သံသရာသင်္ကန်း နှင့် ဗိုလ်မ ဂျပန်မာတင်

in #myanmar5 years ago (edited)

image

သူငယ်ချင်းက ဝါဆိုသင်္ကန်းကပ်ချင်သည်ပြော၍
ဝါဆိုသင်္ကန်းသွားဝယ်ကြသည်။ သင်္ကန်းမဝယ်မှီ
ဆွမ်းခံကြွသည့် ကိုယ်တော်ထံမေးမြန်းရသည်။

”အရှင်ဘုရား သင်္ကန်းလှူချင်လို့ ဘယ်အမျိုးအစား
သင်္ကန်းက အရှင်ဘုရားတို့အတွက် အဆင်ပြေပါ
သလဲ”

ဆွမ်းခံကိုယ်တော်က နေ့ စဉ်ဆွမ်းခံကြွနေကျ
ဖြစ်၊ ငယ်ရွယ်သူ ဦးပဉ္စင်းလဲဖြစ်၍ ဆရာ ဒကာ
ဖြစ်နေသည်။ ထို့ကြောင့် မည့်သည့် သင်္ကန်းအမျိုးအစားက ရုံ၍ ကောင်းကြောင်း ရုံကောင်းသည့်
သင်္ကန်းဝယ်လှူချင်၍ မေးလျှောက်မိသည်။
ဦးပဉ္စင်းက မည်သည့်သင်္ကန်းက ကောင်းသည်
မကောင်းသည် မပြောပါ။

rm1ct5zi9m.jpg

”ကိုယ်တော်တို့တော့ ဘယ်ဟာက ကောင်းတယ်
မကောင်းဘူး ပြောရတာ သိပ်တော့ အဆင်မပြေ
ဘူးထင်တယ်။ ကိုယ့်ဒကာ၊ ဒကာမများ ဝယ်လှူ
တဲ့သင်္ကန်း အဆင်ပြေမပြေ ရုံရတာပါပဲ။ အဆင်
ပြေတဲ့ ဂျပန် ဘိုမ မာတင်သင်္ကန်းလေးတော့ အပြင်ထွက်တဲ့အခါ ရုံသွားရတာပဲ။ ဒါမှ အမြင်တင့်တယ်
မှာ။ အမြင်တင့်တယ်တယ်ဆိုလို့ လှချင်လို့ပြောတာ
မဟုတ်ဘူးနော်။ တစ်ချို့ သင်္ကန်းတွေက တိုပြီး
မြောက်နေတဲ့အခါရှိသလို၊ ရာသီဥတုပူတဲ့အပြင်
သင်္ကန်းသားက စီဝိုင်စီလိုအသားမျိုးဆို တခါတလေ အရေပြားအသားတွေ ပွန်းရှမိတတ်တယ်။
ဒါကြောင့် အပြင်များထွက်တဲ့အခါ သင်္ကန်းက
အမြင်တင့်တယ်ပြီး ပေါ့ပေါ့ပါးပါး အသားအေးတဲ့
သင်္ကန်း ရုံကြတာများတာပါပဲ”

ထို့အပြင် ဦးပဉ္စင်းလေးက ထပ်မံပြောပြန်ပါသည်။

”ဒကာကြီး တို့ ဒကာမတို့ ကထိန်ရာသီနှင့် အခြား
ပွဲများမှာ ကပ်ကြတဲ့ အချို့သင်္ကန်းများကို ဦဇင်းတို့က သံသရာသင်္ကန်း လို့အမည်ပေးထားတယ်”

”တင်ပါ ဘာပြုလို့ သံသရာသင်္ကန်း လို့ အမည်ပေး
ထားတယ်ဆိုတာ အမိန့်ရှိပါဘုရား”

cn6gi7bglp.jpg
Credit Sayar Paw Oo Thet

”ဘာပြုလို့လဲဆိုတော့ အချို့သော သင်္ကန်းတွေက
ဦးဇင်းတို့အတွက် ရေလဲသုံးဖို့နဲ့ ကျောင်းမှာ
ရုံဖို့လောက်သာ သင့်တော်တာ၊ တခါတလေ
ဒုလ္လဘဝတ်တဲ့ ကိုယ်တော်တွေ ခဏတာ သင်္ကန်း
ရုံတဲ့ ကိုယ်တော်များအတွက်တော့ အဆိုပါ
သံသရာသင်္ကန်းများ ကြာရှည်ရုံရတာ မဟုတ်
လေတော့ ပြဿနာမရှိဘူးပေါ့။ သံသရာသင်္ကန်း
လို့ အမည်ပေးရတာက သင်္ကန်းလှူတဲ့ လူများက
သင်္ကန်းလာလှူတဲ့အခါ ဦးဇင်းတို့မှာလည်း အသုံးပြု
လို့ရ၊ အဆင်ပြေတဲ့ သင်္ကန်းများကိုသာရွေးချယ်ပြီး အသုံးပြုကြတယ်၊ အသုံးပြုမရတဲ့ သင်္ကန်းများကို
စုပုံထားရတယ်၊ ဒီအခါမှာ အချို့သင်္ကန်းလှူသူ
များကကိုယ်တတ်နိုင်တဲ့ ငွေကလေးနဲ့ သင်္ကန်းလှူ
ချင်တော့စုပုံထားတဲ့ သင်္ကန်းများမှ ထုတ်ပေးပြီး
သူတို့တတ်နိုင်သလောက် သင်္ကန်းကပ်လှူခိုင်း
ရတာပ။ ဒီလိုနဲ့ သင်္ကန်းအချို့က ဒကာတွေထံ
ရောက်လိုက်၊ ဦးဇင်းများထံ လှူလိုက်နဲ့ သံသရာ
လည်နေလို့ သံသရာသင်္ကန်း လို့ခေါ်တာပါ”

ဦးဇင်းလေး၏ ဖော်ပြပါ ပြောကြားချက်ကို
ကြားပြီး ကျွန်တော်တို့သည် သင်္ကန်းဝယ်ရာမှာ
ကိုယ်လှူသည့်သင်္ကန်းက သံဃာတော်များ
အသုံးပြုရသည့် သင်္ကန်းဖြစ်စေရန်နှင့် သံသရာ
သင်္ကန်းမဖြစ်စေရန် ဝယ်ယူလှူဒါန်းဖို့ စိတ်ကူးဖြင့်
သင်္ကန်းရောင်းဆိုင်သို့သွားသည်။

iba5omq6p4.jpg

သင်္ကန်းရောင်းသည့်ဆိုင်တွင် ဆိုင်ရှင် အမျိုးသမီး
ကြီးက ရှင်းပြသည်။ သင်္ကန်းအမျိုးအစားများ
နှင့် ဈေးကိုပြောပြသည်။ သင်္ကန်း တစ်စုံလျှင် ၉၀၀၀ကျပ်၊ ၁၅၀၀၀ကျပ်၊ ၂၅၀၀၀ကျပ်နှင့်
၃၀၀၀၀ ကျပ်ရှိသည်။ ၃၀၀၀၀ကျပ်တန်သည်
သံဃာတော်များကို အဆင်ပြေစေပြီး အပြင်သွား
ရာ၊ ရုံရသည့်အခါများတွင် ပေါ့ပါးနူးညံ့၍
ဆေးသားခိုင်ခန့်ကြောင်း သံဃာတော်များများ
အသုံးပြုကြောင်း ပြောသည်။ ထို့ကြောင့်
ဝါဆိုသင်္ကန်းကပ်ရန်အတွက် ၃၀၀၀၀ကျပ်တန်
ဗိုလ်မ ဂျပန်မာတင် သင်္ကန်းကို လှူဒါန်းရန်
အတွက် ဝယ်ယူခဲ့ပါတော့သည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ကောင်းတယ် ဘရို။ ကျွန်တော်လဲ ဝါဆို သကင်္န်း ကပ်ဖို့ စဉ်းစားနေတာ။ ဒါဆို ၃၀၀၀၀ တန် ဝယ်ကပ်ဦးမှ ပဲ ဖြစ်မယ်ထင်တယ်။

အတိုင်းထက် အလွန်ပေါ့ဗျာ ကိုယ်လှူတဲ့ သင်္ကန်းက ဆရာတော်များ
အသုံးပြုတဲ့ဆိုတော့ ကြည်ညို ကြည်နူးရတာပ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

မကပ်ဖြစ်သေးပါ လပြည့်နေ့မှလုပ်ဖြစ်မယ်ထင်ပါ့ဗျာ

ဟုတ်ကဲ့

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68728.62
ETH 3843.27
USDT 1.00
SBD 3.65