ရက်စက်လွန်တဲ့ ကံတရား

in #myanmar5 years ago

image

ယနေ့သည် စိတ်မကောင်းစွာဖြင့် နံနက်ခင်းသည်
နိုးထ လာခဲ့ရသည်။ နံနက် ၅နာရီအချိန်တွင်
အိမ်ဘေးလက်ဖက်ရည်ဆိုင်မှ ပြောဆိုသံများဖြင့်
အိပ်ရာမှ ထခဲ့ရသည်။

"ပုဂံရထားတဲ့ ၊ အကြော်ရောင်းတဲ့ အစ်မကြီးရဲ့
သားတဲ့"

"မန္တလေးက အသွားမှာဖြစ်တာတဲ့"

"ည 12 နာရီခွဲအချိန်ကြီးတဲ့"

"ဝက်လူးနှင့် နွားထိုးကြီးကြားမှဖြစ်တာတဲ့"

"တိုက် 3 အောက်ထပ်မှာနေတာတဲ့"

"မိန်းမရှိတယ် ကလေးနှစ်ယောက်နဲ့တဲ့"

"အရွယ်ငယ်ငယ်လေး ရှိသေးတယ်တဲ့တယ်"

အဆိုပါအသံများကြောင့် စပ်စုတတ်သော
ကျွန်တော့်အစ်မက အိပ်ရာမှထကာ ပြူတင်းပေါက်မှမေးလေသည်။

"ဘယ်သူ ဘာဖြစ်တာလဲရှင့်"

"အကြော်သည်အစ်မကြီးသား ရထားမှောက်လို့
သေရှာသတဲ့"

"ရှင် မတင်မာရဲ့သား ကျော်ကျော်ဦးလား သေချာရဲ့လားရှင် ဘုရား ဘုရား"

"ည 2နာရီ ကတည်းက သူ့အဖေရယ် သူ့မိန်းမရယ်
သူ့ညီမလေးရယ် ရုံးကခေါ်လို့လိုက်သွားကြတယ်
တဲ့"

"မနေ့ကမနက်မှ ကျော်ကျော်ဦးဆီ ကျမ အကြော်
ဝယ်သေးတယ်၊ စ နောက်နေသေးတယ်ရှင်"

"ဟုတ်တယ် ညက 9 နာရီ ပုဂံရထားလိုက်သွားတာ
တဲ့"

8yi8vke6pw.jpg

it09szy0ql.jpg

မတင်မာ သည် ကျွန်တော်တို့နှင့် ငယ်ပေါင်းကြီးဖော်ဖြစ်သည်။ ယခု ကျော်ကျော်ဦး ဆိုသည်ကောင်လေးသည် ကျွန်တော့် လက်ပေါ်တွင် ကြီးပြင်းခဲ့သူဖြစ်သည်။ အသက်မှာ (၃၀)ကျော်သာ ရှိသေး
သည်။ ကျော်ဦးတွင် သားလေးတစ်ယောက်
သမီးလေးတစ်ယောက်ရှိသည်။ ကျော်ဦးသည်
အသက်ငယ်ရွယ်သော်လည်း ထောင်ထောင်
မောင်းမောင်း ဒေါင်းကောင်းသည်။ မျက်နှာပြုံးပြုံးနှင့် သဘောကောင်းသူတယောက်ဖြစ်သည်။

zvq7olf74r.jpg

ကျော်ဦးသည် စက်ခေါင်းမောင်းအကူဖြစ်
သည်။ သူတို့ စက်ခေါင်းသည် ည 12 နာရီခွဲခန့်
တွင် ဝက်လူးနှင့် နွားထိုးကြီးဘူတာကြား၌ "ဂျိန်း"
ဆိုသည့် အသံကြီးနှင့်အတူ ရထားစက်ခေါင်းမှာ
ဘီးတခြား ကိုယ်တခြားဖြစ်ကာ ရထားသံလမ်း
အဝေးသို့ ရောက်ရှိသွားသည်။
စက်ခေါင်းမောင်းနှစ်ဦးစလုံး စက်ခေါင်းပေါ်မှ
လွင့်စင်ကျသွားကြသည်။ ကျသွားသူ နှစ်ဦးတွင်
ကျော်ဦးက ပထမကျ၍ စက်ခေါင်းမောင်း
၅၇ နှစ်က နောက်မှ ကပ်ကျလာသည်။

မည်သို့ ဖြစ်သည်မသိ ပထမကျသူ ကျော်ဦးမှာ
ခြေထောက်တစ်ဖက်ပျက်ပြီး ဗိုက်ပွင့်သွားကာ
သေဆုံးသည်။ ဒုတိယ စက်ခေါင်းမောင်း ၅၇ နှစ်
မှာ ပွန်းပဲ့ဒဏ်ရာသာရသည်။ ကံတရားက
အံ့ဩစရာလား၊ ကြောက်မက်ဖွယ်ကောင်းလေ
သလား၊ ရက်စက်လွန်လေသလား။ နေ့မြင် ညပျောက် သတိတရား သံဝေဂယူစရာ
ရစရာပါလား။

@htwegyi
Image credit
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

သဗ္ဗေသတ္တာ ကမ္မသကာ

Posted using Partiko Android

ကိုယ်နဲ့ပတ်သက်သူဆို စိတ်မကောင်း
ကိုယ်မသိသူဆို မသိလိုက်ဘာသာပေါ့လေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62205.55
ETH 2397.85
USDT 1.00
SBD 2.50