ကျွန်တော်တွေး ၍ ရေးမိသည် - အပိုင်း ( ၃ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ယခင်ဆောင်းပါးတွင် ဆရာညီပုလေး ၏ " ထက်မြက်သောဓားသွားပေါ်က ချိုမြမြ ပျားရည်စက်များ " စာအုပ်တွင်ပါဝင်သော ဆမားဒူဝါ ဆင်ဝါးနောင် ၏ ယောက္ခမ နှင့်ပါတ်သက်၍ ကျွန်တော် စိတ်ဝင်စားမိသော အကြောင်းအရာအား ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။

ယခု ဤဆောင်းပါးတွင် ကျွန်တော် စိတ်ဝင်စားမိသော အခြား အကြောင်းအရာတခုအား ဖေါ်ပြပေးပါမည်။ ထို အတ္ထုပ္ပတိ စာအုပ်တွင် ဆရာနာဂသိန်းလှိုင် အနေဖြင့် နာဂ တောင်တန်းဒေသတွင် လှည့်လည် သွားလာရင်း တိုင်းရင်းသားတို့အား ခွဲစိတ်ကုသပေးသည့် အကြောင်းအရာ အတော်များများပါဝင်ပါသည်။

ဤသို့ လှည့်လည် သွားလာရင်း ချင်းတောင်တန်း တနေရာရှိလှပသော ရေအိုင်တခုတွင် လေယဉ်ပျက်တခုရှိကြောင်းနှင့်ထိုလေယဉ်ပျက် အတွင်းရတနာများ ရှိနိုင်သည့် အကြောင်းအရာ တခုပါဝင်ပါသည်။ အတိုချုံ့၍ ပြောရလျင် မြန်မာပြည်သို့ ဂျပန်တပ်များ ဝင်ရောက်မလာမှီ စစ်ကြီးဖြစ်ပွားလာမည်အရိပ်လက္ခဏာ ပြလာသည့် အခါ ရန်ကုန်ရှိ အင်္ဂလိပ် အရာရှိများ အပါအဝင် သူဌေးသူကြွယ် အတော်များများ စစ်ပြေးကြပါတော့သည်။

ထိုစစ်ပြေးသည့်သူများတွင် ရန်ကုန်ရှိ စိန်ဘာဘူ သူဌေး တယောက်မှ မိမိပိုင်ဆိုင်သော စိန်များအား ယူဆောင်၍ အန္ဒိယသို့ လေယျဉ်ဖြင့်ပြေးပါတော့သည်။ ထိုလေယျဉ်မှာ အန္ဒိယသို့ မရောက်ပဲ မြန်မာပြည်ရှိ တောင်တန်းတနေရာ တွင်ပျက်ကျသွားသည်ဟုဆိုပါသည်။ ချင်းတောင်တန်းတနေရာ ရေအိုင်အတွင်းရှိနေသော ထိုလေယျဉ်မှာ စိန်များပါဝင် သော လေယျဉ်ဟုတ်သည် မဟုတ်သည်ကတော့ မသေချာပါ။

02.jpg
IOriginal Source

အန္ဒိယရှိ စိန်ဘာဘူ၏ အမျိုးအနွယ်များက ထိုလေယဉ်ပျံ အားရှာဖွေရန် စိတ်ဝင်စားကြောင်း ဖတ်ရှုခဲ့ရပါသည်။ အကျယ်အား ဝတ္ထုစာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ ကျွန်တော်စိတ်ဝင်စားသည်မှာထို ရေအိုင်ထဲရှိ လေယဉ်ပျက်ဖြစ်ပါသည်။ ကျွန်တော်သိ သော ပါးစပ်ရာဇဝင်တခုမှာ မြန်မာပြည်တွင် ဗိုလ်ချုပ် အောင်ဆန်းတို့ အင်္ဂလိပ်အား ဆန့်ကျင်တိုက်ခိုက် ရန် ပြင်ဆင်နေချိန်တွင် အန္ဒိယ လူမျိုး များကလည်း အိန္ဒိယတွင် အင်္ဂလိပ်အား လက်နက်ကိုင်တော်လှန်ရန် ပြင်ဆင်နေချိန်ဖြစ်ပါသည်။

ထို အန္ဒိယ အမျိုးသား တော်လှန်ရေးအား ဦးဆောင်သူမှာ " ဆူဘတ်ချန်ဒရာဘိုစ် " ဟုခေါ်သော မျိုးချစ် အန္ဒိယ ခေတ်ပညာတတ် လူငယ်ခေါင်းဆောင်တယောက်ဖြစ်ပါသည်။ သူ့ အနေဖြင့် မြန်မာ ၊ မလေးရှား ၊ စင်္ကပူ ရှိ အန္ဒိယ လူငယ်များအား စုဆောင်း၍ ဂျပန်တပ်များ နှင့်အတူ မြန်မာနိုင်ငံမှ တဆင့် အန္ဒိယ အထိ ထိုးဖေါက်၍ ဂျပန်နှင့် အတူ အင်္ဂလိပ်အား တိုက်ထုတ်ရန် ဖြစ်ပါသည်။

တချိန်တည်းမှာပင် မြန်မာ ၊ မလေးရှား ၊ စင်္ကပူ ရှိ အန္ဒိယသူဌေး များက ထို အန္ဒိယ မျိုးချစ် တော်လှန်ရေး တပ်ဖွဲ့ အတွက် ရန်ပုံငွေ အများ အပြား ထည့်ဝင်ကြသည့် အပြင် ကြွယ်ဝကြသူများက ရတနာပစ္စည်း များလည်း ထည့်ဝင်ကြကြောင်း မှတ်သားရဘူးပါသည်။ ဤရန်ပုံငွေ နှင့် ရတနာများအား လေယျဉ်ဖြင့် တင်ဆောင်၍ အန္ဒိယသို့ ပို့ဆောင်စဉ် ပျောက်ဆုံးသွားကြောင်း မှတ်သားရဘူးပါသည်။

03.jpg
IOriginal Source
ထို့ အပြင် ဆူဘတ်ချန်ဒရာဘိုစ် လည်း အင်္ဂလိပ်အား တော်လှန်ရန် ပြင်ဆင်ရင်း တိုင်ဝမ်တွင် လေယဉ်ပျက်ကျ၍ ဆုံးပါးသွားခဲ့ရပါသည်။ အမှန်ဆိုရလျင် ဆူဘတ်ချန်ဒရာဘိုစ် ဆုံးပါးသွားခြင်းသည် အန္ဒိယအတွက် အလွန်ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပါသည်။ ဘိုစ် အနေဖြင့် အန္ဒိယပြည် လွတ်လပ်ရေး အတွက် ထိုအချိန်က နာမည် ကြီးနေသော ရောမ ၊ ဘာလင် ၊ တိုကျို ဝင်ရိုးတန်း အဖွဲ့ နှင့် ဆက်သွယ်ခဲ့သည့် အပြင် ဂျာမနီ နာဇီတို့နှင့်ပါ အဆက်အသွယ်ရှိခဲ့ပါသည်။

ဘိုစ် အကြောင်း အကျယ်သိလိုလျင် Wikipedia တွင် Subhas Chandra Bose ဟူ၍ ရှာဖတ်ပါလေ။ ဆိုခဲ့သည့် အတိုင်း ဘိုစ် ကျဆုံးသွား ခြင်းနှင့်အတူ တော်လှန်ရေး ရန်ပုံငွေ ပျောက်ဆုံးမှုလည်း တိမ်မြုပ်ပျောက်ကွယ်သွားပါတော့သည်။ ကျွန်တော် တွေးမိသည်မှာ အကယ်၍ ဘိုစ်၏ တော်လှန်ရေး ရန်ပုံငွေများ တင်ဆောင်ထားသော လေယျဉ် သည် အန္ဒိယသို့ ဝင်လိုလျင် အလွယ်ဆုံးနည်းလမ်းမှာ မြန်မာပြည် အထက်ပိုင်း ချင်းတောင်တန်းများအား ဖြတ်၍ အန္ဒိယသို့ ဝင်ရမည် ဖြစ်ပါသည်။

သို့မဟုတ် ဘင်္ဂလာ ပင်လယ်အော်ကို ဖြတ်၍ အန္ဒိယသို့ ဝင်လျင်လည်း ဖြစ်ပါသည်။ သို့သော် ဖြစ်နိုင်ခြေအလွန်နည်းလှပါသည်။ အဘယ်ကြောင့်ဆိုသော် ဘင်္ဂလား ပင်လယ်အော်သည် ရာသီဥတု အလွန်ကြမ်း၍ ထိုအချိန်က လေယဉ်များမှာ ယနေ့ အချိန်ကဲ့သို့ ခေတ်မမှီသေးပါ။

04.jpg
IOriginal Source
အခြားတခုမှာ စစ်ပြေးသော စိန်ဘာဘူ သူဌေး၏ လေယဉ်ဟု ဆိုပါက ဖြစ်နိုင်ခြေအလွန်များပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က စစ်ပြေးကြသူများမှာ မြန်မာပြည် အထက်ပိုင်း အထိ ပြေး၍ ထိုမှတဆင့် ကချင်ပြည်နယ် တနိုင်းဟူးကောင်း ချင်းတောင်တန်းများ ဖြတ်၍ အန္ဒိယပိုင် မဏိပူရနယ် အင်ဖာနှင့် ကိုဟီးမားသို့ ဝင်ကြခြင်း ဖြစ်ပါသည်။

အင်ဖာတွင် အင်္ဂလိပ် တပ်များ၏ လေယဉ်ကွင်း ရှိပါသည်။ ထို့ကြောင့် ဂျပန်တပ်များ အန္ဒိယသို့ ဝင်ရန် အင်ဖာအား အသည်းအသန် တိုက်ခိုက်ကြခြင်း ဖြစ်ပါသည်။ အင်ဖာအား ရလျင် အန္ဒိယအား သိမ်းနိုင်ရန် သေချာသလောက်ရှိပါသည်။ သို့သော် မြင့်မား မတ်စောက်၍ ရာသီဥတု ဆိုးရွားလှသော ချင်းတောင်တန်းများအား မကျော်လွှားနိုင်ခဲ့ကြပါ။

ဤတွင် အနည်းငယ် စောဒက တက်စရာရှိပါသည်။ မြန်မာပြည်ရှိ စစ်ပြေးများ အဘယ့်ကြောင့် ရခိုင်ရိုးမအား ဖြတ်၍ ဘင်္ဂလားဒေရှ်ရှိ ချစ်တကောင်းနယ်သို့ မပြေးကြသနည်း။ပြေးကြပါသည်။ ထိုအချိန်က ဘင်္ဂလားဒေရှ်ဟူ၍ မရှိသေးပါ။ အင်္ဂလိပ်ပိုင် အန္ဒိယ နယ်သာရှိပါသေးသည်။

တခုမှတ်သားရမည်မှာ ထိုအချိန်ကတည်းက ချစ်တကောင်း ၊ ဘင်ဂေါ အစရှိသော နယ်များမှာ မွတ်စလင် အများစုရှိသော နယ်ပယ်များသာ ဖြစ်ပါသည်။ ဤသို့ မွတ်စလင် အများစု နေထိုင်ကြ၍ သာ 1971 တွင် အရှေ့ ပါက္ကစ္စတန် ၊ အနောက် ပါက္ကစ္စတန် ဟူ၍ မူစလင်တို့ ခွဲထွက်သွားရခြင်း ဖြစ်ပါသည်။ အနောက် ပါက္ကစ္စတန်မှာ ပါက္ကစ္စတန် နိုင်ငံ ဖြစ်လာပြီး အရှေ့ပါက္ကစ္စတန်မှ ဘင်္ဂလားဒေရှ်ဟူ၍ ဖြစ်လာပါသည်။ ထားပါ။ ဤသည်များ မှာ စစ်နှင့်ပါတ်သက်၍ မြန်မာ ပြည် ပထဝီ အနေအထားများအား ကျွန်တော်တွေးမိသလောက် ရေးပြရခြင်း ဖြစ်ပါသည်။

05.jpg
IOriginal Source
ကျွန်တော် ရေးသားထားသည်မှာ ကျွန်တော့ အထင် သာ ဖြစ်၍ အားလုံး မှန်သည်ဟု မဆိုလိုပါ။ ဆရာ နာဂသိန်းလှိုင် ဖေါ်ပြခဲ့သော နာဂတောင်တန်း အတွင်းရှိ ရေအိုင်၌ ပျက်ကျနေသော လေယဉ် နှင့် ပတ်သက်၍ ကျွန်တော် တွေးမိသလောက် ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။ ထိုအကြောင်းအား ပို၍ စိတ်ဝင်စားစွာသိလိုလျင် မြန်မာပြည် မြေပုံ နှင့် ဆက်စပ်၍ အန္ဒိယ နယ်စပ်ဖြစ်သော မီဇိုရမ် ၊ မဏိပူရ ၊ အင်ဖာ ၊ ကိုဟီးမား ၊ Nagaland စသည်တို့ နှင့် တိုက်ဆိုင်ကြည့်စေလိုပါသည်။

ဆက်လျက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စစ်ပြေးလမ်းမှာ ရွှေ ရတနာ စသည် တွေ့ကြတာတော့ ဒေသခံတွေ ပြောလို့ ကြာဖူးတယ်...
သမိုင်းဝင် တောတောင်တွေထဲ သွားရတာ စိတ်ဝင်စားဖို့ အရမ်းကောင်းတယ်ဗျ

Posted using Partiko Android

ဖြစ်နိုင်ရင် ကျွန်တော်လည်း တောတောင်တွေထဲမှာပဲ သဘာဝနဲ့ အတူနေချင်မိပါတယ်။ ဒါပေမယ် ပျော်ရာမှာ မနေ တော်ရာမှာ နေနေရတာ ဆိုတော့....

ကိုဟင့် အဘိုးလည်း ရတနာသိုက်အကြောင်းပြောတာ ရေးဖူးသလားလို့

ဟုတ်တယ်ကိုထွေး... အဘိုးပြောသော ပုံပြင်များ ဆောင်းပါးတွေထဲမယ်။ ဒါပေမယ့် အဘိုးပြောတဲ့ ရတနာအကြောင်းက ရှမ်းပြည်ဘက်မှာ။

Congratulations @kachinhenry! You received a personal award!

Happy Birthday! - You are on the Steem blockchain for 3 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

SteemitBoard supports the SteemFest⁴ Travel Reimbursement Fund.
Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 62864.56
ETH 2538.87
USDT 1.00
SBD 2.93