Myanmar Steemit ကျေးရွာသို့ အလည်တခေါက်- ခေတ်စမ်း ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ကျွှန်တော်ကာ စင်္ကပူတည်း ဟူသော ကျွှန်းငယ်လေးတွင် နှစ်ရှည် အကျဉ်းကျ နေရသကဲ့သို့ အလုပ်လုပ်နေရကာ စိတ်ပြေလက်ပျောက် အလို့ ငှာ ခရီး သွားခြင်မိ၏။ အဘယ်သို့ သွားမည်နည်း။ ငွေယားကလေးမျှ မရှိ။ ဟယ်လူကြံလျင် အိမ်သာထရံတောင် ဟိုဟွာဖြစ်သေးတာ တနေနေရာတော့ မရောက်ရောက်အောင်သွားမည်ဟု ဆုံးဖြတ်ချက် ချ ပြီးသကာလ ကျွှနုပ် မိတ်ဆွေများ ရှိသော myanmar Steemit ရွာသို့ စရိတ်ငြိမ်း ခရီးထွက်ခဲ့လေ၏။

ကျွှန်တော်လာလည်မည်ဆို၍ @gelatofresco ခေါ်သာအေးမှ လှည်းဖြင့် လာကြို၏။ သာအေးကာ ရွာတွင် အတန်ငယ်ချောင်လည်ဟန်ရှိ၏။ အဓိကစီးပွားရေးမှာ ဆပ်ပြာလုပ်ငန်းဟူလို။ အဘယ်သို့သော ဆပ်ပြာနည်း... ရောင်စုံ ဆပ်ပြာဖြစ်၏။ ထုတ်လုပ်နည်းကာ အံ့ဖွယ်ဖြစ်၏။ အိမ်တိုင်းအိမ်တိုင်း သုံးကြသော ရွှေဝါ, ကာဘောလိပ်, lux ဆပ်ပြာ, သံပရာချမ်း စသည် စသည်တို့ သော လက်ကျန် ဆပ်ပြာ အစအနများ လိုက်တောင်း၍ ထို မတူသော ဆပ်ပြာများ ပေါင်းလိုက်လျင် ရနံ့ပေါင်းစုံသော ရောင်စုံ ဆပ်ပြာ ဖြစ်လာသောဟူ၏။

စီးပွားရေး အကွက်မြင်သော သာအေးပါပေ, ထိုထက်ချမ်းသာရန်သာရှိ၏, နောင်တွင် သာအေး ရောင်စုံ ရှန်ပူ များလည်း ထွက်ကောင်း ထွက်လာပါလိမ့်မည်။ ကျွှနုပ်လည်း သာအေး ပေးသော ရောင်စုံဆပ်ပြာဖြင့် ရေးချိုးပြီနောက် ရွာ၏တန်ဆောင်ဖြစ်သော @tinhlaingoo ဘကြီး တင်လှိုင်ထံသို့ ဝင်ရောက်ကန်တော့၏။

01.jpg

ဘကြီးတင်လှိုင်ကာ ရွာ၏ ဦးသျှောင်းဖြစ်၏။ အင်း, အိုင် , ဗေဒင် နတ်ခတ် မှအစ မင်္ဂလာ ဘိတ်သိတ်ရာတွင်လည်း ပြိုင်စံရှားသူဖြစ်၏။ ရွာခံ လူငယ်များကို လည်း ကိုယ်ခံပညာများ သင်ကြားပြသပေးသေး၏။ယခု ဂွေးမြင်ကုန်းဟူသော ရွာလေးတွင် သိုင်းသင်တန်း ဖွင့်ထားသူ @domelay မှာ ဘကြီးတင်လှိုင်၏ တပည့် ရင်း ဖြစ်၏။ အလွန် လက်စောင်းထက်သောဟူ၏။ ရွာခံလူမိုက်ကြီးများဖြစ်သော @thatkozaw , @aungzawhtwe , @minsoenaing တို့ မူးယစ်ရမ်းကားနေလျင် ဘကြီး တင်လှိုင်လာပြီဟေ့ ဟု ဆိုလိုက်လျင် ဤလူမိုက်ကြီးများပင် သေးဖျန်းဖျန်းပါသောဟူ၏။

ဤမျှသြဇာကြီးသော ဘကြီးတင်လှိုင်ဖြစ်၏။ ကျွှန်ုပ် တို့ စကားကောင်းနေစဉ် @thihakoko သီဟကို ရောက်လာ၏။ သီဟကို ကာယခင်က သနပ်ခါးခင်း ပိုင်ရှင် ဖြစ်၏။ သနပ်ခါး ခင်း တခုလုံးအား ပုတ်ပြတ်ရောင်း၍ ယခုတော့ ထန်းတော ပိုင်ရှင် ဖြစ်နေခြေပြီ။ သီဟကိုမှာ ဘကြီးတင်လှိုင်အား ထန်းမြစ်ဖုတ်လာ၍ ဦးဦးဖျားဖျား လာရောက်ကန်တော့ ခြင်းဖြစ်၏။ သီဟကို ပြန်သွားပြီးနောက် ကြက်ခြံပိုင်ရှင် @mamammyanmar မမမြန်မာ ရောက်လာပြန်၏။ သူ့ကြက်ဥများရောင်းမကောင်း၍ ဘကြီးတင်လှိုင်ထံယတြယာ ချေ ခိုင်းရန် ရောက်လာခြင်းဖြစ်၏။

ထိုအချိန်တွင် ထန်းမြစ်ဖုတ်များအားတွေ့ပြီးနောက် " ဟယ်ထန်းမြစ်တွေ" ဟူ၍ ဘကြီးတင်လှိုင်ထံမှ အတင်းတောင်းသွားလေ၏။ ပါးစပ်မှလည်း ထန်းမြစ်နှင့် ကြက်ဥကြော်စားလျင် ဟိုဟာကောင်းတယ် ဟု ပြောသွားသေး၏။ ဘယ်ဟာကောင်းမှန်မသိ, ကြုံမှ မေးကြည့် ရပါအုံးမည်။ မမမြန်မာ မှာ ထန်းမြစ်ရသွား၍ မည်မျှပျော်သွားသည်မသိ ယတြာချေ ရန်ပင်မေ့ချေပြီ။

03.jpg

မမမြန်မာကာ ကြက်ဥကြော် အလွန်ကြိုက်သူဖြစ်၏။ တလောကလည်း မည်သူ မြောက်ပေးလိုက်သည်မသိ , ကြက်ဥနှင့် ပဒိုင်းပွင့် ကြော်စားလျင် အဆီကျတယ်ဆို၍ ကြော်စားမိသဖြင့် ရွာခံ ဆေးဆရာ , @ansoe ဆရာစိုးမှ မနည်း ကုထားရလေသည်။ ဆရာစိုးကာ Myanmar Steemit ရွာလေး၏ တဦးတည်းသော တိုင်းရင်းဆေးဆရာ ဖြစ်၏။

အကြောကိုင်လည်း ကျွှမ်းကျင်၏။ တခါ၌ ရွာထဲတွင် အသက်ရှစ်ဆယ်ကျော် အဖွားအို တဦး အကြောညှပ်၍ ထမရ ထိုင်မရ ဖြစ်နေစဉ် ဆရာစိုး မှအကြောကိုင်လိုက်ရာ , နောက်တနေ့မှ စ၍ ဌင်းအသက်ရှစ်ဆယ်ကျော် အဖွားအို မှ လင်ယူမယ် , လင်ယူ မယ် ဖြစ်ကုန်သောဟူ၏။ တရွာလုံးမှ တောင်းပန်ပြီး " ဆရာစိုး အကြောညှပ်အောင် ပြန် လုပ်ပေးလိုက်ပါ " ဟု ဝိုင်းတောင်းပန်ကြသဖြင့် ဆရာစိုးမှ ပြန်လည် ကုသပေးလိုက်ရလေ၏။

ဤမျှစွမ်းသော ဆရာစိုးပါပေ။ ကျွှနုပ်လည်း ဘကြီးတင်လှိုင်အား နှုတ်ဆက်၍ ရွာ၏တိုးတက်မှုကို လေ့လာရန် ရွာကျောင်း ဖက်သို့ ထွက်လာချေပြီ။ ရွာကျောင်းကာ ကျောင်းသူ ကျောင်းသားများ၏ စာအံသံများဖြင့် ဆူညံနေလေ၏။ သာယာသံများပါပေ။

06.jpg

သို့ သော် ကျွှနုပ်နားစိုက်ထောင် လိုက်လျင် စာအံသံများကာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေ၏။ အဘယ့် ကြောင့်နည်း။ သိချင်စိတ်ကာ ထိန်းမရ။ ကျောင်းအတွင်းသို့ ရောက်ရချေပြီ။ တွေ့လေပြီ ကျောင်းဆရာ @mgmgkse မောင် မောင်။ ဆရာမောင်မောင်ကာ စနစ်အသစ်ဖြင့် ကျောင်းသားများကို စာသင်နေခြင်းဖြစ်၏။ စာများကို အပိုင်းလိုက်သင်၏။

ဤအပိုင်းပြီးလျင် နောက်တပိုင်းကို တမင်ချန်ထား၏။ ကျောင်းသားများ၏ သိလိုစိတ် ပြင်းပြလာအောင် လုပ်ပေးခြင်း ဟု ဆို၏။ ဤနည်းကို ခန်းဆက်ရှည် သင်နည်းဟု လည်း ကျွှနုပ်အားရှင်းပြလေ၏။ ကောင်းပါလေ့ ကောင်းပါလေ့ ... နောင်တချိန်ဤကျောင်းမှ ထွက်သောကလေးများ တိုင်းပြည် အုပ်ချုပ်ကြလျင် အပိုင်းလိုက် ခန်းဆက် ခွဲ၍ အုပ်ချုပ်ကြမည်လော။ ညာဏ်မမှီနိုင်တော့၍ ရွာထဲသို့သာ ထွက်လာခဲ့တော့၏။ ရွာလည်သို့ ရောက်လျင် @nyinyiwin ခေါ် ကာလသားခေါင်း ကိုရွှေဘို နှင့် တွေလေ၏။

ကိုရွှေဘိုကာ ရွာ၏ကာလသားခေါင်း ဖြစ်သည့် အလျောက် ရပ်ရေးရွာရေး အကုန်လုံးကို တာဝန်ယူထားရသူ ဖြစ်လေ၏။ ရွာသန့်ရှင်းရေးပါ တာဝန်ယူထားရသဖြင့် ရွာလမ်းပေါ်သို့ အမှိုက်ပြစ်သူများအား တပျက်စည်းဖြင့် ထွက်ရိုက်တတ်သဖြင့် မည်သူမျှအမှိုက်မချဝံ့။ ရွာလမ်းကာ သန့်ရှင်းနေလေ၏။ မောင်မင်းကြီးသား ကျန်းမာပါစေ။

07.jpg

ရွာမြောက်ဖက်သို့ အတန်ငယ် သွားမိသော် ရွာလမ်း၌ @thiri ခေါ်ရွာကွမ်းတောင်ကိုင် သီရိနှင့် တွေ့၍ သာကြောင်းမာကြောင်း မျှပြောဖြစ်ကြ၏။ သီရိကာ ရွာ၏ ကွမ်းတောင်ကိုင်ဖြစ်သည့် အလျောက် အလှပြင်ဆိုင်လည်း ဖွင့်ထားသောဟူ၏။ တမြန်နှစ်လောက်က သူ၏သနပ်ခါး တောသူ လိမ်းနည်းမှာ အတော်လေးနားမည်ကြီးသွားသေး၏။

မြန်မာ တပြည်လုံးမှ သနပ်ခါးတုံးများ အမှာ များလှသဖြင့် @thihakoko သီဟကို ၏ သနပ်ခါး ခြံကို ပုဒ်ပြတ် ဝယ်ယူ၍ ဈေးကွက်သို့ တင်ပို့ ရသောဟူ၏။တောင်ကြီး မြို့၌နေသော လူပျိုကြီး @donjaun ကလည်း သီရိ သနပ်ခါး တုံး မှမရလျင် စာရေးဆရာ @ahtaroo အတာဦး ရေးသော မိမိကိုယ်ကို သေကြောင်းကြံနည်းများ ထဲမှ နည်းများကို အကောင်အထည် ဖေါ်မည်ဟု ခြိမ်းခြောက်သောဟူ၏။

ထိုစာရေးဆရာ အတာဦး ရေးသော သေကြောင်းကြံနည်း မှာ ဖတ်မိလျင် ချက်ခြင်းပင် သေချင်စိတ် ပေါက် နိုင်သောကြောင့် သက်ဆိုင်ရာမှ စာမရေးရန် တောင်းပန် ထားရသော စာရေး ဆရာဖြစ်၏။ အတော်ဆိုးတော် @ahtaroo အတာဦးပါပေ။ ရှိစေတော့ Jon ၏ မိဘ များမှလည်း သားလှ လူပျို မျက်နှာ ဖွေးစေရန်အလို့ ငှာ သိရိထံမှ သနပ်ခါးတုံးကို SBD 1000 ပေး၍မှာပေးကြသော်လည်း သိရိမှာ သနပ်ခါးတုံးလက်ကျန်မရှိသဖြင့် ပရိုမီနာ မြစ်ပို့ ပေးလိုက်သောဟူ၏။ Jon လည်း ပရိုမီနာ မြစ်ကို သနပ်ခါး အမှတ်နှင့်သွေးလိမ်ရာ, တပတ်လောက် အိမ်တွင်း ပုန်းလိုက်ရသောဟူ၏။ ယခုမှာ ကာ မျက်နှာများ နုဖတ်၍ အလှပိုနေကြောင်း သိရ၏။ ကောင်းလေစွ။ @donjaun အား မမြင်ဘူးသူများ တွေ့ချင်လျင် စိုင်းစိုင်းခမ်းလိုင် ပုံကို ကြည့်ပါလေ။

08.jpg

ရွာမြောက်ဖက် အတန်ငယ်သွားမိသော် @thetlyar သက်လျာ၏အသုပ်ဆိုင်သို့ရောက်၏။ သက်လျာမှာ အသုပ်ဆိုင်စဖွင့်သောနေ့မှာပင် ရွာလူမိုက် @thatkozaw , @aungzawhtwe , တို့ အရက်မြည်းမရှိသဖြင့် အသုပ်အကြွေးဝယ်လိုက် အရက်မြည်းလိုက်နှင့် ဆိုင်ဖွင့်သောနေ့ မှာပင် အရင်းပြုတ်သွားလေ၏။ အတော်ဆိုးသော လူမိုက်များပါပေ။ ယခုလည်း @pyaesonekhinkhin ပြည့်စုံခင်ခင်ထံမှ SBD 1000 ချေး၍ အသုပ်ဆိုင်ထပ်ဖွင့်ထားရလေ၏။

အဆင်ပြေနေဟန်ရှိပါ၏။ ကျွှနုပ်လည်း လောကွတ်ချော်၍ "သက်လျာ ရဲ့ အသုပ်တွေမစားရတာကြာပြီဟု" ပြောမိလေ၏။ သက်လျာမှာ ဝမ်းသာအားရဖြင့် ဆေးလက်စ ပန်ကားများအားထားခဲ့၍ ရေစို နေသောလက်များအား ဝတ်ထားသော ထမီစွန်းဖြင့် သေချာစွာ သုတ်ပြီးလျင် ကျွှန်ုပ်စားရန် အသုပ်သုပ်ပေး လေ၏။ အရသာရှိလေစွ။

@pyaesonekhinkhin ပြည့်စုံခင်ခင်မှာ ဤရွာတွင် အတန်ငယ်ကြွယ်ဝသော ကြေးရတတ်များဖြစ်၏။ ကိုလိုနီခေတ်က အလွန်နာမည်ကြီးသော အမျိုးသမီး သူဌေး ရေနံ့သာခင်ခင်ကြီး ၏မျိုးဆက်များဖြစ်တန်ရာ။ ပြည့် စုံခင်ခင်မှာလည်း ရွာတွင် ငွေတိုးပေး၍ ကြီးပွားချမ်းသာနေပေပြီ။ အတိုးနှုန်ကာ သက်သာပါ၏။ SBD 10 ချေးလျင် နေ့စဉ် အတိုး SBD 100 ပေးရသောဟူ၏။ 100 လျင် 10 တိုးသာကြားဖူးသော ကျွှနုပ်မှာ 10 လျင် 100 တိုးဟူသော အတိုးတွက်နည်းကို နားမလည် နိုင်ပါပေ။ ခေတ်ကာလ သင်္ချာ များ လွန်စွာ တိုးတက်နေလေပြီတကား။

09.jpg

ရွာမြောက်ဖက်မှ စမ်းချောင်းလေးအတိုင် ရွာ၏ လယ်ကွင်များ ရှိရာသို့ လမ်းလျှောက်လာခိုက် မြို့တွင် သက္ကသိုလ်ကျောင်း တက်နေသော @yairthiha ရဲသီဟနှင့် တွေ့၏။ အနားကပ်၍စကားမပြောနိုင်။ အကြောင်းမှာ လာဘ်ကောင်းသည်ဟူ၍ တလ လုံးလုံး မလျှော်ပဲ ဝတ်ထားသော Steemit အင်္ကျီမှာ ချဉ်သိုးသိုး နံ့ ထွက်နေသောကြောင့် ဖြစ်၏။ ပိုနံလေ ပိုလာဘ်ကောင်းလေ ဟူသတတ်။

ဤသူငယ် မြို့တွင် စိတ်ပညာ သက္ကသိုလ် တက်နေသည်မှာ ဟုတ်တန်ရာ။ အမြန်စကားဖြတ်၍ ထွက်လာမိ၏။ ရွာအရှေ့ဘက်ရောက်လျင် ပွဲစားလေး @tinmyoaung တင်မျိုးအောင်နှင့် တွေ၏။ တင်မျိုးအောင်ကာ ပွဲးစားဆိုသည့် အတိုင်း အလွန်အပြောကောင်းသူဖြစ်၏။ တမြန်နှစ်က တရုတ်သူဌေး တယောက်အား ပုတ်သင်ညိုအား ဒိုင်နိုဆော ပေါက်စလေး ဖြစ်ပါသည်ဟူ၍ ယုံအောင်ပြောပြီး SBD 100000 ဖြင့် ရောင်းနိုင်သူဖြစ်သည်။ ယခုလည် ရွာလယ်ရှိ သိပ္ပံပညာရှင် @steemlover ဆီသို့ သွားနေခြင်းဖြစ်၏။ သိပ္ပံပညာရှင်ဖြင့် ပေါင်းပြီး ဘာတွေ အကြံအညာဏ်ထုတ်ကြမည်မသိ။

10.png

@steemlover ဟူသောသိပ္ပံပညာရှင်ကာ တရွာလုံးတယောက်တည်းသာရှိ၏။ ဓါတ်ခွဲခန်းများ မွေးမြူစမ်းသပ် ရန်ထားသော တိရိဆန်များ လည်း ခြံကျယ်ကြီးအတွင်းလွတ်ထား၏။ တီကောင်မှ စပြီး ဂေါ်ဇီလာအထိ သူ၏ ဓါတ်ခွဲခန်းတွင် စမ်းသပ် ပြုလုပ် ဖန်တီးနိုင်သောဟူ၏။ မမမြန်မာ၏ ကြက်များမှာလည်း သူ၏ဓါတ်ခွဲခန်းမှ အထူးဖန်တီးထားသော ကြက်များဖြစ်ကြကုန်၏။

သူများကြက် တကောင် တရက် ဥတလုံးဥလျင် မမမြန်မာ ကြက်မှာ ၁၀ လုံးဥသောဟူ၏။ လောကဓါတ်ပညာ မှာ အလွန်အံ့သြဖွယ်ကောင်းတော့၏။ ယခုလည်း ပွဲစားလေး တင်မျိုးအောင်နှင့် နို့စား ဒိုင်နိုဆော မွေးမြူ ရန်အတွက် ကြံစည်နေကြခြင်းဖြစ်တန်ရာ။ ကျွှန်ုပ်ကာ ဤမျှ ပြည့်စုံလျက်ရှိသော Steemit Myanmar ရွာကြီးအား အလွန်ပင်အားကျမိ၏။

အဖက်ဖက်မှ တိုးတက်လျက်ရှိသော ဤရွာကြီးမှာ နှောင်တချိန်တွင် မြန်မာပြည်၏ စံပြရွာကလေး ဖြစ်ကောင်းတန်ရာ။ ကျွှနုပ်၏ အိမ်အပြန်ခရီးကာ စိတ်လေးစရာများဖြင့် ပြည့် နေ၏။ စင်္ကပူသို့ ပြန်ရောက်လျင် လုပ်ငန်းခွင် ဆင်းရပေတော့မည်။ တနေ့တော့ Myanmar Steemit ရွာလေးတွင် ပုံမှန်နေထိုင်နိုင်ရန် ကြိုးစားရပေအုံးတော့မည်။

(ကျွှန်တော် အခုလို စာရေးပြီး သရော်သည့် အတွက် အားလုံးကို တောင်းပန်ပါတယ်။ ကျွှန်တော်တ်ု့ Steemit Myanmar group များပျော်ပျော်ပါးပါးဖြင့် စိတ်လက်ပေါ့ပါးသွားစေရန် ရည်ရွယ်ရင်းဖြစ်ပါတယ်။ အထူးသဖြင့် ဆရာတင်လှိုင်ဦးအား အဂါရဝ ဖြစ်စေသော အရေးအသားများအတွက် တောင်းပန်ပါသည်ခင်ဗျား။ ပျော်စေလိုရင်းသက်သက်ဖြစ်ပါသည်။)

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )

Sort:  

0하이파이브01_550_440_schong369.jpg

Awesome!!

thanks you very much , Dubi

တယ်... ဒီလူ တော့ အကြောကိုင်ဆရာ , ဆရာစိုးနဲ့ ပေးတွေ့လိုက်ရ။

ဘယ်လိုတောင်လား

ရွာဆူမှသူကြီးသိတော့တယ်၊ ဆေးစက်ကျရာ အရုပ်ထင်တယ်ဆိုတာ ဒီစာမျိုးကိုပြောတာ အပေါ်ယံကြည့်ပြီး ပျော်မနေကြနဲ့၊ ဘယ်တိုတွေးပြီး ဘယ်လိုရေးတယ်၊ ဘာရသတွေပေးသွားတယ်ဆိုတာမြင်အောင်ကြည့် အတုယူ၊ အတူတွေး၊အရေးကျင့်ကြ။

မှန်တယ်ဆရာ, အပြင်လူ တွေလာဖတ်ရင်တော့ အခြေအမြစ်မရှိလျှောက်ရေးထားတယ်ပဲ ထင်ကြမှာ။⁠⁠⁠⁠

သက်ဆိုင်​ရာကတားထားလို့​ပေါ့ကွာ ဟွင်းဟွင်း ​သေ​ကြောင်းကြံနည်းအမျိုးမျိုး​ပေးသည်​😂😂😂😂

Bro ရယ် ရေးတတ်လိုက်တာ ရီလိုက်ရတာ စုံနေတာပဲ
စာရေးဆရာသာလုပ်စားတော့

ဒါတောင်လူမစုံသေးပါဘူး, နောက်ထပ်လာပါလိမ့်အုံးမယ်

Haha.. so funny.. :D

Steemit Village.
So funny bro.
By the way I live in Taunggyi.
Why I look like Sai Sai ?

😜

မိုက်တယ် ဆြာရေ!
ပျော်စရာ myanmar steemit ရွားလေးပါပဲဗျ!

ရွာခံ လူမိုက်စာရင်း ဝင်သွားတာနည်းလား ရေးတတ်ပါ့ဆရာဟင်ရယ်

လာမယ်လေ... ရွာခံလူမိုက်တွေအကြောင်းသီးသန့်ရေးမှာ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60771.43
ETH 3271.80
USDT 1.00
SBD 2.44