ကျွန်တော်နှင့် ရန်ကုန် ဘဝများ ( Henry Aung )steemCreated with Sketch.

in #myanmar7 years ago

henry.jpg

ကျွန်တော်သည်တခေါက် ရန်ကုန်ပြန်ရောက်သည်မှာ အရင်တခေါက်ပြန်ရောက်လာသည်ကဲ့သို့ ဘားမျှ မထူးခြားပါ။ ရန်ကုန်မြို့ကာ ယခင်ထက်ထူးခြားလာသည်ကတော့ ကားစီးလို့ ကောင်းလာခြင်းပါ။ YBS ကာများကတော့ အသစ်မို့ထင် စီး၍ ကောင်းသလို aircon ကလည်း ကောင်းပါသည်။

ပူပြင်းသော ရန်ကုန်နေဖြင့် ကားစီးရသည်မှာ သက်တောင့် သက်သာ ရှိပါသည်။ နေလည်ပိုင်းဖြစ်၍ ကားလည်း သိပ်မကျပ်ပါ။ မိမိလည်း ပြတင်းပေါက် ဘေးတွင် ထိုင်ပြီး ရန်ကုန်မြို့ ၏ အနာကျက်လာ သောအနေအထားကို ငေးမောနေမိသည်။ ရုတ်တရက် Safety First ဟုရေးထားသော အဆောက်အဦး ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို တွေ့ရလေသည်။

Safety first ဟု ဆိုသော်လည်း အုတ် ၊ သဲ၊ ကျောက် ထမ်းနေသူတို့မှာ Safety helmet အသာထား အင်္ကျီပင်မကပ်ပါ။ သူ့Safety နှင့်သူပေါ့။ YBS ကား ကာတရိပ်ရိပ်နှင့် သွားနေဆဲ။ မီးပွိုင့် တခုသို့ ရောက်သောအခါ မီးနီ နေ၍ လှမ်းကြည့် သောအခါ ကားတန်းကာ တမျှော်တခေါ်။ လက်ပွေ့ဈေးသည်တို့ကာအလုအယက်။

ကွမ်းယာ၊ ရေသန့် ၊ ဆေးလိပ် တို့မှ အစ မရမ်းပေါင်း မြေပဲလှော် အလယ် ၊ ဂျာနယ် ၊ သတင်စားအဆုံး ထိုမီးပွိင့်တွင် အကုန်ရသည်။ရုတ်တရက် ပိုစတာတွေရမယ် ပိုစတာတွေရမယ် ဟု အော်ရောင်းနေသော ဈေးသည်ကို လှမ်းကြည့် လိုက်သောအခါ ဒေါ်အောင်ဆန်းစုကြည်မှ ကျွန်တော့အား မချိပြုံးဖြင့် ကြည့်နေပါတော့သည်။

01.jpg

ကားထွက်၍ မှတ်တိုင်ရောက်သောအခါ လူအများ ကတော့ တက်လိုက် ဆင်းလိုက်။ ပုံးထဲသို့ ပိုက်ဆံများ ထည့်ကြရသဖြင့် စပယ်ယာတို့၏ မိုက်ရိုင်းသံများကို မကြားရ၍တမျိုးတော့ စိတ်ချမ်းသာဖို့ ကောင်းပါသည်။ ရုတ်တရက် " သား တခါးလေး ခဏဖွင့်ပေးပါ အန်တီ အမှိုက်ပြစ် ချင်လို့ " ဟူသောအသံကြား၍ ဘေးကို လှည့်ကြည့် လိုက်သောအခါ ရွှေဆွဲကြိုး တုတ်တုတ်ကြီး အား စိန်လော့ကက်တီး နှင့် ဆွဲထားသော အန်တီကြီးကို တွေ့ရလေတော့သည်။

အန်တီကြီးကလည်း ဆက်၍ " သားမရိုမသေ သည်အမှိုက်လေး ပြစ်ပေးပါအုံး " ဟူ၍ ကျွတ်ကျွတ်အိတ် အသေးလေးဖြင့် ထုပ်ထားသော အမှိုက်ထုပ်ကို လှမ်းပေးပါသည်။ ရွှေလက်ကောက်တို့ကာ မရှိလျင် အနည်းဆုံး ၁၀ ကွင်းခန့်ရှိမည်။ ကျွန်တော်လည်း မတတ်သာ၍ အမှိုက်ထုပ်အားယူထား၍ ကျောပိုးအိတ်ဘေးအိတ်တွင် ထည့်ထားလိုက်ရပါသည်။

ကျွန်တော်လည်း လိုရာခရီးရောက်၍ ကားပေါ်မှ ဆင်းသောအခါ ပြင်ပ နေက ပူပြင်း လွန်းလှသည်။ ထို နေရောင် အောက်တွင် လူတို့ကာ တလုပ် လုပ် သွားလာနေကြဆဲ။ ရုတ်တရက် ဘေးမှ ပြစ်ပြစ်နှစ်နှစ်ဆဲသံကြားလိုက်၍ လှည့်ကြည့် သောအခါ ပလားစတစ်ကောက် နေကြသော ကလေးနှစ်ယောက် ဘာတွေ အဝေမတည့် ကြမှန်းမသိ ။

ရန်ဖြစ်၍ ဆဲနေကြသည်မှာ မကြာဝံ့ မနာသာ။ ကျွန်တော်သည် အသက်အရွယ် ရောက်လာသည်အထိ ထိုမျှလောက်သော ဆဲနည်းရှိသည် ကိုပင်မသိပါ။ ကျွန်တော်လည်း ခပ်သုတ်သုတ် လမ်းလျှောက်၍ ဝေးရာသို့ အမြန် ဖယ်ကျဉ်းရလေတော့သည်။

03.jpg

မြို့ထဲသို့ ရောက်တုန်းရောက်ခိုက် နာမည်ကြီး ကော်ဖီဆိုင် သို့ ဝင်ထိုင်ရန် အကြံဖြစ်မိ၍ ထိုဆိုင်သို့ ဝင်လိုက်သောအခါ အိမ်သာ နံ့က ထောင်းကနဲ။ ယခင်က မင်္ဂလာပါ ရှင် ဘာများ သုံး ဆောင်ခြင်ပါ သလဲ ဒီဘက်ကို ကြွပါ ဟူသော ဧည့်ကြို စပွဲထိုး မလေးများ၏ အသံလည်း မကြားရ။

သူတို့လည်း ကျွန်တော်ဝင်လာသည်ကို ဂရုပင်မစိုက် ။ ပြန်ထွက်လာခဲ့ လိုက်တော့သည်။ နေပူထဲတွင် လူတို့ကာ တရုန်းရုန်း ၊ ကားတို့ကာ ပြွတ်သိပ်နေဆဲ ။ ကားဟွန်းသံတို့ကာ နားငြီးစရာ။ မြို့ထဲတိုက်ခန်းတွင် နေထိုင်ကြသူတို့ကာ ဘယ်လို နေမှန်း မသိ ။ ကျွန်တော့ အတွက်တော့ ထိုတိုက်ခန်းမျိုးတွင် နေရသည်မှာ ငရဲ ငယ် တခု အဖြစ်သာ။ ဗိုက်ဆာလာ၍ နာမည်ကြီး ကြေးအိုးဆိုင်သို့ ဝင်စား သောအခါ အရသာက မဆိုးလှ ဗိုက်ဆာနေ၍ ထင့်။

ပိုက်ဆံရှင်းသောအခါ ပြေစာတွင် တဆိပ်ခေါင်းလေးများကပ်ပေးပါသည်။ မိမိလည်း အခွန်ထမ်း ပြည်သူ တယောက် ဖြစ်နေကြောင်း ယခုမှ သဘောပေါက်လိုက်မိပါသည်။ ကျွန်တော်လည်း မြို့ထဲသို့ လာရင်း ကိစ္စပြီးသွားသဖြင့် အိမ် မပြန်ချင်သေ၍ ရန်ကုန်မြို့တွင် ဘယ်နေရာ သွားလည်ရမလဲ စဉ်းစား သောအခါ ရွှေတိဂုံ ဘုရားမှလွဲ၍ လည်ပတ်စရာ နေရာ စဉ်းစားမရပါ။ အိမ်ပြန်၍ စာဖတ်နေတာပဲကောင်းပါတယ်ဟူ၍ ကားမှတ်တိုင်သို့ သွားပြီး YBS ကားပေါ်သို့ တက်လိုက်ပါတော့သည်။

05.jpg

ကျွန်တော်နေသော ရပ်ကွက်ကလေးသည် ဆိပ်ငြိမ် ရပ်ကွက် ဖြစ်၍ ကားသံလူ သံများနှင့် ဝေးပါသည်။ ထို့ အပြင် ရပ်ကွက် ဓမ္မာ ရုံ နှင့်လည်း ဝေး၍ မနောသီချင်း ၏ နှိပ်စက်မှုနှင့်လည်းကင်း ဝေးပါသည်။ တခါတရံ ထီသည်များ ရောက်လာလျင်တော့ ၁၅ မိနစ်ခန့် နားငရဲ ရောက်ရပါသည်။ ကျွန်တော်တို့ အိမ်၏ တလမ်း ကျော်တွင် ရပ်ကွက် ဈေးရှိပါသည်။ ထိုဈေးလေး အကြောင်းကို နောက်ဆောင်းပါးတွင် ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

တစ်ဦးချင်းကိုယ်တိုင်စည်းကမ်းသေဝပ်မှုအတွက် ပညာပေးလေ့ကျင့်မှုများစွာ လုပ်ရပေဦးမည်၊ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟုဆိုသော်လည်း စာသင်ကျောင်းမှစည်းကမ်းကို သင်ကြားရာတွင် လိုက်နာရမည်ဆိုခြင်းထက် ကျင့်ဝတ်တစ်ခုအဖြစ်ေဲပာင်းသင့်ပြီ၊ ကျင့်ဝတ်နှင့် ကိုယ်ရည်ကိုယ်သွေးယျဉ်တွဲမှုကိုလဲပြသင့်သည်။ ကိုယ်ရည်ကိုယ်သွေးနှင့် ဟီရိသြတပ္ပတရားကိုတွဲမြင်အောင်လည်းပြသင့်သည်။ လုပ်စရာတွေအားလုံး အစိုးရတာဝန်ဟုထင်မြင်မှုများကိုလည်း ဖျောက်ရပေဦးမည်။ ပြောင်းလဲချိန်တန်တာပဲရှိသေးသည်။ ပြောင်းလဲရန် push power သည် လူတိုင်းလုပ်ရမည်ကိုနားမလည်ကြသေး။ ဖြေးဖြေးသွားကျင့်မကုန်သေးပါ။ ပြေးလျှင်မမောမခံနိုင်၍ဖြစ်ပါမည်။ ထိုင်နေတာကောင်းပါတယ် အတွေးလက်ကျန်များသေးသည်။ ကိုယ်မလိုလဲသူများအတွက်ဆို တာမနက်ဖန်မှလုပ်ကြတာပေါ့။ လောလောဆယ်ငါဝမ်းဝရင်အိပ်နေမည်။ ဘယ်သူမှမမုန်း၊ အပူကင်းဆုံးမို့ ဖက်တွယ်တာလည်းပါပေမည်။ ရန်ကုန် သင်ပုန်းကြီး ရေးနည်းအစုံစုံဆိုရင် ကုန်နိုင်ဖွယ်မရှိပါ။ လေညာကနေသာသူများသေးသည်။ ပြောင်းချင်လာရင် ကိုယ်ခေါင်းမာ၊ မမာအရင်စမ်းရသည်၊ ကိုယ်ခေါင်းမမာသေး၊ ခပ်ဝေးဝေးပေါ့ ဆိုသူတွေကိုလည်း ပညာပေးရဦးမည်။

ဆရာပြောသလို ရေးစရာတွေကတော့ တပုံကြီးပါ။ ကျွန်တော်ကိုယ်တိုင်ကိုက အဆိုးတွေကို ရွေးပြီး ရေးနေသလားအောက်မေ့ရတယ်။ မျက်စိထဲမြင်လာတော့ လက်က အလိုလို ချရေးမိသွားတယ်။

အဲတာကမိမိမသိစိတ်ထဲမှာ ဝင်နေတဲ့ အဆိုးမြင်မှုတွေကိုအစားထိုးလဲလှယ်ဖို့လိုအပ်နေပြီဆိုတာကိုမြင်ရင် အရာရာအကောင်းမြင်ဝါဒနဲ့ကြင်နိုင်လာမယ်၊ အလုပ်ထဲမှာလဲအကောင်းတွေပဲဖြစ်လာပါလိမ့်မယ်။

မြန်​မာပြည်​ ရန်​ကုန်​ အထူးသဖြင့်​ မြန်​မာပြည်​​နေသူများ
စရိုက်​ အကျင့်​ ဘယ်​လိုများ​ဖျောက်​ဖျက်​ရပ

အချိန်တန်တော့လဲ အဆင်ပြေလာမှာပါဗျာ အချိန်ကဘယ်တော့မှ တန်မလဲတော့မသိပါဘူး

ကိုချစ်​လူ ပျို
ကြီး လုပ်မှာလား
မိန်းမ ယူမှာလား
အချိန်​တန်​ သိရမှာပဲ :-)

Generation လိုက် ပြောင်းလဲပြစ်မှ ရမှာပါ။ အခု မူကြို တက်နေတဲ့ ခလေး တွေကို စပြီး ပြောင်းလည်း ပေးလိုက်ပါ။ နှောင် နှစ် ၃၀ ဆို ကောင်းသွားပါလိမ့်မယ်။ ကိုယ်တွေတော့ မမှီတော့ဘူးပေါ့။

ကျွန်တော်က အခုမှ စသုံးတာမို့ ဘယ်လိုအသုံးပြုရတယ်ဆိုတာ
ဘာတွေ ရှောင်ကြဉ်ရမယ်ဆိုတာ ပြောပြပေးလို့ ရမလားခင်ဗျား။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/

အဲဒီမှာ သွားရောက် အကူအညီ တောင်းနိုင်ပါတယ်။

လောကနတ်​မှာခနတာ​လေးလဲ​ရေး​လေအကိုဟင်

ရေး ရင်ကောင်းမလား စဉ်းစားနေတာ .. တနင်္ဂနွေနေ့ ဘုရားကျောင်း မတက် ပဲ စောစော စီးစီး ပုလင်းဖွင့်တဲ့ အကြောင်းရေးရမှာ။

ရန်ကုန်ပြန်ရောက်နေတာလား
ခုမှ steem ပြန်ဝင်လို့ မသိလိုက်ဘူး

ဟုတ်တယ်.. ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ရန်ကုန်ခဏ ပြန်လာတာ..

မင်္ဂလာရှိသောမနက်ခင်းလေးပါလို့
အကိုကြီးအားကျွန်နော်စတင်မိတ်ဆက်လိုက်ပါတယ်ဗျ။ရန်ကုန်ကိုတော့ကျွန်နော်မရောက်ဖူးသေးပါဘူးအကိုကြီး
ဒါကြောင့်ရန်ကုန်မြို့နဲ့ပတ်သတ်တဲ့အကြောင်းကို
အကိုကြီးခတ္တခဏအမိမြေကိုပြန်ရောက်လာတဲ့အချိန်မှာ တွေ့ကြုံမြင်တွေ့သမျှတို့ကိုကျွန်နော်အပါဝင် လူသားတွေအားလုံးမျှဝေခံစားနိုင်ဖို့postတခုအနေဖြင့်ကြေငြာလိုက်ခြင်းကိုဖတ်ရူခံစားခွင့်ရလို့
ကျေးဇူးတင်ရှိပါတယ်ဗျ။အကိုကြီးမြန်မာပြည်ပြန်ရောက်သာကိုသိနိုင်ဖို့က အကိုကြီးရေးတဲ့စာတွေကိုဖတ်မှကျွန်နော်သိနိုင်မှာပါလေ။ဓါတ်ပုံလေးတွေကိုလည်းကြည့်ရူခွင့်ရခဲ့တယ်ဗျ။စင်္ကာပူပြန်သွားတဲ့အချိန်ရောက်ရင်လည်းpostလေးကနေစာရေးတင်ပေးပါဦး……နော်
အကိုကြီးကိုခင်မင်လေးစားနေရတဲ့@thura

ဟုတ်တယ်ညီလေး ရေ... ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ရန်ကုန်ခဏ ပြန်လာတာ... အခုလောလော ဆယ်တော့ ပေါ့ပေါ့ပါးပါးပဲ ရေး ဖြစ်နေပါတယ်။

ဟုတ်ကဲ့အကိုကြီးရေ

အင်း​တွေ့သမျှ​ရေးလို့ရတယ်​ဆိုတာ​ကော အ​တွေး​ကောချ​ပေးတာပါပဲ

အခု ရန်ကုန်မှာပေါ့ အစ်ကိုဟင်

Very best though! Thanks for sharing

Very best though! Thanks for sharing

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59705.02
ETH 2619.44
USDT 1.00
SBD 2.39