နွဲ့နွဲ့နှောင်းနှောင်း အကြောင်းကောင်းတဲ့မေ

in #myanmar6 years ago (edited)

image

အမေ လူထုဒေါ်အမာ ရေးသားခဲ့သည့် ပြည်သူ
ချစ်သော အနုပညာသည်များ စာအုပ်ဖတ်ရသည့်အခါ ရှေးအနုပညာသည်များ၏ဘဝကို ကွက်ကွက်ကွင်းကွင်းမြင်သိလာရသည်။ သူတို့ဘဝ သူတို့
အနုပညာနှင့် အနုပညာကို မည်သို့ မည်ပုံ တန်ဘိုး
ထားလေ့လာဆည်းပူးသင်ယူသည်ကို သိရှိရသည်။
အနုပညာဇွဲ၊ လုံ့လနှင့် အနုပညာမာန တို့ကို သိရှိရ
သည်မှာ ကြက်သီးထဖွယ်ကောင်းလှသည်။
မိမိတို့၏ပညာများကို အိတ်သွန်ဖာမှောက်
တတ်မြောက်အောင် ကြိုးစားရှာဖွေသင်ယူကြသည်။
တဆင့်သင်ယူသူ တပည့်များကိုလည်း သေချာ
ကျနစွာပြီးပြည့်စုံအောင် သင်ယူစေသည်။

image

အမေလူထုဒေါ်အမာ ရေးသားထားသည့်
ပြည်သူချစ်သော အနုပညာသည်များစာအုပ်တွင်
ပါဝင်သည့် အနုပညာသည်များမှာ-

(၁) မင်းသမီး မထွေးလေး
(၂) ရုပ်သေးမင်းသမီး ဆရာပုကြီး
(၃) မြခြေကျင်း မငွေမြိုင်
(၄) ကောလိပ်စိန် ခေါ် မမြလွင်
(၅) နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားစိန်ဗေဒါ
(၆) နန်းတော်ရှေ့ဆရာတင်
(၇) အသံမင်းသမီး လေဘာတီမမြရင်
(၈) မြို့မငြိမ်း

စသည့်ပုဂ္ဂိုလ်များအကြောင်း ရေးသားဖော်ပြထားသည်။ အနုပညာသည်များ၏ မွေးဖွားရာဇာတိ၊
သူတို့ဖြတ်သန်းခဲ့သည့် အနုပညာလမ်းခရီး၊
သူတို့၏ ဘဝဖြတ်သန်းခဲ့သည့်အကြောင်းအရာ
အချို့ကို သိခွင့်ရခဲ့သည်။ ပထမဦးစွာ မင်းသမီး
မထွေးလေးအကြောင်းဖော်ပြပေးချင်ပါသည်။

image

image

မင်းသမီး မထွေးလေးအကြောင်းကို ရေးသား
ထားသည်မှာ ကျွန်တော်တို့ငယ်စဉ်က သူမ
အကြောင်းစာသင်ခဲ့ရသည့် အကြောင်းအရာများ
အပြင် ကျွန်တော်တို့မသိရှိရသေးသည့်အချက်များကိုလည်း သိရှိရသည်။ မထွေးလေးသည် မင်းသမီးလုပ်လျှင် လူ့ဘဝကိုချေးခါးအူမသိထားရန်လိုသည့်အလျှောက် ပါးစပ်၊ ဟန်အမူအရာဖြင့် ကွက်စေ့
ဖော်နိုင်သူဖြစ်သည်။ အီကင်းကိုမောင်ကြီး နှင့်
မထွေးလေးတို့ကောင်းမှုသစ်ဆိမ့်တိုက်အတွင်း (၇)ဘုံ ရှိသော ပြသာဒ်နှင့် ကျောင်းကြီးဆောက်လုပ်လှူဒါန်းခဲ့သည်။မန္တလေးတောင်ခြေတွင်လည်း
မထွေးလေးကောင်းမှု လောကတန်ဆောင်ဘုရား
တည်ထားလှူဒါန်းခဲ့သည်။

သူမသည် မင်းသမီးတစ်ယောက်အနေနှင့်
စွယ်စုံရသူဖြစ်သည်။ သူမသည် ယခုခေတ်စကားနှင့်
ပြောပါလျှင် စတိုင်ရှိသူဖြစ်သည်။ သူမသည်
ဇာတ်ခုံပေါ်၌ က မနေလင့်ကစား သူမရပ်ပုံ၊
ထိုင်နေပုံ၊စကားပြောနေပုံများက မင်းသမီးကဲ
အလွန်ပါသည်။
သူမ စတိုင်သည် ထောင့်ထောင့်အောင့်အောင့်
မိုးတိုးမတ်တပ်ကြီးမရှိ၊ နွဲ့နွဲ့နှောင်းနှောင်းနှင့် မခို့တရို့
ကလေးနေတတ်သည်။ အထူးသဖြင့် မထွေးလေး
၏ မျက်လုံးက ထူးထူးကဲကဲဖမ်းစားနိုင်စွမ်းရှိသည်။

တစ်ခါက စိန်ဗေဒါ၏ ဇနီး ဒေါ်စိန်မေ နှင့် ပွဲတစ်ခု၌ သီချင်းဆိုစဉ် မထွေးလေးက သီချင်းဆိုနေရာမှ

”မစိန်ရေ ကြည့်နော် ဟိုနားထိုင်နေတဲ့ နာခံတော်မင်း
ငါ့အနားရောက်လါအောင် ငါဒီကနေလုပ်လိုက်မယ်”

ဟု ရယ်ပြောပြီး မျက်လုံးနှင့် ခေါ်ပြဖူးလေသည်။

image

မထွေးလေးသည် အိမ်ထောင်ရေးတွင် ကံမကောင်း
ပေ။ ရနောင်မောင်မောင်တုတ် အပါအဝင်
အိမ်ထောင် ၄ဆက်ကျသည်။မောင်မောင်တုတ်
ပြီး၍ မထွေးလေးနှင့် စအကြောင်းပါသူ
ကိုဘိုးကွန်း မှာ လူပျိုမဟုတ် မယာကြီးရှိ
သည်။ မယားကြီးသည် ပွဲကရင်း မင်းသမီးနှင့်ငြိ
ခြင်းမျှလောက် သဘောထားပြီး မင်းသား၏ဇနီး
ဖြစ်၍ ခပ်အေးအေးနေသည်။ တစ်နေ့ မယားကြီး
သည် မထွေးလေး၏ ကပွဲသို့လာကြည့်သည်။
မထွေးလေးပွဲကြည့်ရင်း ပွဲလယ်ခေါင်မှာပင်

”ကျုပ်ဆီတော့ ပြန်လာတော့မှာ မဟုတ်ပါဘူးတော့”

အော်ဟစ်ငိုကာ တက်သွားလေသည်။

မထွေးလေးသည် စာမတတ်သော်လည်း
သဘင်နားရှိသူဖြစ်သည်။ အသက် ၅၀ ကျော်
အရွယ်တွင် စစ်ကိုင်းအလှူတစ်ခုလိုက်သွားရာမှ
အင်းဝ တံတားဦးမှ ဇီးကန်တောင်ပြုံးသူကြီး
ဦးကြာညို ဆိုသူနှင့်တွေ့သည်။ ချစ်လှပါ
ကြိုက်လှပါဆို၍ ပေါင်းဖက်ပြီး တံတားဦး သို့
ရှိသည့်ပစ္စည်း အကုန်ယူ၍ လိုက်သွားသည်။
ဦးကြာညိုတွင် သူကြီးကတော်ရှိသည်။
ဦးကြာညို နှင့် ၃နှစ်ခန့်ပေါင်း၍ အဆို အက
လုံးဝစွန့်လွှတ်လိုက်သည်။

ဒေါ်ထွေးလေး အသက် ၆၀ အရွယ်တွင် အနိစ္စ
ရောက်လေသည်။ သူကြီး ဦးကြာညို သည်
မထွေးလေးကို ပစ္စည်းမက်၍ယူခြင်းဖြစ်သည်။
မထွေးလေး အသုဘ၌ သူကြီးကတော်က ငွေ
ဖလားကြီးတစ်လုံးဖြင့် ထိုင်၍ ငွေကူခံနေသည်။
စိတ်မချမ်းသာ၍ ငွေကူပင်မပြုခဲ့သော
ဒေါ်သြဘာသောင်း သည် မိမိဆရာကို ကျေးဇူး
မပြုခဲ့ရသည့်အတွက် စိတ်မကောင်းကြောင်း
ပြောကြားခဲ့ဖူးလေသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

စာကောင်းပေကောင်းတွေ ဖတ်ဖြစ်တယ်ပေါ့ ဘထွေး ဘထွေး ညွှန်းတာနဲ့ ရှာဖတ်အုံးမှပါ

ကောင်းတာပေါ့ မစုရယ် အမေမာရေးထားတာပဲဟာ

ရာဇဝင် စာတင်ရရင်ဖြင့် ... ကောင်းလှပေစွတကား

Posted using Partiko Android

ဟုတ်ကဲ့ အမေမာ့စာအုပ်ကို ဖတ်ကြည့်လိုက်ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အာ့မငေး အေ မထွေးလေးအကြောင်းသင်ခဲ့တဲ့ထဲ မှာ အဲ့လို ယောင်္ကျားတေ များကြီး ရှိမှန်း ခုမှ သိဒယ် အေ

အိုအေ ဘဝပေး ကုသိုလ်အရပါအေ
သူ့ခမျာ တစ်ယောက်ထဲမှ မနေတတ်တာ

ကောင်းပါတယ်.. ..
ဗဟုသုတရပါတယ်​....

Posted using Partiko Android

ဟုတ်ကဲ့ပါဗျာ

ကြုံရ ဆုံရ လူ့ဘ၀ပဲနော် ကိုထွေးကြီးရေ

ဟုတ်ပါတယ် ကိုစိုးရေ

ဖတ်ဖူးသေးပါဝူးဗျာ ဖတ်ဦးမှပါ ။ ငိုရလိမ့်မယ်ထင်တယ် ကျွှန်တော်က ဝမ်းနည်းတာ သိပ်မခံစားနိုင်ဘူးဗျ ။

အံမယ် အံမယ် လူကြီးက ဝမ်းနည်း လွမ်းတတ်တယ်လား😁

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94487.77
ETH 3419.70
USDT 1.00
SBD 3.51