သို့ ပုဂံ To Bagan

in #myanmar5 years ago

image

အိုဟောင်းလွန်းသောနံရံအုတ်ချပ်များ....
မြန်မာဟေ့လို့ ဟစ်ကြွေးဆဲအားမာန်များ...
ရာစုနှစ်အဆက် ပုံရိပ်တွေထားခဲ့....
ဖျောက်ဖျက်မရပါလား...
ဗုဒ္ဓသာသနာ အလင်းတန်းများ
ဒီမြေကြီးထက်မှာ......

image

image

မဟာ
ကိုညီထွဋ် ခေါ် ဇော်ဝင်းထွဋ်သီဆိုခဲ့သော
သီချင်းပါ။ ကျွန်တော်တို့ငယ်စဉ်က အလွန်
ဖီးလ်လို့ကောင်းခဲ့တဲ့ သီချင်းလေးလည်းဖြစ်ပါ
တယ်။ဒီသီချင်းလေး ခေတ်စားစဉ်က ပုဂံကို
သွားချင်မိခဲ့သည်။ ပုဂံကိုမရောက်ဖူးတော့
အရူးအမူးဖြစ်မိသည်။ ထိုစဉ်က ငွေကြေး
အဆင်မပြေခဲ့ပါ။ မန္တလေးတက္ကသိုလ် နေ့ကျောင်းသားများနဲ့ ညနေကျောင်းသားများ စုပေါင်း၍
သွားခဲ့ကြသည့်ခရီးလေးဖြစ်သည်။ ခုပြန်တွေး
ခုပင်အောင်းမေ့သတိရခဲ့သည့် မန်းတက္ကသိုလ်ရဲ့
ညများဆီကိုပါ။

image

ပုဂံရဲ့ မဟာသီချင်းမှ မန်းတက္ကသိုလ်ညကျောင်း
ရောက်သွားသည်။ စိတ်တွေက တောင်ရောက်
မြောက်ရောက်ဆိုတော့ စာရေးတာလည်း
ပုဂံရောက်မလိုလိုနဲ့ မန်းတက္ကသိုလ်ရောက်သွား
တာလည်းမဆန်းပါဘူးနော့။ ပုဂံမြေ ကိုရောက်ရှိ
ခဲ့သည့်အချိန်က အလွန်ပူလှသည့် သင်္ကြန်အချိန်
အခါဖြစ်သည်။ မြန်မာပြည် အလယ်ပိုင်း အပူပိုင်း
ဒေသအတူတူ မန္တလေးနှင့် ပုဂံ ဘယ်မြို့က ပိုပူ
သလဲလိုစမ်းသပ်ခွင့်ရခဲ့သည်။

image

ပူတယ် ပိုပူတယ်ဗျ မန္တလေးထက် ပုဂံက။
နေမင်းကြီး ကပူလေကပူ၊ ရွှေစည်းခုံဘုရားအနီး
ဘုန်းကြီးကျောင်းရဲ့ ချိုးတဲ့ရေကအစ ပူလိုက်သည်
ဖြစ်ခြင်း။ ပုဂံမြေ က မန္တလေးထက်ပိုပူတယ်တဲ့
ရေနံမြေများနှင့် နီးသောကြောင့် ပိုပူခြင်းဖြစ်ပါ
သည်တဲ့။ ပူလွန်းတဲ့နွေရာသီ နေမင်းကြီးအောက်မှာ
ပုဂံဘုရားများဖူးရတာ ပူလွန်းလို့ခုန်ပျံပြေးလွားပြီး
ပုဂံဘုရားများကိုဖူးခဲ့ကြရသည်။ ပုဂံဘုရားများ
ဖူးခဲ့ရတာ အားမရခဲ့ပါ။ နွေရာသီ၊ မိုးရာသီနှင့်
ဆောင်းရာသီ ရာသီသုံးလီအချိန်များတွင်ရှိနေမည့်
ပုဂံဘုရားမျာ၏ အလှတရားများကို ကြည့်မြင်ခံစား
ဖူးမျှော်ချင်မိပါသေးသည်။

image

image

မိုးရာသီရောက်လျှင် သစ်ပင်တို့က စိမ်းစို၊ စေတီ
ဘုရားများက သစ်လွင်တောက်ပ၊ မြေသားလမ်းတို့က ပျော့ပျောင်းညီညာသာယာကာ ဖုံမှုန့်တို့
ကင်းစင်နေပေမည်။ အရာရာသစ်လွင်တောက်ပကာ ဖုန်း၊ ကင်မရာများဖြင့်မှတ်တမ်းရိုက်လျှင်
အင်မတန်လှပနေမည့် ပုဂံ။

image

ဆောင်း အမီ ရောက်အောင်သာလာခဲ့ ပုဂံဆီ။
နှင်းမှုန်ဖွေးဖွေးနှင့် ပုဂံဘုရာများဖူးရသည်မှာ
အရသာတစ်မျိုး ခံစားနေရမည်ထင်ပါသည်။
ရာသီအေးမှာ ပုဂံဘုရားများကို အေးချမ်းကြည်
နူးစွာဖူးခွင့်ရမည်။ နှင်းရည်တို့ဖြင့် ဘုရားခြေတော်
ရင်းများမှာ စိုရွှဲနေမလား။ ခြေမချော်အောင်
ဂရုတစိုက် ချစ်သူလက်ကိုအားပြုကိုင်ဖို့မေ့နေ
ကြမည်မထင်ပါ။ ကြည်နူးဖွယ်ရာ ပုဂံဘုရားများ
ဆီသို့ နှစ်ခေါက်တော့ အရောက်သွားရပါအုံးမည်။

နွေပူပူမှာ မှတ်တမ်းတင်ခဲ့သည့် ပုဂံဘုရားများ၏
ပုံရိပ်အချို့အား တင်ပြပေးလိုက်ပါသည်။

image

image

image

image

image

@htwegyi
Photo @htwegyi
MSC.036

Sort:  

ပုဂံသွားပြီး မိုးပျံပူပေါင်းစီးရရင်ကောင်းမလား

Posted using Partiko Android

အို အတိုင်းထက် အလွန်ပေါ့ ဦးမင်းရယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteem

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

အနည်းဆုံး တစ်နှစ် တစ်ခါတော့ ဘုရားဖူး ထွက်ဖြစ်တယ် အေ

စိတ်ချမ်းသာတယ် သူများတေက ပြောကြတယ် အိမ်မှာလည်း ဘုရား ရှိတာပဲ ဘာဘို့အဝေးက ဘုရား သွားဖူးမှာလည်းတဲ့

မတူဘူးဆိုတာ ကိုဟ်ဒေလို ဘုရားဖူးထွက် ဖူးသူတေမှ သိတာ နောအေ

ဒါပေါ့ ပြောပြလိုက်ပါအေ အိမ်မှာဘုရားရှိတာတော့ ဟုတ်တာပ သို့သော်မတူဘူးလေ နော့ ခရီးထွက်ဖူးသူမှ သိမှာပါလေ

ဒီအချိန်တော့ ဘယ်လောက်ဆွဲဆောင်ဆောင် မသွားချင်ပေါင် ။ အေးတဲ့ အချိန်ဆျုရငိတော့ တစ်မျိုး ။

ဟုတ်တယ်ဟေ့ ပူချက် ဘုရားဖူးရတာ ကဆုန်ပေါက်ဖူးရတာ

ပုဂံ ဆိုတဲ့ အသံကို ကြားလိုက်တိုင်းးးးးးးးးးးးးး ဗိုက်ဆာ လာတယ်။ နောက်တာ နော် ဦးထွေး။ စတင်းတွေ ဈေးတက်ရင် ဦးထွေး လိုက်ပို့ပေးပါ။

Posted using Partiko Android

ငါလည်း ဗိုက်ဆာနေတာအခု 😁
စတီးဈေးတက်မှတော့ ပြောနေစရာလိုသေးလားဗျာ 😁

လှပတဲ့ မှတ်တမ်းနဲ့ ကောင်းလှတဲ့ဓာတ်ပုံတွေပါပဲ

ကျေးဇူးပါ ကိုစိုးရေ ကိုစိုးလက်ရာလေးတွေလည်း
မျှဝေပေးပါအုံး

ပုဂံ မရောက်ဖူးသေးဘူး။

ရောက်ဖူးအောင်တော့ သွားပါအေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.032
BTC 57628.63
ETH 2920.50
USDT 1.00
SBD 3.68