တိုးတိုးလေး ကြားတယ်

in #myanmar6 years ago (edited)

ဟော...ပြောရင်း ဆိုရင်း steem ဈေးတွေက တက်လာနေပြီလို့ မထင်ပါနဲ့။ ရေးရင်း ပို့စ်တင်ရင်းsteem
ဈေးက $ (0.42) တဲ့ ဈေးကကျပြီရင်းကျနေပါလား
ကွယ်ရို့။ သို့ပါသော်လည်း ရေးနေရအုံးမှာပါလေ။

စခဲ့မိဟာမို့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
SBD ရနံ့လေးအသာခံရင်း
Steem ဈေးလေး အသာနားစွင့်ရင်း
ကိုဟင် လာ vote မည့်နေ့ မျှော်လင့်ရင်း
နီနီခင်ဇော်ရဲ့မျှော်လင့်ချက်တစ်စုံတစ်ရာ
မပါဝင်ပါတယ် လို့မပြောပါဘူး။

image

image

Steem ဈေးတက်မယ့်နေ့ရယ်
ကိုဟင် လာဗုတ်မယ့်နေ့ရယ်
မျော်နေပါတယ်လို့ လမ်းကြုံရင် ပြောပေးလိုက်ကြပါဗျာ။ msc အဖွဲ့သား ပင်တိုင်ရေးသူများကလည်း
ပို့စ်တင်သည်မှာ ၁၃ ယောက်ကနေ ၉ ယောက်ဖြစ်သွားသည်။ အားမလျော့ပါနဲ့ပြောရင်း လူနည်းသွား
တာသတိထားမိနေသည်။ steem ဈေးကျလို့
Paypal မှာရှိတဲ့ 2$ လေးနဲ့ steem နဲ့ လဲရမလား
လို့ သွားမေးမိပါတယ်။ feed ဖိုးနဲ့ လဲတာမကာမိဘူးထင်ပ။ ဘယ်သူမှ steem နဲ့ paypal လဲမပေးပါဘူးတဲ့။ ကိုယ်က 2$ ဒေါ်လာကို $ 200 လောက်မှတ်နေတာ 😁။

ပို့စ်တင်ဖို့ ဘာရေးရမလဲ စဉ်းစားနေတာ။
စာရေးဖို့စဉ်းစားနေပါတယ်ဆို ဘုံကထိန်တွေက
တခြိမ့်ခြိမ့် အသံချဲ့စက်တွေက သူ့ထက်ငါ အပြိုင်ဖွင့်
နေကြတာ။ အမယ်မင်းလွမ်းလိုက်ပါဘိ steem
ဈေးတက်ခဲ့တဲ့အချိန်များဆီကိုပါ။ တစ်ချိန်တုန်းက
ဟာလေးကို လွမ်းတာမဟုတ်ပါဘူး အထင်မကြီး
လိုက်ပါနဲ့။ ဖင်ကြီးတာက ဒေါ်ခင်စိန် အဲ..ကျွန်တော်တို့ငယ်စဉ်က ဟာသလေးပါ။ ဒေါ်ခင်စိန် ဆိုတာက
ရုပ်ရှင်သရုပ်ဆောင် ဟာသပညာရှင် အမျိုးသမီးကြီးပါ။ ဝဝတုတ် တင်ပါးကြီးကြီးနဲ့ ချစ်စရာကောင်း
သည်။သူ့ ပြောဟန်ဆိုဟန် ကပင် ရီစရာကောင်းလို့
နေသည်။ ဖိုးပါကြီး နဲ့ သူတို့က တစ်ခေတ်တခါက
နာမည်ကျော်တဲ့ ဟာသရုပ်ရှင်သရုပ်ဆောင်များပါ။
ကျွန်တော်ငယ်စဉ်က အင်မတန်မှ ကြိုက်ခဲ့တဲ့
သရုပ်ဆောင်များပါ။

ဖိုးပါကြီး ရဲ့ သရုပ်ဆောင်ဟာသက ယခုခေတ်
ထိတိုင် လူအများပြောဆိုနေကြသည်။ ဆိုင်းသံ
ဗုံသံ ကြားရာအရပ် အလှူပွဲရှိရာသို့ ဖိုးပါကြီးက
ထမင်းသွားသွားစားတတ်ကြသည်။ ထိုသို့သွား
ရောက်စားခြင်းကို ယနေ့ထက်တိုင် အချင်းချင်း
ပြောဆိုကာ ဟာသလုပ်ကြသည်။ ရှေးဟာသ
သရုပ်ဆောင်များသည် ပညာသားပါပါ ပြောဆို
ဟာသပြုကြသည်။ ယခုခေတ်အခါမှာတော့
အောက်ပိုင်းပျက်လုံးများဖြင့် မောင်နဲ့ နှမ၊ သားနဲ့အမိ မကြားဝံ့ မကြည့်ဝံ့အောင်ပြောဆိုနေကြ
သည်။ ဒါကိုပင် တစ်ချို့မှာတဝါးဝါးတဟားဟား
ပွဲကျနေသည်။

image

image

အဟဲ...steem ဈေးကျတာကနေ ဘယ်တွေရောက်သွားမှန်မသိတော့ဘူး။ ရေးစရာ နည်းနည်းလေးရှားသွားတော့ နည်းနည်းကြံမိကြံရာ ရေးမိရေးရာလေး
ရေးကြည့်တာ။ စိတ်ထဲရှိတာ ချရေးကြည့်တာပါ
ဒေါ်ခင်စိန် အကြောင်းရေးမိတာ နည်းနည်းရိုင်း
သွားရင်ခွင့်လွှတ်ပေးပါဗျာ။ ငယ်စဉ်က ရန်ဖြစ်ရင်
သူငယ်ချင်းတွေနဲ့ သူ့ထက်ငါအပြိုင် စကားနိုင်လုရင်း
ကောင်မလေးတွေ ရန်တွေ့တဲ့စကားလေးမို့။
ဟော့... အထင်ကြီးမသွားနဲ့နော် နှပ်ချေးတွဲလောင်း
အရွယ်က ကလေးမ သူငယ်ချင်းများရယ်ပါ။

ကိုယ့်ကိုကိုယ် သတိလက်လွတ် ဖြစ်မှာမို့ သတိပေး
ရင်း အထင်မကြီးနဲ့နော်လို့ ပြောရင်း။ အသက်
အရွယ်တွေလည်း ၄၀ ကျော် ၅နှစ်အတွင်း ဝင်လာ
ခဲ့ပြီလေ။ ဦးသိန်းတန်ရဲ့ လေးဆယ်ကျော် မှ
ပြန်ဆုံကြတဲ့ ငယ်ချစ်ဦးလဲရှိပါဘူး။ သီတင်းကျွတ်
လ မိတ်ဆွေတွေရဲ့ မင်္ဂလာဆောင်ပွဲတွေလိုက်ရင်း။ ထုတ်ထားတဲ့ လခလေး ရေတွက်ရင်း ဒီလ အသုံး
စရိတ်လေး အလျဉ်မီပါ့မလားတွေးရင်း....
ငေးရင်း ....။

တိုးတိုးလေးကြားတယ် .....
အသံများဟာကြေကွဲလို့......
တကယ်ကို တိုးတိုးလေးရယ်ပါ...
ဘာတဲ့....

STEEM ဈေး ဘယ်တော့ တက်မှာလဲတဲ့.....😁။

image

Author @htwegyi
Photo @htwegyi
MEC.036

Sort:  

ကျနိင်ကြပါစေကွယ်

Posted using Partiko Android

ရေးနိုင်ကြရအောင်လေ 😁

မျော်​လင့်​ရင်းနဲ့ဆက်​​ရေး​နေပါတယ်​...😊

Posted using Partiko Android

မျော်လင့်ချက်နဲ့ အသက်ဆက်နေသူပါပေါ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

steem ဈေးကျလည်း ဘားမှပူနေနဲ့ တန်ဆောင်တိုင်ဆိုတော့ လွယ်အိတ်လေး တစ်လုံးလွယ်ပီး အလှူ ခံပါတယ်ဗျို့  အော်ပြီး မန်းလေး မှာတစ်ပတ် လျောက်သွားလိုက် ပီးရင် စစ်ကိုင်းဘက်ကူးခဲ့ စစ်ကိုင်းတောင်ပေါ်မှာ ခုချိန်ဆို ကထိန်လားခင်းကြတဲ့သူတေ ဖဲရိုက်ကြတယ်တဲ့ ဒိုင်လာလုပ် လှည့်
ဟီးးးးးးးးးးးး

အိုဟိုး တော်တဲ့ မမ အကြံကောင်းချက် လွယ်အိတ်လေးလွယ်ပြီး ပျော်ပွဲစားပါဗျို့ လို့ အော်ချင်လာပြီနော်

တိုးတိုးလေး ဖြေလိုက်မယ်

.....

မကြားတာတော့ မသိဘူးနော်😁

Posted using Partiko Android

အဲ့ ဦးစောနောက်တယ်သိလား လူဆိုး 😁

ကျဦးမှာတဲ့ ခ်ခ်

နောက်တယ်တော့ အဲ့ ဦးချစ်ကြီးက 😁

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

ဘာလဲ...ကလေးတွေက steem ဈေးကျလို့ ရန်လုပ်နေကြတာလား

လူကြီးတွေပါကွယ် steem ဈေးတက်မယ်တကဲကဲလုပ်နေလို့ 😁

သေသေ ချာချာ တိတိ ကျကျ ချက်နဲ့ လက်နဲ့ မှန်မှန် ကန်ကန် ပြောရမယ်ဆို



မသိဘူးဗျ ဟဲ ဟဲ

Posted using Partiko Android

တော်တော်ကို သေချာတိကျသဗျာ ကြိုက်ပြီလေ 😁

ဈေးကိုဝင်မကြည့်တော့ဘူး ဦးထွေး😁😁

Posted using Partiko Android

မျက်နှာလွှဲ ခဲပစ် ထိတဲ့သူ ကံ ဆိုတာ အဲ့တာပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63466.72
ETH 2683.95
USDT 1.00
SBD 2.80