စာပေဟောပြောပွဲ Literature

in #myanmar6 years ago

နတ်တော်လသည်က စာဆိုတော် လဖြစ်သည်။
စာဆိုတော်လဖြစ်၍ စာရေးဆရာများကို ဖိတ်ပြီး
စာပေဟောပြောပွဲများ ပြုလုပ်ကြသည်။ ကျွန်တော်
တို့ဝန်ထမ်းတိုက်ခန်းများတွင် လစဉ် အင်္ဂလိပ်
လဆန်း ၁ ရက်နေ့ရောက်တိုင်း သံဃာတော်များကို
ဆွမ်းလောင်းကုသိုလ်ယူသည်။ ဆွမ်းလောင်း
အသင်းလေးဖွဲ့ထားသည်။ မေတ္တာပါရမီ ဘုံဆွမ်း
လောင်းဟု အမည်ပေးထားသည်။

အဆိုပါ မေတ္တာပါရမီ ဘုံဆွမ်းလောင်းအသင်းမှ
နတ်တော်လရောက်တိုင်းနှစ်စဉ် အမှတ်တရ
တရားဟောပြောပွဲများကျင်းပသည်။ ယခုနှစ်မှာ
တော့ တရားပွဲတစ်ပွဲနှင့် စာပေဟောပြောပွဲတစ်ပွဲ
ကျင်းပသည်။ စာပေဟောပြောပွဲကို စာရေးဆရာ
ဆရာနေဝင်းမြင့်နှင့် ဆရာမ ချောအိမာန် (မန္တလေး)
ကိုဖိတ်ကြားထားသည်။

image

image

ဆရာမ ချောအိမာန် (မန္တလေး) သည် ကျွန်တော် နှင့်
မန္တလေး အထက (၁၂)မှာ ကျောင်းအတူတက်ခဲ့ဖူးသည်။ ဆဋ္ဌမတန်းနှင့် သတ္တမတန်းများတွင် တစ်ခန်း
ထဲအတူသင်ခဲ့ကြသည်။ ချောအိမာန် ဆိုသည့်
အတိုင်း လှတယ်ဗျ။ လှသလို အမည်အတိုင်း
မာန်လေးလဲရှိသဗျ။ ကျွန်တော် ကတော့ ခိုးကြည့်
ယုံပါ။ အော်...လှရှာသဗျပေါ့နော် ဒီလောက်ပါပဲ။
သူနဲ့ တူတူကပ်ထိုင်သည့် ကောင်မလေးကတော့
မျက်နှာကအမြဲပြုံးနေပြီး ဆံပင်ကောက်ကောက်
လေးနဲ့ချစ်စရာလေး။ သူတို့နှစ်ယောက် မှာ
ချောအိမာန် ကပိုလှပြီး အဲ့ကောင်မလေးက
ချစ်စရာကောင်းသည်။

သို့သော် သူတို့နှစ်ဦးအနက် ဆံပင်ကောက်တဲ့
ကောင်မလေးနဲ့ ကျွန်တော် နဲ့ ဘာမှမဖြစ်ပါဘူး။
အဲ့ကောင်မလေးနဲ့ ကျွန်တော်ခင်မင်သွားတယ်။
စာရေးဆရာမကတော့ လှပြီးမာနကြီး၍ ခုထိ
အပျိုကြီးဖြစ်နေသည်။ ကျောင်းတော်က
အကြောင်းတွေ ထားလိုက်ပါတော့။ စာပေ
ဟောပြောပွဲကို ဆက်လိုက်ရအောင်။ ဆရာမ
ချောအိမာန်က လှတာတင်မကဘူး ပြောတာလဲ
ကောင်းတယ်ဗျ။ ကိုယ့်သူငယ်ချင်းမို့ ပြောတာ
ဟုတ်ဘူး အသံလဲကောင်းတယ်။ စာရေးဖို့အပြင်
သီချင်း ရောဆိုရင်အောင်မြင်မှာ။

သူဟောပြောတဲ့အထဲမှာ ၅တန်းကျောင်းသူ
ကျောင်းသားကလေးတွေ ကျောင်းသွားရင်
လွယ်သည့် ကျောပိုးအိတ်အကြောင်းလေးကို
သဘောကျမိသည်။ အိန္ဒိယမှာ ကျောင်းသား
ကလေးငယ်တွေကို ကျောပိုးအိတ်အလေးကြီး
တွေမသယ်ရတော့ပေ။ ကလေးငယ်များ၏ ခါးရိုး
ထိခိုက်မည်အတွက် တားမြစ်ထားသည်။ ကျောင်းက
အိမ်စာများပေးခြင်းကိုလည်း တားမြစ်သည်။
ကျွန်တော်တို့ ဆီက ကလေးများသည်လဲ ထိုသို့
တားမြစ်စေချင်ပါသည်တဲ့။ မှန်ပါသည် ကလေးတို့သည်ကျောင်းစာ၊ ကျူရှင်စာများဖြင့် သူတို့
လေးတွေ ကိုယ်လက်လှုပ်ရှားကစားဖို့ အချိန်များ
ပျောက်ဆုံးနေသည်။

image

image

ဆရာမ ချောအိမာန် ဟောပြောပြီးတော့ ဆရာ
နေဝင်မြင့် ဟောပြောသည်။ ဆရာ စပြောတော့
ည ၉နာရီခွဲပြီဖြစ်သည်။ ဆရာက သူ့စတိုင်အတိုင်း
ဟာသလေးနဲ့ စသည်။ သီချင်းလေးတွေဆိုပြသည်။
ဆရာက ”ခင်ဗျား၊ ရှင်” နှုတ်မှထူးသည့်အကြောင်း
လေးတွေနှင့် ”မင်္ဂလာပါ” စသည့်နှုတ်ခွန်းဆက်သည့် အကြောင်းအရာလေးများကို ပြောပြသည်။

”ခင်ဗျား” သည် ”သခင်ဘုရား” ”သခင်ဘုရား” မှ
ခင်ဗျား ဖြစ်သွားခြင်းဖြစ်သည်။

”ရှင်” သည် ”အရှင်” ”အရှင်” မှ ရှင် ဖြစ်သွားသည်။

”မင်္ဂလာပါ ”

ဆိုသည်မှာ မင်္ဂလာရှိစွာနေထိုင်ပါ မဟုတ်သည့်အရာများမလုပ်ပါနဲ့ အဓိပ္ပာယ်ရသည်။

”ရပ်ကွက်လူကြီး မင်္ဂလာပါ”

ဆိုပါလျှင် ရပ်ကွက် လူကြီးမဟုတ်တာမလုပ်နဲ့
ဟုဖြစ်ကြောင်းပြောရာမှာတော့ ပရိတ်သတ်ကြီးက
တဟားဟားနှင့် ပွဲကြပါတော့သည်။

ဆရာနေဝင်းမြင့်က သူ့ဘကြီးအကြောင်း
ဆက်လက်ပြောသည်။ဘကြီးက အသက် ၈၀
ရှိပြီးချမ်းသာသည်။ သို့သော်ကပ်စေနည်းသည်။
တူတစ်ယောက်က ဘကြီးကျန်းမာရေးအတွက်
ကုသိုလ်ယူလို၍ ကုန်ကျငွေကိုသူကျခံပါမည်ပြောကာ ဆရာဝန်နှင့်ပြသပေးသည်။ ပြသသည့်ဆရာဝန်က တရုတ်ကလေးဖြစ်ပြီး သ နဲ့ တ မကွဲပဲ
သောက်ဆေးပေးကာ ပြောသည်။

image

”ဘကြီး ဒီဆေးကို မနက် တုံးလုံးသောက်၊ နေ့ တုံးလုံးသောက်၊ ညတုံးလုံးသောက်”

ပြောရာတွင် ဆေးသုံးလုံးသောက်ရန်ပြောသည်ကို
ဘကြီးက အိမ်ရောက်၍ ဆေးသောက်ရာတွင်မှာ
တော့။ မိန်းမဖြစ်သူအား ခြံတံခါးပိတ်ခိုင်းပြီး
အိမ်တံခါးပါပိတ်ကာ အပေါက်စောင့်ခိုင်းသည်။
ဘကြီးသည် သောက်ရေခွက်ကိုင်ကာ အိမ်အပေါ်သို့တက်လေသည်။ မိန်းမဖြစ်သူက

”တော်ကလည်းတော် ဆေးသောက်တာများ
အိမ်အောက်သောက်လဲ ရသားနဲ့
အပေါက်တွေပိတ်ခိုင်းပြီး ဇာချဲ့နေတယ်”

”မင်းမသိပါဘူးကွာ အသာနေစမ်းပါ
အောက်ကနေ ငါဆင်းမလာခင် ဘယ်သူမှ
မတက်စေနဲ့ ကြားလား”

ဘကြီးသည် အိမ်ပေါ်သို့ရောက်သောအခါ
အင်္ကျီ နှင့် ခါးမှ ပုဆိုးကိုချွတ်ကာ ကိုယ်တုံးလုံးဖြင့်
ဆေးသောက်လေသည်။ နောင်သောအခါ
တူကသိ၍ပြောသောအခါတွင်လည် မရပါ။
လျှက်ဆား လျှက်တာပင် ကိုယ်တုံးလုံးဖြင့်
လျှက်လေသည်။ ဘကြီးပြောသည်က

”ဆေးက စွမ်းတာဟုတ်ဘူး ငါကိုယ်တုံးလုံးနဲ့
သောက်လို့ ပိုစွမ်းတာ”

ဟုပြောလေသတည်း။ steemit မိတ်ဆွေများ
ပြုံးပျော်ရွှင်လန်းကြပါစေ...။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

စာပေစကား အမြဲကြားတော့ ထူးခြားလိမ္မာ ရှိမပေါ့ဗျာ

Posted using Partiko Android

ဟုတ်ပဗျာ ဗဟုသုတ အသိလေးတိုးသဗျ

တ' နဲ့ သ'​ကြောင့်​နားလည်​မှုလွဲကုန်​ပြီ...ဖတ်​ရင်းရယ်​မိပါတယ်​...😁😁😂

Posted using Partiko Android

ကျွန်တော် အစ်မတော့ ရီရတာ ဗိုက်ကြောတွေနာသတဲ့

ဒီတုံးလုံးက ဆောင်းရာသီ ဆို တေဘီ ဆြာ။ စာပေ ဟောပြောပွဲ အရမ်းကြိုက်တယ်။ ထပ်ခါ ထပ်ခါ နားထောင်လေ ထပ်ခါထပ်ခါ အသိ တွေ ရလေပဲ။ ကျွန်တော်တော့ ဒီလို ခံစားရတယ် ခင်ဗျ။

Posted using Partiko Android

ဟုတ်ပါတယ်ဗျာ စာပေစကားကြားဖန်များတော့
အသိဥာဏ်တွေပွင့်လင်းလာတာပ

စာ​ပေ​ဟော​ပြောပွဲက​တော့ အငြိမ့်​ပွဲ​တွေထက်​ပိုကြိုက်​တယ်

တမျိုးစီပေါ့ဗျာ ကိုယ်နှစ်သက်ရာ စိတ်အားသန်ကြတာပ

စာပေဟောပြောပွဲက အကြောင်းလေးပြန်ပြောပြထားတာ ဗဟုသုတဖြစ်စေပါတယ်။တုံးလုံးကိုယ်တော်လည်းပါတော့ ဖတ်ရတာ ပိုမြိုင်သွားတာပေါ့ခင်ဗျာ။

ဗဟုသုတလဲရ ပျော်စရာလဲကောင်းတယ်

စာပေဟောပြောပွဲကို အရမ်းနှစ်သက်မိတယ်။ ဒီဘက်မှာ သိပ်မလုပ်ကြဘူးဗျာ။

ွကျွန်တော်တို့ရပ်ကွက်လဲ ဒါပထမဆုးံကျင်းပတာပါ

ဆရာမ ချောအိမာန် ကို ကြိုက်တယ်ဗျာ😁

ဟောပြောတဲ့အကြောင်းကို ပြောတာပါ နော်😁

ဟေး အကြိုက်ချင်းတူသကိုကွဲ့ 😁

ငယ်ကျွမ်းဆွေလေး ဟဲရောပေါ့ဗျာ

Posted using Partiko Android

မျက်စောင်းကြီးနဲ့ ပစ်လိုက်မှဖြင့်

ငယ်ကတည်းက ကျော်သူ့နည်းသုံးလိုက်ရမှာ 😁

Posted using Partiko Android

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57940.42
ETH 2359.25
USDT 1.00
SBD 2.36