ကျဆုံးခြင်းရဲ့​နောက်​ကွယ်

in #myanmar6 years ago

image

ယ​နေ့ အရှိန်​အဟုန်​ဖြင့်​ တိုးတက်လျက်​ရှိ​​နေ​သော ​ခေတ်​ကြီးထဲမှာ အချိန်​တိုင်းလိုလို နည်းပညာထုတ်​ကုန်​အသစ်​​တွေ၊ တီထွင်​ဆန်းသစ်ထားတဲ့ အသုံးအ​ဆောင်​ပစ္စည်း​တွေ၊ ပညာရှင်​များ၏ ထီတွင်​မှု အသစ်​​တွေ အများကြီး​ပေါ်​ထွက်​လာ​နေပါသည်​........။

ကဏ္ဌတိုင်းကဏ္ဌတိုင်း နယ်​ပယ်​တိုင်းနယ်​ပယ်​တိုင်းဟာ အချိန်​နှင့်​ အမျှတိုးတက်​​ပြောင်းလဲလာလျက်​ ရှိ​နေသည်​။ ဒီလိုတိုးတက်​​ပြောင်းလာ​နေ​သော အရာ​တွေကို မျက်​ခြည်​မပြတ်​​​စောင့်​ကြည့်​​ လေ့လာ​နေဖို့လို​ပေသည်​။ ထိုအပြင်​ မိမိလုပ်​ကိုင်​​နေ​သော လုပ်​ငန်း၊ မိမိ ထုတ်လုပ်​​​ ရောင်းချ​လျက်​​သော ကုန်​ပစ္စည်း၊ အစားအ​သောက်​ စသည်​တို့်​ကိုလည်း သုံးစွဲသူအကြိုက်​ ပိုမို​ကောင်းမွန်​​လာအောင်​ အမြဲတမ်း တီထွင်​ဆန်းသစ်​​နေဖို့လို​ပေသည်​။

ယ​နေ့ကျွန်ုပ်​တို့ အသုံးပြု​နေသည့်​ စမတ်​ဖုန်း​​တွေ ထုတ်​လုပ်​​နေတဲ့ ကုမ္ပဏီကြီး​တွေဟာ တစ်​နှစ်​ထက်​တစ်နှစ်​ ပိုမို​ထူးခြား​ကောင်းမွန်​​ပြီး​ စွမ်း​​ဆောင်ရည်မြင့်​​​တဲ့ ဖုန်း​တွေကို အပြိုင်​အဆိုင်​ ထုတ်​လုပ်​​ရောင်းချလျက်​​ရှိ​နေကြသည်​......။ ထို ဖုန်းကုမ္ပဏီ​တွေထဲမှာမှ သုံးစွဲသူ​တွေကို ပိုမိုစွဲ​ဆောင်​နိုင်​ပြီး အရည်​အ​သွေး​ကောင်းမွန်​​အောင်​ ထုတ်​လုပ်​​ရောင်းချ​ပေးနိုင်​သည့်​ ကုမ္ပဏီမှာ ​ဈေးကွက်​​ဝေစုကို အခြားကုမ္ပဏီ​တွေထက်​ ပိုမိုရရှိ​လေသည်​။ သုံးစွဲသူ​တွေအကြိုက်​ ဆန်းသစ်​​သော ဒီဇိုင်း​တွေနှင့်​ စွမ်း​ဆောင်​ရည်​​ကောင်းမွန်​​အောင်​ မထုတ်​လုပ်​နိုင်​​သော ကုမ္ပဏီ​တွေဟာ ကျဆုံးသွားခဲ့ရသည်​မှာ အများအသိပင်​ဖြစ်​​ပေသည်​.....။

Appleဟာ သူတို့​နောက်​ဆုံး ထုတ်​လိုက်​တဲ့ Iphone Xဟာ အ​ကောင်းဆုံးလို့ ​ကြော်​ငြာခဲ့ပါတယ်​။ ဒါ​ပေမယ့်​ သူ​တို့ထုတ်​လုပ်​လိုက်​တဲ့ Iphon X ဟာ အ​ကောင်းဆုံးပဲ အပြီးပြည့်​စုံဆုံးပဲလို့ မသတ်​မှတ်​ကြပါဘူး....။ ​နောင်​နှစ်​ Iphon X ထက်​ပို​ကောင်းတဲ့ ဖုန်း​တွေ ထက်​ပြီး ထုတ်​လုပ်​​နေအုံးမှာပဲ.....။ ဘာလို့လဲဆို​တော့ "သူတို့ဟာ ​ရောက်​တဲ့​နေရာမှာပဲ ရပ်​မ​နေပါဘူး" အမြဲတမ်း ပို​ကောင်း ပိုစွမ်း​ဆောင်​နိုင်​တဲ့ အသစ်အ​​သစ်​​သော ထုတ်​ကုန်​​တွေကို အစဉ်​​ထုတ်​လုပ်​ဖို့ ကြိုးစား​နေကြလို့ပါပဲ.....။ ဒါ​ကြောင့်​ ဒီ​က​နေ့ ဖုန်းကုမ္ပဏီ​တွေကြားမှာ 'Apple'ဟာ ​ခေါင်း​မော့ရင်​​ကော့ပြီး ​နေနိုင်​တာ​ပေါ့.......။

ထို​ကြောင့်​ မိမိလုပ်​​​နေသည့်​ လုပ်​ငန်း​တွေ၊ မိမိဖန်​တီးလိုက်​သည့်​ အနုပညာ​တွေ၊ ​မိမိ ​ရေးသားလိုက်​သည့်​ စာ​ပေ​တွေကို အ​ကောင်းဆုံးလို့ယူဆပြီး ဒီထက်​ပို​ကောင်း​အောင်​ လုပ်​​ဆောင်​ဖို့ငှါ မလိုအပ်​​တော့ပါဘူးဟု မသတ်​မှတ်​ပါနှင့်​.......။
အဲ့ဒီလို "ကိုယ့်​ကိုယ်​ကို အ​ကောင်းဆုံးပဲလို့ သတ်​မှတ်​လိုက်​တဲ့​နေ့ သင့်​ကျဆုံးတဲ့​နေ့ပဲ"

"အမြဲတမ်း ပို​ကောင်း​လာအောင်​ ​ပိုပြီးထက်​မြက်​လာ​အောင်​ ကြိုးစားအားထုတ်​ပါ"
"အမြဲတမ်း​ ​လေ့လာသင်​ယူ​နေပါ"
"​ရောက်​​နေသည့်​ ​နေရာမှာပဲ ရပ်​မ​နေပါနှင့်​"
"​ရှေ့ကို ဘယ်​လို ပို​ကောင်း​​လာအောင်​၊ ပိုပြီးတိုးတက်လာေ​အာင်​ ဘယ်လို​လုပ်​မလဲဆိုတာကို အမြဲစဉ်းစား​နေပါ"
"ဘယ်​​တော့မှ ကိုယ့်​ကိုယ်​ကို အ​ကောင်းဆုံးဟု မသတ်​မှတ်​နှင့်​"

စာဖတ်​သူအားလုံး ကိုယ်​​ရောစိတ်​ပါ​အေးမြချမ်းသာကြပါ​စေ........။
Author By Jhon
MSC-046
Photo By Google Image

Sort:  

မှန်ပါတယ်။အမြဲလေ့လာ သင်ယူနေရပါမယ်။

ဟုတ်​ကဲ့

ကျေးဇူးပါ

Message ကောင်းတစ်ခုပါ

ဟုတ်​ကဲ့

ကြိုးစားနေပါတယ်လို့စ်

ကြိုးစား​နေဆဲပါလိုစ်​😁

We need to know up to date

အားပေးနေပါတယ်

ကျေးဇူးပါအကို

မှန်ပါတယ်။အမြဲလေ့လာ သင်ယူနေရပါမယ်။

ဟုတ်​ကဲ့

အမှန်​ပါပဲ။ရပ်​တန့်​မ​နေပဲဆက်​လက်​ကြိုးစားတာအ​ကောင်းဆုံးပါရှင်​။

ဟုတ်​တာ​ပေါ့ အမ

လေ့လာသင်ယူဆဲပါ

ဟုတ်​ကဲ့

မှန်ပါတယ် အစ်မ

ဆရာသမား​ရေ
အမ မဟုတ်​ရပါဘူးဗျာ......။
ယွကျား​လေးပါဗျာ.....။😭

This post has received a 6.67 % upvote from @voterunner thanks to: @jhonnight. BIG NEWS: Build your passive income with daily payouts from @voterunner! Read more about earning SBD with me. Daily. The easy way!

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58635.35
ETH 3152.96
USDT 1.00
SBD 2.44