိုင်း လူမိုက်သုံးဦး ဝင်လာမြဲဖြစ်၏။ သူရို့ ရေချိန်ကိုက်မကိုက် သိနိုင်သော နည်းရှိ၏။ " ဖက်ခရု( F--k you ) " " ဆယ်နှစ်လက်မ ဘစ် ( son of Bitch ) " " နိုး ဒေါ့ တင်း ဟူမန် ( no dogs think human - ဘယ်ခွေးမှ လူမထင်) " အစရှိသော အင်္ဂလိပ်စကားများပြော၍ ရွာထဲ ဝင်လာလျင် သေချာပြီ သကောင့်သားများ မူးလာခြေပြီ။

ရှိသမျှတခါးများ အကုန်ပိတ်ရ၏။ စကားဝိုင်း ကောင်း နေလျင်လည်း ဖျက် ရ၏။ မီးခွက် မှုတ်ရ၏။ ဤ လူမိုက်များ ဝင်လာလျင် တရွာလုံး တိတ်သွားရသောဟူ၏။ ခွေးများပင် မဟောင်ဝံ့။ မီးခွက် မမှုတ်၍ ကလည်း မဖြစ်။ မီးရောင်လဲ့လဲ့ မြင်ရလျင် ထိုသုံး ဦး ဝင်လာ၍ ထမင်းကျန် ဟင်းကျန် များ မရှိဘူးလား ဟူ၍ တောင်းစားလွန်း သောကြောင့် ဖြစ်၏။ ကြောက်ကြောက်နှင့် ရှိသမျှ အကုန် ချကျွှေးရသော ကြောင့် လူမိုက်များ ဝင်လာလျင် မီးသေရခြင်း ဖြစ်၏။ ဤမျှမီးသေသော ရွာခံလူမိုက်များပါပေ။

01.jpg

ဤလူမိုက်များတွင် ကျားသက်ဇော် @thatkozaw မှာ ကျောကုန်းတွင် မနောယက္ခ ကျားဆိုးခေါင်းပုံ ကို စုတ်ထိုးထားသူ ဖြစ်၏။ ထိုကျားခေါ်င်းပုံမှာ နယ်နယ်ရရ မဟုတ် ။ တောင်ကြီး မြို့တွင် နေထိုင်သော အထက်လမ်းဆရာ @donjaun ဆရာဒွန် မှာ နက္ခတ်နှင့် ကြည့် ၍ စုတ်ထိုးထားပေးခြင်းဖြစ်၏။

ထိုဆရာဒွန်ဆိုသူ မှာ တောင်ကြီး မြို့တွင် အလွန်နာမည် ကြီးသောအထက်လမ်း ဆရာဖြစ်၏။ တခေတ်တခါက အလွန်နာမည်ကြီးသော ထမီခြုံလျင် လဒ ဖြစ်သည်ဟူ သော အောက်လမ်း ဆရာမ စောနန်းဝေအား အနိုင်ယူထားသူ ဖြစ်၏။ ( ဤကာစကားချပ်)

ထိုဆရာဒွန်ဆိုသူမှာ လူမိုက် ကျားသက်ဇော် ကျောပေါ်မှ မိမိထိုးပေးထားသော အလွန်လက်ရာမြောက်သော ကျားပုံကို ကြည့်၍ မိမိဤကဲ့သို့ တက်တူး ဆက်၍ ထိုးပေးနေလျင် နှောင်တွင် မြန်မာပြည် တက်တူးဆရာတို့ မိမိကြောင့် ထမင်းငတ်မည်ကို မြင်သဖြင့် ပဲခူး ဒေးစွန်ပါ ဘုရားတွင် မိမိစုတ်တံ ၊ စုတ်ခွက်များ အားလုံး ကို လှူဒါန်းလိုက်၍ မိမိဤတသက် တက်တူး မထိုးတော့ပါ ဟူ၍ ဘုရားအား အကုန်လှူဒါန်းလိုက်သောဟူ၏။

ဆရာဒွန်လည်း တောင်ကြီးသို့ မပြန်တော့ပဲ ဒေးစွန်ပါ တောင်တွင်သာ တရားအားထုတ်နေကြောင်း ကြားသိရ၏။ သာဓု သာဓု မောင်မင်းကြီးသာ နိဗ္မါန် ချမ်းသာ ရပါစေ။ ဆရာဒွန်၏ လက်ရာမြောက်လှသော ကျားပုံကို ကြည့်ချင်လျင် ကျားသက်ဇော် ကျောပေါ်တွင် သွားရောက်ကြည့် ရှုနိုင်ပါ၏။ မသွား ရောက်နိုင်သူများအတွက်လည်း အနီးစပ်ဆုံး ကျားပုံကို ဥပမာ ပြပေးလိုက်ပါမည်။

ဟုတ်ကဲ့ Hello kitty အရုပ်သာကြည့် ပါလေ။ကော်မန့်တွင် ဖေါ်ပြပေးထားပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

ကျန်ရှိနေသေးသော Myanmar Steemit ကျေးရွာသူ ရွာသားများ အကြောင်းကို နောက်ဆောင်းပါးတွင် ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

22.png

ဆရာဒွန် လက်စွမ်းပြထားသော ကျားပုံ

ခ်ခ်ခ် ကျားကကြောက်စရာ ခ်ခ်ခ်

ပုံအောက်မှာ သေချာအောင် ကျားပုံလို့ရေးပေးပါလား

ဗြဲ ဗြဲ နာ့ ​စေထားလိုက်​တာ

ဒီလိုအချိန်လေးကတော့ အကောင်းဆုံးပါခင်ဗျ

ဆရာရေ မနေ့က ကိုသက်တို့ အဖွဲ့ ထန်းမြူအိုးတွေ ရိုက်ခွဲ သွား ဒေ အီး ကုန်ပါဘီ

ဟုတ်လား နောက်ဆောင်းပါးမှာ အလျော်တောင်းခိုင်မယ်။

ဟီး ဆရာ။ ဟုတေ အလျော်တောင်းရမယ်။

နာ့မိန်းမခွဲတာ နာမပါဘူး ​ဟျောင့်​ ​ယော်​ပု​စေး​စော

အကိုရာ ဈေးရောင်းမကောင်းတော့လို့ ရွာပြန်ရမလိုဖြစ်နေပီ
အကိုရေးထားတာလေးက စိတ်ချမ်းသာခြင်းကိုရရှိပါတယ်
အကိုသည် ကျနော့်အတွက် ကချင်လူမျိုးး ထဲက ပထမဦးဆုံးသော လေးစားအားကျစရာ လူတစ်ဦးဖြစ်ပီး ကျနော်ယူထားသော
ဇနီးသည် ကချင်မလေး၏ အမျိုးများ ယခုချိန်ထိ မတွေ့ရသေးသော်လည်း ကချင်လူမျိုးတို့၏ စိတ်ဓါတ်ကို လေးစားအားကျဖွယ် အကို့ထံပါးမှ မြင်တွေ့နေရသောကြောင့် အလွန်ဝမ်းသာပီတိဖြစ်မိပါသည်အကိုကချင် ဂါရ၀တရား အစဉ် ရှေ့ထားလျှက်ပါခင်ဗျ

ဘယ်ပုံဘယ်နည်းနဲ့ ကချင် မလေးနဲ့ ဖူးစာဆုံခဲ့ တဲ့ အကြောင်းလေးလည်း ဆောင်းပါးရေးပါအုံး ကို သာအေး ရေ။

ဟုတ်အကို ဟီးးးးး

ကိုတွေတော့ ရိုးရိုးဆောင်းပါးတောင်မနည်းကြိုးစားရေးရတယ် ခေတ်စမ်းကတော့ ဝေးနေသေးတယ်

တဖြည်း ဖြည်း ဖြစ်လာပါလိမ့်မယ်

ခေတ်စမ်းစာကို ဆရာတင်နဲ့ အစ်ကိုဟင်တို့ဆီကနေ အတုခိုးရမှာပါ

ခေတ်စမ်းလို့ သာ ခေါင်းစဉ်တပ်ထားရတာ ခေတ်စမ်း မည် မမည် တော့ ပြောတတ်ဘူး။ ခေတ်စမ်း စာပေကို ကြိုက်လွန်းလို့ ။

ရေးသားပုံ ထူးခြားတာကတော့ အမှန်ပါပဲ

ကိုဟင်​ စာစုံပ ဗျာ

ကြိုက်တယ်ဆာ ရုပ်ရှင်ရိုက်ပလိုက်ရကောင်းမလားပဲနော် ☺☺☺

MSC ပေါကားဖြစ်ကုန်ပါအုံးမယ်။

အမငီး ကျားပုံကကြောက်စရာကြီး။ ဆရာတင် ရေးဟန်နဲ့ တစ်ပုံစံထည်းပါ ။ ဆရာတွေ လက်စွမ်းပြချက်။ နောက်ကအမှီ လိုက်ရအုန်းမှာပ။

ဟုတ်ကဲ့ ကိုရွှေဘိုကို စောင့်နေကြပါတယ်။

ကျ​နော့အုပ်​ပီး​ဆွေး​နွေး​နေကြတယ်

စလည်ဆုံး ပြုံးရယ်မိပါတယ် အကို။
မွန်ကြပ် ပင်ပန်းမှုတွေ ဝေးကွာစေတဲ့ အကို့ စာအတွက် ကျေးဇူးပါ ဗျ။
ဒိုမီ အတွက်တော့ စိတ်ပူ၏။
ယခု hot နေသော သတင်းတွေကြောင့် အထုပ်အထည် မြင်ပြီးသွားသော ရွာသားများသည် ဒိုမီကို အလွတ် မပေးမှာကို ကျတော် အလွန်မှ စိတ်ပူမိ၏။
😂

😁😁😁😁😁😁

ဒိုမီတော့ ၃၄ သိန်း ထောပြီ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60147.92
ETH 2613.63
USDT 1.00
SBD 2.55