Steemit & SPUD

in #myanmar4 years ago (edited)

image

ကိုဟင် က SMT အကြောင်း ပို့စ်ရေးတင်ထားတော့ ကိုယ့်တွေလည်း
ကိုဟင့်ပို့စ်ကိုမှီပြီ စာရေးရပြန်ပါသည်။ အမှန်တော့ ကိုယ်တွေသည် စာရေးခြင်းသာ
အားသာခဲ့သည်။ နည်းပညာပိုင်းမှာ အားနည်းပါသည်။ လကုန်ကာနီးပြီဆိုတော့ SPUD ကလည်း
နီးကပ်လာပြန်ပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်
ဆိုသည့်အတိုင် SPUD အတွက်လည်း ပိုစ့်တင်ပြီးဖြစ်၊ စာရေးပြီးတာလည်းဖြစ်စေအောင် ကြံဖန်ရပါတော့သည်။

ဒီလအတွက် steem power up ဖို့ steem
တွေ နဲနဲပိုရထားသည်။ ပိုရထားသည်ဆို၍
အထင်မကြီးကြပါနှင့် တစ်ဆယ်ကျော်ရုံသာ
ရှိပါသည်။ SPUD အတွက် ပြိုင်ပွဲဝင်သည်
ဆိုရုံသာ ဖြစ်သည်။ ဆုရရှိဖို့ကတော့ သိပ်တော့မလွယ်ကူလှပါဘူး။ ယခုနောက်ပိုင်း SPUD အတွက်
ပြိုင်ပွဲဝင်သူတို့သည် ပါဝါကို များပြားစွာအပ်လာ
ကြသည်။ သူတို့နှင့်စာလျှင် ကိုယ်တွေက
အင်မတန်မှ နည်းပါးလွန်းလှပေသည်။

mwos5ybh0v.jpg

ခုလက်ရှိ ကိုယ်လုပ်ထားသည့် SMT တွေ ဖြစ်လာ
မလားမသိဘူးပေါ့နော်။ PAL,Appices,LEO,
JAHM,WAFRO,COCO,STEM စတာတွေကို
သူများတကာတွေ လုပ်တော့ လိုက်လုပ်ပြီး
ခုတော့ ဒီဟာတွေကို ပစ်ထားတာကြာပြီဖြစ်သည်။
PAL တစ်ခုသာ tag တွဲပြီး အသုံးပြုရ၍သာ
အသုံးပြုနေခြင်းဖြစ်သည်။ ကျန်တာတွေ tag
တွဲမရ၍ အသုံးမပြုဘဲ ပစ်ထားရသည်။

အဆိုပါတို့မှ steem သို့ပြောင်းသုံးချင်ပါသော်လည်း
မပြောင်းတတ်၍ ဒီအတိုင်း ပစ်ထားရသည်။
SPUD နေ့ရောက်သောအခါ စတင်းများရရန်ပင်
အသုံးပြုခြင်းမရှိခဲ့ပါ။ သို့သော်လည်း အသုံးမပြုခြင်းကပင် ကောင်းဖို့ ဖြစ်လာမလားမသိပါ။
သူများတကာတွေ Steem Power Up ကြသည့်
အခါ ကိုယ်လည်း Steem Power များများ
အပ်ချင်ခဲ့သည်။

vzxladdovc.jpg

Steemit မှာ တစ်လလုံးစာရေးပိုစ့်တင်မှ steem
10 မှ 20 အတွင်းသာရရှိခဲ့သည်။ သူများတကာလို
ဂိမ်းလည်းမဆော့တတ်တတ်ပေ။ ဂိမ်းကိုအစ
မလုပ်ရဲပေ။ မျက်စိထိခိုက်မှာစိုး၍ဖြစ်ပါသည်။
ထုံးစံအတိုင်း Steem Power Up Day
ရောက်သည့်နေ့နှင့် မရောက်မှီ SPUD နှင့်
ပတ်သတ်သည့် ပိုစ့် တစ်ခုရေးတင်ရန်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ပို့စ်တခု‌တော့ ရေးဖြစ်
သွားပြီဖြစ်‌ပေသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thanks esteemapp

Token တွေက Steem- engine မှာ ဝင်ရောင်းလေဗျာ လွယ်လေးကို။
ကျွန်တော်တော့ rorsteem.com game လေး ကစားပြီး ပို့စ်တင်နေတာ တွက်ခြေကိုက်နေတယ်ဗျ

Posted using Partiko Android

ဂိမ်းဆော့နိုင်သူတွေ တွက်ခြေကိုက်တယ်လား

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94