အဘိုးပြောသောပုံပြင်များ ( အပိုင်း-၃ ) ( Henry Aung )

in myanmar •  2 months ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် အဘိုးပြောပြသော သူ၏ အတွေ့အကြုံများအား ဆောင်းပါး ရေးသား နေရာ ရေးရင်း ရေးရင်း ဖြင့် အဘိုး အကြောင်း တခုပြီးတခု မှတ်မိလာပါသည်။ ဤ ဆောင်းပါး ရေးနေရင်းကပင် အဘိုးအား သာ၍ သတိရလာပါတော့သည်။ ဤကဲ့သို့ ရှေ့မှီ နောက်မှီ လူကြီးများ ယခု ရှိနေသေးလျင် ကျွန်တော်သိချင်သော အကြောင်းအရာများ ကရားရေလွှတ် မေးမိ မည် ဖြစ်ပါသည်။

ကျွန်တော် မှတ်မိသလောက် အဘိုးမှာ လက်မှုပညာတွင် အလွန်တော်ပါသည်။ လက်မှုပညာဟု ဆိုရာတွင် ဝါး၊ ကြိမ် တို့ ဖြင့် ရက်လုပ်သော ဖျာ ၊ ခြင်းတောင်း ၊ ယပ်တောင် စသည်တို့ကို ဆိုလိုပါသည်။ အဘိုး ကျွန်တော်တို့ အိမ်တွင်လာနေစဉ်က ရက်လုပ်ပေးသွားသော ကြိမ်ခြင်း ၊ နှီးချော ဖျာ ၊ ယပ်တောင်များ မှာ အိမ်သုံးစရာထက် ပိုလွန်၍ ဈေးတွင် သွားရောင်း ရပါသည်။

ကျွန်တော်တို့ အိမ်တွင် ဝါးပင် အမျိုးမျိုး ရှိရာ အဘိုး အတွက်တော့ ကုန်ကြမ်း အလကား နီးပါးရရှိနေ၍ အချိန်ရှိသရွေ့ တခုမဟုတ် တခု ရက်လုပ်နေတတ်ပါသည်။ တခါတလေ နှီးဖြာ ရင်း ကျွန်တော်တို့ မြေးများ အား သူ့ဘဝ အတွေ့အကြုံများ ပြောပြနေတတ်ပါသည်။ အဘိုးအတွက် ကျွန်တော်လုပ်ပေးရသော အလုပ်တခု မှာ သစ်ခေါက်ခွာပေးရခြင်း ဖြစ်ပါသည်။ ထိုအပင်ကို မြန်မာလို ကျွန်တော် မပြောတတ်ပါ။

အပင်အား မြင်လျင်တော့ သိပါသည်။ ထို အပင်၏ အခေါက်အား ခွာ၍ အဘိုး ကြိုးကျစ်ခြင်း ဖြစ်ပါသည်။ ထိုအပင်၏ အခေါက်မှ အမြှင် အမြှင်များ အဖတ်လိုက်ခွာယူ၍ နေလှန်းရပါသည်။ ခြောက်သွားလျင် အဘိုး ကြိုးကျစ်ပါတော့သည်။ အလွန်ခိုင်ပါသည်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်တွင် နွား နှင့် ဆိတ်မွေးသည် ဖြစ်ရာ နွားချည်သော ကြိုး ဆိတ်ချည်သော ကြိုးအားလုံးမှာ အဘိုး ကျစ်ထားပေးသော ကြိုးများ ဖြစ်ပါသည်။

စကားကြုံ၍ ကျွန်တော့ ဖခင် အား အဘိုးကဲ့သို့ ကြိမ်ခြင်းတောင်းများ ၊ ဖျာ များ ရက်လုပ်တတ်ကြောင်းမေးကြည့်ဘူးပါသည်။ ကျွန်တော့ဖခင်ကတော့ ယခင်က အဘိုးသင်ပေး၍ ဝါးခြင်းတောင်းများ ရက်လုပ်တတ်ကြောင်း ယခု ပြန်လုပ်ရလျင် အတော် အစကောက်၍ လုပ်ရမည် ဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော့အား ဝါးလုံး တလုံးပေးလျင် ခေါက်ဆွဲစားသော တူ ၊ သို့မဟုတ် သွားကြားထိုးတံ လောက်တော့ လုပ်နိုင်မည်ဟု ထင်ပါသည်။

01.jpg

အဘိုးပြောပြသော ထူးဆန်းသော အကြောင်းအရာများတွင် ကျွန်တော်မှတ်မိနေသေးသော ကြောင်း တခုရှိပါသည်။ ရှမ်း အမျိုးသား မုဆိုးတယောက်အကြောင်း ဖြစ်ပါသည်။ တရက်တွင် အဘိုးတို့ ရိန်းဂျား တပ်များ စခန်းချနေသော နေရာသို့ ရှမ်းအမျိုးသားသက်လတ်ပိုင်း အရွယ် မုဆိုးတယောက် သူပစ်ထားသော တောဝက်တကောင် ထမ်း၍ ရောက်လာခဲ့ပါသည်။ အဖိုးတို့ တပ်တွင်ရှိ ကချင် အချို့ မှာ ရှမ်းစကားလည်း ပြောတတ်သောကြောင့် ထိုမုဆိုး ထမ်းလာသော တောဝက်အား ရောင်းပေးရန် ဝိုင်းပြောကြသည်ဟု ပြောပြခဲ့ပါသည်။ ထို့နောက် အဘိုးတို့မှ ထိုမုဆိုး ဖြင့် ရင်းနှီးသွားပြီး ထိုမုဆိုးက သူလည်း စစ်တိုက်ချင်ကြောင်း ပြောလာသည်ဟု ဆိုပါသည်။

အဘိုး ကိုယ်တိုင်လည်း ရှမ်းစကားနှင့် အဇီး စကားကို အနည်း ငယ်ပြောတတ်ပါသည်။ အဘိုးတို့ ကလည်း တတ်သလောက် မှတ်သလောက် သူတို့ လူကြီး ( အဘိုး အခေါ် ဆာဂျင် ၊ တခါတလေ ဂျမဒါ ဟုလည်းခေါ်ပါသည်) အားပြောပြတော့ အဘိုးတို့ ခေါင်းဆောင်ကလည်း လက်ခံပါသည်။

သို့သော် တော အတွင်း ရောက်နေ၍ သူ့အား စစ်ပညာ မသင်ကြားပေးနိုင်သောကြောင့် အဘိုးတို့အား စစ်ပညာ စစ်စည်းကမ်း များ တတ်နိုင်သလောက်သင်ပေးရန် သာ ပြောကြားခဲ့ကြောင်း ပြန်ပြောပါသည်။ ထိုမုဆိုးကလည်း ကိစ္စမရှိ သူ့ကျောတွင် လွယ်ထားသော ဒူးလေး ဖြင့် သာ တိုက်ပွဲ ဝင်လို ကြောင်း သေနတ်ကိုင်ရသည်မှာ လေး၍ ခရီးမတွင် ကြောင်း ပြန်ပြောပါသည်။ အဘိုး ပြောပြချက်အရ ထိုမုဆိုးမှာ ရှမ်းဘောင်းဘီ အနက် သာဝတ်ထား၍ အပေါ်ပိုင်းဗလာကျင်းနှင့် ဖြစ်ပါသည်။

ရင်ဘတ်နှင့် ကျောကုန်းများတွင် ဆေးနီဖြင့် အကွက် အကွက်များ ထိုးထား၍ လက်မောင်းတွင် ကြိုးနီ တခု စည်းထားကြောင်း ပြောပြပါသည်။ ဒူလေး အပြင် အကန့်နှစ်ခုခွဲ ထားသော ကြိမ်ခြင်း အသေးလေးလည်း လွယ်ထားကြောင်း ပြောပြပါသည်။ အကန့်တခုတွင် မြှားဘူး ထည့်ထား၍ နောက်တကန့်တွင် တောသုံး ဓါး တချောင်း ထည့်ထားပါသည်။

02.jpg

ဆိုခဲ့သည့် အတိုင်း ထိုမုဆိုးမှာ ဂျပန်များ ဖြင့် တွေ့သောအခါ ဒူးလေး တချိန် ချိန်နှင့် ပစ်ရ သည်ဟူ၍ မရှိပါ။ အကြောင်းမှာ ဒူးလေး နှင့် ပစ်ရခြင်းထက် သေနတ်နှင့် ပစ်ရခြင်း က ပို၍ ထိရောက်သဖြင့် သူ့မှာ ရန် သူ တွေ့၍ ဒူးလေး နှင့် ပစ်လျင်တောင် ထိရောက်မှု မရှိဟု ဆိုပါသည်။ ဒူးလေး မှာ ပစ်ကွင်းငြိမ်သော သားကောင်များ ပစ်လျင် ထိရောက်သလောက် တိုက်ပွဲတွင် ရန်သူများက ငြိမ်နေကြသည် မဟုတ်ပါ။

ထို့ ကြောင့် သူ့ အနေဖြင့် တိုက်ပွဲတွင် ပါဝင်ခွင့် မရသကဲ့သို့ ဖြစ်နေပါတော့သည်။ အဘိုးပြောပြသည်မှာ တိုက်ပွဲ တခုတွင် သူ့အနေဖြင့် စိတ်မရှည် နိုင်တော့၍ ထင်သည် တိုက်ပွဲ အတွင်း တို့ ပြေးဝင်သွား ၍ ဂျပန်များ အား သူ၏ တောသုံး ဓါးဖြင့် လိုက်ခုတ်ပါတော့သည်။ တိုက်ပွဲ အတွင်း သို့ ရုတ်တရက် ပြေဝင်သွား သဖြင့် မည်သူမျှ ထို မုဆိုးအား တားချိန်မရလိုက်ကြောင်း ပြောပြပါသည်။

ဂျပန်များကလည်း သူတို့ထံသို့ ပြေးဝင်လာသူအား သေနတ်ဖြင့် ဝိုင်းပစ်ကြသည်ဟု ပြောပါသည်။ သို့သော် ထူးဆန်းစွာ ဂျပန်တို့ ၏ သေနတ်မှာ ကျည်မထွက်ပါ။ ထိုမုဆိုးကလည်း ဂျပန်များအား အတင်းဝင်လုံး၍ တယောက်ပြီးတယောက် ဓါးဖြင့် ခုတ်သတ်နေပါတော့သည်။

ဂျပန်များကလည်း သေနတ်ပြီး သော ထိုလူကြီးအား ကြောက်ကာ ပြေးလိုက်သည်မှာ တန်း နေကြောင်း အဘိုးပြောပြသော အခါ အံ့သြမိပါတော့သည်။ တိုက်ပွဲ ပြီးသွားသောအခါ အဘိုးတို့ ခေါင်းဆောင်က ထိုသို့ တိုက်ပွဲ အတွင်း အတင်း မပြေးဝင်သင့်ကြောင်း စစ်မိန့်များ လိုက်နာရန် ရှင်းပြသည်ဟု ပြောပြပါသည်။

03.jpg

သို့သော် ထို မုဆိုးကတော့ ဂျပန်တွေ့တိုင်း အတင်း ပြေးဝင်လုံး၍ ဓါးဖြင့် ခုတ်သတ်နေခဲ့ပါသည်။ အဘိုးတို့လည်း အံ့သြ လွန်း၍ အဘယ့်ကြောင့် သေနတ် ပြီးနေကြောင်း မေးသော အခါ ထိုမုဆိုးက သူတွင် သူ့ဆရာပေးထားသော ( ရှမ်းဆရာ) ဓါး ပြီး ၊ သေနတ်ပြီး သော ဓါတ်လုံး ရှိနေကြောင်း ရှင်းပြ၍ သူ့လက်မောင်းမှ ကြိုးနီလေး အား ဖြည်ပြပါသည်။

ထို ဓါတ်လုံးမှာ ဂေါ်လီလုံး အသေးစားခန့်ရှိ၍ လက်မောင်း အသား အတွင်း၌ ထည့်ထားခြင်း ဖြစ်ပါသည်။ ထူးဆန်းသည်မှာ ကြိုးနီ ဖြုတ်လိုက်သည်နှင့် လက်မောင်း အတွင်း သားတွင် ထို အဆောင် ဓါတ်လုံး လေးမှာ တရွေ့ရွေ့ သွား နေသည်ဟု ဆိုပါသည်။ ထို့နောက် သူကလည်း ကြိုးနီလေဖြင့် တဖြည်း ဖြည်း ပြန်ပင့်တင်၍ လက်မောင်းတွင် ပြန်ချည်ထားလိုက်ပါသည်။ ထို့ အပြင် အဘိုးပြောပြသည်မှာ ထိုမုဆိုးမှာ အင်္ကျီ မဝတ်ထားသော်လည်း မှက် ၊ ခြင် ၊ ပိုးကောင်များ မကိုက်ကြောင်း ပြောပြပါသည်။

သူ့ကိုယ်ပေါ်တွင် ထိုးထားသော ဆေးနီများကြောင့် မည်သည့် အကောင်မှ မကိုက်နိုင်ကြောင်း ပြောပြပါသည်။ အဘိုးတို့လည်း မယုံ၍ ခါချဉ် အုံ တခုအားယူ၍ သူ့ ခေါင်း ပေါ်မှ ခါ ချလိုက်သော အခါ ထူးဆန်းစွာပင် ခါ ချဉ် တကောင်မှ မကိုက်ပါ။ သူ့ ကိုယ်ပေါ်မှ အကုန်ဆင်းပြေးကုန်သည်ဟု ဆိုပါသည်။

ထို့ နောက် အဘိုး တို့လည်း အမျိုးမျိုး စမ်းသပ်ကြသည်ဟု ဆိုပါသည်။ သူ့အသားအား ဓါးဖြင့် ခုတ်လည်း ကားတာယာအား ဓါးဖြင့် ခုတ်သကဲ့သို့ ပြန်ကန်ထွက်လာ ကြောင်း နှင့် သေနတ်ဖြင့် ပစ်လည်း တကယ်ပင် ကျည်မထွက်ကြောင်း ပြောပြပါသည်။ သို့သော် တိုက်ပွဲ တခုတွင် ထိုမုဆိုးမှာ ဂျပန်များ ရှိရာတို့ အတင်းပြေးတက်သွား စဉ် ဂျပန်များက လက်ပစ်ဗုံး ဖြင့် ထုသည်ဟု ပြောပြပါသည်။

လက်ပစ်ဗုံး ကွဲ သော အရှိန်နှင့် ထို မုဆိုးမှာ အတော်ဝေးဝေးသို့ လွင့်သွားပါတော့သည်။ အဘိုးတို့လည်း ဒီတခါတော့ တကယ်သေပြီ ဟူ၍ ထင်မှတ် ခဲ့ကြောင်း ပြောပြပါသည်။ တိုက်ပွဲ ပြီး၍ အဘိုးတို့ ထိုမုဆိုးအား သွားကြည့် သောအခါ ဒါဏ်ရာ အနာတရ မရှိပါ။ နှာခေါင်းမှ သွေးအနည်းငယ်ထွက်၍ သတိမေ့နေကြောင်း ပြောပြပါသည်။ အဘိုးတို့ ဝိုင်းပြုစုကြ၍ နာရီဝက်ခန့် တွင် ပြန်သတိလည်လာပါတော့သည်။ ထူဆန်းစွာပင် အနာတရဟူ၍ ခြစ်ရာပင်မရှိကြောင်း ပြောပြပါသည်။ သို့သော် အတော်နာကျင်သွားဟန်တော့ ရပါသည်။ နောက်ပိုင်း ဂျပန် တွေ့လျင် အတင်း ပြေးမတက်တော့ကြောင်း ပြောပြပါသည်။

04.jpg

အဘိုး တို့လည်း ကျည်ဆံများ ရိက္ခာ များ နည်းပါလာပြီ ဖြစ်သဖြင့် တောတွင်းတနေရာတွင် စခန်းချ၍ လေထီးဖြင့် ချပေးမည် ဖြစ်သော ကျည်ဆံများ ရိက္ခာ များ စောင့်ဆိုင်း နေစဉ် ထိုမုဆိုးကလည်း " မိန်းမကို လွမ်းလာပြီ အိမ်ပြန်တော့မယ် " ဟူ၍ ပြောပြီး တောအတွင်းသို့ ဝင်ရောက်သွားကြောင်း ပြောပြပါသည်။

ထို အကြောင်း အရာများအား အဘိုး ပြောပြစဉ်က နားထောင်ကောင်း၍ သာ နားထောင်ခဲ့ရပါသည်။ ကျွန်တော့ အနေဖြင့် ယခု အချိန်အထိ အဆောင် ၊ လက်ဖွဲ့ များအား အယုံအကြည်မရှိလှပါ။ သို့သော် တလောက အင်းစိန် အောင်စိုး ရေးသားထားသော ထောင်တွင်း အတွေ့အကြုံများတွင် ထိုကဲ့ သို့သော အဆောင်လက်ဖွဲ့များ အကြောင်းထည့်ရေးထားသည်ကို ဖတ်ခဲ့ရပါသည်။

သူကိုယ်တိုင် သုံးခဲ့ရ၍ သူ့ အတွေ့အကြုံ များ ရေးသားထားခြင်း ဖြစ်သောကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးများတွင် ဤကဲ့သို့ ထူးဆန်းသော အဆောင်လက်ဖွဲ့ များ တကယ်ရှိကြောင်း သိရပါတော့သည်။ မယုံဘူးဆိုလျင် အင်းစိန်အောင်စိုး သက်ရှိထင်ရှား ရှိပါသေးသည်။ သွားရောက်မေးမြန်နိုင်ပါသည်။ နောက်ဆောင်း ပါးတွင် အဘိုးပြောပြသော တောတွင်း ရတနာများနှင့် ရေငုပ်နေသော ထူဆန်းသော ဘုန်းကြီး အကြောင်းကို ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :Original source
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုဟင်​ ခုလို​ပြောပြတဲ့ ထူးဆန်းတဲ့ အ​ကြောင်း​တွေ တစ်​အားစိတ်​ဝင်​စားတယ်​ ဆက်​လက်​ ​ဖော်​ပြ​ပေးပါအုံးဗျာ 😀😀

·

ဟုတ်ကဲ့ပါ။ ဆက်လက်ဖေါ်ပြပေးပါ့မယ်။

Mdy ကလူတွေကို အဲ့ အဆောင် ပေးထားရမယ်။
@thatkozaw
ကသက် ဆောင်ထားဗျာ။

·

ပေးစရာဆိုလို့ ဓါတ်လုံးတော့ မရှိဘူး ။ ဂေါ်လီလုံးတွေပဲရမယ်။

·
·

သူကလည်း ဂေါ်လီပဲ လိုချင်မှာပါ လေ

ရှေးလူကြီးတွေမှာ ထူးထူးဆန်းဆန်းတွေရှိတယ်နော်
အံ့သြစရာကောင်းတယ် ဖတ်ရတာကောင်းသဗျို့
ဘုန်းကြီးအေ ကြာင်း မျှော်နေပါမည်။

·

ရှေးလူကြီးတွေက လောကီပညာကိုလိုက်စားကြတယ် ခုခေတ်က ရုပ်ဝတ္ထုပစ္စည်းတွေနှေက် လိုက်စားနေကြတယ် အာ့ဒီမှာ လောကီပညာတွေ မှေးမိန်လာတယ် ဗျား

·
·

စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲ။ လောကီပညာရပ်တွေကလည်း ထိုက်သူတွေပဲ ရကြတာဆိုတော့။ မထိုက်တဲ့ သူ တဖြေးဖြေး ပိုများလာတော့ ပညာရပ်တွေလည်း ပျောက်ကုန်ကြတယ် ထင်ပါတယ်။

အဘိုးရဲ့ ပုံပြင်တွေနောက်ထပ်ဖတ်ချင်ပါသေးတယ်

·

အတတ်နိုင်ဆုံး ဖေါ်ပြပေးပါမည်။

ဟုတ်တယ် အစ်ကိုရေ...ညီမအဘိုးကလည်း စစ်သားပဲ။ငယ်ငယ်က အဘိုးကို နင်းပေးရင် အဲ့လို အထူးအဆန်းပုံပြင်တွေ ကြားရလို့ မောင်နှမတွေဆို မညည်းမညူ နင်းပေးကြတာ...။ အဆောင်လက်ဖွဲ့ဆိုလို့ အဘိုးရဲ့ အဖေမှာလည်း ထူးခြားတဲ့ ဆေးနွားလေး ရှိတယ်လို့ ပြောပြဖူးတယ်။ အဘိုးက ဘီလူးကျွန်းဇာတိသားပေမယ့် စစ်သားဖြစ်ကတည်းက အိမ်ကထွက်လာတာမို့ သေသည်အထိ ဘီလူးကျွန်းကို မပြန်နိုင်ခဲ့ဘူး။ အဘိုးပြောပြတဲ့ ဆေးနွားလေးက လက်တ၀ါးလောက်ရှိတဲ့ သံသေတ္တာပုံစံ ဗူးလေးထဲ ထည့်ထားတာတဲ့။ မြက်ခြောက်လေးတွေ ထည့်ထည့်ပေးရတယ်။တကယ့်နွား မြက်စားရင် ကြားရသလိုပဲ ကြားရတယ်ဆိုပဲ။ လူနာတွေက ဘိုးဘိုးကြီးဆီ လာရင် ဆေးနွားလေးကို ကိုင်ပြီး ရေမန်းလုပ်ပေးတာတဲ့ ။ပျောက်လည်းပျောက်ကြတယ်ပြောတာပဲ။ လောကီ ပညာတွေဆိုတော့ ဥာဏ်မမီနိုင်တာတွေလည်း အများသားမဟုတ်လား။

·

အဲဒါဆို @suthetaung လည်း အဘိုးပြောသော ပုံပြင်များ ရေးလို့ ရတာပေါ့။ ဆေးနွားရုပ်လေး တဲ့ ။ စိတ်ဝင်စားစရာ အတော်ကောင်းမှာပဲ။

ရတနာတွေ နောက်တစ်ပိုင်း လာပြန်ဦးမယ်ထင်တယ် ကိုဟင် မန်းတလေးကို အဲ့ ဓါတ်လုံး ဆောင်လာမလို့လားဟင် ကိုသက်မှာများ ရှိနေလား မသိဘူးနော် ။ ရှမ်းဆိုတော့ ကိုဒုန်တို့နဲ့လဲ နီးစပ်တယ် ။

·

ငှယ့် ဘယ်နှယ့် ကျုပ်နဲ့ နီးရသတုံး
နီးချင်းနီး ရှမ်းမလေးတွေနဲ့ပဲ နီးပါရစေ

·
·

ကိုဒွန် ရှမ်းမလေးတွေက ပညာတွေတတ်ကြတယ်နော်။ နီးလွန်းလို့ ခွာမရပဲ ဖြစ်နေအုံးမယ်။

·
·
·

အမယ်လေး ခွာရမရကို စမ်းကြည့်ချင်လိုက်တာ 😂

တိုင်းရင်းသားတို့၏ ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့ပုံလေးကို ကိုဟင်ရဲ့ ရေးသာမှုက မျက်ဝါးထင်ထင် တွေ့မြင်နေရသည့်နှယ်။ အင်း ,အိုင် ,ခလှဲ့ ,လက်ဖွဲ့ ,ဂါထာ, မန္တယား, ဓါတ်လုံး အတတ်ပညာတွေ အခုထိ လက်ဆင့်ကမ်း အမွေဆက်ခံနေကြ တုန်း မပပျောက်သေးပါဘူးဗျား

·

ဟုတ်ကဲ့။ လောကီ အဆောင် တွေကစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ အဆောင် လက်ဖွဲ့တွေက ထိုက်သူ တွေပဲ ရ ကြတယ်လို့ သိရပါတယ်။

မုဆိုးရဲ့ ဓာတ်လုံး လေးပဲ ရချင်မိတော့တယ်

·

ဓါ့လုံး လုပ်တဲ့နည်းရော မလိုချင်ဘူးလား နည်းသိရင် အများကြီး လုပ်လို့ရပြီ

·
·

နင်တို့ လုပ်ကြအေ
ပြီးရင် steem ဈေးတက်အောင် လုပ်ပေးကြပါ အဆောင်နဲ့

·
·
·

အေလုပ်ကြ လုပ်ကြ။ ဘာတဲ့... ရေစိမ်သောက်ရင် သေးပေါက်တယ် ၊ ကိုင်ထားရင် လက်ညောင်းတယ်၊ ပြစ်လိုက်ရင် အဝေးကြီး ရောက်တယ်ဆိုတဲ့ ဓါတ်လုံး မျိုးတွေတော့ မလုပ်ကြပါနဲ့။

စိတ်ဝင်စားစရာတွေ အပြည့်ပါလား ကိုဟင်
ကြိုးကျစ်လို့ ရတယ်ဆိုတော့ ကျမတို့ သိတဲ့ ချော်ပင်ထင်တယ် အထပ်လိုက်ကလေးတွေ ခွာရတာ ထင်းခွေတဲ့ နေရာမှာသုံးကျတယ်

ဒုတ်ပြီး ဓားပြီးတဲ့ ဆရာစံလိုနေမှာနော့ အဲ့မုဆိုးက

·

မပြောတတ်ဘူး ဆုလှိုင်။ အပင်ကတော့ အကြီးကြီးမဟုတ်ဘူး။ လက်မောင်း လုံး ၊ ပေါင်လုံး လောက်ရှိတဲ့ အပင်ပဲ။ အရွက်ဖား ဖားနဲ့။ ကချင် လိုလည်း နာမည် မေ့နေပြီ။

ကျွန်တော့ အနေဖြင့် အဘိုးပြောပြသော သူ၏ အတွေ့အကြုံများအား ဆောင်းပါး ရေးသား နေရာ ရေးရင်း ရေးရင်း ဖြင့် အဘိုး အကြောင်း တခုပြီးတခု မှတ်မိလာပါသည်။

ဖိုးသူတော် ဆိုတာ မျက်စိ လည်လေ ဆန်ရလေပဲ မဟုတ်လား အစ်ကိုကြီးရာ 😜

ကျီစယ်တာနော် post ကို တော့ မချီးမွမ်းတော့ဘူးဗျာ
ကျနော်က မြင်းထိန်း တစ်ယောက်ပါ

·

ဒီလိုပဲပေါ့ ညီလေးရာ ရေးရင်း တွေးရင် ၊ တွေးရင်း ရေးရင်း ပေါ့။

အသေအချာသိမ်းထားသင့်သောအကြောင်းအရာများပါ

·

ကျေးဇူးအများကြီးတင်ပါတယ်။

Your idea is very beautiful.

ဓားပီးတယ် တုတ်ပီးတယ်ဆိုတာတော့ကြားဖူးနေပေမယ့် တစ်ခါမှမကြုံဘူးသေးဘူး ဆာဟင်ရေ

အန်တီရဲ့စာတစ်ပုဒ်ထဲက..အန်တီရဲ့အဘိုး.စော်ဘွားရဲ့အကိုတော်.အတွင်းဝန်မင်းကြီးဟာ..သေနပ်နဲ့ပစ်တာ.လုံးဝကျည်မကူးပါဘူးတဲ့..